Monday, December 22, 2014

ခြုံကြားမှဘုံဖျားသို့ တက်လှမ်းခြင်း



လူငယ် ။ ။ အဘ....ဘဝတိုးတက်ဖို့၊ ဘဝကောင်းစားဖို့၊ နိမ့်ကျသောဘဝမှ မြင့်မားသောဘဝအခြေအနေကို ရောက်ဖို့ ဘာတွေလိုအပ်လဲ အဘ...???

အဘ ။ ။ အိမ်း....များများစားစားမလိုပါဘူး လူလေးရယ်....လွန်ခဲ့တဲ့
နှစ်ပေါင်းနှစ်ထောင်ကျော်က အဖြစ်အပျက်လေးတစ်ခုကို အဘပြောပြမယ်....လူလေး
သေသေချာချာနားထောင်နော်....။

လူငယ် ။ ။ဟုတ်ကဲ့ပါအဘ...ကျွန်တော်သေသေချာချာနားထောင်ပါ့မယ်။
အဘ ။ ။ ဒီလိုကွဲ့ လူလေးရဲ့....။
***********
လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ
ငါးဆယ်ခန့်က ဖြစ်သည်။နေရာကား ဗြဟ္မဏ
ပုဏ္ဍား၏ နန်းတော်၌ ဖြစ်သည်။နန်းတော်တွင်း၌
"ဇိန"ဆိုသူက အမြင့်မှာနေပြီး ဗြဟ္မဏပုဏ္ဍား
အကြီးအကဲနှင့်တကွတခြား ဗြဟ္မဏပုဏ္ဍားများ
က အနိမ့်မှာနေကြသည်။
ဇိန ။ ။ ပုဏ္ဍားမျိုးရိုးထဲမှာ ဗြဟ္မဏပုဏ္ဍား
မျိုးရိုးက အမြင့်မြတ်ဆုံးလို့ ပြောကြ
တယ်....ဟုတ်ပါသလား
အသင်ပုဏ္ဍား...???
ဗြဟ္မဏပုဏ္ဍား ။ ။မှန်ပါတယ်တယ်ဘုရား...။
ဇိန ။ ။ မျိုးရိုးမြင့်မြတ်တဲ့ ဗြဟ္မဏပုဏ္ဍားတွေ
က ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရပါ
သလဲ အသင်ပုဏ္ဍား ...???
ဗြဟ္မဏပုဏ္ဍား ။ ။ အချက်ငါးချက်နဲ့ ပြည့်စုံရပါမယ်
ဘုရား....
(၁) ရုပ်ရည်ချောမောလှပရမယ်
(၂) ဗေဒင်သုံးပုံ တတ်ကျွမ်းရမယ်
(၃) မျိုးရိုးသန့်ရမယ်
(၄) ပညာဉာဏ်နှင့် ပြည့်စုံရမယ်
(၅) ကိုယ်ကျင့်သီလကောင်းမွန်ရမယ်
ဇိန ။ ။ ထိုအချက်ငါးချက်ထဲက တစ်ချက်ကို
ပယ်ခိုင်းရင် သင်ဘယ်အချက်ကို ပယ်
မလဲ အသင်ပုဏ္ဍား....???
ဗြဟ္မဏပုဏ္ဍား ။ ။ ရုပ်ရည်ချောမောလှပတာကို
ပယ်နိုင်ပါတယ်ဘုရား.....။
ဇိန ။ ။ နောက်တစ်ချက်ပယ်ခိုင်းရင်ကော ဘယ်
အချက်ကို ပယ်မလဲ အသင်ပုဏ္ဍား....???
ဗြဟ္မဏပုဏ္ဍား ။ ။ ဗေဒင်သုံးပုံကိုပယ်ပါ့မယ်
ဘုရား....။
ဇိန ။ ။ နောက်ထပ်ကော ပယ်နိုင်တဲ့အချက်ရှိ
သေးလားအသင်ပုဏ္ဍား...???
ဗြဟ္မာဏပုဏ္ဍား ။ ။ မျိုးရိုးသန့်ပြန့်တာကို ပယ်နိုင်
သေးပါတယ်ဘုရား....
နောက်ထပ်ပယ်နိုင်တဲ့အချက်
မရှိတော့ပါဘူးဘုရား....
ဇိန ။ ။ မှန်ပေတယ် အသင်ပုဏ္ဍား....ကိုယ်ကျင့်
တရားနဲ့ပညာ ဟာလူ့ဘဝရဲ့ အနှစ်ပဲ...
တနည်းအားဖြင့် ကိုယ်ကျင့်တရားနဲ့ပညာ
ဟာ လူတစ်ယောက်ရဲ့ လက်နှစ်ဖက်လိုပဲ....ညာဘက်
လက်မှာ ရွှံ့ညွှံပေရင် ဘယ်လက်နဲ့ဆေးကြောပေးရသ
လို ဘယ်ဘက်လက်မှာ ရွှံ့ညွှံပေရင် ညာလက်နဲ့ဆေး
ကြောပေးရတယ်....ကိုယ်ကျင့်တရားနဲ့ပညာဟာလည်း
ဒီသဘောအတိုင်းပဲ....ကိုယ်ကျင့်တရားဘက်မှာ အား
နည်းသွားရင် ပညာနဲ့ထိန်းမတ်ပေးရသလို ပညာဘက်
မှာ အားနည်းသွားရင် ကိုယ်ကျင့်တရားနဲ့ထိန်းမတ်ပေး
ရတယ်....။
" ဇိန"ပြောလို့အပြီး၌ ဗြဟ္မဏပုဏ္ဍားတို့
အားလုံး သာဓုခေါ်ကြလေသည်။
************
လူငယ် ။ ။ဟုတ်ကဲ့ပါအဘ.....ဒါဆို ကိုယ်ကျင့်
တရားနဲ့ပညာကို ဖြည့်ဆည်းရင် ဘဝ
တိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ ရနိုင်တာပေါ့
နော် အဘ.....။
အဘ ။ ။ဒါပေါ့လူလေးရဲ့.....ဘဝတိုးတက်ဖို့၊
ဘဝကောင်းစားဖို့၊နိမ့်ကျသောဘဝ
ကနေ မြင့်မားတဲ့ဘဝအခြေအနေကိုရောက်ဖို့ များ
များစားစားမလိုပါဘူး.....ကိုယ်ကျင့်တရားနဲ့ပညာ
နှစ်ခုတည်းရယ်ပါ.....။
လူငယ် ။ ။ဟုတ်ကဲ့ပါအဘ....ကျေးဇူးတင်ပါ
တယ်အဘ.....ဒါနဲ့ အဘပြောသွား
ခဲ့တဲ့ "ဇိန" ဆိုသူက ဘယ်သူလဲအဘ....???
အဘ ။ ။ "ဇိန"ဆိုတာ
ထေရဝါဒဗုဒ္ဓဘာသာလူမျိုးတွေ
ကိုးကွယ်ဆည်းကပ်ကြတဲ့
"မြတ်ဗုဒ္ဓ"ပေါ့လူလေးရဲ့....။

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...