Tuesday, December 30, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၂)

သစ်ထူးလွင်


Posted: 30 Dec 2014 07:37 AM PST
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီးက ဆည် တည်းရွာ မြောက်ဘက်မှာ မနေ့ညက စတင်ဖွင့်ထားတဲ့ သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ လုံခြုံရေး ရဲတပ်ဖွဲ့ ၀င်တွေက ဒီနေ့ အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာ ခဲ့ပါတယ်။ သပိတ်စခန်း ဖွင့်ထားတဲ့ နေရာက ပုဒ်မ ၁၄၄ ထုတ်ထား တဲ့နေရာဖြစ်တဲ့ အတွက် သပိတ်စခန်းကို ဖျက်ပေးဖို့ နဲ့ ခြံစည်းရိုး ခတ်တာကို မနှောင့်ယှက်ဖို့ ကြေညာ တာဖြစ်တယ်လို့
Posted: 30 Dec 2014 07:28 AM PST
သင်္ဘော ပေါ်က အာဖဂန် လူမျိုးတွေ ကယ်ဆယ် ရမိ ဂရိ နိုင်ငံ ကော်ဖူး ကျွန်း နားမှာ ခရီးသည် ရာနဲ့ချီပြီး တင်ဆောင် လာတဲ့ သင်္ဘော တစီး ပေါ်ကနေ မသင်္ကာစရာ လက်နက်ကိုင် လူတစု ပါလာတယ် ဆိုတဲ့ အချက်ပြ ဆက်သွယ်မှု ပို့ခဲ့ကြောင်း ဂရိ သတင်းဌာန တွေက ရေးသား ပါတယ်။ သင်္ဘောပေါ်မှာ တရားမဝင် ဝင်ရောက် ရွှေ့ပြောင်းလာသူတွေ တင်ဆောင် လာပုံရတယ် လို့လည်း သိရပါတယ်။ Blue Sky M အမည်ရတဲ့ သင်္ဘော ဟာ မော်လ်ဒိုဗာ နိုင်ငံ အလံ လွှင့်တင် ထားတာ ဖြ
Posted: 30 Dec 2014 07:26 AM PST
တနင်္ဂနွေနေ့က မုန်တိုင်း ကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိ သူတွေက ပြောပါတယ်။ Borneo ကျွန်းအနောက် တောင်ဘက် မိုင် ၁၀၀ အကွာလောက်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ဒီေ
Posted: 30 Dec 2014 07:16 AM PST
ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာတွေ မြန်မာ နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင် တွေကို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးဖို့ နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့် ပေးဖို့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ က လိုက်နာ ဆောင်ရွက်စရာ မလိုတဲ့ ဆုံးဖြတ်ချက် ချမှတ် ခဲ့ပါတယ်။ ၁၉၈၁ နိုင်ငံသား ဥပဒေ အရ ရိုဟင်ဂျာ လူမျိုး ၁၃ သိန်း လောက် နိုင်ငံမဲ့ ဖြစ်နေပြီး သန်းခေါင် စာရင်း ကောက်ခံရာမှာ သူတို့ကို ရိုဟင်ဂျာ အမည် စာရင်းကို ထည့်သွ
Posted: 30 Dec 2014 07:12 AM PST
ရန်ကုန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်။ ဒီဇင်ဘာလ ၃၀၊ ၂၀၁၄ (AP-ကိုခင်မောင်ဝင်း) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူး ဆိုတာကို ဆုံးဖြတ်ချက် မချရသေးသလို စောင့်ကြည်အုန်းမှာ ဖြစ်တဲ့အကြောင်း အတိုက်အခံ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချု
Posted: 30 Dec 2014 04:49 AM PST
