Friday, February 28, 2014

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်


ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၄ ခုနှစ်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါကိုယ့်အတတ် နဲ့ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

မွေးစားသား

February 28, 2014 at 3:31am
ဖက်ဆစ်စစ်အုပ်စု မွေးစားသား -
လွယ်မော်မှဟိုမိန်း၊ဟိုမိန်းမှလွယ်တိုင်းလျန်း ရောက်လာပြီလား

ဗိုလ်နေဝင်းဟာ တိုင်းပြည်၊ လူမျိုး၊အဖွဲ့အစည်းသပ်သျှိုဖြိုခွဲရာမှာ အကြံပက်စက် ဉာဏ်နီဉာဏ်နက် အလွန်များတဲ့ဖက်ဆစ်အာဏာရှင်ကောင် ဖြစ်တယ်။

ဗိုလ်စိန်မှန် ရှင်းတမ်း

ဆဲမှ ဖြစ်တဲ့ ကိစ္စလေးတခု ဖတ်ဘူးတယ်
  မြစ်ဝကျွန်းပေါ်မှာ ရောင်စုံသူပုန်တွေ ၀ိုင်းနေတော့၊ ဖျာပုံလား မြို့ ကိုစီးတော့မယ်၊ ငွေတိုက်ကိုလဲ ဖေါက်တော့မယ်၊ မြို့ ကိုလဲ လုတော့မယ်
အဲဒီမှာ ဗိုလ်စိန်မှန်က (နောက်တော့ ဗိုလ်မှုးစိန်မှန် ကျဆုံး) ငွေတိုက်ကို အရင်ဖေါက်ပလိုက်တယ်၊
ပြီး အရပ်သားတွေကို ငွေ၃၀၀ ရိုင်ဖယ်တလက်၊ ကျဉ်ဆံပေးပြီးတော့ အရေးပေါ်ကာကွယ်ရေးတပ်ဖွဲ့ ပြီး သူပုန်တွေကိုခံချတယ်။

တိုက်ပွဲကျတဲ့လူတွေကို ချက်ခြင်း မိသားစုတွေကို ထောက်ပံ့ကြေး ထုတ်ပေးတော့ ရွတ်ရွတ်ချွံချွံ တိုက်ကြတာပေါ့။

‘အယူအဆလွဲမှားမှု တစ်ခုကြောင့်’

July 5, 2012 at 2:08pm

မြန်မာပြည်မှာ ခေတ်နဲ့မကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေကို   Celebrity များထံမှ တစ်နေ့တစ်ခြား ဖော်ချွတ်ပုံဖော် ဝတ်ဆင်မှုများကို တွေ့နေရပါတယ်။ Celebrity ဆိုသည့်အတိုင်း ၎င်းတို့၏ ဖော်ချွတ်ဝတ်ဆင်ပုံများမှာလည်း အတော်ပင်ကြည့်လို့ကောင်းသည်မှာ  အမှန်ဖြစ်နေပါတယ်။

အရေးပါမှု

သံကို ဓားလုပ်တော့ ...
အရာဝထ္ထုတွေကို ဖြတ်လို့ရတယ်။

စက္ကူကို တစ်ရှူးလုပ်တော့ ...
အညစ်အကြေးတွေကို သန့်စင်လို့ရတယ်။

အရာရာတိုင်းမှာ ...
သူ့တန်ဖိုးနဲ့ သူ ...
သူ့အသုံးဝင်မှုနဲ့ သူရှိကြတယ် ...။

ဒီလိုပဲ ...
လူသားတိုင်း လူသားတိုင်းမှာလည်း ...
လုပ်နိုင်တဲ့ စွမ်းရည်တွေ ကိုယ်ဆီရှိတယ်။

ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် ...
ကိုယ်လုပ်တဲ့ အလုပ်ဟာ ...
ကိုယ့်ရဲ့အကောင်းဆုံးစွမ်းရည် ...
ကိုယ့်ရဲ့အကောင်းဆုံးအရည်အသွေးကို ...
အသုံးပြုပြီး လုပ်ကိုင်တာမျိုးပဲဖြစ်သင့်တယ်။

ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် ...
ကိုယ်လုပ်တဲ့ အလုပ်မှာ ...
ကိုယ့်ဟာ အကောင်းဆုံးမဖြစ်ရင်နေပါ ...
အရေးပါမှုတော့ ရှိပါစေ ...

မြ၀ဏိုးစံ(စာပေဥယျာဉ်)
သံကို ဓားလုပ်တော့ ...
အရာဝထ္ထုတွေကို ဖြတ်လို့ရတယ်။

စက္ကူကို တစ်ရှူးလုပ်တော့ ...
အညစ်အကြေးတွေကို သန့်စင်လို့ရတယ်။

အရာရာတိုင်းမှာ ...
သူ့တန်ဖိုးနဲ့ သူ ...
သူ့အသုံးဝင်မှုနဲ့ သူရှိကြတယ် ...။

ဒီလိုပဲ ...
လူသားတိုင်း လူသားတိုင်းမှာလည်း ...
လုပ်နိုင်တဲ့ စွမ်းရည်တွေ ကိုယ်ဆီရှိတယ်။

ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် ...
ကိုယ်လုပ်တဲ့ အလုပ်ဟာ ...

ရှင်နည်းရာ အဂ္ဂလူထွက်



လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ သမ္မတ၊ ဒုသမ္မတမှစပြီး ပြည်ထောင်စုဝန်ကြီးများ ဖြစ်ခွင့်ရှိသည် ဟူသော မူတစ်ရပ်ကို ဖော်ဆောင်မည်ဟု ကြားလိုက်၊ ဖတ်လိုက်ရသည်။ ရွေးကောက် တင်မြှောက်ခံရပြီး မှသာ အုပ်ချုပ်ရေးပိုင်းတွင် ရာထူးကြီးများ ရမည်ဆိုသည့်သဘော။ ထိုမူသာ အတည်ဖြစ်သွားလျှင် ရှင်နည်းရာ အဂ္ဂလူထွက်ကိန်း ဆိုက်လိမ့်မည်။

အိမ်ထောင်ရေးသုတ

Par Gyi's status.
၁။ သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် နေရမည်။

  ယောကျာ်းလေးများသည် မည်မျှချောမောနေပါစေ ညစ်ပတ်လျှင်မကြိုက်။ သေသေသပ်သပ်နှင့် သန့်သန့်ရှင်းရှင်းရှိလျှင် သဘောကျ ကြသည်။ ဆိုလိုသည်က မည်မျှချောမောပါစေ အစားစားလျှင် ပေတလူးခါနေလျှင် မကြိုက်ကြပေ။ မည်မျှချောပါစေ ညစ်ညစ်ပတ်ပတ်နေလျှင် သဘောမကျပေ။ ပါးတွင် မိတ်ကပ်မည်မျှလိမ်းလိမ်း တစ်နေ့တစ်ခါမှ ရေမချိုးတတ်လျှင် သဘောမကျ။

အမြဲတမ်း ရဲဘော်

မနေ့ က ကားအောက်ပိုင်းလေးစစ်ဘို့ ဝပ်ရှော့ သွားပြတယ်။ နဲနဲကြာတော့ ဖုန်းအင်တာနက်လေးဖွင့်၊ ဟိုကြည့်ဒီကြည့်လုပ်ရင်းထိုင်စောင့်နေမိတယ်။
ရုံးဆင်းကာစ ရုံးကနေတန်းလာတော့ ယူနီဖောင်းကမလဲရသေးဘူးဗျ။ အဲလိုနဲ့ ထိုင်စောင့်နေရင်းမှာပဲ လူတစ်ယောက် ချိုင်းထောက်နဲ့ ကျတော့်ဆီတစ်ဖြေးဖြေးလှမ်းလာနေတာကိုသတိပြုမိတယ်။
ကျတော့်နားကိုရောက်တော့ ကျတော့်ကိုအလေးပြုတယ်။ ကျတော်လဲကြောင်ပြီး အလေးပြန်ပြုမိ ပါတယ်။ နောက်ပြီးကျတော့်ကို မ၀ံ့မရဲနဲ့ စကားပြောတယ်။

