မှတ်သားချင်စရာ မြန်မာစကားပုံများ
Cloud Cuckoo Land shared ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ's photo.
ကိုယ်နှစ်သက်က ထန်းပလပ် နတ်ရုပ်ထင်
မိမိကိုယ်တိုင်နှစ်သက်ပါက ထန်းပလပ်ငယ်မျှဖြစ်သော်လည်း နတ်ရုပ်တမျှကဲ့သို့ မှတ်ထင်လေးမြတ်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။
မိမိကိုယ်တိုင်နှစ်သက်ပါက ထန်းပလပ်ငယ်မျှဖြစ်သော်လည်း နတ်ရုပ်တမျှကဲ့သို့ မှတ်ထင်လေးမြတ်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။
လူတို့သည်
စိတ်ကထင်မှတ်ရာကို အမှန်တကယ် ထင်မှတ်တတ်၏။ စိတ်လိုရာကို လိုက်၍
တွေးတောကောက်ယူတတ်၏။
စိတ်ကျေနပ်မှုရှိလျှင် မြတ်နိုးနှစ်သက်တတ်၏။ အရုပ် ဆိုးသောအရာကို လှသည်ဟုထင်လျှင် လှနိုင်၏။ အသုံးမကျသောအရာကို အဖိုးတန်သည်ဟု မှတ်ယူက အဖိုးတန်ပစ္စည်းပင် ဖြစ်ရ၏။ ကောင်းသည်၊ ဆိုးသည်၊ သာယာသည်၊ ငြီးငွေ့သည် စသည်တို့မှာ စိတ်ဆန္ဒ၏ အဆုံးအဖြတ်အတိုင်းပင် ဖြစ်၏။
ထို့ကြောင့် မိမိနှစ်သက်ခြင်း ဖြစ်နေပါမူ ထန်းပလပ်သည်ပင် နတ်ရုပ်အဖြစ် အမှတ်စွဲထင်နိုင်၏။
မိမိနှစ်သက်သောအရာသည် မိမိချွတ်ယွင်းချက်ပင် ရှိသည်ဖြစ်စေ မိမိအဖို့ စင်းလုံးချောဖြစ်နိုင်၏။ အရာဝတ္ထုတစ်ခု၏ မူလဂုဏ်အင်္ဂါထက် စိတ်ဆန္ဒ၏အဆုံးအဖြတ်သည် အယူအဆကို လွှမ်းမိုးနေကြောင်း ထင်ရှားစေရန် ပုံခိုင်းသုံးသည်။
နီးစပ်သောစကားပုံများ
ကိုယ့်ငါးချဉ် ကိုယ်ချဉ်။
ကိုယ်ထင် ကုတင်ရွှေနန်း။
ရှမ်းကြိုက် နွားချော။
သန်းခေါင်ထက် ညဥ့်တိုးမနက်
သန်းခေါင်သည် ညဥ့်အနက်ဆုံးဖြစ်၍ သန်းခေါင်မှလွန်သော် နံနက်လင်းရောင် ဘက်သို့သာ တိုးရွှေ့လာမြဲဖြစ်သည်ဟုဆိုလိုသည်။
အဆိုးရွားဆုံး၊ ထပ်၍ဆိုးရွားရန် မရှိ တော့သည့်အခြေအနေသို့ ရောက်သောအခါတွင်
မျှော်လင့်ချက် နီးစပ်လာပြီဖြစ်ကြောင်း အားတင်းသည့်အနေဖြင့် သုံးနှုန်းသည်။
ရှင်ဘုရင်တစ်ခါထွက်၊ ပဲကြီးတစ်လှေချက်