လက်ပံတောင်း ဆန္ဒပြပွဲမှာ သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း လက်ပံတောင်း စီမံကိန်း အစီရင်ခံစာမှာ အကြံပေးတဲ့ အတိုင်း တိတိကျကျ ဆောင်ရွက်ခဲ့ရင် ဒီလို ပြဿနာ ဖြစ်စရာ မရှိဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က အင်္ဂါ နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ ပြောကြား လိုက်ပါတယ်။ ပြည်ပက လာရောက် ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီ တွေ အနေနဲ့ သူတို့ အကျိုးကို ကြည့်သလို လာရင်းနှီး မြှုပ်နှံတဲ့ နိုင်ငံ အကျိုး လည်း မျှမျှတတ ဖြစ်အောင် ကြည့်သင့်
Posted: 30 Dec 2014 04:43 AM PST
ဓါတ်ပုံ - Yangon Police ရန်ကုန် ဒီဇင်ဘာ ၂၉ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်တွင် ယခုလ ၂၆ရက်၌ ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်နေစဉ် ယာဉ်အမှတ် 7C/….မတ်တူးအဖြူရောင် ယာဉ်မောင်းနှင်လာသူ AIR KBZ လေယာဉ်မှူးတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ယခုလ ၂၆ ရက် နံနက် ၁နာရီတွင် တာမွေမြို့မ ရဲစခန်းမှ ရဲအုပ်ဇော်မြင့်သူနှင့် မူးယ
Posted: 30 Dec 2014 04:32 AM PST
၂၀၁၄ခုနှစ်ကို ပြန်ကြည့် မယ်ဆိုရင် ပြည်သူ အများစုရဲ့ လူနေမှု ဘဝတွေ ပြောင်းလဲ တိုးတက်မှု မရှိတဲ့ အတွက် ကျေနပ်စရာ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။ ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြား သတင်းထောက်တစ်ဦးက ၂၀၁၄ခုနှစ်မှာ မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတွေ ရှိနေတဲ့ အပေါ် ဘယ်လို သုံးသပ်ပါ သလဲလို့ မေးမြန်းရာ
Posted: 30 Dec 2014 03:34 AM PST
နိုင်ငံရေး အာဏာ ယူထားသည့် နိုင်ငံရေးသမားများ အဂတိကင်းစွာ တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်ရန်အတွက် လစာလုံလောက်ရန် လိုအပ်နေပြီး လက်ရှိနိုင်ငံတော် သမ္မတ၏ လစာကျပ်သိန်း ၅၀ မှာ နည်းပါးသေးသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ ၎င်းက "ဒီကနေ့ နိုင်ငံတော် သမ္မတကြီးကို သိန်း ၅၀ ဥပဒေက ခွင့်ပြုထားပါတယ်၊ သာမန်ပြောရင် များတယ်ထင်ရပါတယ်၊ 
Posted: 30 Dec 2014 03:25 AM PST
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ဆန္ဒပြလို့   နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊  ဦးနေမျိုးဇင်နဲ့ မစိန်ဌေးတို့ကို   ဖမ်းဆီးပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပါတယ်။ သူတို့ ၃ ဦးကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၈၊ ၀တ်ရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒဂုံမြို့နယ်က တရားစွဲဆိုတာလို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတ
Posted: 30 Dec 2014 03:25 AM PST
