သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁၂)
သစ်ထူးလွင် |
- ပုဇွန်တောင်မြို့နယ်တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
- တာချီလိတ် တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
- အ၀လွန်သူများအား မသန်စွမ်းသူများအဖြစ် သတ်မှတ်မည်ဟု ဥရောပသမဂ္ဂ တရားရုံး ထုတ်ပြန်
- သြစတြေးလျ သတ္တုတွင်း လုပ်ငန်းရှင်ကို ပြန်ပေးမှုဖြင့် တရားစွဲ
- ရဲတပ်ဖွဲ့ဝင် (၁)ဦး ဓါတ်လိုက်ခံရကာ သေဆုံးသွား ခဲ့သည့်အပြင် (၄)ဦးဒဏ်ရာရ
- ဂတ်(စ်)ပိုက်လိုင်းကြောင့် လယ်မြေရွှံ့ဖုံးခံရသော လယ်ပိုင်ရှင်များ နစ်နာကြေး ရရှိရန် တောင်းဆို
-
မူးယစ်တိုက်ဖျက်ရေး အရေးယူဆောင်ရွက်ခြင်းမရှိသည့်
အတွက် ပြည်သူများဆန္ဒပြ - နှစ်ကူးနှင့်သင်္ကြန်တွင် အရက်တားမြစ်ရန် အဆိုပြုချက် ထိုင်းပယ်ချ
- ကျောက်တော်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်က ကျောက်ထုတ်လုပ်နေမှုကို ရှေး/သုဌာနက တားမြစ်
- ဘင်္ဂလာဒေခ်ျ့တွင် လူနည်းစု သက်လူမျိုးများ၏ နေအိမ်များ မီးရှို့တိုက်ခိုက်ခံရ
- ယာဉ်အားစက်နိုးပြီး ဘထ္တရီအားဖြည့်စဉ် ယာဉ်၏အိပ်ဇောပိုက်မှ မီးပွားများ ကောက်ရိုး ပေါ်သို့ ကျကာ မီးလောင်မှုဖြစ်
- ဗိုလ်တထောင်မြို့နယ်တွင် လမ်းဖြတ်ကူးသူအား ယာဉ်တိုက်ခံရသဖြင့် သေဆုံး
- People မဂ္ဂဇင်းက ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် Kate Upton ကို ပထမဆုံးအဖြစ် ရွေးချယ်
- ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု ပြန်လည် စတင်
- မြန်မာ့လျှပ်စစ်ဓါတ် ဖြန့်ဖြူးတဲ့ ရေတိုစီမံချက်
- အငြင်းပွားဖွယ် ဆရာဆရာမများ ယူနီယံ
- စစ်သွေးကြွတွေ ပါကစ္စတန် နှိပ်ကွပ်
- ကင်ညာလွှတ်တော်အတွင်း ပဋိပက္ခ ပြင်းထန်
- ကလေးများသတ်မှု သံသယဖြင့် မိခင်ကို သြစတြေးလျ ရဲဖမ်းဆီး
- သြစတြေးလျမှာ ကလေး ၈ ယောက် အလောင်း တွေ့ရှိ
- ဖီဖာကို စစ်ဆေးတဲ့ အစီရင်ခံစာ ထုတ်ပြန်ဖို့ သဘောတူ
- အမိန့်ဖီဆန်သောကြောင့် နိုင်ဂျီးရီးယားစစ်သား ၅၄ ဦး သေဒဏ်ချမှတ်ခံရ
- ပါကစ္စတန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ ၅၇ ဦးသေဆုံး
-
အိုင်အက်စ်တို့သိမ်းပိုက်ထားသည်
့ ဆင်ဂျာတောင်ကို အီရတ်ကာဒစ်တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်တိုက်ခိုက် - ဒီဇင်ဘာလ (၁၉)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၆)၊ အမှတ်(၇၀၃)
Posted: 20 Dec 2014 05:31 AM PST
ဂျာနယ်စာအုပ်ပုံပေါ်သို့ ဖယောင်းတိုင်မီးလဲကျရာမှ မီးလောင်မှုဖြစ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
