Monday, December 22, 2014

အချိန်ကို ကျော်သွားစေချင်သူများနှင့် ၂၀၁၅ စစ်ရေး ဗျုဟာ။

ပြိုင်ပွဲကြီး
Aye Yay
အမေစုလည်း စိုင်းမောက်ခမ်း လို ဒုသမ္မတဖြစ်ဖို့တောင် အခွင့်အရေးမရခဲ့၊၊
စိုင်းမောက်ခမ်းက တဖက်က တရုတ်ပြည်မကြီးနှင့် ဝပြည် စီးပွါးရေး ၊ နိုင်ငံရေး စစ်ရေးအတွက် သူ့အား ခန့်အပ်လိုက်တော့ တစ်ခဏသာ ပြသာနာတွေငြိမ်းအေးတယ် ဆိုတဲ့ သဘောကို တွေ့ရတယ်၊၊
အမေစုကိုလည်း ကစားနည်းပေါင်းစုံနှင့် ကစားသွားတာ နောက်ဆုံးတာ့ သမ္မတ ဘယ်တော့မှ ဖြစ်ခွင့်မရတော့သည်အထိ လက်ရှိရေးဆွဲခဲ့တဲ့ ဥပဒေအောက်ကို ရောက်သွားခဲ့ကြတယ်၊၊


လက်ရှိစစ်အာဏာရှင်ဖက်ကလည်းဘယ်လို အချင်းချင်း အယုံအကြည်ရှိကြလည်းတော့ မသိဘူး၊၊ စစ်သွေးကြွနေတဲ့ စစ်လူကြီးပိုင်းတွေတော်တော်များများကို တွေ့ နေရသေးတယ်၊၊

စစ်အဏာရှင်နှင့် ပြည်ခိုင်းဖြိုးကို ခွဲလို့ မရဘူးဖြစ်နေတယ်၊၊

ချက်ခြင်းတော့ အသေမခံကြဘူး။ အရေခွံ တစ်ထပ်ပြီး တစ်ထပ် လဲပြီးမှာ သေချင်ကြတယ်၊၊
အသက်မသေပါပဲ မွေမှသည် နဂါး ဖြစ်သွားမှာကို အန်အဲလ်ဒီက သိကောင်းသိနေသည်၊၊
တစ်ဖက်မှ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒတွေကိုလည်း မဖြည့်စည်းနိင်ခဲ့ဘူး၊၊

သို့သော်
တစ်ခုခု တော့ တစ်ခုခုပဲ၊

ပြည်သူနှင့်ကမ္ဘာက ထောက်ခံမှုရရှိတဲ့အချိန်မှာတောင် သမ္မတ ဖြစ်ခွင့်ရဖို့ မစွမ်းနိင်ခဲ့ဘူး။
တစ်ဖက်မှ လုံခြူံရေးအတွက် ဆိုကာ လက်နှေးနေရသည့် ပြကွက်များလည်း မြင်နေရသည်၊၊

တို်င်းရင်းသား လက်နက်ကိုင်တွေက စာမတတ်တဲ့လူ၊ အသိဥာဏ်နည်းတဲ့လူတွေ၊ ဘာဘာ ညာညာ ဆိုကာ ဟိုလှည့် ဒီလှည့် နှင့် မျှော်တော်ယောင်အနေအထားမှာ ရှိနေစေခဲ့တယ်၊၊ အကွက်ဆင်ထားနိုင်မည်ဆို လျှင်၂၀၁၅ ကျော်လွန်သွားမှာပါ ဆိုတဲ့သဘောလည်းပါတယ်၊၊
တိုင်းရင်းသားတွေရဲ သဘောထားက ရိုးသားဖြူစင်ကြပါတယ်၊၊

