Monday, December 22, 2014

ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကား ၁၀ မျိုး



၁ ။ Mandarin(မန်ဒရင်း - တရုတ်ဘာသာစကား)
မန်ဒရင်းဘာသာစကားကို အသုံးပြုသူဦးရေဟာ ကမ္ဘာပေါ်မှာ ၉၅၅ သန်းကျော်ရှိ
ပြီး ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ မန်ဒရင်းဘာသာ
စကားဟာ တရုတ်နိုင်ငံနှင့်ထိုင်ဝမ်တို့မှာ အစိုးရရုံးသုံးဘာသာစကားအဖြစ် ပြဌာန်း ထား
ပါတယ်။ ကမ္ဘာပေါ်မှာလူဦးရေရဲ့ ၁၄.၄ ရာခိုင်နှုန်းလောက်ဟာ မန်ဒရင်းဘာသာ
စကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုနေကြပါတယ်။

၂ ။ Spanish(စပိန်ဘာသာစကား)
စပိန်ဘာသာစကားကတော့ ကမ္ဘာပေါ်မှာ ဒုတိယလူပြောအများဆုံး ဖြစ်ပါတယ်။
အမေရိကမှာလဲ အပြောများသလို ဥရောပမှာဆိုရင်တော့ ပိုပြီး လူသုံးများတဲ့ ဘာသာ
စကားတစ်ခု ဖြစ်ပါတယ်။ စပိန်ဘာသာစကားကို အသုံးပြုပြီး ပြောတဲ့လူဦးရေကတော့
၄၀၅ သန်းကျော်ပါတယ်။
၃ ။ English (အင်္ဂလိပ်ဘာသာစကား)
ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်ဘာသာစကား ဖြစ်ပေမယ့် သူကတော့ လူသုံးများတဲ့ အရေအတွက်အရ အဆင့် ၃ မှာပဲ ရှိပါတယ်။လက်ရှိအချိန်မှာတော့ အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနေသူ လူဦးရေ သန်း ၃၆၀ ကျော်ရှိပြီး ဒီအရေအတွက်ဟာ တစ်ဖြည်းဖြည်းနဲ့တော့ တိုးပွားလာနေပါတယ်။
၎ ။ Hindi/Urdu (ဟိန္နူဘာသာစကား)
ဟိန္နူဘာသာစကားဟာ Hindi နှင့် Urdu ဆိုပြီး နှစ်မျိုးရှိပြီး နှစ်မျိုးစလုံား ရေးသား
ပုံချင်းကတော့ ကွာခြားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဘာသာစကားတစ်မျိုးဖြစ်သလို
ကမ္ဘာလူဦးရေရဲ့ သန်း ၃၁၀ ကျော်ဟာ Hindu သို့မဟုတ် Urdu တစ်မျိုးမျိုးကို ဖြစ်စေ ၊နှစ်မျိုးစလုံးကို ဖြစ်စေ ပြောဆိုကြပါတယ်။
၅ ။ Arabic (အာရေဗျဘာသာစကား)
အာရေဗျဘာသာစကားကိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေရဲ့ ၂၉၅ သန်းကျော်က ပြောဆို သုံးစွဲကြပါတယ်။ အဆိုပါ ဘာသာစကားဟာ မူဆလင်ဘာသာ ကိုကွယ်မှုနဲ့လဲ စပ်ဆက်နေပြီး ပြောဆိုကြပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှလူတွေက ပြောဆို သုံးနှုန်းကြပါတယ်။
၆ ။ Portuguese (ပေါ်တူဂီဘာသာစကား)
