Posted: 29 May 2015 04:51 AM PDT
ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီလှေစီး ဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာရေတပ်က
ဒီကနေ့မနက် ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့
အတွင်းရေးမှူး ဦးအေးကျော်ရဲ့ ဒီဗွီဘီကို ပြောကြားချက်။
“၇၂၇ ယောက် ၀င်တယ်။ ကနေ့ မနက် ၆ နာရီခွဲမှာပါ။ သူတို့ကို ပြန်ပြီး
နည်းနည်း စစ်ဆေးကြည့်တော့ သူတို့က မတ်လလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့
ကျနော်တို့ ဘူးသီးတောင် မောင်းတောပေါ့နော်။ အဲဒီကနေ စိစစ်ဆဲ ဘင်္ဂါလီတွေ
တင်ထား
|
Posted: 29 May 2015 04:42 AM PDT
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ပုံမှန်မဟုတ်ဘဲ
ပြောင်းရွှေ့နေတဲ့ သူတွေအရေး အစည်းအဝေးမှာ ၁၇ နိုင်ငံနဲ့ ယူအဲန်အိခ်ျစီအာ၊
ယူအဲန်အိုဒီစီနဲ့ အိုင်အိုအမ်က ကိုယ်စားလှယ်တွေ တက်ရောက်
ဆွေးနွေးနေကြပါတယ်။
ထိုင်း ဒုတိယ ၀န်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ် ပတီမားပရာ့ကောင်း က အခုအစည်းအဝေးဟာ ပြစ်တင်ဝေဖန်တဲ့ အစည်းအဝေး မဟုတ်ဘဲ လှေစီး ဒုက္ခသည်တွေ ပြဿနာကို ဘယ်
|
Posted: 29 May 2015 04:38 AM PDT
“ပါတီအပေါ်မှာ သစ္စာရှိတဲ့ အစဉ်တစိုက် လိုက်ပါလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်၊
အဲဒီအရည်အချင်းတူနေရင် အမျိုးသမီးတိုင်းရင်းသားနဲ့ လူငယ်တွေကို
ဦးစားပေးမယ်...”
NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်NLD
ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများရှိသင့်ရှိအပ်သော အရည်အချင်းများကို နေပြည်တော်၌ မေလ ၂၅ ရက်က ကော်မတီ ၂၂ ဦးအား ခေါ်ယူတွေ့ဆုံဆွေးနွေးပြီး ချမှတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင်
|
Posted: 29 May 2015 04:38 AM PDT
အင်းလျားကန်ရေပြင်အထိတိုးချဲ့ကာ အဆောက်အအုံများ တည်ဆောက်
နေခြင်းနှင့်ပတ်သက်၍ ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်
ပျံ့နှံ့လျက်ရှိနေသောကြောင့် ယင်းကို ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆင့်မြင့် အရာထမ်းတဦးက News
Watch ကို ပြောသည်။
ဓာတ်ပုံများတွင်အင်းလျားရေပြင်ထဲ မျောတိုင်များ၊ ၀ါးကပ်များ၊ သဲအိတ်များသုံးကာ မြေဖို့ခြင်း။ ယခင်ခြံစည်းရိုးမှ အရှေ့ပေ ၃၀ ခန့်၊ 
|
Posted: 29 May 2015 04:38 AM PDT
အမေရိကန် ကောလိပ်နဲ့ တက္ကသိုလ်တွေရဲ့ ၀င်ခွင့်စာမေးပွဲတွေမှာ ရလဒ်ကောင်းတွေ
ထွက်လာအောင် မသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား
၁၅ ဦးကို အမေရိကန်က တရားစွဲလိုက်ပါတယ်။
စာမေးပွဲတွေမှာ လူတွေ အစားထိုး ဖြေဆိုတာတွေပါ ရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီ အုပ်စုဟာ Pennsylvania ပြည်နယ်ထဲတွင်းမှာ နာမည်တုနဲ့ ပတ်စပို့အတု
လုပ်တာတွေ အပါအ၀င် မသမာမှုတွေ ကျူးလွန်နေတာ ၄ နှစ်ရှိပြီလို့ အမေရိကန် တရားေ
|
Posted: 29 May 2015 04:36 AM PDT
