Wednesday, December 24, 2014

လူ့မစင်နဲ့မောင်းတဲ့ကား ယူကေနိုင်ငံမှာစတင်ပြေးဆွဲပြီ


ယူကေနိုင်ငံမှာ ပထမဆုံး လူ့မစင်နဲ့စားသုံး ဖို့မသင့်တော်တဲ့အစားအစာတွေက ထွက်တဲ့ဓာတ်ငွေ့ Bio methane ကိုအသုံးပြု မောင်းနှင်တဲ့ဘတ်စ်ကားကို စတင်ပြေးဆွဲ နေပြီဖြစ်ပါတယ်။ အဲဒီဓာတ်ငွေ့သုံး ဘတ်စ်ကားဟာ ကားတိုင်ကီမှာ တစ်ခါ ထည့်ထားရင် ကီလိုမီတာသုံးရာအထိသုံး စွဲနိုင်ပါတယ်။

အဲဒီဓာတ်ငွေ့ကိုထုတ်ယူပေးတဲ့ စက်ရုံဟာ ဓာတ်ငွေ့တွေကို အများသုံး ဓာတ်ငွေ့ပိုက်လိုင်းတွေထဲ ပို့လွှတ်ပေးနိုင် ပါတယ်။ အထက်ကပြောခဲ့တဲ့ကားတွေကို ဓာတ်ငွေ့ဖြည့်ပေးတဲ့သီးသန့်ဘတ်စ်ကား တွေအတွက် လောင်စာဆီဓာတ်ငွေ့ဖြည့် ပေးနိုင်ရုံသာမက လူနေအိမ်ပေါင်း ၈,၅၀၀ လောက်ကိုလည်း စွမ်းအင်အတွက်ဖြန့်ဖြူး ဖြည့်ဆည်းပေးနိုင်ပါတယ်။
ဒီလိုလူ့မစင်နဲ့ အစားအစာအပုပ် အသိုးတွေကထွက်တဲ့ဓာတ်ငွေ့ကိုသုံးတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိ ခိုက်မှုသက်သာ လျော့နည်းသွားပါတယ်။ ကားအတွက် ဓာတ်ငွေ့ကို သက်ဆိုင်ရာလူ တွေရဲ့မစင်တွေနဲ့ အစားအစာအပုပ်အသိုး တွေကရရှိနိုင်ပါတယ်။ တကယ်တော့ ဘတ်စ်ကားခရီးသည်တွေဆီကပဲ ရနိုင်ပါ တယ်လို့သိရပါတယ်။
Bristol မှာရှိတဲ့ မိလာသန့်စင် စက်ဟာ လူနေအိမ်တွေ၊ စူပါမားကက် တွေ၊ အစားအသောက်ထုတ်လုပ်တဲ့စက်ရုံ တွေကစွန့်ပစ်တဲ့အညစ်အကြေးတွေနဲ့ လူ့ မစင်တွေကို သန့်စင်တာဟာ တစ်နှစ်ကုဗ မီတာ ၇၅ သန်းရှိနေပါတယ်။ Biomethane ဓာတ်ငွေ့တွေဟာ အဲဒီကရတာဖြစ်ပါ တယ်။ တာဝန်ရှိတဲ့သူတစ်ဦးက "လူ့မစင် နဲ့ ပုပ်သိုးနေတဲ့အစားအစာတွေဟာ တန်ဖိုး ရှိတဲ့အရင်းအမြစ်တွေဖြစ်ပါတယ်။ ဒါကြောင့် လူတွေစားသုံးဖို့ မသင့်တော်တဲ့ အစားအစာတွေကို မြေဖို့ရာမှာစွန့်ပစ်တာ မျိုး၊ မီးရှို့စက်ထဲထည့်ပစ်တာမျိုးတွေမလုပ် ဘဲ စုဆောင်းပြီးဓာတ်ငွေ့အဖြစ် နည်းပညာ အသုံးချပြီးသုံးသင့်တယ်" လို့ဆိုပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...