Wednesday, December 31, 2014

‪#‎ကျွန်တော့်‬ မိန်းမ အလုပ်မလုပ်ပါ....

Mr. Bandy နှင့် အသက် အရွယ်ကြီးပြီ ဖြစ်သော ဦးလေးကြီးတို့
စကားပြော နေကြတယ်။
ဦးလေးကြီး ။ ။ Mr. Bandy က ဘာအလုပ်လုပ်သလဲ။
Mr. Bandy ။ ။ ဘဏ်မှာ Accountant လုပ်ပါတယ်။
ဦးလေးကြီး ။ ။ အမျိုးသမီးကရော။
Mr. Bandy ။ ။ သူ အလုပ်မလုပ်ပါဘူး ။ အိမ်အလုပ် တစ်ခုတည်းပဲ
လုပ်ပါတယ်။

တရုတ်နိုင်ငံက ထူးခြားတဲ့ စီးပွားရေးလုပ်ငန်း ...

အင်တာနက်စာမျက်နှာဖွင့်ပြီး မွေးကင်းစ ကလေးငယ်ရှိတဲ့ ငယ်ရွယ်တဲ့ မိခင်အမျိုးသမီးတွေကို ငှားရမ်း
ခေါ်ယူကာ လူကြီး တွေကို အခကြေးငွေယူပြီး နို့တိုက်တဲ့ စီးပွားရေးမျိုး တရုတ်နိုင်ငံမှာ ရှိပါတယ်။ ကလေး မိခင်တွေဟာ ကိုယ့် သားသမီး သောက်စို့ရမယ့် နို့ရည်ကို ရောင်းစားတဲ့ စီးပွားရေးမျိုးပါ။

‪#‎ဆန္ဒဖော်ထုတ်ပွဲ‬

တစ်နေ့အသက် ၅၀ ခန့်ရှိ လူတစ်စု စည်းဝေးကာ ဆန္ဒဖော်ထုတ်ရန် ကြံစည်ကြသည်။ အကြောင်းမှာ စည်ဘီယာ များ အပြည့်မထည့်ပေးခြင်း၊ အမြည်းများမှာ အရသာမရှိခြင်း၊ စင်တင်တွင် ထားရှိသော ပန်းကုံးများ အဆမတန် ဈေးတင်ထားခြင်း၊ ကံစမ်းမဲ ပေါက်နိုး ပေါက်နိုး နှင့် ၀ီစကီ ၀ယ်သောက်ရာ ကျေးဇူးတင်ပါသည် များနှင့်သာ တိုးနေခြင်း ကေတီဗီ တွင် ပိုင်သက်ကျော် နှင့် ဗညားဟန် သီချင်းများ အစုံအလင် မထားရှိခြင်း၊ မာဆက်သွားရာတွင် ခိုးကြောင်ခိုးဝှက်သွားနေရခြင်းနှင့် မာဆက်တွင် မန်နေဂျာမှ အချိန်ခိုးခြင်း စသည့်အကြောင်းအရာများ ဖြစ်လေသည်။ ထိုသူတို့သည် စုရပ်အား ပန်းဆိုးတန်း ခုံးတံတား အောက်တွင်ထားရှိကာ သိမ်ကြီးဈေးအထိ လျှောက်လှမ်း၍ ဆန္ဒ ဖော်ထုတ်ကြရန် ရည်ရွယ်ထားကြ၏။ ချီတက်ရာ လမ်းတစ်လျှောက် ဘ၀တူ အရက်သမား များမှ သောင်းသောင်းဖြဖြအားပေးကြလေသည်။ ဆန္ဒ ပြသူများမှလည်း
" ပန်းကုံး ဈေးနှုန်း လျှော့ပေးရေး ဒို့အရေး ဒို့ အရေး"
" မာဆက်အချိန်များ မခိုးရေး ဒို့အရေး ဒို့အရေး"
" ဗညားဟန်သီချင်း ထားရှိရေး ဒို့အရေး ဒို့အရေး"
" သခင်မျိုးဟေ့ ဒို့ဗမာ"
" အရေးတော်ပုံ အောင်ရမည်"

