ကမ္ဘာပေါ်မှာ အလှဆုံး စာလုံးအက္ခရာ ၅ မျိုး တွင် မြန်မာ(ဗမာ) စာလုံး အက္ခရာစဉ် ပါဝင်
အက္ခရာစဉ်တွေကို လွန်ခဲ့တဲ့ ဘီစီ ၂၀၀၀ ကျော်လောက်ကတည်းက စတင်တီထွင်ခဲ့ကြပါတယ်။ ထိုအတူပဲ အမျိုးမျိုးသော ဘာသာစကားတွေ ၊ ယဉ်ကျေးမှုတွေဟာ တိုးတက်လာလိုက် ၊ ပျောက်ဆုံးသွားလိုက်နှင့် ဘယ်တော့မှ ဘာသာစကားတွေရဲ့ အရေးအသားတွေဟာ ရပ်တန့်နေလေ့မရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကစပြီး လက်တင်အက္ခရာစဉ်တွေဟာ
တစ်ဖြည်းဖြည်းနဲ့ လွှမ်းမိုးလာပြီး လူသိများလာခဲ့ပါတယ်။ သို့ပေမယ့်လဲ
ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၂ သန်းကျော်လောက်ဟာ အမျိုးမျိုးသော
အရေးအသားတွေကို ရေးသားလျှက်ပဲ ရှိနေဆဲဖြစ်ပါတယ်။ တစ်ချို့အက္ခရာစဉ် တွေကတော့
လက်ရေးမူတွေနဲ့ပဲ လှပလို့နေပါတယ်။
အောက်မှ ဖော်ပြထားတဲ့ စာလုံးအက္ခရာစဉ် ၅ မျိုးကတော့ ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး အက္ခရာစဉ်များပဲ ဖြစ်ပါတယ်။ အဲဒီ စာလုံး အက္ခရာစဉ် ၅ မျိုးကတော့ ၁ ၊ Burmese(Myanmar) ၂ ၊ Sinhalese (Sri Lanka) ၃၊ Georgian (Georgia) ၄၊ Tagalog (Philippines) နှင့် ၅ ၊ Hanacaraka (Indonesia) တို့ပဲဖြစ်ပါတယ်။
Ref : matadornetwork
===========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com

0 comments:
Post a Comment