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ မနေ့က ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ရဲက ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှနဲ့ ဦးနေမျိုးဇင်တို့ကို ဖမ်းဆီးလိုက်ပါတယ်။ ဒီလ ၂၂ ရက်နေ့က ဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် မနေ့ညနေက လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။      အဲဒီဆန္ဒပြမှုနဲ့ ဒဂြုံ
Posted: 30 Dec 2014 03:02 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ၃၀.၁၂.၂၀၁၄ ရက်နေ့ ၀၀၃၀ အချိန်တွင် ရန်ကင်းမြို့နယ်၊ သစ္စာလမ်းအတိုင်း ကမ္ဘာအေးဘုရားလမ်း ဘက်မှ ဝေဇယန္တာလမ်းဘက်သို့ မောင်းနှင်လာသော အမှတ်(မသိ) ဆလွန်းအမျိုးအစား အနက်ရောင်ယာဉ်သည် မိုးကောင်း လမ်းသွယ်ထိပ်အရောက် လမ်းဖြတ်ကူးသူ ရန်ကင်းမြို့နယ်နေ ဦးသန်းဇော်ဝင်းအား ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ဦးသန်းဇော်ဝင်းမှာ ဦးခေါင်းနောက်စေ့နှင့် ၀ဲခြေသ
Posted: 30 Dec 2014 03:24 AM PST
ဆူရာဘားယားက စင်္ကာပူ ပျံလာစဉ် ပျောက်ဆုံး အင်ဒိုနီးရှား နိုင်ငံမှာ တနဂင်္နွေနေ့ က ပျောက်ဆုံး သွားတဲ့ စင်္က࿿ာပူ သွား အဲအေးရှား ခရီးသည်တင် လေယာဉ် ပျက် ကို ရှာတွေ့ပြီ လို့ အင်ဒိုနီးရှား အာဏာပိုင် တွေက ပြောကြား ခဲ့ပြီးနောက် ဒါဇင်နဲ့ချီတဲ့ အလောင်း တွေ ကို အင်ဒိုနီးရှား ရေတပ်က ဆယ်တင် နိုင်ခဲ့ ပါတယ်။ အဲအေးရှား လေကြောင်း အရောင် ခြယ်သ ထားတဲ့ လေယာဉ် အပိုင်းအစ ကိုလည်း ဂျားဗား ပင်လယ် ထဲမှာ ရှာဖွေ တွေ့ရှိခြဲ့
Posted: 30 Dec 2014 02:53 AM PST
အင်ဒိုနီးရှား လေယာဉ် ပျောက်ရှာဖွေရေး အဖွဲ့တဖွဲ့က အလယ် ကလီမန်တန် ပြည်နယ်၊ ပန်ကလန် ဘန်းမြို့ အနောက်တောင်ဖက် မိုင် ၁၀၀ အကွာက ဂျာဗားပင်လယ်ပြင်မှာ လေယာဉ်ပျက် အပိုင်းအစနဲ့တူတဲ့ အရာဝတ္တုတွေနဲ့ အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ တွေ့မြင်ခဲ့တဲ့ အပိုင်းအစတွေဟာ ပျောက်ဆုံးနေတဲ့ အဲအေးရှား လေယာဉ်အပိုင်းအစတွေ ဖြစ်နိုင်ခြေ ၉၅  ရာခိုင်နှုန်း ရှိလို့ ရှာဖွေရေး ခေါင်းဆောင်က ဆိုပါတယ်။ ဒါကြောင့် ရှာဖွေေ
Posted: 30 Dec 2014 02:50 AM PST
စင်ကာပူ အခြေစိုက် Channel News Asia သတင်းဌာန၏ မြန်မာ စံတော်ချိန် ညနေ ၄ နာရီခန့်် ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့ နံနက်ပိုင်းမှ စတင်ကာ ပျောက်ဆုံးလျက်ရှိသော Air Asia လေယဉ်ကြောင်းလိုင်း လေယဉ်ခရီးစဉ်အမှတ် QZ8501 တွင်လိုက်ပါသွားသူများမှ သေဆုံးလျက်ရှိသော လူသေအလေင်း ၄၀ ကျော်ကို အင်ဒိုနီးရှား ရေတပ်ကယ်ဆယ်ရေးအဖွဲ့မှ ဆယ်ယူရရှိထားပြီဟုသိရသည်။ ယခုသတင်းသည် အင်ဒိုနီးရှားရေတပ်ဆက်သွယ်ရေးရေဒီယိုမှရရှိသော သတင်းများ
Posted: 30 Dec 2014 02:48 AM PST
Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား ကျောက်တံတားတရားရုံး မှ အာမခံ ရုပ်သိမ်းပြီး ဖမ်းဝရမ်းထုတ်ထားကာ ဒီဇင်ဘာ ၃၀ ရက် တတိယ ရုံးချိန်း၌ အမှုလာ ရောက်ရင်ဆိုင်ခြင်း မရှိဘဲ ထွက် ပြေးတိမ်းရှောင်နေကြောင်း ကျောက်တံတားရုံးမှ ရဲအရာရှိတဦးက အတည်ပြု ပြောကြား ခဲ့သည်။ ဦးကျော်မြင့်သည် ပန်းဆိုးတန်း အလယ်ဘလောက်ရှိ MEI Business Tower ဆောက်လုပ်ရာ၌ မြေရှင်နှင့် သဘောတူညီထားသည့်ပုံစံများ ကွဲလွဲခြင်း၊ လက်မှတ်အတု
Posted: 30 Dec 2014 02:44 AM PST
သတင်းဓာတ်ပုံ – ကျော်ဇေယျာဝင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲမှာ ပြုလုပ်ခဲ့ပါတယ်။ “ပဋိပက္ခဆိုတာ နှစ်ဖက်နဲ့ဆိုတဲ့ ကိစ္စပေါ့။ တစ်ဖက်ကိုကြည့်ပြီးတော့ ဒီလိုနေ၊ ဟိုလိုနေ၊ ဟိုလိုလုပ်ဒီလိုလုပ်လို့ပြောလို့ဘယ်ဖြစ်မလဲ။ နံပါတ် ၁ ဘယ်လိုမှလွှဲရှောင်လို့မရတဲ့ကိစ္စကတော့ အမျိုးသမီး
Posted: 30 Dec 2014 02:40 AM PST
သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးရဲ့ ထိုးကြိတ်မှုကြောင့် သေဆုံးခဲ့သူ မတေးနုယဉ် နဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာ မထိခိုက်စေဖို့ အတွက် အဖြစ်မှန်ကို ပေါ်ပေါက်စေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီသတင်းကို စိုးရ ကပေးပို့ထားပါတယ်။ DVB TV - 29.12.2014 ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 30 Dec 2014 02:39 AM PST
ကာဘူးလ်၊ ဒီဇင်ဘာ ၃၀ အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့က အမေရိကန် ဦးဆောင်သည့် မဟာမိတ်အဖွဲ့ ဖြစ်သော နေတိုး စစ်ရှုံးပြီ ဟု ကြေညာလိုက်သည်။ တိုက်ဖျက်ချေမှုန်းရေး မစ်ရှင်ကို နေတိုးက တရားဝင် အဆုံးသတ်လိုက်ပြီး နောက်တနေ့တွင် ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့သည် မည်ကာမတ္တ အောင်မြင်မှု တစုံတရာ မရရှိဘဲ အလံချ၍ ဆုတ်ခွာသွားပြီဟု ယင်းကြေညာချက်တွင် ရေးထားသည်။ နေတိုးသည် ၁၃ နှစ်ကြာ ဆ
Posted: 29 Dec 2014 10:05 PM PST
ရန်ကုန် ဒီဇင်ဘာ ၂၉ ရန်ကုန်တိုင်း ဒေသကြီး သာ ကေတမြို့နယ် ၂/မြောက်ရပ်ကွက် ဇင်္ဂမလမ်းမကြီး အမှတ်(၇၄)တွင် ဖွင့်လှစ်ထားသော ရာဟုဆေးခန်း ပိုင်ရှင် ဒေါက်တာကြည်ဝင်း အသက် (၅၇)နှစ်သည် ယနေ့နံနက် ၁ဝ နာရီတွင် ယာဘက်မျက်လုံးဖူး ရောင်ပေါက်ပြဲ၍ ဦးခေါင်းတစ်ခု လုံးကြေမွကာ ကိုယ်လုံးတီးပက် လက်အနေအထားဖြင့် သေဆုံးနေ ကြောင်း သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆွေက ပြောသည်။ ပြည်သူလူထု၏ သတင်းပေး ပို့ချက်အရ 
Posted: 29 Dec 2014 08:04 PM PST
