Wednesday, May 20, 2015

ဟာသ စုစည်းမှု (၂၀-၅)

မိတ်ဆွေနှင့် မနက်ဖြန်
============
စာရေးဆရာ၊ ပြဇတ်ဆရာကြီး ဘားနဒ်ရှောနှင့် ဗြိတိသျှ ၀န်ကြီးချုပ်ဝင်စတန်ချာချီုတို့ မှာ
 ပြောမနာ ဆိုမနာ မိတ်ဆွေရင်းချာများဖြစ်ကြသည်။
နိုင်ငံရေးလောကတွင် အာဏာရှိစဉ် အခြွေအရံတွေ ပေါသလောက် အာဏာမဲ့သွားသည်နှင့် ဆေးဖော်ကြောဖက်ပင် မလုပ်ချင်တတ်ကြပုံများကို ဘားနဒ်ရှောက သူ့ဝသီအတိုင်း ခနဲ့ တတ် လှောင်တတ်သည်။

တစ်နေ့တွင် ၀င်စတန်ချာချီ ပါတီးတွင်း ပြ ဿ နာ များကြောင့် ရာထူး
လက်လွတ်ဖြစ်သွားသည်။
တစ်ခုသော စနေညနေတွင် ဘားနဒ်ရှော ကိုယ်တိုင် လက်မှတ်တို ထိုးထား
သည့် ပြဇာတ်လေးစောင် ၀င်စတန်ချာချီထံသို့ ရောက်လာသည်။ စာနှင့် အတူ
ပါလာသည့် ကတ်ပြားပေါ်တွင် -
"ခင်ဗျား အားနေမှန်းသိလို့ ကျုပ်ရဲ့ ပြဇာတ်အသစ် ဒီနေ့ ရုံတင်တာနဲ့
လက်မှတ် လေးစောင် ပို့ပေးလိုက်တယ်။ မိတ်ဆွေတွေ ပါ ခေါ်ချင်
ခေါ်လာနိုင်အောင်ပေါ့။ မှတ်ချက်။ ။ တကယ်လို့ ခင်ဗျားမှာ မိတ်ဆွေ
ရှိသေးရင်ပေါ့" ဟု ရေးထားသည်။
ချာချီက ရှော၏ စာကို ဖတ်ပြီး ပြုံးသည်။ ထို့နောက် စာရွက် တစ်ရွက်
ပေါ်တွင် "ဒီနေ့ လုံးဝ မအားလို့ လက်မှတ်တွေ ပြန်ပေးလိုက်ပါတယ်။
နက်ဖြန်တော့ ကျိန်းသေ ကျိန်းသေအားမယ်။ မှတ်ချက်။ ။ တကယ်
လို့ ခင်ဗျား ပြဇာတ်အသစ် မနက်ဖြန်မှာ ရုံပေါ်က ဆင်း မပြေးရသေးဘူး
ဆိုရင်တော့ လက်မှတ်တွေ ပို့လိုက်ပါဦး" ဟု ကြက်ကောင်း ခေါင်းဆိတ်
မခံ ပြန် ပက်လိုက်သည်။
jK စိန်
(Tomorrow Journal 18-5-2015 ) ထုတ် မှ

အမေ့ဆန္ဒ
========
နိုက်ကလပ်ပိုင်ရှင်သည် တစ်နေ့တွင် မျောက်တစ်ကောင်နှင့်အတူ
ကလပ်ထဲသို့ ရောက်လာသည်။ မျောက်သည် ရောက်သည်နှင့်
စန္ဒရားခုံတွင် ထိုင်ကာ Jazz ဂီတကို ကျွမ်းကျင်စွာ တီးခတ်လေသည်။

တစ်နာရီ၊ နှစ်နာရီ ကြာသွားသည်။
မျောက် စန္ဒရားတီးနေဆဲ။ ပရိတ်သတ်ကလည်း အားပေးဆဲ။
မမျှော်လင့်ဘဲ နောက်ထပ် မျောက်တစ်ကောင်ဝင်လာသည်။ စန္ဒရား
လက်စွမ်းပြနေသော မျောက်ဘက်လျှောက်သွားပြီး နောက်စေ့ကို လက်
ဖြင့်လှမ်းရိုက်လိုက်သည်။ ထိုနောက် ဂီတသမား ကို ကလပ်အပြင်သို့ အတင်း
ဆွဲခေါ် ထုတ်သွားသည်။
အံ့သြတကြီး ကြည့်နေသော ပရိတ်သတ်ကို ကလပ်ပိုင်ရှင်က
အေးအေးလေး ရှင်းပြသည်။
"အရေးတကြီး . . . ဂရုစိုက်စရာမလိုပါဘူးခင်ဗျာ။ ခဏခဏ ဖြစ်နေတဲ့
ကိစ္စပါ။ နောက်ဝင်လာတဲ့ မျောက်က သူ့အမေလေ။ သူ့သားကို ဆရာ
ဝန်ဖြစ်ဖို့ တစ်သက်လုံး မျှော်မှန်းခဲ့တာကလား"
(မောင်ကောင်းထိုက် - ဟာသ ၂၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...