"ဗိုလ်ကြီး ကျတော် သူတောင်းစားမဟုတ်ပါဘူး "

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၂)

သစ်ထူးလွင်


ဖောက်ပြန်ချင်နေသောယောက်ျားများအား ဆုံးမရန်

မယားငယ် - ဟယ်လို၊ ဦး.... ရဲ့ မိန်းမပါလား
မိန်းမ - ဟုတ်ပါတယ် ဘယ်သူပါလဲ
မယားငယ် - ကျွန်မ သူ့ချစ်သူပါ။ ရှင့်ယောက်ျားကို ကျွန်မ ချစ်မိသွားလို့ရှင့်။ အဲဒါ သူနဲ့လက်ထပ်မလို့။
မိန်းမ - ကောင်းတာပေါ့။ Congratulation ပါ။ ဒါပေမယ့် အဲဒါရှင့်ကိစ္စလေ

မောင့်မှာတမ်း

Shwe Eaim Si's photo.

စာဥရေ...
အတွေးမမှားနဲ့
မလေးရှားကို ဘာဖြစ်လို့ လာချင်ရတာလဲ...
နင့်အိမ်ရဲ့စီးပွားရေး
မင်းတို့ရဲ့ယာကလေးက ရတဲ့ငွေကြေးနဲ့
ေ ရောင့်ရဲနေလိုက်စမ်းပါ...

"မြန်မာ့ယဉ်ကျေးမှုမြို့တော် ဘယ်သူတွေဝါးမျိုသွားလဲ"


ကျွန်တော်တို့ အညာသူအညာသား အထူးသဖြင့် မန္တလေး သူ၊သားတွေကို အခြားဒေသက
လူတွေက ဒေသစွဲ၊ ဇာတိစွဲကြီးတယ်လို့ပြောကြတယ်။ သူတို့ပြောမယ်ဆိုလည်းပြောလောက်စရာပါ ကျွန်တော်တို့ မန္တလေးသားတွေက အခြားဒေသကလူတွေ မျက်စိဆံပင်မွေးစူးလောက်အောင် ကို ဒေသအပေါ် ချစ်စိတ်၊ စွဲလန်းစိတ်ကြီးလွန်းပါတယ်။

Thursday, February 27, 2014

အသင့်စောင့်နေမိသော်

အသင့်စောင့်နေမိသော်

နာခေါင်းထဲကိုစူးရှသည့် အနံများတိုးဝင်နေသည်။ လူကနွမ်းနေသဖြင့် ကိုယ်ခန္ဓာကိုဘယ်ညာ ယိမ်းလိုက်လျှင်ပင် မောပန်းခြင်းကဆက်တိုက်ဖြစ်လာသည်။ ကုတင်အောက်မှ ခင်းထားသောအ၀တ်ကြောင့် ခါးနောက်ပိုင်းက ပူလောင်နေသည်။ ပက်လက်အိပ်ပြီး အသက်ကိုပြင်းပြင်းရှူလိုက်လျှင် လှိုက်တက် လာသောရင်ဝမှ နာကျင်မူက မည်သို့ပြုလုပ်ရမည်မသိဖြစ်နေသည်။

 အနောက်ခန်းဆီမှ ချက်ပြုတ်နေသော မယ်ခင်၏ဟင်းအနံသည်ပင် ရောဂါဝေဒနာကိုပိုဆိုးစေသည်။ နုပျိုစဉ်က တမ်းတမ်းတတလျှာပေါ် တင်ခဲ့သောရနံများသည် ကျန်းမာရေးမကောင်းသောအချိန်တွင် စက်ဆုတ်ဖွယ် ဖြစ်နေသည်။ “မယ်ခင် ဘာချက်နေတာလည်း” ကျွန်တော်အော်လိုက်သည်နှင့် မယ်ခင်က “အမဲသားလေ ရှင် စားလို့ရအောင် ကျွန်မပြုတ်ကြော်လုပ်နေတာ”သူမကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ သား သမီးတွေ အရွယ်ရောက် အိမ်ထောင်တွေပြုကုန်တော့ ကျန်ခဲ့သည်လင်မယားနှစ်ယောက်၏ ဘ၀ကအထီးကျန်ဆန်လွန်းပေသည်။ ယခုဆိုလျှင်ပိုဆိုးနေသည်။ ကျွန်တော်က ရင်ကြပ်ပန်းနာ လမ်းများများမ လျှောက်နိုင်တော့သည် ဒုက္ခိတတစ်ပိုင်းဖြစ်နေပြီ။

 ငယ်ရွယ်စဉ်က လောကကိုခစောင်းတင်နိုင်ခဲ့သမျှ ယခုတော့ ဇရာ၏ ဂုဏ်သတ္တိဖြင့် ကုတင်ထက်ဝယ် ပက်လက်တေးကိုသာဆိုနေရသည်။ မယ်ခင်ကိုကြည့်မိတော့လည်း ဟိုယခင်လို တောင့်တင်းဖြောင့်စင်းသည့် အရွယ်တင်နု့ပျိုမှုတွေက နတ္ထိ။ ဦးခေါင်းထက်တွင် စံပယ်တစ်ရုံလုံးပွင့်နေသကဲသို့ ဖွေးဖွေးဖြူနေသည်။ အတိတ်က ကေသာကျော့မှ အမျိုးမျိုးသော ရတနာပစ္စည်းများသည် ဘယ်ဆီသို့ရောက်ကုန်ပြီးမသိ။ 

ကျွန်တော်အိပ်ယာထဲလဲနေတာကလည်းတစ်နှစ်ကျော်ကြာပြီ။ ဆေးဖိုးအိမ်သုံးစာရိတ်နှင့်အခြား အခြား သောအထွေထွေစာရိတ် များကြောင့်ဖြစ်မည်။
 သားနှင့်သမီးတို့သည်လည်း အိမ်ထောင်တစ်ခုဆီဖြင့်ဟိုအဝေးရပ်ဆီရောက်နေကြပေသည်။ ဝေဒနာ တွေကတစ်ရက်ထက်တစ်ရက် ပိုပိုပြင်းထန်လာသည်။ 

အချိန်တို့သည် အတိတ်၏တိုက်စားမူကြောင့် တဖြေးဖြေးသေမင်းနှုတ်ခမ်းဝသို့ရောက်နေလေပြီ။လောကတွင်မယ်ခင်ကိုလည်းတစ်ယောက်ထဲမထားခဲ့နိုင်ပေ။ သားနှင့်သမီးတို့က သူ့မိခင်အားကြည့်ရူပေးလျှင်မည်မျှကောင်းမည်နည်း။ မိဘတို့၏ စုန်ရေတို့ကို သားသမီးတို့မှ ပြန်ဆန်တက်နိုင်ကြပါမည်လား။ မိမိခံစားနေရသော ဝေဒနာထက် မယ်ခင်ကို စိတ်မချစိတ်က ပိုတိုးလာသည်။
 
