တရုတ်နိုင်ငံက ထူးခြားတဲ့ စီးပွားရေးလုပ်ငန်း ...
အင်တာနက်စာမျက်နှာဖွင့်ပြီး မွေးကင်းစ ကလေးငယ်ရှိတဲ့ ငယ်ရွယ်တဲ့ မိခင်အမျိုးသမီးတွေကို ငှားရမ်း
ခေါ်ယူကာ လူကြီး တွေကို အခကြေးငွေယူပြီး နို့တိုက်တဲ့ စီးပွားရေးမျိုး တရုတ်နိုင်ငံမှာ ရှိပါတယ်။ ကလေး မိခင်တွေဟာ ကိုယ့် သားသမီး သောက်စို့ရမယ့် နို့ရည်ကို ရောင်းစားတဲ့ စီးပွားရေးမျိုးပါ။
ခေါ်ယူကာ လူကြီး တွေကို အခကြေးငွေယူပြီး နို့တိုက်တဲ့ စီးပွားရေးမျိုး တရုတ်နိုင်ငံမှာ ရှိပါတယ်။ ကလေး မိခင်တွေဟာ ကိုယ့် သားသမီး သောက်စို့ရမယ့် နို့ရည်ကို ရောင်းစားတဲ့ စီးပွားရေးမျိုးပါ။
တရုတ်နိုင်ငံ မြို့တော် ပီကင်းက ပြည်သူ့ဘဝ လုံခြုံရေး ရဲတပ်ဖွဲ့နဲ့ ပြည်နယ်တချို့က ရဲတပ်ဖွဲတွေပူးပေါင်း ပြီး လူကြီးတွေကို ကလေး မိခင်တွေက နို့တိုက်တာနဲ့ ပြည့်တန်ဆာ စီးပွားရေးလုပ်ငန်း လုပ်နေတဲ့ ဂိုဏ်း ၂ ဂိုဏ်းကို ၀င်ရောက်ဖမ်းဆီးတာမှာ အမျိုးသမီး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ South China Morning Post သတင်း တပုဒ်က ဖော်ပြပါတယ်။
အင်တာနက်စာမျက်နှာက တဆင့် လုပ်ကိုင်နေတဲ့ အဲဒီ စီးပွားရေးမှာ အမျိုးသမီး ၂ဝဝ ကျော်ဟာ အမျိုးသားတွေကို အခ ကြေးငွေနဲ့ နို့တိုက်တာလုပ်နေသလို တဖက်မှာလည်း လိင်အလုပ်သမတွေ အဖြစ် ဝန်ဆောင်မှုပေး လုပ်ကိုင်နေကြတာကို ရဲက စုံစမ်းဖော်ထုတ်နေတာလည်းဖြစ်ပါတယ်။
ဖောက်သည်တွေက အင်တာနက်စာမျက်နှာတွေကို တပတ်ကို ယွမ် ၆၀ ကနေ တနှစ်ကို ယွမ် ၇၈၀ ထိ
ပေးပြီး အဖွဲ့ဝင် ဖြစ်အောင်လုပ်ရပါတယ်တဲ့။
ပေးပြီး အဖွဲ့ဝင် ဖြစ်အောင်လုပ်ရပါတယ်တဲ့။
အဖွဲ့ဝင် ဖြစ်သွားမှသာ သက်ငယ်မိခင်တွေရဲ့ အသေးစိပ် အချက်အလက်တွေကို သိနိုင်ပြီး သူတို့ ငှားရမ်း လို့ ရတာလို့ သတင်းက ဆိုပါတယ်။
အမျိုးသားတဦးက သက်ငယ်မိခင်နို့ရည်သောက်သုံးဖို့အတွက် ယွမ် ၁ဝဝဝ ပေးရတယ်လို့ ဖောက်သည် အသွင် ယူထားတဲ့ သတင်းထောက် တဦးက ရေးထားပါတယ်။
နို့သောက်တဲ့ ကိစ္စအပြင် လိင်ကိစ္စ အတွက် ယွမ် ၁၅၀၀ ကျတယ်လို့ သက်ငယ် မိခင်တဦး က ဆိုပါ တယ်။
ဖောက်သည်တွေက နို့သောက်တဲ့ ကိစ္စအပြင် လိင်ကိစ္စလည်း တောင်းဆိုတာတွေ ရှိတတ်ပြီး တချို့မိခင်
တွေ က နို့တိုက်တဲ့ ဝန်ဆောင်မှုကိုပဲ သက်သက်လုပ်တာမျိုးလည်း ရှိကြတယ်တဲ့။
တွေ က နို့တိုက်တဲ့ ဝန်ဆောင်မှုကိုပဲ သက်သက်လုပ်တာမျိုးလည်း ရှိကြတယ်တဲ့။
အသက် ၂၃ နှစ်အရွယ် မိခင်ငယ်တဦးက အပတ်စဉ်၊ လစဉ် အဲဒီလို အမျိုးသားတွေကို နို့တိုက်တဲ့ လုပ်ငန်းနဲ့ တင် တလကို ယွမ် ၄ သောင်းလောက်ရပါတယ်တဲ့။
လိင်ကိစ္စဝန်ဆောင်မှုအတွက်က တလကို ယွမ် ၅ သောင်းရပါတယ်တဲ့။
ဒီလို လုပ်ငန်းလုပ်တဲ့အတွက် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်တွေကို တနေ့ တကြိမ်သာ နို့တိုက်နိုင် ပါတော့တယ်။ တချို့ဆို သူ့ကိုယ်ပိုင် ကလေးငယ်ကို နို့ဖြတ်လိုက်ကြရပြီး စီးပွားရေးကိုပဲ အာရုံထားကြတာ
တွေ ရှိတယ်လို့ သတင်းက ဆိုပါတယ်။
တွေ ရှိတယ်လို့ သတင်းက ဆိုပါတယ်။
အိမ့်သံစဉ် ~
0 comments:
Post a Comment