ယုံကြည်လို့ မရတာက စစ်အာဏာရှင်ဆိုတဲ့ လူတစ်စု လက်ထဲမြဲသွားမှာကိုပါပဲ၊၊
one Two ရိုက်ပြီးပုံဖေါ်ကြမယ်ဟေ့  ဆိုပြီး လိမ်ညာခဲ့တာတွေ၊ ပုံစံသူ သမိုင်း အထောက်အထားတွေက ဗမာ့ခေတ် ကတည်းက အပြုအမူတွေပါ၊၊ ခုထိ ဒီလိုစိတ်ဓါတ်မျိုးတွေ လူကြီးပိုင်းမှာ တွေ့ နေရတော့ ခေတ်သစ်လူငယ်တွေအတွက် အပြစ်ပြောစရာဖြစ်နေပါတယ်၊၊ စစ်ကိုခုံမင်တဲ့ အသက်ဆိုးတွေ ရှည်နေတာတွေ့ ရတယ်၊၊

ဒီလိုမျိုး ကိန်းအောင်းနေတာကိုက မဟုတ်တော့ဘူး၊၊
အဲဒီ စိတ်ဓါတ်တွေက ခေတ်သစ် ကမ္ဘာတွေမှာ မသုံးကြတော့ဘူး၊၊
အာဏာကို စွဲမက်ကာ ကိုယ့်အတ္တအတိုင်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုရင် ဒီပွဲက ကြည့်လို့ မလှတော့ဘူး၊၊
ဖယ်ဒရယ်ကိုလည်း မသွားချင်၊ အမေစု ကိုလည်း ခေါင်းဆောင် မတင်ချင်၊တိုင်းရင်းသားခေါင်းဆောင်တွေရဲ့  တင်ပြဆွေးနွေးမှုများကိုလည်း အရေးမပေးချင်ကြဘူး၊၊

ဒီလိုအပြုအမူတွေက နောက်ဆုံးမှာ လူမျိုးဝါးမျိုးရေး နည်းလမ်းကို အသက်သွင်းကြမယ်၊၊

၂၀၁၅ မှာ အနိင်ရပြီး အလိုမတူသော လက်နက်ကိုင်တွေကို သောင်းကျန်းသူ အဖြစ်ခေါ်ဝေါ် ပြီး တပ်မတော်မရှိရင် မဖြစ်ဘူး မဟုတ်လား ဆိုကာ ကမ္ဘာ့ နိင်ငံကြီးတွေကို ဦးနှောက်စားခိုင်းကြမှာသေခြာတယ်၊၊

တောင်ဆိုမှုတွေဟာ လက်တွေ့ မကျဘူးဆိုတဲ့တစ်ရက် တစ်ဖက်က သေနတ်သံ ၊ ဗုံးမိုးတွေ ရွာချတော့မယ်၊ အဲဒီခါကျမှ သုံးနေကျ အသုံးအနှူန်းဟောင်းတွေကို ပြန်ယူကောက်ကြမည့် သဘောပါဝင်နေတယ်၊၊

ဆူပူတောင်းကျန်တော့မယ်။
မကောင်းတော့ဘူး
ဖြေရှင်းလို့ မရနိင်တဲ့ အဆင့်ထိုရောက်သွားတော့မယ်၊၊

တိုင်းသူပြည်သားတွေ ပေါက်ကွဲမယ်ဆိုမှ အမေစု ကို စင်ပေါ်တင် တရာဟောခိုင်းမယ်ဆိုလည်းမကောင်းပြန်ဘူး၊၊
ဒီတစ်ကွက်ကိုက ဆရာစား အတွက် ချန်ထားသလိုဖြစ်နေတယ်၊၊

အမေစု သမ္မတ မဖြစ်ဘူးဆိုရင် ၂၀၁၅ မှာ အမေစု ဘာတွေဖြစ်လာနိင်မလဲ၊၊
ဒီစစ်အစိုးရပဲ အစိုးရသစ်တစ်ခု ဖြစ်လာပြန်လိမ့်မည်၊၊ဒီလိုနဲ့ပဲ ပုံစံတူ သံသရာ ဝဲထည်းမှာ ပတ်နေရမှာပါ၊၊