ပေကျင်း ၊ ၂၉-၅-၂၀၁၅
တရုတ် သမ္မတ ရှီကျင့်ဖျင် ၏ ရုပ်ပုံကို အွန်လိုင်း ပေါ်တွင် ရုပ်ပြောင်
ကာတွန်းအဖြစ် ရေးဆွဲခဲ့သည့် ပန်းချီဆရာ တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီး
သွားခဲ့ကြောင်း ပန်းချီဆရာ ၏ ဇနီးသည် က ယမန်နေ့တွင် ထုတ်ဖော် ပြောကြား
ခဲ့သည်။
တိုင်ကျန်းယုံ အမည်ရှိ အဆိုပါ ပန်းချီဆရာ ကို ရဲတပ်ဖွဲ့က အနှောင့်အယှက်
ဖန်တီးမှုဖြင့် မေ ၂၆ ရက်က ရှန်ဟိုင်းမြို့ ရှိ ၄င်း၏ နေအိမ်မှ
ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်
|
Posted: 29 May 2015 04:32 AM PDT
ဘဂ္ဂဒက် ၊ ၂၉-၅-၂၀၁၅
အီရတ် တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ မဟာမိတ် တပ်များသည် နိုင်ငံ အနောက်ဘက်
အန်ဘာပြည်နယ် အတွင်း၌ ISIS စစ်သွေးကြွ ၁ဝဝ ကျော်ကို ဖမ်းဆီး
နိုင်ခဲ့ကြောင်း သိရသည်။
အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် မဟာမိတ် တပ်များသည် ISIS စစ်သွေးကြွ
အဖွဲ့ကို မြို့တော်ဘဂ္ဂဒက်၏ အနောက်ဘက် ၁၁ဝ ကီလိုမီတာ အကွာရှိ ရာမာဒီမြို့
ဆင်ခြေဖုံး ဒေသ၌ ဝန်းရံ ခဲ့ပြီးနောက် လက်ရ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

|
Posted: 29 May 2015 04:17 AM PDT
ကန်ထရိုက်လုပ်ငန်း ရှင်များနှင့် တိုက်ခန်း ၀ယ်ယူမှုများကြား
ကြိုပွိုင့်တိုက်ခန်း ၀ယ်ယူ၊ ရောင်းချမှုတွင် ၁၈ နှစ်တာ ကာလအတွင်း
ပြဿနာများစွာ ပြန်လည်ကြုံတွေ့ နေရကြောင်း ဆောက် လုပ်ငန်းရှင်များ
အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။
တိုက်ခန်းဝယ်ယူကာ ဈေးကစားသူများကြောင့် မြေပိုင်ရှင်များနှင့်
ကန်ထရိုက်များကြား ၁၉၉၇ ခုနှစ်ကဲ့သို့ ကြိုပွိုင့်ပြဿနာများ တကျော့ပြန်
ဖြစ်ပေါ်ခဲ့ကာ ယခုအခါ ကြိုပွိုင့်ဈေးကွက် ပျက်လု
|
Posted: 29 May 2015 04:13 AM PDT
ကန်ထရိုက်တိုက်ခန်းများ အရောင်း အ၀ယ်ငြိမ်သက်လျက်ရှိရာမှ ယခုလပိုင်း အတွင်း
ဈေးလျှော့ ရောင်းချမှုများရှိလာ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ် ရာတွင် အိမ်ရှင်(မြေရှင်)နှင့် ကန်ထရိုက်
တို့ တခြမ်းပေးတခြမ်းယူစနစ်ဖြင့် အကျိုးတူဆောက်လုပ်ခြင်းဖြစ်ပြီး သာကေတ၊
တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း စသည့် မြို့နယ်များတွင်
ဆောက်လုပ်မှုများပြားကြောင်း သိရသည်။ ကန်ထရိုက်တိုက်ခန်းများ စတင်ဆောက်လုပ်စ
|
Posted: 29 May 2015 04:04 AM PDT
မေလ၂၉ ရက်၂၀၁၅
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နမ့်အွန်ကျေးရွာ ကွန်ခိုက် အုပ်စုအုပ်
ချုပ်ရေး မှူးကို အမည်မသိ လက်နက်ကိုင် တဦးက၀င်ရောက်ပစ်ခတ်ရာ ၎
ရက်အကြာတွင် သေဆုံးသွားကြောင်းသတင်းရရှိပါသည်။
သီပေါမြို့ အရှေ့ဘက် မိုင် ၂၀ ခန့် အကွာရှိ ကွန်ခိုက်အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းစန်းလွင် ၄၈ နှစ်သည် နမ့်အွန် ကျေးရွာရှိ၎င်း၏ နေအိမ်တွင် မေလ၂၄ ရက် ည ၈ နာရီကျော်က အမည်မသိ လက်နက်ကိုင် သူတဦး၏ ဝင်ရောက် ပ
|
Posted: 29 May 2015 04:01 AM PDT