၁၉.၁၂.၂၀၁၄ ရက်နေ့ ၂၃၅၀ အချိန်တွင် ပုဇွန်တောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊ နေကြာသာယာကုန်းလမ်းတွင်
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ
တိုက်ခန်း(၄)လွှာနေ ကိုဝင်းဗိုလ်၊ (၃၇)နှစ်၏ နေအိမ်တိုက်ခန်း၌ ဘုရားစင်တွင်
ဖယောင်းတိုင်မီးပူဇော်ထားရာမှ ဖယောင်း
|
Posted: 20 Dec 2014 05:25 AM PST
တာချီလိတ် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ သဇင်လမ်းတွင်
ယနေ့ ဒီဇင်ဘာ ၂၀ ရက် ၊ နံနက် ၇ နာရီ ၊ ၁၀ မိနစ် က ဘုရားမီးပူဇော်ရာမှ တဆင့်
မီးကူးစက်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦး၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများ၊
မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်း ဦးဆောင်သည့်
|
Posted: 20 Dec 2014 05:27 AM PST
ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှာ အ၀လွန်သူများကို မသန်စွမ်းသူများအဖြစ်
သတ်မှတ်မယ်လို့ ဥရောပသမဂ္ဂ တရားရုံးက ဥပဒေအမိန့် ထုတ်ပြန်လိုက်ပါ တယ်။
ပြီးခဲ့တဲ့ လေးနှစ်အကြာက ဒိန်းမတ် ကလေးထိန်းတစ်ဦးဟာ အ၀လွန်ခြင်းကြောင့်
မိမိရဲ့ ဖိနပ်ကြိုးကိုတောင် မချည်နိုင်တဲ့အပြင် သူ့အလုပ်ရှင် ရဲ့
အလုပ်ထုတ်ခြင်းကို ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီးမှာ ယခုလို အမိန့်
ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
အဆိုပါ ဥပဒေများဟာ ဗြိတိန်အပါအ၀င်
|
Posted: 20 Dec 2014 05:09 AM PST
ကလိုက်ဖ် ပေါလ်မာ
သြစတြေးလျ လွှတ်တော်အမတ်ရဲ့ အကြီးတန်း မီဒီယာအကြံပေးနဲ့ ချမ်းသာသလောက်
သြဇာလဲကြီးတဲ့ သတ္တုတွင်းလုပ်ငန်းရှင် ကလိုက်ဖ် ပေါလ်မာကို
အင်ဒိုနီးရှားကျွန်းပေါ်မှာ ဘဏ်အမှုဆောင်တဦးကို ပြန်ပေးဆွဲမှုနဲ့ ဒီဇင်ဘာ ၁၉
ရက်နေ့က တရားစွဲခဲ့ပါတယ်။
သူ့ရဲ့ပါတီဟာ လွှတ်တော်အတွင်း သြဇာဟန်ချက်ညီမှုကို ပိုင်ဆိုင်ထားတာပါ။
ပေါလ်မာက လစာကောင်းတဲ့အလုပ် ကမ်းလှမ်းချင်ယောင်ဆောင်ပြီး အကြံပေး
အန်ဒရူးခရွတ်၊ အားက
|
Posted: 20 Dec 2014 05:08 AM PST
CCTV ကင်မရာ တပ်ဆင်ရာတွင် ၀င်ရောက်ကူညီ လုပ်ကိုင်ပေးခဲ့သူ ရဲတပ်ဖွဲ့ဝင်
(၁)ဦး ဓါတ်လိုက်ခံရကာ သေဆုံးသွား ခဲ့သည့်အပြင် (၄)ဦးဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
၁၉.၁၂.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် အောင်မင်္ဂလာ အဝေးပြေးဝင်း၌
လုံခြုံရေး တာဝန် ဆောင်ရွက်နေသော လှိုင်သာယာမြို့နယ်၊
လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(၉)မှ ရဲတပ်သားတစ်ဦးမှာ ဓါတ်လိုက်သေဆုံြး
|
Posted: 20 Dec 2014 05:07 AM PST
ဒီဇင်ဘာ ၁၉
