Monday, December 22, 2014

ဟာသပေါင်းချုပ် (၂၁-၁၂)


စားသောက်ဆိုင်တစ်ဆိုင်တွင် လူချမ်းသာနှစ်ဦးဘယ်သူကပိုပြီးချမ်းသာ ကြွယ်ဝကြောင်း စကားနိုင်လုနေကြစဉ် သူတောင်းစားတစ်ဦးမှ ပိုက်ဆံလာတောင်းသည်။
သူတောင်းစား - "သနားပါခင်ဗျာ၊ ထမင်းစားဖို့ ပိုက်ဆဲမရှိလို့ပါ"
နှစ်ဦးစလုံးမှ သူတောင်းစားကို အရေးမလုပ်ဘဲ ဆက်ငြင်းကြ၏။
ပထမလူ - "ငါ့မှာတိုက်ငါးလုံး၊ မြေကွက်လွတ် ၁၀ကွက်၊ နောက်ဆုံးပေါ် မော်ဒယ်သစ်ကား အစီး နှစ်ဆယ်နဲ့ ငွေသိန်းပေါင်းများစွာ ပိုင်တယ်ကွ ဘယ်သူငါ့လောက်ချမ်းသာမှာလဲ"

ဒုတိယလူ - "ဟ ... မင်းကဒီလောက်ကိုများ ရှိတယ် ချမ်းသာတယ်ထင်ပြီး ဘဝင်လေဟပ်နေတာလား၊ ငါဆိုရင် ခရီးသွားလုပ်ငန်းက တစ်ခု
လုံးချင်းတိုက် ၁၅ လုံးနဲ့ ကော်ဖီခြံ ၅ခြံ၊ နောက်ဆုံးပေါ်ကား အစီးရေ၃၀ ... ဒါတောင် ၂စီးက ပန်းအိုးထိုးထားလို့ ပြီးတော့ ကျပ်သန်းပေါင်းများစွာချမ်းသာတယ် ကွ"
ထိုသို့ပြောအပြီး ပိုက်ဆံလာတောင်းသော သူတောင်းစားက ထရယ်တော့၏။
သူတောင်းစား - "ဟားးးးးးး ဟားးး ဟားးးး"
ပထမ+ဒုတိယ - "မင်းက ဘာရယ်တာလဲကွ"
သူတောင်းစား - "ကျုပ်က ခင်ဗျားတို့ ငြင်းခုံနေတာကို သဘောကျလို့ပါဗျာ .... ကျုပ်ဘာလို့ဒီလို ဘဝရောက်ရလဲဆိုတော့ ခင်ဗျားတို့လိုမနေနိုင်မထိုင်နိုင်ငြင်းခုံပြီး အိမ်ကမိန်းမကိုပြောပြမိလို့ဗျ သိရဲ့လားးးး"
Credit-No Name

‪#‎သွားတု‬
======
ဘာလင်မြို့ကောင်းကင်ယံတွင် အမေရိကန်ဗုံးကြဲလေယာဉ်များ ပျံဝဲနေကြ၏။ထိုအခိုက် ဇနီးသည်မှ ခင်ပွန်းအား အော်ရင်း -
ဇနီး - " မြန်မြန်လုပ်လေ ကျွန်မတို့ ကျင်းထဲသွားခိုရအောင် "
ခင်ပွန်း - " နေဦးဟ၊ ငါ့ရဲ့သွားတု မတွေ့သေးလို့ကွ "
ဇနီး - " ဘာာာာ သွားတု၊ ဟုတ်လား၊ သူတို့ကြဲချမှာ အသားညှပ်ပေါင်မုန့်တွေ လို့များ ရှင်ထင်နေလား "
Credit-No Name

‪#‎အသက်စက်ဝိုင်း‬ (Life cycle)

အသက်ရွယ်အပိုင်းခြားအလိုက် လူတစ်ယောက်၏ လုပ်ဆောင်ချက်များကို စစ်တမ်းကောက်ယူလေ့လာရာဝယ် ဤသို့ ထူးခြားစွာတွေ့ရသည်။
၃နှစ် - စကားကောင်းကောင်း ပြောနိုင်ရန်ကြိုးစားရသည်။
၆နှစ် - စာကောင်းကောင်းဖတ်နိုင်ရန်ကြိုးစားရသည်။
၉နှစ် - စကားပြောဖော် အပေါင်းအသင်းရှာသည်။
၁၂နှစ် - ဘယ်ကိစ္စမဆို စမ်းလုပ်ကြည့်ချင်သည်။
၁၅နှစ် - နေရာတကာစွာစွာ , စွာစွာနှင့်ပါလေရာ ငါးပိချက် ဝင်လုပ်ချင်သည်။
၁၈နှစ် - ယာဉ်မောင်းလိုင်စင်ရရန် ကြိုးစားရသည်။
အသက် ၆၀မှ ပြန်စ၍ ၃နှစ်စီထပ်ပေါင်းပြီး အောက်မှအထက်သို့ ပြောင်းပြန်ကြည့်သော် ကိုက်ညီမှုရှိနေသည်ကို တွေ့ရသည်။
Credot-No Name

‪#‎ဆေးညွှန်း‬
========
ဆေးခန်းတစ်ခုသို့ လူနာ တစ်ယောက်နောက်တစ်ကြိမ် ပြန်လာပြတော့ -
ဆရာဝန်- " မသက်သာဘူးလား "
လူနာ- " မသက်သာဘူး ဆရာ "
ဆရာဝန်- " ဒီနေ့ ရေချိုးသလား "
လူနာ- " ချိုးပါတယ် "
ဆရာဝန်- " ကျွန်တော် ပေးတဲ့ဆေး ကိုရော ရေချိုးပြီး သောက်ရဲ့လား "
လူနာ- " သောက်လို့မရဘူးဆရာ ဆေးကိုရေချိုးပေးလိုက်တာနဲ့ အရည်ပျော်သွားလို့ "
_ credit to~ ကံချွန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...