မေလ ၂၉ ရက် ၂၀၁၅
တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာ အုပ်စု၊ ဟိုနား ကျေးရွာတွင် မေလ ၂၅
ရက်နေ့၊ ညနေပိုင်း က အရက်မူးနေသည့် စစ်သား တစ်ဦးက အသက် ၂၄ နှစ် အရွယ်ရှိ
မရွှေပေါ် ဆိုသူ အမျိုးသမီး အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။
သေဆုံးသူမရွှေပေါ်အား ယင်းနေ့တွင်ပင် သဂြုင်္ိဟ်ခဲ့ကြောင်း ဆိုပါသည်။
“အဲဒီကိစ္စ ကျနော်တို့နဲ့ အတူတူဘဲ ဒေသခံ ရွာသားတွေလည်း မကျေ မနပ်
ဖြစ်နေကြတယ်။ သျှမ်းပြည်နယ် (နိုင်/ကျဉ်းဟော
|
Posted: 29 May 2015 03:56 AM PDT
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှာ လှေစီးဒုက္ခသည် ဘင်္ဂါလီ လူမျိုး ၇၀၀ ကျော်
လိုက်ပါလာတဲ့ ငါးဖမ်းလှေတစီးကို မြန်မာရေတပ်က တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့
မြန်မာအစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
မေ ၂၉ ရက် မနက် ၆ နာရီခွဲအချိန် တပ်မတော်ရေက စစ်ရေယာဉ်အမှတ် ၆၂၃ က
ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေ မိုင်
၃၀ ခန့် အကွာ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်မှာ မသင်္ကာဖွယ်ရာ အလျား ၇၆ ပေ
|
Posted: 29 May 2015 03:51 AM PDT
ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထားသူတွေကို ရခိုင်ပြည်နယ်
ကျောက်တော်မြို့နယ် တရားရုံးမှာ မတရားအသင်းပုဒ်မ ၁၇(၁) စွဲချက်နဲ့
တရားစွဲဆို ရုံးထုတ်စစ်ဆေးနေပါတယ်။
ရခိုင်ပြည်နယ် နေရာပေါင်းစုံက လူတွေကို စစ်တပ်က ဖမ်းဆီးပြီး ၁၁ ဦးကို မေ
၂၈ ရက်နဲ့ အယောက် ၂၀ ကို မေ ၂၉ ရက်နေ့တွေမှာ ရုံးထုတ်စစ်ဆေးတယ်လို့
ဖမ်းဆီးခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးဦးထွန်းလှက ပြောပါတယ်။
“ဒီနေ့က အယောက် ၂၀ 
|
Posted: 28 May 2015 11:19 PM PDT
ပျဉ်းမနား မေ ၂၈
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တွင် ရည်ငံနေသူနှစ်ဦး
အလုပ်မှအပြန် ညအခါ ချိန်းတွေ့စကားပြောနေစဉ် ရိုက်နှက်၍ ပစ္စည်းများ
လုယူသူကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်အရှေ့ဘက်သနပ်
ပင်ဆိပ်ကျေးရွာ (အနောက်)နေ မောင်ရန်နိုင်ထွန်း (၂၂ နှစ်)နှင့် သနပ်ပင်
ဆိပ်ကျေးရွာ(အရှေ့) နေ မမိုးမိုးကျော်(၂၂ နှစ်) တို့သည် ဧပြီ ၂၈ ရက် ည ၁၁
နာရီက အလုပ်
|
Posted: 28 May 2015 11:19 PM PDT
ရေတာရှည် မေ ၂၈
မေ ၂၇ ရက် နံနက် ၄ နာရီက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့မြောက်ဘက် အထွက်
ရန်ကုန်-မန္တလေး ကားလမ်း တံတားအား ၁၂ဘီးကုန်တင်ယာဉ်က
အရှိန်လွန်ကာဝင်တိုက်မိပြီး ကားလမ်းအရှေ့ဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်း
သိရသည်။
ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ မင်းဇော်(၂၉နှစ်)
ဆည်တုန်ကျေးရွာ တောင်သာမြို့နယ်မောင်းနှင်ပြီး ကိုသက်စိုး(၃၆နှစ်) တံတား
အနောက်ကျေးရွာ တောင်သာကျေးရွာနေသူ လိုက်ပါလာ
|
Posted: 28 May 2015 11:14 PM PDT