 ငယ်စဉ်သန်မာတုန်းဆိုလျှင်ကိစ္စမရှိသော်လည်း ခုချိန်တွင်ကျန်းမာသန်းစွမ်းသော ခွန်အားတို့ကမရှိတော့။ တစ်ခါတစ်ရံ မယ်ခင်၏ မျက်ရည်ရွန်းသော မျက်ဝန်းများကိုမြင်ရလျှင် အတိတ်မျက်ဝန်းများကိုသွားမြင်နေမိသည်။ အခြေနေအချိန်ခါတစ်ခုတွင် မသက်သာ၍ ပြုခဲ့ရသောအသက်မွေးဝမ်းကြောင်းတစ်ခုသည် နောင်သံသ ရာထက်သို့ပါလေတော့မည်။ထိုနေ့က မယ်ခင်နှင့်ကျွန်တော် အကြီးအကျယ်စကားများခဲ့သည်ကိုမှတ်မိသေးသည်။ 

ထိုအချိန်က အရေးကြီးဆုံးလိုအပ်ချက်ဖြစ်သည့် ငွေကိုကျွန်တော်နည်းလမ်းလွဲမှားစွာရှာဖွေပေးခဲ့မိသည် ။ ကုသိုလ်ကံအရှိန်ကုန်လို့ အကုသိုလ်တွေ သက်ဝင်လာမည်ကို သိနေသော်လည်းလောကရှိ မိမိစခဲ့မိသော တာဝန်များကိုကျေပွန်နိုင်ဖို့ မိုက်တွင်းခက်နက်နက်ကို မျက်စိမှိတ်ကာတိုးဝင်ခဲ့သည်။

 အိမ်ထောင်တာဝန်ကို ထမ်းဆောင်နေရသော အိမ်ထောင်ဦးစီးတစ်ယောက်၏ ၀င်ငွေနည်းပါမှုသည် မိသားစုအားများစွာ ဂရက်ထစေသည်။ အခြေခံ အသုံးစာရိတ်ဖြစ်သည့် စာဝတ်နေရေးသည်ပင် ကျွန်တော်အ တွက် အတော်ရုံးကန်နေရသည်။ သားတစ်ယောက်နှင့်သမီးတစ်ယောက်၏ ကျောင်းစာရိတ်များမှာ မယ်ခင်၏ ကုန်စုံဆိုင်နှင့် ကျွန်တော်၏ ကျပန်းဝင်ငွေတို့က လောက်ငခြင်းမရှိ။ 

 တစ်နေလုံး အဆင်ပြေသောကုန်များကို ထမ်းပို့လာသဖြင့် ပင်ပန်းမူကို သက်သာစေရန်ညနေပိုင်းတွင် ယမကာအနည်းငယ်မှီဝဲတတ်သည်။
မူးရင်ရူးတတ်သောလူသဘာဝအရ ကျွန်တော်ငွေရလွယ်သောလမ်းလွဲကို လိုက်မိတော့သည်။ “ခင်ဗျားအဲအလုပ်လုပ်မလား” အဆက်အစပ်မရှိဘဲမေးသာသော ကုန်ထမ်းဖော်သူငယ်ချင်း ကို ဘာအလုပ်လည်းဆိုသည့် သဘောဖြင့်မေးဆတ်ပြမိသည်။ “တစ်ရက်ကို နာရီပိုင်းထဲနဲ့ ခုနှစ်ထောင်လောက် ရမယ်။ ပြီးတော့ ကျုပ်တို့သောက်နေတဲ့ အရက်ထက်အဆများစွာကောင်းတဲ့ ယမကာကလည်းအပြည့်စုံရှိ တယ်”။ ကျွန်တော်စိတ်ဝင်စားသွားမိသည်။ ဘယ်အလုပ်ကများအရက်တိုက်ပြီး နာရီပိုင်းအတွင်းခုနှစ်ထောင်ပေးမည်နည်း။

 အသံကိုနိမ့်ပြီးပြောလာတဲ့သူအလုပ်ကြောင့်ကျွန်တော်ခေါင်းနားပန်ကြီးသွား၏။ “ ဟာ ဖြစ်ပါ့မလားကွာ” ကျွန်တော်၏ ဟာဆိုသောစကားလုံးသည် အနည်းငယ်ကျယ်သွားပုံရသည်။ ဘေးပတ်ဝန်းကျင်မှ မျက်လုံးများက ကျွန်တော်တို့ဝိုင်းစီလှမ်းကြည့်နေကြသည်။ အလုပ် အလုပ်။ ငွေကလည်းမြိုင်ဆိုင်စွာနိုင်သော အလုပ်။ မည်သို့ရွေးချယ်ရမည်မှန်းမသိဖြစ်နေသည်။ တစ်နေ့တစ်နေ့ ကျွန်တော်ဝင်ငွေနှင့်လောက်ငမှုမရှိသဖြင့် အမြဲမျက်နာငြိုးနေသော မယ်ခင်မျက်နာနှင့် သားတို့သမီးတို့၏ မျှော်လင့်ချက်ပြည့်မျက်နာဖြင့် မျှော်နေတတ်သော အေးစက်စက်ထမင်းဝိုင်းတို့က တလည့်စီပေါ်နေသည်။

 နောက်ဆုံးတွင် လူတို့၏ ငွေအားအတ္တကြီးစွာလိုချင်မိသော လောဘကြောင့်ထိုအလုပ်ကိုကျွန်တော် လက်ခံလိုက်မိသည်။ထိုသို့ဖြင့်ကျွန်တော်သည် သံသရာတစ်ခွင်တွင် အရိပ်ပမာလိုက်နိုင်သော သားသတ်ခြင်း အမှုကိုပြုမိတော့သည်။ ထိုကိစ္စ၏ ပထမဆုံးအကြိမ်သည်များစွာကြောက်ရွံမိသည်။ ချွန်မြနေသောဓါးသွားကို ကိုင်စွဲမိသော ကျွန်တော်လက်သည် ငြိမ်သက်နေသည်။ ငိုကျွေးနေသောမျက်ဝန်းများသည် ကျွန်တော်နှလုံး သားကိုများစွာ ပူလောင်နေသည်။ ၀ိသမလောဘကြောင့် အရာအားလုံးကိုကျွန်တော် ဥပက္ခာထားနိုင်ခဲ့သည်။

 နောက်နေ့နောက်နေ့များတွင် သားဇောမယားဇောဖြင့် မြောက်များစွာသောအသက်များ၏နောက်ဆုံး ထွက်သက်ကို ကျွန်တော်များစွာအဆုံးသတ်ပေးခဲ့သည်။ ကျွန်တော်မှတ်မိနေသေးသည်။ ထိုမနက်က ဘုရား ကန်တော့ပြီးသားသတ်ရုံသို့သွားသော ခြေလှမ်းများသည်နှေးကွေးလွန်းလှပေသည်။ အဆင်သင့်ချဉ်ထားသော နွားတစ်ကောင်သည် မိန်ပျပျမီးေ၇ာင်အောက်တွင် ကျွန်တော်အားတောင်းပန်နေသည်။သြော် ၀မ်းရေးအတွက် ရွေးချယ်စရာမရှိသည့် ဘ၀ကိုနာလည်ပေးကြပါ။ လက်ကလည်ပင်းကိုကိုင်လိုက်သည်နှင့် နူးညံ့သောသားမွေး တို့သည် ကျွန်တော်အတွက်ဆူးတမျှဖြစ်နေသည်။