ရှေးအခါက မြန်မာရှင်ဘုရင် ထွက်တော်မူသောအခါ ထွက်တော်မူကြီး၊ ထွက်တော်မူကလေးဟူ၍ရှိရာ သိုင်းကိုင်၊ ကျိုင်းကိုင်၊ ရှေ့တော်ပြေးမှူး၊ ငှက်ခတ် သမား၊ ၀င်းတော်သား၊ အဆောင်ကိုင်စမြှောင်၊ နာခံ၊ သံဆင့်စသော မင်းမှုထမ်း၊ မိဖုရား၊ အပျိုတော်၊ သူဌေးသူကြွယ်၊ ပုဏ္ဏား၊ လက်ဝဲဆိုင်း၊ လက်ယာဆိုင်း၊ ခြေလျင် တပ်၊ ဆင်တပ်၊ ရထားတပ်စသည့် အခမ်းအနားအစီအရင်တို့ကို ကြိုတင်ပြင်ဆင် စီမံ ခန့်ခွဲချီတက်စေရသဖြင့် ပဲကြီးစေ့လှေတစ်စင်းစာကိုနူးနပ် အောင် ချက်ပြုတ်နေရ သလောက် အချိန်ကြာမြင့်သည်ဟု ဆိုလိုသည်။ အဆောင်အယောင်ချဲ့တတ်၍ ကြာမြင့်စွာ ဖြီးလိမ်းပြင်ဆင်အချိန်ယူတတ်သော သူများကို ကဲ့ရဲ့သရော်သဘောဖြင့် သုံးနှုန်းသည်။
ကိုယ်မွေးသည့်ကြက် ကိုယ်ရိုက်သတ်စားသည်
မိမိတယုတယမွေးမြူလာခဲ့သည့်ကြက်ကို မိမိပင် အလှကြည့်ရှုကျေနပ်နေခြင်း မရှိဘဲ ရိုက်သတ်စား၍ ဖျောက်ဖျက်ပစ်လိုက်သည်ဟုဆိုလိုသ ည်။
မိမိလုံ့လဖြင့် ကြီးပွားစည်ပင်အောင် အားပေးထူထောင် မြှင့်တင်လာခဲ့သူတစ်ဦး အား မိမိပယောဂဖြင့်ပင်လျှင် လျော့ကျပျက်စီးးအောင် ပြုလုပ်သည့်အခါမျိုးတွင် သုံးနှုန်းသည်။ မိမိမွေးမြူလာသည့်ကြက်ကို အလှကြည့်၍ ကျေနပ်ရန်သာရှိပါလျက် မိမိ တပင်တပန်း ကြိုးပမ်းချက်ကို မိမိပင်အရာမထင်အောင် ဖျက်ဆီးပစ်ဘိသကဲ့သို့ ထိုကြက်ကို အစတုန်း၊ ရိုက်သတ်စားခြင်းမျိုးကို အချည်းအနှီးဖြစ်စေသည်။ မိမိကျေးဇူးကို မိမိပြန်ဖျက်ခြင်း၊ မိမိကောင်းကျိုးးကို မိမိဆိုးပြစ်နှင့် ပြန်၍ ထေခြင်း စသည်ကဲ့သို့ မှတ်ယူကြသည်။ ထိုသို့သော အပြုအမူမျိုးကိုမိုက်မဲသူတို့သာ လျှင် မိမိကြိုးပမ်းမှုကို ပြန်၍ ဖျက်သည်ဟူသော အယူအဆဖြင့် ရှုတ်ချပြောဆိုကြသည်။
နီးစပ်သောစကားပုံများ
ကိုယ်ထွေးသည့် တံတွေး ကိုယ်ပြန်မျို။
ကိုရေးသည့်စာ ကိုယ်ပြန်မီးရှို့။
ကိုယ့်တပ် ကိုယ်နင်း။
ကိုယ်စည်း ကိုယ်ကျော်။
စိတ်ကျေနပ်မှုရှိလျှင် မြတ်နိုးနှစ်သက်တတ်၏။ အရုပ် ဆိုးသောအရာကို လှသည်ဟုထင်လျှင် လှနိုင်၏။ အသုံးမကျသောအရာကို အဖိုးတန်သည်ဟု မှတ်ယူက အဖိုးတန်ပစ္စည်းပင် ဖြစ်ရ၏။ ကောင်းသည်၊ ဆိုးသည်၊ သာယာသည်၊ ငြီးငွေ့သည် စသည်တို့မှာ စိတ်ဆန္ဒ၏ အဆုံးအဖြတ်အတိုင်းပင် ဖြစ်၏။
ထို့ကြောင့် မိမိနှစ်သက်ခြင်း ဖြစ်နေပါမူ ထန်းပလပ်သည်ပင် နတ်ရုပ်အဖြစ် အမှတ်စွဲထင်နိုင်၏။