ပြည်ခိုင်ဖြိုး ညီလာခံမှာ သမ္မတလောင်းလည်း ရွေးဖို့ရှိ
သမ္မတလောင်း ရွေးချယ်ရေး၊ ကိုယ်စားလှယ် လောင်းရွေးချယ်ရေးနဲ့ ၂၀၁၅
ရွေးကောက်ပွဲ အောင်နိုင်ရေး တို့ကို အဓိက ဆွေးနွေးမယ့်
ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီ အစည်း အဝေးကို မေလ ၂၉ ရက်ကနေ ၃၀
ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဝင်ရောက် အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း တွေထဲမှာတော့ လက်ရှိအစိုးရ
အဖွဲ့ထဲက ပြည်ခိုင်ဖြိုး ပါတီဝင်တွေ လွှတ်တော် အမတ်ထဲက ပါတီဝင်ေ
|
Posted: 28 May 2015 11:03 PM PDT
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေး ညီလာခံကို တက်ရောက်လာတဲ့
သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်းနဲ့
ကိုယ်စားလှယ်များကို တွေ့ရစဉ် Photo: RFA
နေပြည်တော်မှာ မနက်ဖြန်ကစပြီး နှစ်ရက်ကြာကျင်းပမယ့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ သမ္မတလောင်းကို
ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအစ
|
Posted: 28 May 2015 10:53 PM PDT
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ပေါ်က ဆောက်လက်စ ၃
ထပ်တိုက်ကြီး တခုမှာ မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံခဲ့ရတယ်လို့
ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မေ ၂၈ ရက် မနက် ၈ နာရီအချိန်က လူသေမှုဖြစ်ပွားကြောင်း သတင်းပို့ချက်အရ
အခင်းဖြစ်ပွားရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ အိမ်အမှတ် ၁၂၄/၁
ဆောက်လက်စ ၃ ထပ်တိုက်ပေါ် တက်ရောက်ကြည့်ရှုစစ်ဆေးရာမှာ မာကျောသောအရာတွေနဲ့
ထုနှက်ခံထားရပြီး သေဆုံးနေတဲ့ လူ ၂ ဦး
|
Posted: 28 May 2015 10:50 PM PDT
တောင်ငူ မေ ၂၈
မေ ၂၈ ရက် နံနက် ၈ နာရီခွဲ ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီး
မိုင်တိုင်အမှတ် (၁၃၇/၁) ဖာလုံ အနီးတွင် သီရိလင်္ကာနိုင်ငံသား
တစ်ဦးလိုက်ပါလာသည့် ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဘာရီ
ယာတုံးကိုကျော်ပြီး မြောင်း ချုံပေါ် သို့ တိမ်းမှောက်ခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေး ဘက်သို့ ယာဉ်မောင်း နိုင်ခန့်ဇော် (၂၂နှစ်)
(၃၈)ရပ်ကွက်(မြောက်ဒဂုံ) ရန်ကုန်မြို့နေသူ မောင်းနှင်ပြီး 
|
Posted: 28 May 2015 10:44 PM PDT
မြင်းမူ မေ ၂၈
မေ ၂၇ ရက် ညနေ ၅ နာရီတွင် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီး
မန္တလေး-မုံရွာ-မြင်းမူ ကားလမ်း တံတား အမှတ်၁/၄၅ ပေါ်တွင် မန္တလေး
ဘက်မှမုံရွာဘက်သို့ ယာဉ်မောင်း အောင်နိုင်ဦး(၄၄နှစ်) (ထီးဆောင်း ရွာ
မြင်းမူမြို့နယ်) နေသူမောင်းနှင်သည့် လိုက်ထရပ်ယာဉ်နှင့် မုံရွာဘက်မှ
မန္တလေးဘက်သို့ (၂၅ နှစ်ခန့်၊ အမည်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာသည့် Reebo
အမျိုးအစား CZI ၁၂၅ နက်ဖြူကျားနံပါတ်မပါလိုင်စင် စိစ
|
Posted: 28 May 2015 10:29 PM PDT
