Sunday, May 24, 2015

ဟာသ ပေါင်းချုပ် (၂၄-၅)

" ကံ ဆိုး တဲ့ အန် ကယ် "
" ဟယ်လို..ဂျွန်..၊ ဂွတ်မောနင်း..၊ ဒါနဲ့  မင်းအန်ကယ် ဘာဖြစ်တာလဲကွ.."
" လက်ကျိုးသွားလို့ .."
" ကျွတ်.ကျွတ်..ဘယ်လိုဖြစ်တာလဲ.."
" သူ စာကြည့်စားပွဲမှာ ထိုင်နေတုန်း သူ့ မိန်းမ ကျနော့် အန်တီက နောက်နားက တိတ်တိတ်လေးလာပြီး
အန်ကယ့်ရဲ့ နားကို ချစ်စနိုး ကိုက်လိုက်တယ်..အဲ့ဒါ လန့် ဖြန့် ပြီး သတိမေ့ သွားတယ်.."


" ဒါပဲလား.."
" မဟုတ်ဘူး...အန်တီက ချက်ချင်း အရေးပေါ်ဌာနကို ဖုန်းဆက်တယ်..၊ လူနာတင်ကား ရောက်လာတယ်..၊
သူနာပြုတွေက အန်ကယ့်ကို ထမ်းစင်နဲ့ တင်ပြီး လူနာတင်ကားဆီအသွားမှာ အန်ကယ် သတိရလာတယ်..
ဘယ်လိုဖြစ်တာလဲလို့  သူ့ ကို ၀ိုင်းမေးကြတယ်..၊ သူက ဖြစ်ရတဲ့အကြောင်းကို ပြောပြတယ်..၊ သူနာပြု
တွေ ဟက်ဟက်ပက်ပက် ရယ်ကြတယ်..ရယ်ရင်းနဲ့ သတိမေ့ပြီး ထမ်းစင်ကို လွှတ်ချလိုက်ကြတယ်..အဲဒီ
မှာတင် အန်ကယ် လက်ကျိုးသွားတာပါပဲဗျာ.."
Credit- TUN AYE

ဆုံး မ တာ ချင်း မ တူ ပါ " (18+ ပါနော်...စိစိစိ)
ယောင်္ကျားတို့ ၏ ဖောက်ပြန်မှုကို နိုင်ငံအသီးသီးမှ အမျိုးသမီးများ ဆန့် ကျင် တိုက်ပွဲဝင်ပုံနည်းများ..-
ပြင်သစ်သူ - ကျမရဲ့ ယောင်္ကျားက တစ်ကြိမ် သစ္စာဖောက်တယ်ဆိုရင် ကျမက နှစ်ကြိမ် သစ္စာဖောက် ပြလိုက်တယ်..။
ရုရှားသူ - ကျမ ယောင်္ကျားက တစ်ကြိမ်လောက် သစ္စာဖောက်တယ်ဆိုရင်ပဲ..ကျမက တစ်သက်လုံး သစ္စာဖောက်ပြီး
ကလဲ့စားချေတယ်..။
နီဂရိုးသူ - ကျမတို့ ဆီမှာတော့ ဖောက်ပြန်တဲ့ ယောင်္ကျားကို ခပ်လွယ်လွယ်ပဲ ဆုံးမတယ်..၊ တစ်ကြိမ် သစ္စာဖောက်
တယ် ဆိုပါစို့ ..၊ သူ့ ကို ငါးလက်မလောက် ဖြတ်ပစ်တယ်..၊ သူ့ ဆီမှာ ငါးလက်မပဲ ကျန်တော့ရင် ဘယ်
အမျိုးသမီးကမှ သူ့ ကို လက်မခံတော့ဘူးလေ..။
Credit- TUN AYE