 ကိုင်ထားသောဓါးသည်တဆတ်ဆတ်တုန်လာသည်။ အံကိုတင်းတင်းကြိတ်ပြီးလက်ကိုမြောက်လိုက် သော်လည်း ရည်မှန်းထားသော သတ္တ၀ါ၏လည်တိုင်သို့မရောက်ဘဲဖြစ်နေသည်။ အောက်တွင်သွေးထည့်ရန် ခံ ထားသော ခွက်ကိုကြည့်ပြီး များစွာစိတ်ညစ်နေမိသည်။ နောက် ဒုတိယအကြိမ်မြောက်ထပ်မံကြိုးစားကြည့် သည်။ ထိုနည်း၎င်းပင်ထပ်ဖြစ်နေသည်။ ထို့ကြောင့် ဘေးစားပွဲတွင်အသင့်ချထားသော အရက်ပုလင်းကို ယူမော့လိုက်သည်။ 

ရင်ထဲသို့ပူဆင်းသွားသော ယမကာ၏ အစွမ်းသတ္တိကြောင့် တခဏတာ လူစိတ်ပျောက် သွားသည်။ ဖြာခနဲ့ကျဆင်းလာသော သွေးများနှင့်အတူ နာကျင်စွာအော်လိုက်သော အသံသည်ကျွန်တော် နားထဲသို့စီးကနဲဝင်လာသည်။ လုပ်ပုံလုပ်နည်းများကို အရင်ရက်ထဲက ပြထားသဖြင့် လုပ်မည့်သတ္တိအား အရက်ဖြင့် မီးစာထိုးလိုက်သောအခါ မလုပ်သင့်မလုပ်အပ်သော အရာများကို လက်ထဲမှာယဉ်ပါးစွာ လုပ်ကိုင် ခွင့်ပြုသည်။

 ထိုသို့သောနည်းလမ်းများဖြင့် ငွေကိုလွယ်လွယ်ရှာနေသည်ကို ကျွန်တော်အမျိုးသမီးမယ်ခင်ကိုမသိ အောင်ရေရှည် ဖုံးကွယ်မထားနိုင်ပေ။ “ရှင် အဲအလုပ်တွေလုပ်နေတယ်။ ကျွန်မတို့မိသားစုကိုရှာဖွေပေးနေတဲ့ ငွေတွေက မသန့်ရှင်းတဲ့ငွေတွေပေါ့။ ရှင်မနက်စောစောကုန်ထမ်းဆိုပြီး သွားနေတာ။သားသတ်ဒိုင်ကိုပေါ့။ အို ဆိုးလိုက်တာရှင်ရယ်။ အကုသိုလ်တွေနဲ့ မိသားစုကိုရှာဖွေကျွေးနေပေမဲ့ ခံရမှာရှင်တစ်ယောက်ထဲရှင့်။ ဒုက္ခတွေ တော့များပါပြီရှင်ရယ်။ သံသရာတွေရှည်တော့မယ်”။ မယ်ခင်ပြောပြီး ငိုနေပြီ။ ကျွန်တော်မည်သို့မျှမတတ်နိုင်။ စလုပ်တုန်းကတော့ ခဏဘဲလုပ်လုပ်ပြီးလျှင် ရပ်မည်ဟုဆုံးဖြတ်ထားသော်လည်း ငွေကြေး၏ဖျားယောင်းမှုပေါ် ကျွန်တော်၏ လောဘအဆုံးမသတ်နိုင်ခဲ့။

 အသက်များစွာတို့၏ အသံများစွာသည်ကျွန်တော်အတွက် အိပ်ပျက်ညတွေကိုဖန်တီးခဲ့သည်။ “ ထမင်း စားတော့မလား ဟင်းကျက်နေပြီ”  အတွေးမည်မျှကျွံဝင်သွားသည်မသိ။ မယ်ခင်ကျွန်တော်လက်ကို ကိုင်လှုပ် လိုက်မှ အတိတ်အတွေးလွင့်မျောသွားသည်။ ရောဂါသည်တစ်ယောက်၏ နောက်ဆုံးအချိန်သည် အကုသိုလ် မိုက်များဖြင့် ရှင်သန်နေရသည်။ နေထိုင်ခွင့်ရနေသည်ကို ကျေးဇူးတင်ရမည်လား။ ဒါမှမဟုတ် အပြစ်များ ကုန်လွန်သွားအောင် မည်သို့ပြုလုပ်ရမည်မသိဖြစ်နေသည်။ ဘာသာတရား၏ ဆိုဆုံးမမူတစ်ချို့တစ်ဝက်ကြောင့် အနည်းငယ်ရှင်သန်နေသော အသက်သည် နေပျော်ထိုင်ပျော်ဖြစ်နေသည်။

 အကုသိုလ်အလုပ်ဖြင့် အကျိုးပေးခဲ့သောငွေကြေးတို့သည်လည်း ဒီအချိန်တွင် တစ်ခုမှမရှိတော့။ မယ် ခင်၏ ကုန်စုံဆိုင်လေးပင် ကျွန်တော်ဆေးဖိုးအတွက် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေ၏။ ထမင်းစားလျှင်လည်း အ နည်းငယ်သော ပမာဏကိုဝမ်းအတွင်းသို့မျိုချရန် အတော်ခက်ခဲနေသည့်ဘ၀ဖြစ်နေသည်။ ကုန်ဆုံးနိုင်စွမ်းမရှိသော အချိန်တို့အား ဆရာတော်ဘုရားကြီး၏ လူမိုက်တို့သွားရာလမ်းဖြင့် ဖြေသိမ့်နိုင်ခဲ့၏။ 

ထိုသို့ဖြင့် ကံကြမ္မာ တစ်ပတ် တစ်ဖန်ပြန်ပတ်မည့် အချိန်တွေကို ကျွန်တော်ချစ်သော မယ်ခင်၏ လက်ကိုတွဲ၍  စောင့်မျှော်နေမိပါတော့သည်။

 ဇော်ညီညီ(နေပြည်တော်)



နာခေါင်းထဲကိုစူးရှသည့် အနံများတိုးဝင်နေသည်။ လူကနွမ်းနေသဖြင့် ကိုယ်ခန္ဓာကိုဘယ်ညာ ယိမ်းလိုက်လျှင်ပင် မောပန်းခြင်းကဆက်တိုက်ဖြစ်လာသည်။ ကုတင်အောက်မှ ခင်းထားသော အ၀တ်ကြောင့် ခါးနောက်ပိုင်းက ပူလောင်နေသည်။ ပက်လက်အိပ်ပြီး အသက်ကိုပြင်းပြင်းရှူလိုက်လျှင် လှိုက်တက် လာသောရင်ဝမှ နာကျင်မူက မည်သို့ပြုလုပ်ရမည်မသိဖြစ်နေသည်။

မဖမ်းစေရဘူး

၁၉၇၀-ခုနှစ်လောက်ကပေါ့... ...
အမေရိကန်နိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံကို လာလည်တယ်။
မြန်မာနိုင်ငံသား ဧည့်လမ်းညွန်တစ်ယောက်ငှားပြီး လျှောက်လည်သတဲ့။

ရောက်တတ်ရာရာပြောကြရင်းနဲ့ အဲဒီအမေရိကန်သားက ပြောတယ်... ...
"ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံက အကောင်းဆုံး"
"ဘာလို့ဒုန်း"
"ဥပမာ... လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်"
"ဘယ်လို လွတ်လပ်စွာပြောလို့ရလဲ"
"ဒီလိုကွ... သမ္မတအိမ်တော်ရှေ့သွားပြီး... သမ္မတရစ်ချတ်နစ်ဆင် ငပေါကြီး သောက်ရူးကြီး လို့ အော်လို့ရတယ်၊ မဖမ်းဘူး"

ဒီတော့ မြန်မာနိုင်ငံသားက ပြန်ပြောတယ်... ...