ပေါ်တူဂီဘာသာစကားကို ကမ္ဘာ့ပေါ်မှာ လူသန်းပေါင်း ၂၁၅ သန်းကျော်က ပြောဆိုသုံးနှုန်းကြပြီး သန်း ၁၅၀ ကျော်သော လူတွေဟာ ဘရာဇီးလူမျိုး ပေါ်တူဂီတွေ ဖြစ်ပါတယ်။ ပေါ်တူဂီဘာသာစကားကို အင်ဂိုလာ ၊ မိုဇင်ဘက် အပါအ၀င် တစ်ချို့နိုင်ငံတွေမှာ အစိုးရ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။
၇ ။ Bengali(ဘင်္ဂလီဘာသာစကား)
ဘင်္ဂလီဘာသာစကားဟာ လူဦးရေ သန်းပေါင်း ၂၀၅ သန်းကျော်က ပြောဆို သုံးနှုန်း ကြပါတယ်။ ဘင်္ဂလီဘာသာစကားဟာ အိန္ဒိယနိုင်ငံမှာ ဒုတိယ အသုံးအများဆုံး ဘာသာစကားလဲ ဖြစ်သလိုအိန္ဒိယရဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ ပိုမို အသုံးပြုကြပါတယ်။ ဘင်္ဂလီဘာသာစကားဟာ အိန္ဒိယ နှင့် ဘင်္ဂလာဒေ့ရှ် တို့ရဲ့ အစိုးရ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။
၈ ။ Russian (ရုရှားဘာသာစကား)
ရုရှားဘာသာစကားဟာ လူဦးရေ ၁၅၅ သန်းကျော်ပြေဆိုသုံးစွဲကြပြီး ကမ္ဘာပေါ်မှာ အဌမမြောက်လူသုံးအများဆုံး ဘာသာစကားဖြစ်ပါတယ်။ ရုရှားဘာသာ စကားဟာ ကမ္ဘာကုလသမ္မဂအဖွဲ့ကြီးရဲ့တရားဝင်ရုံးသုံးဘာသာအဖြစ် သတ်မှတ်ထားသော ဘာသာစကားခြောက်မျိုးထဲက တစ်ခုလဲ ဖြစ်ပါတယ်။
အဆိုပါ ကုလသမ္မဂအဖွဲ့ကြီးရဲ့ တရားဝင်ရုံးသုံးဘာသာစကားခြောက်မျိုးကတော့ အာရေဗျ ၊ တရုတ်(မန်ဒရင်း) ၊ အင်္ဂလိပ် ၊ပြင်သစ် ၊ စပိန် နှင့် ရုရှားဘာသာ စကားတို့ဖြစ်ပါတယ်။
၉ ။ Japanese(ဂျပန်ဘာသာစကား)
ဂျပန်ဘာသာစကားကိုတော့ လူဦးရေ ၁၂၅ သန်းနီးပါး ပြောဆိုကြပြီး ၁၂၄ သန်
း မှာ အိုကီနာဝါကျွန်းစု နှင့် ဂျပန်နိုင်ငံတွင် နေထိုင်ကြသူများ ဖြစ်ကြပါတယ်။ ဂျပန်ဘာသာစကားမှာပထ၀ီရေမြေသဘာဝအပေါ် အခြေခံပြီး ပြောဆိုကြတဲ့ ဘာသာစကားတစ်မျိုးဖြစ်ပါတယ်။
၁၀ ။ Punjabi(ပန်ဂျာဘီ)
ပန်ဂျာဘီဘာသာစကားဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်တုန်းက ဂျမန်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိခဲ့ပြီးယခုအချိန်မှာတော့ လူဦးရေ ၁၀၂ သန်းကျော် ပြောဆိုနေကြပြီဖြစ်ပါတယ်။ ပန်ဂျာဘီဘာသာစကား ကို အဓီက ပြောဆိုကြ တာတော့ အိန္ဒိယ နှင့် ပါကစ္စတန်တို့မှာ ပြောဆိုကြပြီး ကမ္ဘာလူဦးရေရဲ့ ၁.၄၄
ရာခိုင်နှုန်းက မိခင်ဘာသာစကားအဖြစ် ပြောဆိုကြပါတယ်။
Ref : alsintl

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...