ကျောက်ဖြူမြို့နယ်တွင် ဂတ်(စ်)ပိုက်လိုင်း လမ်းကြောင်းတစ်လျှောက် တည်ရှိသော
လယ်မြေရွံ့ဖုံးခံရ၍ ပျက်စီးသွားသဖြင့် လယ်ပိုင်ရှင်များက
နစ်နာကြေးရရှိရန်အတွက် ဒီဇင်ဘာ(၁၇)ရက်နေ့က မြို့နယ်
အုပ်ချုပ်ရေးမှူးထံသို့ သွားရောက် တင်ပြတောင်းဆိုခဲ့ကြကြောင်း
သတင်းရရှိပါသည်။
ဂတ်(စ်)ပိုက်လိုင်း လမ်းကြောင်းတစ်လျောက် ဘေးဝဲယာရှိလယ်မြေများ
ရွှံ့ဖုံးခံရသောကြောင့် ရွာပေါင်း(၈)ရွာမှ လယ်ယာမြေပိုင်ရှင်(၄၀)ကျော်
|
Posted: 20 Dec 2014 05:07 AM PST
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မူးယစ်ဆေးတိုက်ဖျက်ရေး တာဝန်ရှိသူတွေက
ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ မရှိတဲ့အတွက် ပြည်သူတွေ
ဆန္ဒဖော်ထုတ်နေပါတယ်။
ဒေသခံတွေအများစုက မူးယစ်ဆေးဝါး ကျေးကျွန်တွေ ဖြစ်နေရတာကို မြင်တွေ့နေရသလို
ဒီဒေသက တိုင်းရင်းသားတွေက မူးယစ်ဆေးဝါးကို အန္တရာယ်အဖြစ်မမြင်ဘဲ
ပျော်စရာအဖြစ် မှတ်ယူတဲ့အခြေအနေကို သတိပေးလိုတဲ့အတွက် ဆန္ဒပြတာလို့
ဆန္ဒပြပွဲကို စီစဉ်တဲ့ အရပ်ဘက်မူးယစ်ဆေးဝါးတိုက်ဖျက်ေ
|
Posted: 20 Dec 2014 05:06 AM PST
နှစ်ကူးနဲ့ ဆောင်ခရမ် (သင်္ကြန်) အားလပ်ရက်တွေမှာ အရက်ရောင်းချတာကို
တားမြစ်ဖို့ အဆိုပြုချက်ကို ထိုင်းနိုင်ငံ အဖျော်ယမကာ
ထိန်းချုပ်ရေးကော်မတီက ပယ်ချလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီး ရာဂျတာ ရာဇတ်တန်နာဗင်က လူအများအပေါ် အကျိုးသက်ရောက်မှုနဲ့
ပတ်သက်ပြီး အဆိုပြုချက်က အသေးစိတ် လေ့လာမှုနဲ့ လူတွေရဲ့ အမြင် စစ်တမ်းတွေ
ပိုလိုအပ်တယ်လို့ ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်မှာ ရောဂါထိန်းချုပ်ရေး ဌာနက မတော်တဆ မှုကြောင့် သေကျေ
|
Posted: 20 Dec 2014 05:00 AM PST
ကန်စောက်တောင်အနီး သမိုင်းဝင်ဂူများအနီးတွင် ကျောက်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်
|
Posted: 20 Dec 2014 04:57 AM PST
ဒီဇင်ဘာ ၂၀
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ရကန္တာမတီ ခရိုင်တွင် လူနည်းစု
ဗုဒ္ဓဘာသာဝင် သက်လူမျိုးများ၏ နေအိမ်များနှင့် ဘုန်းကြီးကျောင်း
တစ်ကျောင်းတို့အား ဘင်္ဂလီ အခြေချနေထိုင်သူများက ၀င်ရောက် တိုက်ခိုက်
မီးရှို့သွားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာအများအပြားတွင် ရေးသား ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းတောင်တန်းနယ်တွင် မြန်မာ၊ အိန္ဒိယနိုင်ငံတို့နှင့်
ကပ်ရပ်တည်ရှိသော ခရိုင် (၃) ခု ရှိရာ ယင်းခ
|
Posted: 20 Dec 2014 04:47 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