"အိုး... အဲလိုအော်တာတော့ ငါတို့နိုင်ငံမှာလည်း အော်လို့ရပါတယ်ကွ"
"ဟုတ်လို့လား... င့ါကောင်၊ ငါကြားဖူးတာက တစ်မျိုးးနော်..."
"တကယ်ပါဟ..."
"မယုံဘူး... လက်တွေ့ပြ"
"ရတယ်လေ..."

... ဆိုပြီး နှစ်ယောက်သား သမ္မတအိမ်တော်ရှေ့သွားကြတယ်။
သမ္မတအိမ်ရှေ့ရောက်တော့ မြန်မာနိုင်ငံသားက ပြောတယ်... ...

"ကြည့်နေ... ငါအော်ပြမယ်၊ မဖမ်းစေရဘူး"
"အော်စမ်း.... ...."

"သမ္မတရစ်ချတ်နစ်ဆင် ငပေါကြီး၊ သောက်ရူးကြီး... ကဲ"
"ငင်... "

ဘာသာပြန်မြန်မာမှုပြုထားတာပါ။
သန်၎ကို
https://www.facebook.com/thanlayko
၁၉၇၀-ခုနှစ်လောက်ကပေါ့... ...
အမေရိကန်နိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံကို လာလည်တယ်။
မြန်မာနိုင်ငံသား ဧည့်လမ်းညွန်တစ်ယောက်ငှားပြီး လျှောက်လည်သတဲ့။

မျှော်လင့်လျှက်က စောင့်မျှော်ဆဲပါ

<<<<<( မျှော်လင့်လျှက်က စောင့်မျှော်ဆဲပါ )>>>>>

အိမ်ပြန်လာရင်း ဘေးကနေ ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်တစ်စီးနဲ့ စုံတွဲလေးတစ်တွဲကို  အဝေးက လှမ်းမြင်နေခဲ့ရတယ်၊

အနားကဖြတ်မောင်းသွားတော့လည်း သေသေချာချာကြည့်လိုက်မိတယ်၊ လယ်သာဂျာကင် အနက်လေးတွေနဲ့ ဂျင်းပင်လေးတွေ ၀တ်ထားတဲ့လှပ ခေတ်မီပြီး ငယ်ရွယ်နုပျိုလန်းဆန်းနေတဲ့ စုံတွဲလေးပါပဲ.... 

ကောင်မလေးက ခါးလေးဆန့်ပြီး ကောင်လေးကို အနောက်ကနေ သိုင်းဖက်ထားတယ်.....

ကောင်လေးရဲ့ ပုခုံးပေါ်ကိုမေးတင်ပြီး ပါးချင်းထိကပ်ထားတယ်..

ကောင်လေးကလည်း ကောင်မလေး အဆင်ပြေအောင် နောက်ပြီး ပါးချင်းလည်း သေသေချာချာ ထိကပ်ထားနိုင်အောင် ကိုယ်ကို ဖြေလျော့ပြီး ကောင်မလေး ဘက်ကို နည်းနည်းလေး စောင်းပေးထားတယ်... 

ဆံပင်လေးတွေလည်း လေမှာ ၀ဲလွင့်လို့.... 
အင်မတန်ကြည့်လို့ကောင်းပါတယ်..... 
လှပ တက်ကြွတဲ့ အရွယ်လေးတွေနဲ့ လိုက်ဖက်လှတယ်လို့ ထင်မိတယ်။

အနားရောက်တော့ ကောင်လေးက ပြုံးပြသွားတယ်. ကြည့်ကောင်းကောင်းနဲ့ကြည့်နေတဲ့ ကျွန်တော်လည်း ယောင်ပြီး ပြန်ပြုံးပြလိုက်မိတယ်။

အင်း...... 
ချစ်ခြင်းတရားရဲ့ ပျော်ရွှင်ခြင်းတွေကလည်း  ကူးစက်တတ်တဲ့ အပြင် လွှမ်းမိုးတတ်သေးတာကိုလည်း သတိထားလိုက်မိပါတယ်။

နည်းနည်း လွန်နေတဲ့ အမူအယာလေးတွေနဲ့ လှပတဲ့စုံတွဲလေးကိုကြည့်ရင်း ညနေခင်းလေးလည်း ပိုပြီးလှသွားတယ်၊

ကျွန်တော်လည်း အတွေးလေးတွေလှသွားခဲ့တယ်လေ.....  လှပတဲ့ ဒီ ညနေခင်းလေးမှာပေါ့........။

တစ်ယောက်ထဲ ပြုံးရင်း စဉ်းစားရင်း အသိစိတ်တွေကလည်း အတိတ်ကို ပြန်ရောက်သွားတယ်။

ကျွန်တော်လည်း ချစ်သူနဲ့အတူတူ ဒီလိုညနေခင်းလေးတွေမှာ ပျော်ရွှင်ခဲ့ဘူးတယ်.... သစ်ရွက်တွေ ကြွေနေတဲ့ ဆိတ်ငြိမ်နေတဲ့  လမ်းအိုလေးပေါ်မှာလေ၊  အတူတူ စက်ဘီးလေးစီးရင်းနဲ့ပေါ့....... 

မမေ့နိုင်တဲ့.. အေးချမ်းလှပတဲ့  ရှမ်းပြည်ရဲ့ ညနေခင်းလေးတစ်ခုမှာပေါ့.... 

အဲဒီတုန်းက အေးစက်ခြင်းတွေကလည်း နွေးထွေးခြင်းတွေ ဖြစ်ခဲ့ဘူးပါတယ်... အတက်အဆင်းများတဲ့ တောင်ပေါ်လမ်းလေးတွေမှာ စက်ဘီးလေးနင်းရင်း  ဖြစ်ပေါ်လာတဲ့ မောပမ်းခြင်းတွေကိုလည်း ပျော်ရွှင်ခြင်းအဖြစ် ပြောင်းလဲနိုင်ခဲ့ဘူးပါတယ်၊ 

အမှန်အတိုင်းပြောရရင် အဲဒီတုန်းကတည်းက ချစ်ခြင်းတရားကို နှစ်သက်မြတ်နိုးတတ်ခဲ့တာပါပဲ။

စက်ဘီးလေးနင်းရင်း  လေ အဝှေ့မှာ လမ်းဘေးကို လွင့်မျောသွားတတ်တဲ့ ရွက်ဝါလေးတွေကို ကြည့်ရင်းလည်း ကြည်နူးခဲ့ဖူးတယ်၊

တောင်ပေါ်လမ်း အတက်လေးတွေမှာ  စက်ဘီးလေးယိုင်သွားရင်လည်း လဲကျမသွားအောင်  ကြိုးစားထိန်းရင်း နှစ်ယောက်အတူ ရယ်မောခဲ့ကြဘူးတယ်...

အခုတော့ ရှမ်းတောင်တန်းကြီးရယ်၊ စက်ဘီးလေးရယ်၊ ရွက်ဝါလေးတွေရယ်..ချစ်သူရယ် အားလုံးကို ကျွန်တော် ချန်ထားရစ်ခဲ့ပြီလေ။

အစွယ်လိုသူလည်းမရှိ၊ အသွားစေခိုင်းသူလည်း မရှိခဲ့ပါပဲ ဒီဇာတ်လမ်းမှာ လေးပစ်သူက ကျွန်တော်မျိုးရယ်ပါ... 

