Sunday, December 28, 2014

" ချစ်သူဖတ်ဖို့ - ၁ "

ဟိုးရှေးရှေးတုန်းက ဂျပန်ပြည်မှာ ဘုန်းတော်ကြီးကျောင်းတခုရှိသတဲ့ ။
အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာလည်း ဘုန်းတော်ကြီးတစ်ပါးပဲရှိသတဲ့ ။
တရက်တော့ အဲ့ဒီဘုန်းတော်ကြီးကျောင်းကို သူခိုးတွေဝင်ပါလေရော ။
သူခိုးတွေကလည်း တော်တော်ဆိုးတဲ့ သူခိုးတွေပေါ့ကွယ် ။
တကျောင်းလုံးက ပစ္စည်းတွေသာမက ကျောင်းခေါင်မိုးကိုတောင် တခုခြင်း
ဖြုတ်ပြီးခိုးသွားကြသတဲ့ ။

ဘုန်းတော်ကြီးလည်းနိုးလာရော ကျောင်းကြီးကလည်းပြောင်သလင်းခါနေပြီ ။
ကျောင်းခေါင်မိုးတောင်မရှိရှာတော့ဘူုးပေါ့ ။
ဒါပေမယ့် ဘုန်းတော်ကြီးက အမိုးကိုမော့ကြည့်လိုက်ပြီး ပြုံးကာ စကားတခွန်း
ပြောလိုက်တယ်တဲ့ ။
" သူခိုးတွေက ရှိသမျှ အကုန်ခိုးသွားကြပေမယ့် လမင်းကြီးကိုတော့ချန်ထားခဲ့
ကြတာပဲ " တဲ့ ..........
ကိုကို့ ကို ဘယ်သူတွေ က ဘယ်လို ကဲ့ရဲ့ရဲ့
ဘယ်သူတွေက ကိုယ့်ဘ၀တခုလုံး ရစရာမရှိအောင် ဖျက်ဆီးဆီး
ဘယ်လိုလူမျိုးတွေက ကိုယ် ဘယ်လောက်ရှင်းလင်းပါစေ တဖက်သတ်ပြောပြော
ဘယ်လူတွေက ဘယ်လောက် လိုက်တိုက်ခိုက်နေကြပါစေ ။
" သူတို့တွေက ကိုယ့်ဆီက ရှိသမျှအကုန် ဖျက်ဆီးယူသွားကြပေမယ့်
ကိုယ့်ဆီမှာမေလေးမောင်ဆိုတဲ့ လမင်းကြီးကတော့ ရှိနေတယ် " ...........
ဤမှန်သောသစ္စာစကားကြောင့်
ကိုကို့အချစ် မြန်မြန် နေကောင်းပါစေသား ~~~
ခိုင်မြဲကျော်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...