Monday, December 22, 2014

မောင်းကွဲကြီးကို ထုလိုက်၏။



အလွန်ဝေးလံ ခေါင်သီသော " ကိုးခြောက်ကိုး " တောင်ကြား။
ထိုတောင်ကြားတွင် ယနေ့ လှုပ်လှုပ်ရွရွဖြစ်နေ၏။
ဂိုဏ်းချုပ်ကြီး။
လက်ထောက်ဂိုဏ်းချုပ်။
ဂိုဏ်းခွဲမှုးများ။ အကျော်အမော် သိုင်းသမားများ ။ မျိုးစောင့်ကွင်းပြင် အပြည့် စုဝေးနေကြ၏။

သူတို့တွင် အသင်းဝင် ဂိုဏ်းသားဦးရေ ငါးသိန်းရှိသည်ဟုဆို၏။
သို့သော် ထိုစကားသည်။ ဖြီးဖြန်း ရွှီးရွှမ်း ကြွားလုံးထုတ်။ ဝါဒဖြန့် စကားသက်သက်သာဖြစ်ကြောင်း။ သိုင်းလောကသားတိုင်း သိပေ၏။
သူတို့ကား ရွှေထီး ရွှေနန်းနှင့် နေပြည်တော်ကို လုပ်ကြံရန်အတွက်။ ဝိသမလောဘသား အမတ်ချုပ်ဟောင်းကြီးနှင့်။ အိမ်တော်ပါကျွန် ငသောင်းတို့၏ ထောက်ပံ့မှုဖြင့်။ ဤလှို့ဝှက်သောနေရာတွင်။
" အရိုးစည်းရိုးထိုး " သိုင်းကွက်ကို။ လာရောက်လေ့ကျင့်နေခြင်းဖြစ်၏။
ဂိုဏ်းချုပ်ကြီးသည်။
အနယ်နယ် အရပ်ရပ်ကျော်ကြားသော စာပေပညာရှင်ဖြစ်သော်လည်း။
သိုင်းပညာအနေဖြင့်မူသပိတ်မှောက် သိုင်းကွက်တစ်ခုသာလျှင် ကျွမ်းကျင်သူဖြစ်၏။
သို့သော် …… ဂိုဏ်းချုပ်ကြီးတွင်။ စာပေတပြည့် ပရိသတ်များစွာရှိခြင်း တည်းဟူသော။ဂုဏ်ကို အသုံးချ၍။ ဝီကီချန်း။ ဝရကီချန်းတို့က။ ဂိုဏ်းချုပ်နေရာ ထိုးတင်ခဲ့၏။
ဂိုဏ်းချုပ်ကြီး၏ စာပေသြဇာကို လေးစားသမှုရှိကြကုန်သော။ စာဟောဆရာ။ စာသင်ဆရာတို့သည်လည်း။ ဂိုဏ်းချုပ်မျက်နှာဖြင့်။
" မျိုးမျိုးမြက်မြက် ဘတ်ကြ ဘုန်းကြသူများ (မဘသ) " … ဂိုဏ်းတွင် ပါဝင်လာရ၏။
ဝရကီချန်းသည်။ လေ့ကျင့်ရင်း ပေါင်ကျိုးသွားသဖြင့်။ ဝီကီချန်းက လက်မတစ်ထောင်ထောင်ဖြစ်လာ၏။ ဟိုလူ့နားရွက် တံတွေးလိုက်ဆွတ်။ ဒီလူ့မျက်နှာ အိုးမဲလိုက်သုတ်ဖြင့် ခြေသွက်လာ၏။
ဝီကီချန်းတစ်ယောက် အရူးချီးပန်း အကွက်များနင်းနေသည်ကို။ ဂိုဏ်းချုပ်ကြီးကလည်း ရေငုံ နှုတ်ပိတ်နေ၏။
ဂိုဏ်းမှာ နာယကထိုးတင်ထားသော လမင်းသိုင်းဆရာကြီးကတော့။ ဗြစ်တောက်ဗြစ်တောက် လုပ်လေ၏။
ယနေ့ သူတို့ စုဝေးနေသည်ကား။ ကိုးခြောက်ကိုး တောင်ကြားမှသည်။ ဒဂုံမြို့တော် ရွှေတောင်ကြားသို့။ ဝင်ရောက်စီးနင်း တိုက်ခိုက်ရန် အတွက် ဖြစ်၏။
လက်ရွေးစဉ် သိုင်းသမားများကို ဆင့်ခေါ်ထား၏။ အရိုးထိုး သိုင်းကွက်ကို နှစ်ဖက်ကမ်းခတ် လေ့ကျင့်ထားသော။ သိုင်းသမားပေါင်း ၂၀၁၄ ယောက်။ ဒါသည်ပင် သူတို့၏ အင်အား အကုန်ဖြစ်၏။
သူတို့ကျောတွင် အရိုး အသီးသီးထိုးထားကြသည်။ ကြက်ရိုး။ဝက်ရိုး။ အမဲရိုး စသည်တို့ဖြစ်၏။ ခါးတွင် ဒံပေါက်တစ်ထုပ်စီ ချိတ်ထား၏။ ငသောင်းဒံပေါက်ဖြစ်၏။
သူတို့ ဦးတည်သွားရမည့်နေရာကို။ ရုပ်ပုံကားချပ်ဖြင့် အတိအကျညွှန်ပြထား၏။ တစ်ဦးလျှင် တစ်ရွက်စီဝေထား၏။ (အောက်တွင်ဖေါ်ပြထား၏)
သူတို့ အားလုံး သစ္စာ အဓိဋ္ဌာန် သံပြိုင်ရွတ်ဆိုလိုက်၏။
"""" ငါတို့ အရိုး ။
စည်းရိုးထိုးလို့ ။
ကာသင့်ရင် ။
ကာရမည် ။
မကာသင့်ရင် ။
ဖာရမည် ""'"
မောင်းကွဲကြီးကို ထုလိုက်၏။
ဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူဒူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...