ဘာကြောင့်များ ကျွန်တော် ချန်ထားရစ်ခဲ့တာလဲဆိုတာကိုလည်း ခုချိန်ထိ ဝေခွဲမရခဲ့ဘူးလေ။

လွတ်လပ်ခြင်း မရှိတဲ့ မိသားစု စည်းကမ်းတွေကြားမှာ ရှင်သန်ကြီးပြင်းခဲ့တဲ့ ကျွန်တော်..... ချစ်သူရှိကြောင်းကိုလည်း ဖွင့်ဟ မပြောရဲခဲ့ဘူး။

ပြောရလောက်အောင်လည်း ချစ်သူက မပြည့်စုံခဲ့ဘူးလေ..... 

စီမံထားတဲ့အတိုင်း ပညာတွေသင်ကြားရင်း၊ နေထိုင်လှုပ်ရှားရင်း အရွယ်တော် တစ်ဆစ်ဟိုင်းခဲ့ရတယ်။  

မမြင်နိုင်တဲ့ ရှမ်းတောင်တန်းကြီးတွေပေါ်မှာ...... ချစ်သူကျန်ရစ်တယ်၊ မေ့ မရတဲ့ နှလုံးသားမှာချစ်သူရှိနေသေးတယ်ဆိုတဲ့ မျှော်လင့်ချက် ပါးပါးလေးတော့ အခုအချိန်အထိ မပျောက်ပျက်သေးတော့လည်း တိတ်တိတ်လေး မက်ခဲ့တဲ့ အိပ်မက်လေး တစ်နေ့မှာ အသက်ဝင်လာနိုးနဲ့ တစ်ယောက်ထဲ ခြောက်ခြောက်သွေ့သွေ့  စောင့်နေမိခဲ့တယ်၊ 

တကယ်တမ်းမှာ ချစ်သူအတွက် ပေးဆပ်နိုင်တာက အကြောင်းအမျိုးမျိုးပြရင်း အိမ်ထောင်ပြုဖို့ ရှောင်တိမ်းနိုင်ခဲ့တာလေး တစ်ခုထဲ ကျန်တော့တာပါ. 

ဟိုတုန်းက ဘာလို့များဖွင့်ပြောဖို့ သတ္တိတွေ နည်းခဲ့တာလဲ လို့ ယူကြုံးမရချင်းတွေလည်း အကြိမ်ကြိမ်ပါ။

အခုတော့ ကာလကြီးရဲ့ ရွှေ့ပြောင်းခြင်း အလိုအရ စက်ဘီးလေး မစီးဖြစ်တော့ဘူး... စက်ဘီးလေး နေရာမှာ ဆိုင်ကယ်လေး ရှိနေတယ်...... 

 ဒါပေမဲ့ စက်ဘီးလေးလို ဂန္ဓ၀င် ဆန်တဲ့လှပခြင်းတွေ ရှိမနေခဲ့ပါဘူး.... အထီးကျန်ဆန်ခြင်းတွေပဲ ရှိနေခဲ့တယ်လေ။

ဒီဆိုင်ကယ်လေးရဲ့ နောက်မှာ..... ချစ်သူကို တင်နိုင်ဖို့ပျော်ရွှင်စွာ ရယ်မောဖို့နဲ့.... ကျန်ရစ်ခဲ့တဲ့ အကြွေးတွေကို တစ်သက်လုံး ပေးဆပ်နိုင်ဖို့ မျှော်လင့်နေသေးတယ်ချစ်သူရေ။

နောက်ဆုံးအနေနဲ့ပဲ ဖြစ်ဖြစ် ခွင့်လွှတ်ပေးဖို့ကိုလည်း ကြိုးစားနေမိဦးမှာပါ။

ချစ်သူမသိခဲ့တာ တစ်ခုက လှပတဲ့ နေ့ရက်တွေနဲ့  အချိန်တွေတိုင်းမှာ သတိရနေတတ်တယ် ဆိုတာပါပဲ...

ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်လုံးအတွက်တော့ ချစ်ခြင်းတရားတွေနဲ့ ကြုံတွေ့နေခဲ့ရင်လည်း ပျော်ရွှင်နေတတ်ပါသေးတယ်.....  

ငယ်ရွယ်စဉ်မှာသတ္တိတွေနည်းခဲ့တာကလွဲရင်... 
ချစ်သူရေ အရာအားလုံးကို မင်းပိုင်ပါတယ် နောက်ဆုံးအချိန်အထိပေါ့..... လို့ စိတ်ထဲမှာ တမ်းတမ်းတတ ပြောရင်း ကျွန်တော် ဟိုး...... အဝေးကို ငေးကြည့်နေမိတယ်...... 

ချစ်သူကို သတိရနေတတ်လို့ထင်ပါတယ် လောကကြီးက  လှပနေတုန်းပါပဲ... 

ကြည်နူးဖွယ် ၀ိဥာဉ်တွေ စီးဝင်နေခြင်းမရှိတဲ့ ဆိုင်ကယ်လေးကတော့ သူမသိတဲ့ သခင်မလေးကို မျှော်နေလေရဲ့.... ခြောက်ခြောက်သွေ့သွေ့ တိတ်တိတ်ဆိတ်ဆိတ်နဲ့လေ....။

(ကွန်ဆူးမား)(၂၇-၂-၂၀၁၄)
ဟိုတုန်းက အဟောင်းလေးကို Refresh လုပ်၍တင်ပြပါသည်။

အိမ်ပြန်လာရင်း ဘေးကနေ ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်တစ်စီးနဲ့ စုံတွဲလေးတစ်တွဲကို အဝေးက လှမ်းမြင်နေခဲ့ရတယ်၊ အနားကဖြတ်မောင်းသွားတော့လည်း သေသေချာချာကြည့်လိုက်မိတယ်၊ လယ်သာဂျာကင် အနက်လေးတွေနဲ့ ဂျင်းပင်လေးတွေ ၀တ်ထားတဲ့လှပ ခေတ်မီပြီး ငယ်ရွယ်နုပျို လန်းဆန်းနေတဲ့ စုံတွဲလေးပါပဲ....

ရုန်းရင်း နစ် ... ဖောင်ပေါ် က ရေငတ်နေသူများး

Essential Moe's photo.Essential Moe added 2 new photos.
Essential Moe's photo.
တကယ်တော့ !!
  ခေါင်းငုံ့နေတာ ဦးညွှတ်ချင်လို့မဟုတ်ပါ။
အရာရာတို့၌ ခံပြင်းစွာ နာကျည်းစွာ
ဒေါသဖြစ်စွာ အရှုံး မမည် သော အရှုံး သံသရာ မှာ သူတို့ ကူးခတ်ဆဲ
  ငွေကြေးချမ်းသာသူများ ပိုချမ်းသာပြီး ဆင်းရဲသူများ ပိုဆင်းရဲလာကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည် ။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း အစိုးရ၏ တစ်နှစ်လုံး စီမံချက်များအပေါ် ၃၂ ရာခိုင်နှုန်းကျော်သာ အကောင်အထည် ဖော်နိုင်ခဲ့ပြီး လက်ရှိပကတိ အခြေအနေမှာ ငွေကြေး ချမ်းသာသူများ ပို၍ချမ်းသာလာပြီး ဆင်းရဲသူများ ပို၍ဆင်းရဲလာကြောင်း ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "


တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်…… ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..
ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..