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေစက္ကူ၏ လုံခြုံမှု အဆင့်အတန်း
ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမို ကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု
သက်တမ်း ပိုမို ရှည်ကြာစေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ
တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ၏
မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်
ထားသည့် တစ်သောင်း ကျပ်တန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်ေ
|
Posted: 28 May 2015 10:25 PM PDT
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ်ထဲရှိ အစိုးရတပ်တွေရဲ့
လက်ထဲ နောက်ဆုံးကျန်နေခဲ့တဲ့ Ariha မြို့ဟာ အခုဆိုရင် al- Nusra
တပ်ဦးအပါအ၀င် အယ်ကိုင်ဒါ အဖွဲ့နဲ့ ဆက်စပ်အုပ်စုတွေရဲ့ လက်ထဲ
ကျရောက်သွားပြီလို့ ဗြိတိန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ
စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
ဒါပေမယ့် ဆီးရီးယားစစ်တပ်က Ariha မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေဆဲ
ဖြစ်တယ်လို့ ဆိုပါတယ်။
Ariha မြို့ကျဆုံးသွား
|
Posted: 28 May 2015 10:22 PM PDT
တာဂျစ်စတန် နိုင်ငံမှာ အစိုးရ အထူးတပ်ဖွဲ့တွေရဲ့ အကြီးအကဲက ဆီးရီးယားမှာ
ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ထဲကို ဝင်လိုက်တယ်လို့ ဗီဒီယို မှတ်တမ်း
တစ်ခုအရ သိရပါတယ်။
အထူးတပ်ဖွဲ့တွေရဲ့ အကြီးအကဲ Gulmurod Khalimov ဆိုသူဟာ မေလ အစောပိုင်းမှာ
ပျောက်သွားခဲ့ပြီး အခုတော့ အဲဒီ ဗီဒီယိုထဲမှာ အနက်ရောင် အဝတ်အစားနဲ့
သေနတ်တစ်လက် ကိုင်ထားတာကို မြင်ရပါတယ်။
တာဂျစ်စတန် နိုင်ငံရဲ့ ဘာသာရေးအပေါ် ထားရှိတဲ့ မူဝါဒကို ဆန့်ကျ
|
Posted: 28 May 2015 10:19 PM PDT
ဆီရီးယားနယ်စပ်မှာရှိတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) ရဲ့
စခန်းတွေကို အမေရိကန်က လေကြောင်းကနေ ဆက်လက်တိုက်ခိုက်ေ်နတာကို
ရိုက်ကူးထားတဲ့ ဗွီဒီယို အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ဟာဆာခါမြို့အနီးက ပစ်မှတ်တွေကို မေ ၁၈ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ပုံတွေ
ဖြစ်ပါတယ်။
အိုင်အက်အဖွဲ့က စစ်မြေပြင်မှာ အသုံးပြုတဲ့ ယာဉ်တွေနဲ့ ရှေ့တန်းစခန်းတခုကို
တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဆိုပါတယ်။
ပြီး
|
Posted: 28 May 2015 10:17 PM PDT
ဂျပန်နိုင်ငံတောင်ပိုင်း ကာကိုရှီးမာခရိုင် ခုချီနော့ အဲရဘုကျွန်း
ရှင်ဒခေး (Shindake) မီးတောင် မေလ ၂၉ ရက်နေ့ မနက် ၉ နာရီ ၅၉ မိနစ်က
မီးတောင်ပေါ်က်ကွဲခဲ့ပါတယ်။
မီးခိုးတွေ မီတာ ၉ ထောင်ကျော်အထိ မှုတ်ထုတ်နေတာကြောင့်
လုံခြုံရေးသတိပေးအဆင့် ၅ သတ်မှတ်ကာ အနီးနားရှိ ဒေသခံ အိမ်ထောင်စု ၇၈
စုကို ဂျပန်အစိုးရက ချက်ချင်းဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်း
|
0 comments:
Post a Comment