ဆေးမန်ကျည်း (သို့) သွေးမန်ကျည်း အစွမ်း


1000000 likes added 6 new photos.
ယနေ့ခေတ် အဖြစ်များနေသော ကင်ဆာဝေဒနာအတွက်
အထူးသဖြင့် သွေးကင်ဆာအတွက် ပါ။
ဆေးမန်ကျည်းကို စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ၊
ကံသာရွာ ဘုန်းတော်ကြီးကျောင်းမှာ တွေ့ခဲ့တာပါ။
ယခုလက်ရှိဆရာတော်က ပျံလွန်တော်မူသွားသော
ယခင်ဆရာတော်ကြီး စိုက်ခဲ့သော အပင်ဟုပြောပြပါသည်၊

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁၂)

သစ်ထူးလွင်


Tuesday, December 30, 2014

ကျွန်ုပ်၏ဖေ့စ်ဘွတ်ဒိုင်ယာရီ


မျက်စိနှစ်လုံးဖျတ်ကနဲ ပွင့်ကာ နိုးထလာချိန်၌ အင်းကနဲ အညောင်းပြေ အကျောဆန့်လိုက်ရင်း အိပ်ခန်း ပြူတင်းပေါက်ကို အသာဟ၍ ကြည့်လတ်သော် ဝန်းကျင်ပြင်ပတွင် မိုးသောက်ရောင်နီကို မမြင်ရသေးချေ။
ည၏အကြွင်းအကျန် အမှောင်ထုသည် လောကဓာတ်တခွင်မှ လုံးလုံးလျားလျား မဆုတ်ခွာသေးသော်ငြား
အလင်းရောင်အား ပျော့လျက်ရှိပြီဖြစ်၍ ခြောက်နာရီ မတ်တင်းခန့်ဟု ခန့်မှန်းရပေ၏။

သစ်ပင် ထဲက စားသောက်ဆိုင်

Sunland Baobab လို့ အမည်ရတဲ့ သစ်ပင်ထဲက စားသောက်ဆိုင် ဟာ တောင်အာဖရိကနိုင်ငံမြောက်ပိုင်း Limpopo ပြည်နယ်ရဲ့ Modjadjiskloof လို့ အမည်ရတဲ့ မြို့ငယ်ထဲမှာ ရှိပါတယ်။ သူက စားသောက်ဆိုင် ဆိုပေမယ့် ဘီယာဘား၊ အရက်ဘား ဆန်ဆန် ဆောက်ထားတဲ့ Bar တစ်ခု ဖြစ်ပါတယ်။

“SPOKEN ENGLISH” အင်္ဂလိပ်စကားပြော


1.Where there is a will, there is a way.
ဆန္ဒရှိရင် နည်းလမ်းရှိတာပါပဲ။
2.Blood is thicker than water.
အရေးကြီးတော့ သွေးနီးပါတယ်။
3.Beware of the dog.
ခွေးသတိထားပါ။ (ခွေးကိုက်တတ်သည်)
4.Have you arranged your business satisfactorily?
မင်းရဲ့အလုပ်ကို မင်း ကျေနပ်လောက်အောင် စီစဉ်ပြီးပြီလား။
5.They will have to close down soon.
Business is so bad.
သူတို့ မကြာခင် လုပ်ငန်းပိတ်သိမ်းရလိမ့်မယ်။
စီးပွားရေးက သိပ်ညံ့နေတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၂)