ဓာတ်ပုံ – ဦးတင်မောင်သိန်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ လူစည်ကားရာနေရာမှာ  ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး လူတဦးသေဆုံးခဲ့ပါတယ်။ အပစ်ခံရသူမှာ ဆိုင်ကယ်နဲ့ စက်ဘီးရပ်နားရာနေရာမှာ အလုပ်လုပ်နေတဲ့  စစ်မှုထမ်းဟောင်း ဦးကျော်မိုး (အသက် ၅၂) နှစ် ဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာ ၂ ချက်နဲ့ ဒီကနေ့ မနက်မှာဘဲ ဆုံးသွားတယ်လို့ ကျောက်မဲလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါ
Posted: 29 Dec 2014 08:01 PM PST
လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝမ်ပေါင်ကုမ္ပဏီက သံဆူးကြိုးတွေချပြီး ခတ်ထားခဲ့တဲ့ ခြံစည်းရိုးတွေကို ရွာသားတွေက မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့နေက ဖျက်ပြီး သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ အဲဒီသပိတ်စခန်းကို “မြေယာပြန်လည်ရရှိရေစခန်း” ဆိုပြီး တောင်သူ ၁၀၀ လောက်က အဲဒီစခန်းမှာ မြေယာပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေကြတာဖြစ်တယ်လို့ ဇီးတောကျေးရွာက ဦးစန္ဒာသိရိက မိန့်ပါတ
Posted: 29 Dec 2014 08:00 PM PST
အသိမ်းခံထားရတဲ့ မြေယာတွေ ပြန်လည်ရရှိရေးအတွက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံတွေဟာ ဆည်တဲကျေးရွာမြောက်ဘက် ဝမ်ပေါင် စီမံကိန်း ဧရိယာ သံဆူးကြိုးဘေးမှာ မနေ့ညက သပိတ်စခန်းဖွင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ သပိတ်စခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လုံခြုံရေးတွေ အပြည့်ချထားတယ်လို့ ဆည်တဲရွာသူ တစ်ဦးဖြစ်သူ မဌေးဌေးဝင်းက ပြောပါတယ်။ စစ်တပ်ပိုင် မြန်
Posted: 29 Dec 2014 07:55 PM PST
ဘဂ္ဂဒက် ၊ ၃၀-၁၂-၂၀၁၄ အီရတ် တပ်ဖွဲ့ဝင် များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ စစ်ဆင်ရေး တစ်ရပ်ကို နိုင်ငံ၏ အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်သော ဆာလာဟူဒင် ပြည်နယ်၏ အဓိကကျသော နေရာ တစ်ခုတွင် ဒီဇင်ဘာ ၂၈ ရက်က လုပ်ဆောင်ခဲ့ရာ ISIS စစ်သွေးကြွ အဖွဲ့မှ အကြမ်းဖက် သမား ၁၈ဝ ကျော်ကို ချေမှုန်း နိုင်ခဲ့ကြောင်း သိရသည်။ အီရတ် တပ်ဖွဲ့ဝင် များသည် ဒေသခံများ၏ ကူညီထောက်ပံ့ ပေးမှုဖြင့် တာကစ်မြို့ တောင်ပိုင်း ယာတရစ်ဘ်ဒေသ 
Posted: 29 Dec 2014 08:37 PM PST
မြေမြှုပ်မိုင်းကြောင့် သေကျေပျက်စီးမှုများပြ မြေပုံအညွှန်း။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ဆက်လက် အသုံးပြုမှုတွေ ရှိနေသေး တယ်လို့ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ရေး နိုင်ငံတကာ စည်းရုံး လှုံ့ဆော်ရေး အဖွဲ့ (ICBL) ရဲ့ ၂၀၁၄ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ခြွင်းချက်အနေနဲ့တော့ ၂၀၁၃ -၂၀၁၄ မှာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ထိခိုင်ဒဏ်ရာ ရသူတွေအတွက် အကူအညီ ပေးမှုတွေတော့ ပိုရလာတယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...