၁၉.၁၂.၂၀၁၄ရက်နေ့ ၀၉၃၅ အချိန်၀၉၃၅အချိန် ခရမ်းမြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ခရမ်းမြို့နယ်၊ ကျုံတူးကျေးရွာအုပ်စု၊
သိင်္ခကွင်းတဲစုအပိုင်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်ကျွမ်သွားကြောင်း
သတင်းအရသွားရောက် စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာတွင် ရောက်ရှိတည်းခိုနေထိုင်သော
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
|
Posted: 20 Dec 2014 04:44 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
၁၉.၁၂.၂၀၁၄ရက်နေ့ ၂၃၁၅အချိန် ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း အတိုင်း
ဆူးလေဘုရား ဘက်မှ မဟာဗန္ဓုလ တံတားဘက်သို့ ဒေါပုံမြို့နယ်နေ ယာဉ်မောင်း
ကိုကျော်ကျော်ဝင်း (၂၃)နှစ် မောင်းနှင်လာသော 2I---WAGON ကိုယ်ပိုင်ယာဉ်သည်
စန္ဒကူး လမ်းထိပ်အရောက် လမ်းဖြတ်ကူးသူ ကိုသိန်းထိုက်အား တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ကိုသိန်းထိုက်တွင် ၀ဲချိုစောင်းပေါက်ပြဲ၊
နှာခါင်းသွေးထွက် ဒဏ်ရာများ ရရှိကာ အခ
|
Posted: 19 Dec 2014 09:16 PM PST
ဝါရှင်တန် ၊ ၂၀-၁၂-၂၀၁၄
People မဂ္ဂဇင်းသည် တစ်နှစ်တာ အတွင်း ဆွဲဆောင်မှု အရှိဆုံး အမျိုးသားများကို
နှစ်စဉ်နှစ်တိုင်း ရွေးချယ်ခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည့် People
Magazine Awards ဆုပေးပွဲတွင် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး ကဏ္ဍသစ် ကို
ထပ်မံထည့်သွင်း၍ ချီးမြှင့်ခဲ့ သဖြင့် အဆိုပါ ဂုဏ်ပုဒ်ကို ပထမဆုံး
ရရှိခဲ့သူမှာ မော်ဒယ် Kate Upton ဖြစ်ကြောင်း သိရသည်။
People မဂ္ဂဇင်း၏ ဆွဲဆောင်မှု အရှိဆုံး အ
|
Posted: 19 Dec 2014 09:09 PM PST
ဟားမတ်စ် အဖွဲ့ရဲ့ ပစ်မှတ်တွေကို ဦးတည် ပစ်ခတ်ခဲ့ကြောင်း အစ္စရေး ပြော။
ဂါဇာ ကမ်းမြှောင် ဒေသမှာ အစ္စရေး က လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ဆောင်
ခဲ့တယ် ဆိုပြီး သိရပါတယ်။ သောကြာနေ့က ဂါဇာ ဘက်ကနေ ဒုံးကျည် တွေ ပစ်လွှတ်ခဲ့
လို့ လက်တုန့် ပြန်တာဆိုပြီး အစ္စရေးက ဆိုပါတယ်။
ဂါဇာမှာ ရှိတဲ့ ဟားမတ်စ် အုပ်စုရဲ့ အခြေခံ အဆောက် အဦတွေကို ပစ်မှတ်ထား
တိုက်ခိုက် ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဌာန ရဲ့ ပြောခွင့်ရ ဒုဗိုလ်မှုြး
|
Posted: 19 Dec 2014 09:07 PM PST
APR ကုမ္ပဏီမှ မြန်မာနိုင်ငံအတွက် လျှပ်စစ်ထုတ်
မြန်မာနိုင်ငံ မှာ လျှပ်စစ်စွမ်းအင် အသုံးပြုနိုင်တဲ့ ဉီးရေ ဟာ
နိုင်ငံ့လူဦးရေ ရဲ့ သုံးပုံ တပုံပဲ ရှိတဲ့ အတွက် မြန်မာ အစိုးရ က