သစ်ထူးလွင်


Monday, December 29, 2014

ငှက်ပျောသီးတောင် စားတတ်နေပြီ။


ပြီးကောင်ပေါက်မလေးတစ်ယောက် သူ့ပေါင်ခြံမှာ ဆံပင်မွှေးတွေ ထွက်လာတာကိုထိတ်လန့်ပြီးသူ့အမေကို သွားပြောတယ်။
သမီး။ ။ မေမေ့ ဆံပင်မွှေးတွေ ထွက်လာတယ်
အမေ။ ။ မပူပါနဲ့ သမီးရယ် အဲ့ဒီ ဆံပင်ပေါက်လာတဲ့နေရာကို Monkey လို့ခေါ်တယ်
အဲ့ဒါ သမီးရဲ့ Moneky လေး အရွယ်ရောက်လို့ ဆံပင်ပေါက်လာတာလေ။

အကယ်ဒမီပေးပွဲနှင့် မောင်ဝါဝါ

Thet WaiThu Ra Tha Wah
အကယ်ဒမီပေးပွဲ မောင်ဝါဝါမတက်။ အိမ်မှာပဲ အိပ်နေသည်။ သူငယ်ချင်း မိတ်ဆွေများက မေးကြ၏။ မောင်ဝါဝါ အကယ်ဒမီပွဲ မတက်ဘူးလားဟူ၍။
မတက်ပါ။ မတက်ဆို ကိုယ့်လည်း ဘယ်သူကမှ မဖိတ်တာကိုး။ မဖိတ်ဆို ကိုယ်လည်း တကားမှ မရိုက်ထားဘူးလေ။ မရိုက်ဆို ကိုယ့်ဘယ်သူကမှ ခေါ်မရိုက်တာ။ ဘယ်သူမှမခေါ်ဆို ဘယ်သူမှလည်း ကိုယ်နဲ့မတည့်ဘူးကိုး။ မတည့်ဆို မောင်ဝါဝါကလည်း မြင်သမျှတွေ့သမျှ အကုန်လျှောက်ပြောတာလေ။ လျှောက်ပြောဆို မောင်ဝါဝါက အားမှမနာတတ်တာ။ အားမနာဆို မောင်ဝါဝါက ဘယ်သူ့မျက်နှာမှ မထောက်ဘူးလေ။ မထောက်ဆို မောင်ဝါဝါလည်း ဘယ်သူနဲ့မှ မသိဘူးမဟုတ်လား။ မသိဆို ကိုယ်လည်း ဒီလောကထဲကမှ မဟုတ်တာ။ မဟုတ်ဆို ကိုယ်ကလည်း ဒါတွေ ဝါသနာမပါဘူးလေ။ မပါဆို ကိုယ့်မှာလည်း အနုပညာဓာတ်ခံက တရွေးသားမှ မရှိတာချည်း။
တကယ်တော့ တနှစ်စာ ရုပ်ရှင်တွေကို ဆုပေးမည့်အစား ဗီဒီယို ကားတွေကို ပြောင်းပြီး ဆုပေးကြဖို့ ကောင်းသည်။ ရုပ်ရှင်က တနှစ်လုံးရိုက်သည့် နည်းနည်းလေးထဲမှာမှ ဆန်ကာတင် ပြန်စစ်ထုတ်လိုက်တော့ အာရုံစိုက်စရာက လက်ဆယ်ချောင်းစာပင် မပြည့်တော့။ ခြောက်ကပ်ကပ်ကြီး။

တရားဝင် လုယက်ခြင်း (၁)

လက်ပတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး NLD ဘက်က သဘောထား ထုတ်ပြန်ရာမှာ အစိုးရဟာ ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ပါဝင်ခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာမှု အားနည်းတယ်လို့ ဖော်ပြပါတယ်။ သည်နေရာမှာ ကျနော်ဟာ တရားဥပဒေ ရူဒေါင့်က သုံးသပ်ပါ့မယ်။ အစိုးရ (သို့) မျက်နှာကြီးလူတန်းစား တရပ်ဟာ “နိုင်ငံတော်စီမံကိန်း” တခုကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် မျက်နှာမဲ့ ပြည်သူပြည်သားတယောက်ဆီက ပိုင်ဆိုင်တဲ့ မြေယာကို မိမိတို့ လိုရင်လိုသလို တရားဥပဒေ က ခွင့်ပြုထားတယ်ဆိုပြီး သိမ်းပိုင်ခွင့် ရှိပါသလား။