" စိတ် သွား တိုင်း ကိုယ် မ ပါ နိုင် တော့ ဘူး (၁၈+ ပါးပါးလေး) "
သူငယ်ချင်းမ နှစ်ယောက်ဆုံကြသည် ။ တစ်ယောက်က မေးသည် ။
" ဘယ့်နှယ့်လဲ...အိမ်ထောင်ရေးဘ၀ အဆင်ပြေရဲ့ လား..."
" ပြေတယ်လို့ ဆိုရမလားဘဲ...လွန်ခဲ့တဲ့ နှစ်ပတ်က စပြီး အိုင့် ယောင်္ကျားဟာ အိမ်မှုကိစ္စတွေမှာ အိုင့်ကို အများကြီး
ကူလာတယ်...ကလေးတွေ ထိန်းတယ်..ထမင်း ဟင်း ချက်တယ်..ဈေးသွားတယ်..အိမ်သန့် ရှင်းရေး လုပ်တယ်..
အ၀တ်လျှော်တယ်.."
" တယ်ဟုတ်ပါလား..သူငယ်ချင်း.. ယူဘယ်လို လုပ်လိုက်သလဲ.."
" ဘယ်လိုမှ မလုပ်ပါဘူး...။ အိမ်ရှင်မဟာ တစ်နေ့ တာ အိမ်လုပ်ငန်းတွေမှာ မပင်ပန်းဘူးဆိုရင် လိင်ဆက်ဆံရေး
ဘ၀မှာ မိန်းမဘက်က ပိုပြီး တက်ကြွလာလေ့ရှိတယ်လို့  သူ့ ဟာသူ စာစောင်တစ်စောင်မှာ ဖတ်လိုက်ရလို့ ပဲ.."
" ရေးထားတဲ့အတိုင်း ဟုတ်သလား.."
" မပြောတတ်ပါဘူး..သူငယ်ချင်းရယ်..ညအိပ်ရာ ၀င်တဲ့အခါ .ကုတင်ဆီရောက်အောင် သူ့ ခမျာ အနိုင်နိုင် လျှောက်
လာရတယ်..."
Credit- TUN Aye


" အဘိုးတို့  သဘာဝ "
ကိုဘမောင် မြေးဦးလေး ရသည့်နေ့ တွင် သူ့ မိတ်ဆွေများက ၀ိုင်းမေးကြသည်။
“ အခု ခင်ဗျား အဘိုးတစ်ယောက် ဖြစ်လာပြီဆိုတော့ ဘယ်လို ခံစားရသလဲ “
“ အဘိုး ဖြစ်တာနဲ့  ပတ်သက်လို့  ဘာမှ ပြောစရာ မရှိပါဘူး..ဒါပေမဲ့ အဘွား
အရွယ် မိန်းမကြီးတွေကို လက်ထပ်ချင်စိတ် မရှိတော့တာ အတော် သိသာ
လာတယ်ဗျ “
Credit- Tun Aye


" မှားချင်ယောင် ဆောင်တာလား "
မင်းသမီးက ဂျပန် ထမင်းချက်လေးတစ်ယောက်ကို ငှားထား၏ ။ ဂျပန်လေး၏ မီးကျိုးမောင်းပျက် အင်္ဂလိပ် စကားကြောင့် သဘောကျ ရယ်မောရသည့်အခါ ရှိသလို စိတ်ကသိကအောင့် ဖြစ်ရသည့် အခါတွေလည်း ရှိခဲ့၏ ။
သူ သည် ခရီးသည်တင် သင်္ဘောပေါ်တွင် အလုပ် လုပ်ခဲ့သဖြင့် မင်းသမီးထံလာရောက်လည်ပတ်သူများကို ခရီးသည်များ ဟုသာ ပြောတတ်သည် ။
“ ခရီးသည်များ မဟုတ်ဘူး..အလည်လာသူ ဧည့်သည် ..အပေါင်းအဖေါ် လို့ 
ပြောရတယ်..မှတ်ထားနော်…”
သင်ပေးနေလို့ မှ မဆုံးခင် တံခါးခေါင်းလောင်းသံ မြည်လာသဖြင့် ဂျပန်လေးအောက်ထပ်သို့  အပြေးဆင်းသွားသည် ။ အမျိုးသား နှစ်ယောက်ကို တွေ့ ရ၏ ။ သူချက်ချင်းအပေါ်တက်ခဲ့ပြီး ပူပူနွေးနွေး သင်ယူခဲ့သည့် စကားလုံးကို အသုံးချရတော့မည် ဖြစ်သဖြင့် အ
လွန်ဝမ်းသာစွာ သတင်းပို့ လိုက်၏ ။
“ မမရေ..အောက်မှာ မမ ရဲ့  ဖောက်သည် နှစ်ယောက် ရောက်နေတယ် “
Credit- Tun Aye



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...