ရေတိုစီမံကိန်း အဖြစ် အမေရိကန် မှ စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီ APR ရဲ့
အကူအညီ ကို ၂ နှစ် စာချုပ် ချုပ်ပြီး ကျောက်ဆည်မြို့ အနီး စီမံ ဆောင်ရွက်
တာကို ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာ က ပြောပါတယ်။
သင်္ဘော ကုန်ပစ္စည်းတင်တဲ့ ကွန်တိန်နာ အ
|
Posted: 19 Dec 2014 09:05 PM PST
ရန်ကုန်တက္ကသိုလ်
ပညာရေးဝန်ကြီးရဲ့ အမိန့်အရ ဆိုပြီး တက္ကသိုလ်၊ ကောလိပ်တွေမှာ ဆရာ၊ ဆရာများ
ယူနီယံ ကို အာဏာပိုင်တို့က ဖွဲ့စည်းလိုက်တဲ့အပေါ် လက်ရှိ အလုပ်သမား ဥပဒေနဲ့
အညီ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က
ကန့်ကွက်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ ရှိနေပြီးသား မြန်မာနိုင်ငံလုံး ဆိုင်ရာ
ဆရာ၊ ဆရာများ အဖွဲ့ချုပ်ကို တန်ပြန်မှုလည်း ဖြစ်ပြီး ဆရာ၊ ဆရာမတွေကြား
သွေးကွဲစေအောင် အာဏာပိုင်
|
Posted: 19 Dec 2014 09:02 PM PST
ပါကစ္စတန် ပေါက်ကွဲမှု(ဒီဇင်ဘာ ၁၉၊ ၂၀၁၄)
စစ်သွေးကြွနှစ်ဦးကို သုတ်သင်လိုက်တယ်လို့ ပါကစ္စတန် စစ်ဖက် အသိုင်းအ၀ိုင်းက
ပြောဆိုပါတယ်။ အင်္ဂါနေ့တုန်းက ကလေးငယ်တွေ အများစု အပါအ၀င် လူပေါင်း
၁၅၀နီးပါးသေဆုံးခဲ့ရတဲ့ Peshawar မြို့တိုက်ခိုက်မှုအပြီး စစ်သွေးကြွတွေအပေါ်
အစိုးရက ပြင်းပြင်းထန်ထန် ကိုင်တွယ်လာတာပါ။ Dr. Usman နဲ့ Arshad Mahmood
တို့ကို Faisalbad အကျဉ်းထောင်မှာ ကြိုးပေးသတ်ခဲ့တာပါ။
စစ်ဌာနချုပ်ကို တိုက်ခို
|
Posted: 19 Dec 2014 08:58 PM PST
ကင်ညာနိုင်ငံရဲ့ လွှတ်တော်တွင်း ဒီဇင်ဘာ ၁၉ ရက်နေ့
နေ့ခင်းပိုင်းအစည်းအဝေးမှာ လုံးထွေးသတ်ပုတ်မှုတွေဟာ ဒီဇင်ဘာ ၁၈ ရက်
မနက်ပိုင်းထက် ပိုပြင်းထန်ခဲ့ပါတယ်။
အငြင်းပွားဖွယ် အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေမူကြမ်းကို
ပြင်ဆင်ဖြည့်စွက်ဖို့ ဆွေးနွေးငြင်းခုံရင်း ပရမ်းပတာ ဖြစ်ခဲ့တာပါ။
လွှတ်တော်ပြောခွင့်ရနဲ့ ဒုပြောခွင့်ရတို့က အဆိုတင်သွင်းထားတဲ့
ဥပဒေမူကြမ်းထဲက ပြင်ဆင်မယ့် စာကြောင်းတွေကို မဲပေးဖို့ြ
|
Posted: 19 Dec 2014 08:56 PM PST
သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် မြောက်ပိုင်းက ဆင်ခြေဖုံး အိမ်တအိမ်မှာ
ကလေး ၈ ဦး သေဆုံးနေတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ကလေး ၇ ဦးရဲ့
မိခင်ကို လူသတ်မှု သံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။
သူ့ကို တစုံတရာစွဲချက်တင်တာတွေ မလုပ်ဆောင်ရသေးသလို သူရဲ့ နာမည်ကိုတော့လည်း
ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူး
|
Posted: 19 Dec 2014 01:16 PM PST
ကလေး အလောင်းတွေ တွေ့တဲ့ အိမ်ကို စုံစမ်း စစ်ဆေးနေ