အမျိုးစောင့်တယ်ဆိုတာ


အာဏာရှင်လက်ထက်တွင်..
တစ်နှစ်လျှင် သတို့သမီး သန်း ၂၀ ခန့်လိုအပ်နေသောနိုင်ငံသို့
ကျွန်တော်တို့နိုင်ငံမှ တိုင်းရင်းသူများ..
လျိုအလျို လူမှောင်ခိုကူးခံကြရ သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၂)

သစ်ထူးလွင်


Wednesday, February 26, 2014

တတိယ ဘုရားသခင် - အဖေ ချောင်း


အဖေချောင်း ၊ ဖေချောင်း ၊ ဖေချောင်း . . .
စင်အောက် ကွင်းပြင်ထဲမှ လူထုကြီး၏ အော်ဟစ်သံကြောင့် ဆြာမာကျက်သီးဖြန်းဖြန်းထမိသည် ။ ပရိတ်သတ်ကြီးသည် သူတို့၏ ပြည်သူ့ခေါင်းဆောင်ကြီး ဦးသံချောင်း၏ အမည်ကို ဟစ်ကြွေးနေကြခြင်းဖြစ်သည်။ဖခင်ကဲ့သို့ပင်အလေးအမြတ်ထားသဖြင့် အဖေချောင်း ၊ ဖေချောင်းဟုခေါ်ကြတော့သည် ။

"ကျေးညို နဲ့ ၄ စက္ကန့်"

"ကျေးညို နဲ့ ၄ စက္ကန့်"

McLaren ပြိုင်ကားအသင်းက သူတို့အသင်းရဲ့ ကားဘီးလဲတဲ့အဖွဲ့ကို သိပ်သဘောမကျဘူး။ 
ကားဘီးလဲတာ နှေးလို့တဲ့
ပြိုင်ပွဲကျင်းပနေစဉ်မှာ ကားဘီးလဲတဲ့ အဖွဲ့ရဲ့လျင်မြန်မှုကလည်း ကားပြိုင်ပွဲရဲ့အနိုင်အရှုံးကို ဆုံးဖြတ်နိုင်စွမ်းရှိတာကိုး။

ဒါနဲ့ အဲဒီလူတွေကို အလုပ်ကထုတ်လိုက်ပြီး လူသစ်ရှာတယ်။
သတင်းစာမှာ ကြော်ငြာထည့်လိုက်တယ်... ...
"ကားဘီးလေးလုံးကို လေးစက္ကန့်အတွင်း လဲပေးနိုင်သူ အလိုရှိသည်"... ဆိုပြီး။

လူပေါင်းများစွာ အလုပ်လာလျှောက်ကြတယ်။
လူတွေ့စစ်ဆေးပြီး လက်တွေ့လုပ်ခိုင်းကြည့်တော့ ဘယ်သူမှ လေးစက္ကန့်အတွင်း ပြီးအောင်မလဲနိုင်ဘူး။

အဲဒီမှာ...
ကျေးညိုဦးဆောင်တဲ့ အဖွဲ့ကလည်း အင်တာဗျူးလာဖြေတယ်
အင်တာဗျူးတဲ့လူက မေးတာပေါ့... ...
"မင်းတို့ကြည့်ရတာ ပေစုပ်စုပ်နဲ့၊ ဟုတ်ကောဟုတ်ပါ့မလား"
"လက်တွေ့ကြည့်ကြည့်ပေါ့ဗျာ..."
"အေး... ကြည့်တာပေါ့"
... ဆိုပြီး ပြိုင်ကားတစ်စီးနဲ့ လက်တွေ့လုပ်ခိုင်းတယ်... ...

"ကဲ... စ"... လို့လည်း ပြောလိုက်ရော...
ဘာပြောကောင်းမလဲ ဘိုညိုနဲ့အဖွဲ့ တက်ညီလက်ညီနဲ့ လုပ်လိုက်တာ....
အဲဒီ ပြိုင်ကားကို ၄ စက္ကန့်အတွင်း ကားဘီလဲရုံတင်မကဘူး ဆေးဟောင်းကိုခွာ၊ ဆေးသစ်ပြန်သုတ်ပြီး တခြားအသင်းမှာ သူခိုးဈေးနဲ့တောင် သွားရောင်းစားပစ်ခဲ့တယ် တဲ့။

မြန်ဘူးလား... ...

သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

McLaren ပြိုင်ကားအသင်းက သူတို့အသင်းရဲ့ ကားဘီးလဲတဲ့အဖွဲ့ကို သိပ်သဘောမကျဘူး။
ကားဘီးလဲတာ နှေးလို့တဲ့ပြိုင်ပွဲကျင်းပနေစဉ်မှာ ကားဘီးလဲတဲ့ အဖွဲ့ရဲ့လျင်မြန်မှုကလည်း ကားပြိုင်ပွဲရဲ့အနိုင်အရှုံးကို ဆုံးဖြတ်နိုင်စွမ်းရှိတာကိုး။

မောင်စိန်ဝင်း(ပုတီးကုန်း) - သမုဒယဝတ်ရည် ကဗျာများ

မြန်မာ စာအုပ်များ
http://www.mediafire.com/?5dz67aslwbxc1o2
မချိုချိုလွင်(ချယ်ရီ ဗီနိုင်း) မန္တလေးမှစာရိုက်လှူဒါန်းပါသည်

`` မိန်းကလေးများ သိမှတ်ဖွယ်ရာ ´´

`` မိန်းကလေးများ သိမှတ်ဖွယ်ရာ ´´

အခုတစ်လော ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသတ၀ိုက်မှာ (မြန်မာရပ်ဝန်းမှာပါ) ခေတ်စားလာတဲ့  sex drops ( for women) အမျိုးအစားလေး နှစ်ခုကို တင်ပြပေးလိုက်ပါတယ်...။

တင်ပြပေးလိုက်ရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံကို တရားမ၀င် လမ်းကြောင်းများမှ ၀င်ရောက်လာနိုင်ပြီး မသိနားမလည်သူ အမျိုးကောင်းသမီးလေးများကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ပါ။

ဒီ  drops လေးတွေကို အစားအသောက်နဲ့ အအေး/အချိုရည် များမှာ တစ်စက်နှစ်စက် ထည့်ရုံမျှနဲ့ မိန်းကလေးများရဲ့ ကာမဆန္ဒကို နှိုးဆွပေးကြောင်း သိရှိရပါတယ်...။

အသုံးပြုသူများကတော့ အခကြေးငွေ အဆမတန်သုံးစွဲပြီး ပျော်ပါးတတ်ကြတဲ့ အရွယ်လွန် ကာမဘီလူးများဖြစ်ပါတယ်။ အသက်အရွယ် အဆမတန်ကွာခြားသူ အမျိုးသမီးငယ်လေးများအား စိတ်ဆန္ဒတက်ကြွလာစေဖို့ အဓိက ရည်ရွယ် အသုံးပြုနေကြောင်း သိရှိရပါတယ်။

ဟိရိ သြတပ္ပကင်းပြီး အသက် ၁၈ နှစ်နောက်ပိုင်းမှာ မိဘ/ဆရာသမားများရဲ့ ထိန်းကွပ်မှုကို လက်မခံတော့တဲ့ နိုင်ငံများမှာတော့ တိုးတိုး တိတ်တိတ် တွင်ကျယ်နေပြီး တရားဝင် တင်သွင်းခွင့် အနေနဲ့ကတော့ လက်လှမ်းမီသမျှ စုံစမ်းကြည့်ရာမှာ  နိုင်ငံအတော်များများမှာ  ခွင့်မပြုကြောင်း သိရှိရပါတယ်...။