Sunday, December 28, 2014

" ချစ်သူဖတ်ဖို့ - ၁ "

ဟိုးရှေးရှေးတုန်းက ဂျပန်ပြည်မှာ ဘုန်းတော်ကြီးကျောင်းတခုရှိသတဲ့ ။
အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာလည်း ဘုန်းတော်ကြီးတစ်ပါးပဲရှိသတဲ့ ။
တရက်တော့ အဲ့ဒီဘုန်းတော်ကြီးကျောင်းကို သူခိုးတွေဝင်ပါလေရော ။
သူခိုးတွေကလည်း တော်တော်ဆိုးတဲ့ သူခိုးတွေပေါ့ကွယ် ။
တကျောင်းလုံးက ပစ္စည်းတွေသာမက ကျောင်းခေါင်မိုးကိုတောင် တခုခြင်း
ဖြုတ်ပြီးခိုးသွားကြသတဲ့ ။

ကားအောက်ပိုင်းမှာ အလွယ်ထားတတ်သည့် ရေဘူးများအန္တရယ်

ကားတွေဆီဖြည့်တဲ့အခါ အလကားပေးဝေတဲ့ ရေသန့် ဗူးတွေကို ကားမောင်းတဲ့သူတွက အလွယ်တကူ ကားအောက်ပိုင်း ကြမ်းပြင်မှာ အလွယ်တကူ ထားတတ်တဲ့အလေ့ထရှိတဲ့ သူတွေအတွက် သင်ခန်းစာယူပြီး သတိထားရမယ့် ဖြစ်ရပ်ပါ။

စန္ဒရားတင်ဝင်းလှိုင် အကယ်ဒမီစင်မြင့်ပေါ် ပြောစကားများ

``ကတညုတ ကတဝေဒီ``
ကတညုတက ကျေးဇူးကို အဖန်ဖန် အောက်မေ့တာပေါ့လေ။ အဲဒီမှာတင် မပြီးဘူး၊ ကတဝေဒီက ဆပ်တာပေါ့နော်။ သမ္မဇဉ်ပါပဲခင်ဗျာ။ ကျွန်တော့်ရှေ့က ယူသွားတဲ့ ကျွန်တော့်ဆရာတွေလည်း ဒီလိုပဲ ပြောတာပါပဲ။ သူတို့ ကျေးဇူးတွေ ကျွန်တော်တို့က တသက်လုံး ဆပ်လို့ မကုန်ပါဘူး။
သို့သော် ဒီမှာတော့ အထူးသဖြင့် ပြောချင်တာကတော့... အတိုလေးပေါ့လေ၊ ထိလည်း ထိအောင်၊ စူးလည်း စူးရှအောင်... ကျွန်တော်ကတော့ Just surfing on that very easy matter (လွယ်လွယ်ကလေး လှိုင်းစီးရုံပါ) ဒီလောက်ပါပဲ။
တကယ်တော်တာကတော့ ပန်းချီဦးစိုးမိုးပါခင်ဗျာ။ တကယ်ကောင်းတာက ဇာတ်ညွှန်းဆရာပါခင်ဗျာ။ နောက် ဘေးက ပံ့ပိုးကြတဲ့ (ကျွန်တော်) ကြိုက်သလောက်ပေါ့။ ကျွန်တော် ဒီနေ့ တီးပြီးသားဟာကို မနက်ဖြန် ပြန်ဖျက်ရင် ဖျက်ပါတယ်။ ဒါ အခု ၀န်ခံတာပါခင်ဗျာ။
ဒီအတွက် ကျွန်တော် သိတာကတော့ ကျွန်တော်တို့ရဲ့ ပရိုဂျူဆာက စစ်ကားနဲ့ ဆရာကြီးတွေ တစ်အုပ်ကြီး လာတယ်ပေါ့လေ၊ အစည်းအဝေးလုပ်ရင်...။ အဲဒီဆရာကြီးတွေ၊ စစ်ဘက်က တာဝန်ရှိတဲ့ ဆရာကြီးတွေ မဟုတ်ဘဲနဲ့ ကျွန်တော့်ဆီ တစ်ခါလောက်ပဲ အသားအင်မတန်ဖြူတဲ့ ပုဂ္ဂိုလ်က ပန်းချီစိုးမိုးတို့နဲ့ ပါလာပါတယ်။

