Friday, May 22, 2015

ဟာသ ပေါင်းချုပ် ( ၂၂-၅ )

" ဟုတ် သ လို လို ပဲ "
သဲကန္တာရတွင် ဖြစ်သည် ။
ကုလားအုပ်တန်းကြီးဖြတ်လာသည် ။ ကုလားအုပ်များပေါ်တွင် ယောင်္ကျားတွေက ထိုင်လိုက်လာသည်။
မိန်းမများကမူ ကုလားအုပ်တွေဘေးက ပြေးလိုက်လာသည် ။ ဒါကိုကြည့်ုပြီး ကမ္ဘာလှည့် ခရီးသည်
တစ်ယောက်က ပြောသည် ။
" ဒီဒေသမှာ အားနွဲ့ သူ မိန်းမသားတွေကို အလေးမထားကြပါလား.နော် "


မိန်းမတစ်ယောက်က ပြန်ပြောသည် ။
" ညအချိန်ကျရင် ခြေကုန်လက်ပန်းကျနေတဲ့ ယောင်္ကျားကို ဘာလုပ်ရမှာလဲ..ရှင့်."
Credit- TUN AYE

" ဒေါ မ ကြီး ပါ နဲ့  "
မနေ့ က ရေချိန်လွန်ပြီး ဒီနေ့  ကိုဘမောင် အရက်နာ ကျသည် ။ မျက်နှာတပြင်လုံး မို့ ဖောင်းနေသည် ။
လူကလည်း မအီမသာ ဖြစ်နေသည် ။ ကိုဘမောင်ကို မိန်းမက ဆရာဝန်ဆီ အတင်းဆွဲခေါ်လာသည် ။
ဆရာဝန်၏ အခန်းထဲရောက်သည်နှင့် ကိုဘမောင်က ကြိုတင်ကာကွယ်ရေးသဘောဖြင့် ထိုးစစ်ဆင်သည် ။
" ဒီမှာ.ဒေါက်တာ..အရက်လျှော့သောက်ပါလို့ တော့ ကျနော့်ကို မပြောပါနဲ့  "
ဆရာဝန်က လေအေးအေးနှင့် ပြန်ပြောသည် ။
" မပြောပါဘူး..မပြောပါဘူး..ခင်ဗျား အမြည်းစားတာ နည်းတယ်လို့ ပဲ ပြောချင်တာပါ.."
Credit-Tun Aye


" အိပ် ဆေး "
ကိုဘမောင် တော်တော်နှင့် အိပ်မပျော်နိုင်ပဲ ဖြစ်နေသည် ။ ည ၁၂ နာရီ ထိုးသည့်တိုင်
အိပ်ရာထဲတွင် ဟိုလှိမ့် သည်လှိမ့်နှင့် သက်ပြင်းကိုလည်း အကြိမ်ကြိမ်ချသည် ။ မိန်းမက
မေးသည် ။
" ရှင် ဘာဖြစ်နေတာလဲ.."
" ကိုစိုးအောင်ဆီက ငါချေးထားတဲ့ ငွေ ငါးသိန်းကို မနက်ဖြန် ပြန်ဆပ်ရမှာကွ....ဒါပေမဲ့
သူ့ ကို ပြန်ဆပ်ဖို့  ငါ့မှာ ပိုက်ဆံ မရှိဘူး.."
" ဒါများ ရေးကြီးခွင်ကျယ် လုပ်လို့ ..အခု ကျမ လုပ်ပြမယ် ကြည့်နေ..."
ထိုသို့ ပြောပြီး တယ်လီဖုန်းကို ကောက်လှည့်သည် ။
" ကိုစိုးအောင် ပါလားရှင် "
" ဟုတ်ပါတယ် "
" ကျမ ယောင်္ကျား ကိုဘမောင် ရှင့်ကို ပြန်ဆပ်ရမဲ့  ပိုက်ဆံ ငါးသိန်းကို မနက်ဖြန် ပြန်ပေး
နိုင်မှာ မဟုတ်ဘူးရှင့်  "
တယ်လီဖုန်းကို ချလိုက်ပြီး မိန်းမက ယောင်္ကျားကို ပြောသည် ။
" ကိုင်း...ပြီးပြီ...ရှင် အိပ်တော့..အခု သူ မအိပ်ရမယ့် အလှည့်ပဲ..."
Credit- TUN AYE


" မ ကောင်း တဲ့ မိတ် ဆွေ "
" ခင်ဗျား ဘာဖြစ်လို့  ဒီလောက်မူးအောင် သောက်ရတာလဲ.."
" အပေါင်းအသင်းတွေ မကောင်းလို့ ပေါ့ ...ညနေက မိတ်ဆွေဟောင်း သုံးယောက်နဲ့ 
ဆုံတယ်.......ကျနော့်ဆီမှာ..အရက်ပုလင်း ပါလာတယ်.. သူတို့ သုံးယောက်စလုံးက
မသောက်ချင်ဘူးတဲ့ဗျာ...."
Credit- Tun Aye



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...