မြန်မာနိုင်ငံမှာလည်း အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးဝါး စသည့် ကုန်ပစ္စည်းများအနေဖြင့်လည်း တင်သွင်းခွင့် မရှိပါဘူး...( သမာအာဇီဝဖြင့် အသက်မွေးလိုသော ကုန်သည်ကြီးများအနေဖြင့်လည်း မည်သူမျှ တင်သွင်းရန် စီစဉ်ဆောင်နေခြင်းလည်း မရှိသေးပါဘူး)

နောင်ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ကြိုတင် ယုံကြည်ထားပါတယ်။

သို့သော် တရားဝင် ပြည့်တန်ဆာလုပ်ငန်း အဆိုပြုချက်နဲ့ မြန်မာမှုပြုထားတဲ့ (For men) အားတိုးဆေးများကို တီဗီ အစီအစဉ်တွေမှာ ကြော်ငြာနေတဲ့ အတွက်တော့ တစ်နေ့နေ့မှာ ခွင့်ပြုကောင်း ခွင့်ပြုလာနိုင်ပါတယ်။

ခွင့်ပြုသည်ဖြစ်စေ... ခွင့်မပြုသည် ဖြစ်စေ... ဒီဆေးမျိုးကို ဆုံစည်းဖြစ်ခဲ့လျှင်တော့ စိတ်ဆန္ဒပြောင်းလဲပြီး ဟိရိသြတပ္ပတရားရဲ့ တစ်ဘက်ကမ်း.. တစ်နည်းအားဖြင့် အလှဆုံးပန်းလေးများ၏ တန်ဘိုးအမြင့်ဆုံး တစ်ဘက်ကမ်းကို ကူးခပ်ရောက်ရှိသွားနိုင်ကြောင်း သတိပေး တင်ပြလိုက်ရပါတယ်...။

နီးစပ်ရာမှာ တွေ့ရှိခဲ့ပါကလည်း လတ်တလော အခြေအနေအရ တင်သွင်းခွင့်ပြုထားသော ကုန်ပစ္စည်းမဟုတ်ခြင်းကြောင့် သက်ဆိုင်ရာကို သတင်းပေးပို့ရင်း ပန်းကောင်းလေးများကို သတိထား ကာကွယ်နိုင်ကြပါစေဗျာ....

(ကွန်ဆူးမား)(၂၅-၂-၂၀၁၄)

အခုတစ်လော ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသတ၀ိုက်မှာ (မြန်မာရပ်ဝန်းမှာပါ) ခေတ်စားလာတဲ့ sex drops ( for women) အမျိုးအစားလေး နှစ်ခုကို တင်ပြပေးလိုက်ပါတယ်...။
တင်ပြပေးလိုက်ရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံကို တရားမ၀င်လမ်းကြောင်းများမှ ၀င်ရောက် လာနိုင်ပြီး မသိနားမလည်သူ အမျိုးကောင်းသမီးလေးများကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ပါ။

အစမ်း ပို့ကြည့် တာပါ

YoYarLay's photo.

Photo: အစမ်း ပို့ကြည့် တာပါ

အမျိုးသား တစ်ဦးပေါ့။ သူ့ဇနီးဖြစ်သူထံ ဖုန်း မတ်ဆေ့ခ်ျပို့ပါတယ်။

"ခင်ရေ။ အဝတ်တွေအားလုံး ဒီည အပြီးလျှော်ပါ။ ညစာ ကြက်သားဟင်း ချက်ပါ။ ပြန်တာ နည်းနည်းနောက်ကျမယ်။ နက်ဖန် အတွက် အဝတ်ကို မီးပူ တိုက်ထားပေးပါ"

တစ်အောင့်လောက် အကြာမှာတော့ သူကပဲ နောက်တစ်ဆောင် ပို့ ပါတယ်။

"အော် ဒါနဲ့ မေ့သွားလို့ခင်ရေ။ ကိုယ် လစာတိုးတယ်။ ခင့်အတွက် ဘယ်လို စိန်လက်စွပ် ဝယ်လာပေးရမလဲ"

ဒီတော့ အမျိုးသမီးက စာပြန်ပို့ပါတယ်။

"ဟယ် တကယ်လား။ နက်ဖန်မှ စိတ်ကြိုက်လိုက်ဝယ်လေ"

အမျိုးသား ကလည်း စာပြန်ပို့ပါတယ်။

"ဟုတ်ဘူး သဲလေး။ ပထမပို့လိုက်တဲ့ စာတစ်စောင်ကို ခင် ဖတ်လား မဖတ်ဘူးလား သိချင်လို့ နောက်တစ်စောင် အစမ်းပို့ကြည့် တာပါ" :P
-
Ref: everyjoke
အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com/book/152-natter/40129-test-sms

.

အမျိုးသား တစ်ဦးပေါ့။ သူ့ဇနီးဖြစ်သူထံ ဖုန်း မတ်ဆေ့ခ်ျပို့ပါတယ်။
"ခင်ရေ။ အဝတ်တွေအားလုံး ဒီည အပြီးလျှော်ပါ။ ညစာ ကြက်သားဟင်း ချက်ပါ။ ပြန်တာ နည်းနည်းနောက်ကျမယ်။ နက်ဖန် အတွက် အဝတ်ကို မီးပူ တိုက်ထားပေးပါ"

Meamng


1.professor ပါမောက္ခ
2.rector ပါမောက္ခချုပ်
3. administrator အုပ်ချုပ်ရေးမူး
4.bursar ငွေစာရင်းမှူး
5.director of education ပညာမင်းကြီး

မိန်းမကောင်း မိန်းမမြတ်၏ အဆင်းလက္ခဏာများ


၁။ နူးညံ့သော အသားအရေရှိသည်။
၂။ မည်းနက်သော ကော့ညွတ်ရှည်လျားသည့် ဆံပင်ရှိသည်။
၃။ ရွဲ၍ ကြည်လင်သော မျက်လုံးရှိသည်။
၎။ မျက်တောင်ကော့သည်။
၅။ မျက်ခုံးနက်သည်။

ရှင်ရာဟုလာ နှင့် အုန်းမှုတ်ခွက် ဒေသနာ


အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်မှာ မှတ်တမ်းတင်ထားတဲ့ ဇာတ်တော်လေး ဖြစ်ပါတယ်၊ ရှင်ရာဟုလာလေးကို မြတ်စွာဘုရား ဆုံးမတော်မူတဲ့ ဇာတ်တော်လေးပါ၊ ရာဟုလာလေးဟာ သူမွေးတဲ့ နေ့မှာပဲ ဘုရားအလောင်းတော် တောထွက်တဲ့အတွက် ဖခင်ကို မမြင်ဖူးရှာပါဘူး၊ သူ့ဖခင်ကို ပထမဦးဆုံးတွေ့ ခွင့်ရတဲ့ အချိန်မှာတော့ သူဟာ အသက် (၇) နှစ်သား အရွယ်ဖြစ်နေပါပြီ၊

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀) ခု


ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀) ခု
=============================

သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

ဟောဒီမှာ နည်းလမ်း(၁၀)ခု-

၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ

ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့

ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ

သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ

သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ

သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

၇။ အခြားသူတွေကို ကူညီပါ

အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

၈။ TV သိပ်မကြည့်ပါနဲ့

ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။

၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ

ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

၁၀။ ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ

အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။

Ref: 10 Ways to Start Loving Life

http://on.fb.me/14bZP6P

သော်တာ မောင်

လူတိုင်းဗဟုသုတတိုးစေဖို့ ဒီ Page ကို Share ပေးကြပါစို့။
www.facebook.com/pages/ပျိုမေတို့သိစေဖို့/201439940048607
သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။ သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...