အဖြူရောင် ကြိုးမျှင်များ


Thet Wai

ဖုန်းသံနှင့်အတူ ပေါ်လာသောနံပါတ်များကို ကြည့်လိုက်သောအခါ ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်မှုမရှိသော၊ ကိုယ့်ဖုန်းထဲတွင် မှတ်ထားပြီးသား မဟုတ်သော နံပါတ် ဖြစ်နေလေသည်။ ထိုဖုန်းကို ဖြေရကောင်းနိုး မဖြေရ ကောင်းနိုး ချီတုံချတုံရှိနေဆဲမှာ ဖုန်းခေါ်သံက ရပ်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာခဲ့သည်။ ဟဲလို ဟု ဖြေလိုက်သော ကျွန်မအသံ အဆုံးမှာ တဖက်မှ အမျိုးသားတစ်ဦး၏ ဟဲလို ဟူသော အသံ ခပ်တိုးတိုးကို ပြန်ကြားလိုက်ရသည်။

"‪#‎တက်စီပေါ်မှာ‬ ဘ၀ သင်ခန်းစာ"


တစ်နေ့ မှာ လူတစ်ယောက်က လေဆိပ်ကို တက်စီ တစ်စီးကို ငှားပြီး သွားနေတုန်း လမ်းအကွေးတစ်ခု အရောက်မှာ ရုတ်တရက်ကားတစ်စီးဟာ လမ်းကြားထဲကနေ ထိုးဝင်လာပြီး တက်စီနဲ့ တိုက်မလို ဖြစ်သွားခဲ့တယ်။
တက်စီသမားကတော့ ချက်ချင်း ဘရိတ်ကို အုပ်လိုက်ပြီး အချိန်မီပဲ ကားကို ရပ်နိုင်လိုက်ပါတယ်။ ကားနှစ်စီးကတော့ တိုက်ခါနီး လက်မအနည်းငယ်လောက်ပဲ ကွာပါတယ်။ အဲ့ဒီမှာ တစ်ဖက်က မောင်းချလာတဲ့ ကားသမားက ခေါင်းပြူ ထွက်လာပြီး တက်စီသမားကို အော်ဆဲပါတယ်။

လက်ပံတောင်း အစီရင်ခံစာက ပြောသောစကား


(ေဇယ်သူ)
မြန်မာ့ခေတ်သစ် သမိုင်းတွင် မှတ်တိုင်ဖြစ်သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ် ကြည့်မိသည်။
စာချုပ်ပြန်ပြင်ချုပ်
စီမံကိန်းကိုရပ်၊ ယခုပုံစံအတိုင်း ဆက်လုပ်နှင့် ပုံစံပြောင်း လုပ်ဟု ရွေးချယ်စရာ နည်းလမ်းသုံးလမ်း ရှိသည့်အနက် တတိယ နည်းလမ်းကို ရွေးချယ်လိုက်သည်။ စီမံကိန်းသည် စီးပွားရေးအရ တွက်ခြေကိုက်သည်။ သို့သော် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး စသည်တို့ကို တွက်ချက်မှု အားနည်းသည်။ တိုတိုပြောရလျှင် စာချုပ်ကို စိတ်ကြိုက်ပြန်ပြင်ချုပ်။

မှတ်သားချင်စရာ မြန်မာစကားပုံများ

Cloud Cuckoo Land shared ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ's photo.

ကိုယ်နှစ်သက်က ထန်းပလပ် နတ်ရုပ်ထင်

မိမိကိုယ်တိုင်နှစ်သက်ပါက ထန်းပလပ်ငယ်မျှဖြစ်သော်လည်း နတ်ရုပ်တမျှကဲ့သို့ မှတ်ထင်လေးမြတ်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။
လူတို့သည် စိတ်ကထင်မှတ်ရာကို အမှန်တကယ် ထင်မှတ်တတ်၏။ စိတ်လိုရာကို လိုက်၍ တွေးတောကောက်ယူတတ်၏။
စိတ်ကျေနပ်မှုရှိလျှင် မြတ်နိုးနှစ်သက်တတ်၏။ အရုပ် ဆိုးသောအရာကို လှသည်ဟုထင်လျှင် လှနိုင်၏။ အသုံးမကျသောအရာကို အဖိုးတန်သည်ဟု မှတ်ယူက အဖိုးတန်ပစ္စည်းပင် ဖြစ်ရ၏။ ကောင်းသည်၊ ဆိုးသည်၊ သာယာသည်၊ ငြီးငွေ့သည် စသည်တို့မှာ စိတ်ဆန္ဒ၏ အဆုံးအဖြတ်အတိုင်းပင် ဖြစ်၏။

“ အနီးကပ်ဖျက်အားပြင်းရန်သူ ”



.
မူးယစ်ဆေးဝါးဟာ လူသားမျိုးနွယ်ထုကို ဒုက္ခပေးတဲ့ အရာဝတ္ထုဖြစ်ကြောင်း လူအများ တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါတယ်။ ဘိန်းဖြူကိုတော့ ဆေးခြောက်ထက် အန္တရာယ်ပိုများတယ်ဆိုတာ သိထားကြတယ်။ ဘယ်ဆေးဝါးက ဆိုးကျိုးပေးမှု ဘယ်လောက်ရှိတယ် ဆိုတာပေါ် မူတည်ရေးဆွဲတဲ့မူဝါဒတွေအကြောင်းဖတ်ရတော့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်လာခဲ့တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၂)

သစ်ထူးလွင်


Saturday, December 27, 2014

အလိုအပ်ဆုံး............


အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။
တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ....
"ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး
ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊
မိသားစု နာမည်များကို ရေးချလိုက်သည်။

အင်္ဂါလေးပါးနှင့် ပြည့်စုံသောစကား။


အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤစကားကို မိန့်ကြားတော်မူ၏။
ရဟန်းတို့ - အင်္ဂါလေးပါးနှင့်ပြည့်စုံသော စကားသည်
• ကောင်းစွာဆိုအပ်သော စကား မည်၏၊
• မကောင်းသဖြင့် ဆိုအပ်သော စကား မမည်။

လူရည်ချွန်ကဗျာ

လူရည်ချွန် (၁၉၆၄-၈၈) နှစ် (၅ဝ) ပြည့် ရွှေရတုသဘင်ကား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပတော့မည် ဖြစ်ပါသည်။ဘာလိုလိုနှင့် နှစ် (၅ဝ) ပြည့်ခဲ့ပါပြီကော။ ၁၉၆၅ ခုနှစ်က လူရည်ချွန်များသည် ယခုအခါ အသက် ၆ဝ ကျော်အရွယ်သို့ ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီ။ သို့သော် လူရည်ချွန်ဆိုသည်နှင့် နုပျိုနေကြဆဲ။ တစ်ဦးနှင့် တစ်ဦး တွေ့ကြဆုံကြသည်နှင့် နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြန်လည်နုပျို သွားကြဆဲ။ အသက် ၁၅၊ ၁၆၊ ၁၇၊ ၁၈ အရွယ်သို့တိုင် ပြန်လည်နုပျို သွားကြဆဲ။ ရုပ်ပျိုဆေး မစားရဘဲနှင့် ရုပ်ပျိုကိုယ်နု ကျန်းမာသွားဆဲ။ 

စာပေဗိမာန်ကစာကြည့်တိုက်မှူး


Zaw Naung Ling

ရန်ကုန်မြို့စာပေဗိမာန်စာကြည့်တိုက်ဆိုတာ နေ့စဉ် စာအုပ်ငှားရမ်းသူ၊ လာရောက်ဖတ်ရှုသူ ရာချီ ရှိနေတဲ့ ပြည်သူ့စာကြည့်တိုက်တစ်ခု။ ဒီလိုစာကြည့်တိုက်တစ်ခုမှာ လာရောက်ဖတ်ရှုသူတွေ အဆင်ပြေပြေဖတ်ရှုနိုင်ဖို့၊ လိုချင်တဲ့စာအုပ်ကို မြန်မြန်ဆန်ဆန်ရရှိနိုင်ဖို့ ၀န်ဆောင်မှုပေးရတာဟာ အမြင်အရရိုးရှင်းပေမယ့် လက်တွေ့မှာ သိပ်လွယ်ကူလွန်းလှတဲ့အလုပ်တစ်ခုတော့မဟုတ်။

“ဘာငှက်ကလေးလဲ ပြောစမ်းပါမောင်”

Soe Min


“အေး .. ဟေး အို။ ကျုပ်သားကိုတဲ့စွန်ချီ။ ငှက်ပလီ ဘယ်ကိုကြွပါလိမ့်။ ငှက်ပလီ ဘယ်ဆီကြွပါလိမ့်။ ပြန်ချပါအုန်း ဟုန်းဟုန်း ဟုန်း ဟုန်း။”

“အောင်မယ် ငါ့များ ငှက်ပလီလေးဘာလေးနဲ့။ သူ ငိုကောင်းအောင်လည်း ဝင်ပို့ပေးရသေးတယ်။ ညကြေးမပေး ဘာမပေး။ တော်ပြီ။ မကဘူးဟယ်။”
“မလုပ်လိုက်ပါနဲ့။ မလုပ်လိုက်ပါနဲ့။သည်မှာ ငိုရတာ တန်းလန်းကြီး။ မခေါ်တော့ပါဘူး။ ငှက်ဖျားတကာ၊ ငှက်သူတော်ကောင်းလေး၊ အင်မတန်ချစ်စရာကောင်းတဲ့ငှက်ကလေး လို့ ခေါ်ပါ့မယ်။”
“ရွဲ့တာလား။ အဲ့ဒါ ရွဲ့တာလား။ဟင်။ ပုံမှန်ဆက်ဆံ။ တော်ပြီ။ မကဘူးဟယ်။”
“မရွဲ့ပါဘူး။ မရွဲ့ပါဘူး။ကပါ ကပါ။ ရွှေစွန်ညိုကလေး လို့ခေါ်ပါ့မယ်။”
“မကနိုင်ဘူး။ မကနိုင်ဘူး။လူကိုများ ညိုသလေး ဘာလေးနဲ့ စော်စော်ကားကား။ စွန်တောင်မှ သူ့ဆီမှာ အညိုရောင်ပဲ ဖြစ်ရဦးမတဲ့။”
“သြော် ငါ့နှယ်။ သည်ည ကဖြစ်ပါဦးမလားတောင်မသိ။ ကဲ ပြောစမ်းပါ ကြိုက်တဲ့အရောင်။ ဘာအရောင်ယူမတုန်း။ သည်မှာ ငိုရဖို့ အဓိက။”

“SPOKEN ENGLISH အင်္ဂလိပ် စကားပြော


1.It is of no use.
It is useless.
အဲဒါ အသုံးမဝင်ဘူး။
2.That is odd.
That is not usual.
အဲဒါက တစ်မျိုးကြီးပဲ။
3.That will be nice.
That will be good.
အဲဒါဆို ကောင်းလိမ့်မယ်။
4.That is not our fault.
We are perfect (ဖားfစ်ခ်ထ်).
အဲဒါ ကျွန်တော်တို့ အပြစ်မဟုတ်ဘူး။

Water poisoning ရေအဆိပ်သင့်ခြင်း


ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကို ပြောတာဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆားအချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်းတာဖြစ်စေတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...