Friday, February 21, 2014

ခေါင်းပန်းစုံတဲ့ ဒင်္ဂါးပြား


Photo: ခေါင်းပန်းစုံတဲ့ ဒင်္ဂါးပြား

ဆရာသုတ

Job Seekers Journal Vol.2,No.37

ရှေးတုန်းက ရွာကြီးတစ်ရွာမှာနေကြတဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးကလေး ဇနီးမောင်နှံနှစ်ဦးမှာ သားယောက်ျားလေး မွေးဖွားလာတယ်။ နားလည်တတ် ကျွမ်းသူတွေဆီမှာဇာတာဖွဲ့ခိုင်းတော့ဒီကလေးဟာဘုရင်မင်းတို့နဲ့နီးစပ်သူဖြစ် မယ်။ ဘုရင်မင်းတို့အနားမှာ ခစားရပြီး ဘုရင်မင်းတို့ရဲ့ ယုံကြည်မှုကိုရရှိမယ်။ အင်မတန် ဘုန်းတန်ခိုးအာဏာကြီးမယ့် ကလေးဖြစ်တယ်လို့ ဟောလိုက်ပါ တယ်။ ကလေးရဲ့ အဖေနဲ့ အမေကလည်း အဲဒီဟောပြောချက်ကို ယုံကြည် တယ်။ ကလေးကိုလည်း မနက်ဖြန် သဘက်ခါဆိုသလိုပဲ မင်းခစား မှူးကြီး မတ်ရာ ဖြစ်လာတော့မယ် အတိုင်းဆက်ဆံတယ်။အနီးအနားမြို့တွေ ရွာတွေ ကဆရာတွေကိုအကုန်အကျခံပင့်ပြီးပညာရှိအမတ်ကြီးတွေတတ် သင့်တတ် ထိုက်တယ်လို့ထင်တဲ့ ပညာမှန်သမျှ လက်လှမ်းမီသရွေ့သင်ပေးတယ်။ အစစအရာရာ ဦးစားပေးတယ်။ ကလေးကလည်း တစ်နေ့မှာ ဘုရင့်ထံမှာ အမတ်ချုပ်ကြီးဖြစ်ဖြစ်၊ အမတ်ချုပ်ကြီးထက်ကြီးတဲ့ ရာထူးကြီးဖြစ်ဖြစ် မုချရ မှာပဲလို့ ယုံကြည်ပြီး ကြီးပြင်းလာပါသတဲ့။

 အဲဒီကလေး လူငယ်ဘ၀ရောက်တဲ့တစ်နေ့ကျတော့တကယ်ပဲ သူတို့ ရွာကိုမင်းသားတစ်ပါးရောက်လာတယ်။အမတ်ချုပ်ကြီးဖြစ်မယ်လို့ယုံကြည်နေတဲ့လူငယ်နဲ့တွေ့ပြီးခင်မင်ရင်းနှီးသွားတယ်။ မကြာပါဘူးမင်းသား က ဖခင် ရဲ့အရိုက်အရာကို ဆက်ခံပြီးဘုရင်ဖြစ်လာတယ်။ တောရွာမှာ တွေ့ဆုံ ရင်းနှီး ခဲ့တဲ့လူငယ်ကိုလည်းခေါ်ပြီး အတွင်းဝန်ခန့်တယ်။ အချိန်တိုအတွင်း ဘုရင်ရဲ့ အတွင်းရေးမှန်သမျှသိတဲ့သူ၊ ဘုရင့်လက်ရုံး၊ ဘုရင်ရဲ့ ယုံကြည်အားကိုးမှုကို အခံရဆုံးသူဖြစ်လာတယ်။ ဘုရင်ကြီးဟာနတ်ရွာစံ တဲ့အထိတစ်သက်လုံး မနက်မိုးလင်းရင်အဲဒီအတွင်းဝန်ဝန်ကြီးကို ခေါ်တယ်။ ညမိုးချုပ်စက်တော် မခေါ်ခင်မှာလည်းအဲဒီအတွင်းဝန်ဝန်ကြီးနဲ့ တွေ့တယ်။မနက်နဲ့ညအကြား နေ့ခင်းဘက်မှာလည်း အကြောင်းပေါ်ရင် ပေါ်သလိုခေါ်တွေ့သေးတယ်။ အဲဒီလောက်အထိ ဘုရင်ကြီးနဲ့ နီးစပ်မှု ရတဲ့ ၀န်ကြီးဖြစ်ပါတယ်။