ဘဘ သိန်းစိန် အစိုးရထက်ကောင်းလာနိင်မယ်လို့ ထင်သလား၊၊
ပိုးဆိုးသွားမယ်လို့ရော ထင်ကြေး မပေးနိင်ဘူးလား၊၊

အင်အားကြီးတဲ့ အန်အဲလ်ဒီ က ဘယ်လောက်ထိ ထိထိရောက်ရောက် အာဏာရှင် စစ်အစိုးရကို အတိုက်အခံ အနေနှင့် ဘယ်အထိ ရပ်တည်နိင်မလဲ၊၊

တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုတွေအတွက် ဘာတစ်ခုမှ ခွင့်ပြု မပေးနိင်ဘူး၊တိုင်းရင်းသားတွေရဲ့ မေတ္တာတွေကို ထင်သလောက်မရရှိခဲ့ဘူး၊၊
သဘောတုညီချက်တွေကို နောက်တက်မည့် အစိုးရက သဘောတူညီချက်တွေကို ဖျက်သိမ်းကာ ဗိုလ်နေမြဲ ကျားနေမြဲ ပဲ လက်မထောင် ဗိုလ်ကျ မနိင်ပေဘူးလား၊၊
တိုင်းရင်းသားလူမျိုးတွေအတွက် ဘာမှအခွင့်ထူးမရလိုက်ပါပဲ မျှော်လေဝေး ဆိုသလို ဘကြီးအောင် ခလေးကို ညာသလိုမျိုး လှည့်ကွက်သမားတွေရဲ့ လက်ထည်း ရောက်သွားကြမှာ မဆိုးရိမ်ကြဘူးလား၊၊

တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖဒရယ်ပြည်တောင်စုအတွက် အသင့်ဖြစ်နေလောက်တဲ့ အများ သဘောတူတဲ့ ဥပဒေအောက်မှာ လုပ်သင့် လုပ်ထိုက်တဲ့ သင်ကြားအပ်တဲ့
ပညာရပ်တွေကို သင်ကြားပို့ ချပေးဖို့  အင်အားကြီး နိင်ငံတွေကို ကိုယ်ယုံကြည်သည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် အဏာရှင်စစ်အစိုးရဆိုတဲ့ အမည်နာမ မှသည် ပြည်ထောင်စုတပ်မတော်ဟု ပြောင်းလဲခေါ်ဝေါ်နိင်မည့်နေ့ တစ်နေ့မှာ အမေစု ဦးဆောင်ကာ ပညာရေး ၊ စီးပွါးရေး ၊ လူမူရေး မှသည် သန်း ၆၀ သော ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် မပူ မပင်စေရပါပဲ ကောင်းမွန်သည့် အုပ်ချူပ်မှူ ဥပဒေအောက်မှာ တိုင်းရင်းသား လူမျိုးတိုင်း ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ ကြောက်စိတ်ဝင် မခေါ် မပြောရဲ မဆိုရဲ မဖြစ်စေရကာ ပြိုင်ပွဲလယ်သို့ ရဲဝံ့စွာ ကြိုးစားရောက်ရှိလာစေရန် လက်ရှိအမျှော်အမြင်ကြီးသည့် တပ်မတော် အကြီးအကဲများနှင့်လက်တွဲ ပြူပြင်နိင်ပါစေလို့ ဆန္ဒပြုရင်း၊၊၊၊၊၊၊၊၊၊၊

တိုင်းရင်းသား အဖိနှိပ်ခံဘဝမှသည် ပြောရဲ ဆိုရဲသည့် ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာနိင်ပါစေ၊၊

အချိန်ကို ကျော်သွားစေချင်သူများနှင့် ၂၀၁၅ စစ်ရေး ဗျုဟာ ၊၊

ဝေဒ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...