မိမိနှစ်သက်သောအရာသည် မိမိချွတ်ယွင်းချက်ပင် ရှိသည်ဖြစ်စေ မိမိအဖို့ စင်းလုံးချောဖြစ်နိုင်၏။ အရာဝတ္ထုတစ်ခု၏ မူလဂုဏ်အင်္ဂါထက် စိတ်ဆန္ဒ၏အဆုံးအဖြတ်သည် အယူအဆကို လွှမ်းမိုးနေကြောင်း ထင်ရှားစေရန် ပုံခိုင်းသုံးသည်။
နီးစပ်သောစကားပုံများ
ကိုယ့်ငါးချဉ် ကိုယ်ချဉ်။
ကိုယ်ထင် ကုတင်ရွှေနန်း။
ရှမ်းကြိုက် နွားချော။
သန်းခေါင်ထက် ညဥ့်တိုးမနက်
သန်းခေါင်သည် ညဥ့်အနက်ဆုံးဖြစ်၍ သန်းခေါင်မှလွန်သော် နံနက်လင်းရောင် ဘက်သို့သာ တိုးရွှေ့လာမြဲဖြစ်သည်ဟုဆိုလိုသည
ရှင်ဘုရင်တစ်ခါထွက်၊ ပဲကြီးတစ်လှေချက်
ရှေးအခါက မြန်မာရှင်ဘုရင် ထွက်တော်မူသောအခါ ထွက်တော်မူကြီး၊ ထွက်တော်မူကလေးဟူ၍ရှိရာ သိုင်းကိုင်၊ ကျိုင်းကိုင်၊ ရှေ့တော်ပြေးမှူး၊ ငှက်ခတ် သမား၊ ၀င်းတော်သား၊ အဆောင်ကိုင်စမြှောင်၊ နာခံ၊ သံဆင့်စသော မင်းမှုထမ်း၊ မိဖုရား၊ အပျိုတော်၊ သူဌေးသူကြွယ်၊ ပုဏ္ဏား၊ လက်ဝဲဆိုင်း၊ လက်ယာဆိုင်း၊ ခြေလျင် တပ်၊ ဆင်တပ်၊ ရထားတပ်စသည့် အခမ်းအနားအစီအရင်တို့ကို ကြိုတင်ပြင်ဆင် စီမံ ခန့်ခွဲချီတက်စေရသဖြင့် ပဲကြီးစေ့လှေတစ်စင်းစာကိုနူးနပ်
ကိုယ်မွေးသည့်ကြက် ကိုယ်ရိုက်သတ်စားသည်
မိမိတယုတယမွေးမြူလာခဲ့သည့်ကြက်က
မိမိလုံ့လဖြင့် ကြီးပွားစည်ပင်အောင် အားပေးထူထောင် မြှင့်တင်လာခဲ့သူတစ်ဦး အား မိမိပယောဂဖြင့်ပင်လျှင် လျော့ကျပျက်စီးးအောင် ပြုလုပ်သည့်အခါမျိုးတွင် သုံးနှုန်းသည်။ မိမိမွေးမြူလာသည့်ကြက်ကို အလှကြည့်၍ ကျေနပ်ရန်သာရှိပါလျက် မိမိ တပင်တပန်း ကြိုးပမ်းချက်ကို မိမိပင်အရာမထင်အောင် ဖျက်ဆီးပစ်ဘိသကဲ့သို့ ထိုကြက်ကို အစတုန်း၊ ရိုက်သတ်စားခြင်းမျိုးကို အချည်းအနှီးဖြစ်စေသည်။ မိမိကျေးဇူးကို မိမိပြန်ဖျက်ခြင်း၊ မိမိကောင်းကျိုးးကို မိမိဆိုးပြစ်နှင့် ပြန်၍ ထေခြင်း စသည်ကဲ့သို့ မှတ်ယူကြသည်။ ထိုသို့သော အပြုအမူမျိုးကိုမိုက်မဲသူတို့သာ
နီးစပ်သောစကားပုံများ
ကိုယ်ထွေးသည့် တံတွေး ကိုယ်ပြန်မျို။
ကိုရေးသည့်စာ ကိုယ်ပြန်မီးရှို့။
ကိုယ့်တပ် ကိုယ်နင်း။
ကိုယ်စည်း ကိုယ်ကျော်။
0 comments:
Post a Comment