သြစတြေးလျ နိုင်ငံ ကွင်းစ်လန်း ပြည်နယ် မြောက်ပိုင်း၊ ကန်းန်စ် မြို့က
အိမ်တစ်အိမ်မှာ သေဆုံးနေတဲ့ ကလေး ၈ ယောက်ကို တစ်ပြိုင်တည်း
တွေ့ရှိခဲ့တယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။
၁၈ လသား အရွယ် ကနေ ၁၅ နှစ် အကြား အသီးသီး ရှိတဲ့ အဲဒီ ကလေး ၈ ယောက်ဟာ
ဓားနဲ့ အထိုး ခံရတယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က
အတည်ပြုခြင်း မရှိသေးပါဘူး။
ကလေး
|
Posted: 19 Dec 2014 01:14 PM PST
ရွေးချယ်ပြီးသား ကမ္ဘာ့ဖလား အိမ်ရှင်တွေကို ပြန်ရွေးမှာ မဟုတ်ဟုဆို
၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင်တွေကို ရွေးချယ်ရာမှာ ကမ္ဘာ့
ဘောလုံးအဖွဲ့ချုပ် ဖီဖာမှာ မမှန်ကန်တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ် ဆိုတဲ့အပေါ်
စုံစမ်း စစ်ဆေးခဲ့တဲ့ အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ဖို့ ဖီဖာ
အမှုဆောင် အရာရှိတွေက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
ဖီဖာ ဥက္ကဋ္ဌဌ ဆပ် ဘလတ္တာက သူ့အဆို ဥပဒေကြောင်းအရ သင့်တင့် လျောက်ပတ်တဲ့
ပုံစံနဲ့ အစီ
|
Posted: 19 Dec 2014 01:11 PM PST
အဘူဂျာ ဒီဇင်ဘာ ၁၉
ဘိုကိုဟာရမ်သူပုန်များသိမ်းပို
|
Posted: 19 Dec 2014 01:10 PM PST
အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၁၉
အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်စပ်ဒေသအနီးရှိ တာလီဘန်တပ်ဖွဲ့များအား
ပါကစ္စတန်တပ်ဖွဲ့များက မြေပြင်နှင့် လေကြောင်းတို့မှ
တိုက်ခိုက်ချေမှုန်းခဲ့ရာ တာလီဘန်စစ်သွေးကြွ ၅၇ ဦး သေဆုံးသွားကြောင်း
ပါကစ္စတန်စစ်ဘက်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ စာသင်ကျောင်းတစ် ကျောင်းမှ
ကျောင်းသားငယ်လေးများအား တာလီဘန် စစ်သွေးကြွများက
တိုက်ခိုက်မှုတစ်ရပ်လုပ်ဆောင်ခဲ့
|
Posted: 19 Dec 2014 01:06 PM PST
အီရတ် ဒီဇင်ဘာ ၁၉
အီရတ်နိုင်ငံ မြောက်ပိုင်း၌ ကာဒစ်တပ်ဖွဲ့ဝင်များက အိုင်အက်စ်
စစ်သွေးကြွများအား တိုက်ခိုက်ဖြိုခွင်း လျက်ရှိရာ ကြီးမားသောအောင်မြင်
မှုများ ရရှိနေကြောင်း အခိုင်အမာ ပြောကြားသည်။
ထောင်ပေါင်းများစွာသော ရာဇီ ဒီနှင့် အခြားသော အီရတ်ပြည်သူ များကို
သြဂုတ်လမှစတင်ကာ ဆင်ဂျာ တောင်၌ အိုင်အက်စ်တို့က ဝိုင်းရံ
ပိတ်ဆို့ထားခြင်းကို ကာဒစ်တပ်ဖွဲ့ ဝင်များက ဖြိုခွင်းနိုင်ခဲ့ပြီဖြစ်သည်။
ထိုအတောအတွင်း
|
Posted: 19 Dec 2014 01:04 PM PST
ဒီဇင်ဘာလ (၁၉)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၆)၊ အမှတ်(၇၀၃)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment