Saturday, December 20, 2014

မိုးသည်း ည လမ်းခွဲ (၁)


၁။
ည (၁၂း၀၀) ကျော်။ အိမ်ပြန်လမ်းက တိုး
သက်ဆိတ်ငြိမ်စွာ လှပနေသည်။ ညည့်
ယံမှာ မိုးဖွဲလေးများ လွင့်ပျံနေ၏။ ကျွန်
တော့်ရှုးဖိနပ်သံက အမှောင်ထုတံခါးကို
တဒေါက်ဒေါက် လှမ်းခေါက်နေသလိုလို။
အလင်းပွင့်ပြာပြာတွေက လမ်းဘေး
တောက်လျှောက် စုန်းတောက်နေကြသည်။

မာရီယာနှင့်ကျွန်တော် ဒီလိုညမျိုးကို
ကြိမ်ဖန်များစွာ ဖြတ်သန်းခဲ့ဖူးသည်။ ဒီ
လမ်းလေးပေါ်မှာ မိုးကာအင်္ကျီတစ်ထည်
ကို နှစ်ယောက်ခြုံပြီး၊ ဘ၀တစ်ခုလုံး နွေး
ထွေးလုံခြုံလှပြီဟု ယုံကြည်ခဲ့ဖူးသည်။
တစ်ဦး၏သောကကို တစ်ဦးမျက်နှာပေါ်
အရိပ်မကျမိစေရ။ တစ်ယောက်နှင့် တစ်
ယောက် တွဲလက်မဖြုတ်စတမ်း မြဲမြံခဲ့ကြ
ဖူးသည်။
အခု ဒီလို မိုးညများကို သူ တစ်ယောက်
တည်း ဖြတ်သန်းခဲ့ရတာ ရက်ပေါင်း
အတော်ပင် ကြာညောင်းခဲ့ပြီဖြစ်သည်။
ယခင်က တစ်ယောက်တည်း နေရတာ
တောင်များလှပြီထင်နေသောကျွန်တော်။
အနားမှာ မာရီယာမရှိတော့မှ သွေးပျက်
စပြုလာသည်။
ဖင်စီခံထိ တိုဝင်လာသော စီးကရက်ကို
နောက်ဆုံးအနေဖြင့် အားပါးတရရှိုက်
သွင်းပြီး၊ တောက်ထုတ်ပစ် လိုက်သည်။
အခုနေများ မာရီယာကို တွေ့ရလျှင် အား
ပါးတရပွေ့ဖက်နမ်းရှုံ့ပစ်မိမည်ထင်သည်။
သို့သော် စီးကရက်တိုလို တောက်ထုတ်
ပစ်နိုင်၊ မပစ်နိုင်ဆိုတာကိုတော့ ဇဝေဇ၀ါ၊
မသေချာပါ။
ကျွန်တော်က မာရီယာလောက်ပြတ်သား
သည့် ရွေးချယ်မှုမျိုး မပြုလုပ်နိုင်ခဲ့တာ
လား၊ သို့တည်းမဟုတ် မာရီယာကပဲ
ကျွန်တော့်ပြေးလမ်းပေါ်က ဖိတ်စင်ချွတ်
ချော်ခဲ့တာလား ဆိုတာလည်း မသဲကွဲလှပါ။
တစ်နေ့ ကျွန်တော့်ဆီက မာရီယာလှည့်
ပြန်ထွက်ခွာသွားမည်ဆိုသည်ကို သိပါ
လျှက်နှင့် တစ်ကယ်တန်း ရင်ဆိုင် ကြုံ
တွေ့ လာရသောအခါ၊ ကျွန်တော့်မှာ ပြင်
ပြင်ဆင်ဆင်အနေအထား ရှိမနေခဲ့။
(ကျွန်တော့်ထံပါးမှ ဤမျှ လွယ်လင့်တကူ
ကွယ်ပျောက်သွားလိမ့်မည်ဟု မယူဆခဲ့
ခြင်းကြောင့်လည်း ပါပါလိမ့်မည်။)
ထို့ကြောင့် ကျွန်တော် ဖရိုဖရဲ အသည်း
ကွဲလေသည်။
မာရီယာနှင့် ကျွန်တော်၏ ဆုံမှတ်မျဉ်းမှာ
ဤ လမ်းပေါ်၌ပင် ဖြစ်ပြီး၊ ကျွန်တော်တို့
နှစ်ယောက်၏ လမ်းခွဲညနေခင်းသည်
လည်း ဤလမ်းပေါ်မှာပင် ကျကွဲခဲ့ခြင်း
ဖြစ်သည်။ ယခုအခါ သတိရခြင်းများစွာ
ဖြင့် ကျွန်တော့်ကို မာရီယာ ထားခဲ့ပါပြီ။
ကျွန်တော့်ပုခုံးပေါ် မှီစက်ခဲ့ဖူးသော သူမ
မေးစေ့ချွန်ချွန်လေး၏ အထိအတွေ့ကို
သတိရသည်။ သူမ၏ရယ်သံမျှင်မျှင်လေး
ကို လွမ်းမိ၏။ သူမ၏ ဆံနွယ်စပေါ် တွယ်
ကပ်နေသော မိုးစက်ပွင့်မှုန်လေးများအား
ငေးမော ထိခတ်ချင်မိသေး၏။
ဇာတ်လမ်းတစ်ပုဒ်၏ အဆုံးသတ်တွင်
"ပြီးပါပြီ" ဟု စာတမ်းရေးထိုးလေ့ရှိတတ်
ပါသည်။
ထိုကဗ္ဗည်းစာတမ်းကို မာရီယာကိုယ်တိုင်
ကျွန်တော့်ဆီ လာရောက်ချိတ်ဆွဲပေးစေ့
ချင်ပါ၏။ ဘာပဲဖြစ်ဖြစ် မာရီယာ၏ အငွေ့
အသက်ကို တို့ထိမိရုံမျှဖြင့် ကျွန်တော်
သေပျော်နိုင်ပါလိမ့်မည်။
တောမရောက်၊ တောင်မရောက် အတွေး
ရိုင်းတွေကို မောင်းမထုတ်ပစ်ရက်ပါ။
ကျွန်တော့်ဆီ မာရီယာပြန်လာလိမ့်မည်
ဟု နောက်ဆုံးအချိန်အထိ ရင့်ရင့်ရဲရဲမျှော်
လင့်ထားချင်ပါသေးသည်။
သို့ဆိုလျှင် ကျွန်တော်နှင့် မာရီယာ၏
တွေ့ဆုံခြင်းမှာရော မျှော်လင့်ခြင်းတွေ
စွန်းထင်းခဲ့ဖူးပါသလား။ ထိုသို့ ဖြစ်လိမ့်
မည်မထင်ပါ။ မာရီယာနှင့် ကျွန်တော်၏
စတင်ဆုံစည်းခဲ့သော မိုးသည်းညချမ်း
သည် အနည်းငယ်မျှပင် ရိုမန်တစ်မဆန်ခဲ့
ချေ။
သို့သော် ထိုညကပင် ကျွန်တော်တို့၏
သံယောဇဉ်ချင်း ကျောချင်းကပ်ဖို့ အစပျိုး
ခဲ့ရာလည်း ဖြစ်နေပါတော့သည်။
(ဆက်လက် ဖေါ်ပြပေးသွားပါဦးမည်။)
-လင်းသက်-

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...