 ဒီဖြစ်စဉ်ကလေးကိုကြည့်ရင် ငယ်စဉ်က ကလေးရဲ့ဇာတာကို ဘုရင် မင်းတို့နဲ့ နီးစပ်သူဖြစ်မယ်၊ မင်းတိုင်ပင်ဖြစ်မယ်၊ အမတ်ချုပ်ကြီး ဖြစ်မယ်၊ ဘုန်းတန်ခိုးအာဏာ အင်မတန်ကြီးမြင့်မယ်လို့ ဟောလိုက်တဲ့ ဟောပြော ချက်တွေရဲ့ အစွမ်းနဲ့ ထိရောက်မှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပထမဆုံး အဲဒီဟောပြောချက်တွေကိုယုံကြည်တဲ့ မိခင်ဖခင်တွေက ကလေးကို ပြုစု ပျိုးထောင်မွေးမြူပုံက မှူးကြီးမတ်ကြီးဖြစ်ဖို့ အသင့်ဖြစ်အောင် အစွမ်းရှိ သရွေ့ ပြင်ဆင်ပေးလိုက်တာဖြစ်တယ်။ ကလေးရဲ့စိတ်ထဲမှာလည်း ငါဟာ တစ်နေ့အမတ်ချုပ်ကြီးဖြစ်မယ့်သူ၊ တန်ခိုးအာဏာထက်မယ့်သူလို့ ယုံကြည် စိတ်ဝင်သွားပြီး အဲဒီအတိုင်း ဖြစ်အောင်လုပ်နိုင်တဲ့ စွမ်းအားတွေ၊ ရွေးချယ် မှုတွေ၊ အခြေအနေဖန်တီးမှုတွေ၊ ဆုံးဖြတ်ချက်တွေ ဆက်တိုက် ဖြစ်ပေါ် လာတယ်။ ဒါကြောင့်သာမန်လူတွေမမြင်နိုင်မသိနိုင်တဲ့ အတိတ်ကံကို ထည့်မတွက်ဘဲနဲ့တောင် ဒီဘ၀မှာ ကလေးနဲ့ကလေးရဲ့ မိသားစုက ကလေးနောင်ရေးအတွက်ပြောသမျှလုပ်သမျှ တွေးတောကြံစည်သမျှဟာ ကလေးတစ်နေ့ကျ အမတ်ချုပ်ကြီးဖြစ်လာဖို့ကို အထောက်အကူပြုလာ တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီလို ဟောကိန်းမျိုးဟာ သက်ဆိုင်ရာ အခြေအနေတွေလူပုဂ်္ဂိုလ်တွေနဲ့အံဝင်ခွင်ကျဖြစ်အောင် ဟောကိန်းထုတ်    
 နိုင်မယ်ဆိုရင်သူ့ဟာသူ မှန်လာအောင် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပြီး သက်ဆိုင်ရာ လူပုဂ်္ဂိုလ်တွေကိုလည်း ပြောင်းလဲသွားစေနိုင်တဲ့ အစွမ်းရှိတာမို့ မှားစရာရှိရင်တောင် မမှားတော့ဘဲ မှန်သွားတတ်တယ်။

    အခုလောက် ဖတ်ပြီးတဲ့အခါမှာ ဒီလိုစိတ်ပညာသဘောတရားပါတဲ့ နည်း လမ်းတွေနဲ့ အောင်မြင်မှုကိုရယူဖို့ တိုက်တွန်းမှာပဲလို့ထင်မလား မသိဘူး။ အဲဒီလိုမတိုက်တွန်းဝံ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့အဲဒီဖြစ်စဉ်ထဲက လူငယ် ဟာ တကယ်တမ်းကျတော့ ဘုရင်မလုပ်ချင်တဲ့ သုတ်သင်ရှင်း လင်းရေး၊ ပြေပြစ်ချောမွေ့အဆင်ပြေရေးကိစ်္စတွေကို အလိုက်တသိလုပ် တဲ့နေရာမှာ အင်မတန်တော်ရုံတင်မကလူသိမခံချင်တဲ့ကိစ္စတွေကို လူမသိ ရ အောင်စီစဉ်ရာမှာ ပိရိသေသပ်လွန်းအားကြီးလို့ အမိန့်အာဏာပြင်းထန် တဲ့အမတ်ချုပ်ကြီးဖြစ်လာတာပါ။ နှစ်ပေါင်းများစွာဘုရင်ကြီး နတ်ရွာစံတဲ့ အထိ အဲဒီအလုပ်မျိုးတွေချည်းလုပ်ခဲ့တော့နန်းတော်ကြီးတစ်ခုလုံးတင် မက တစ်ပြည်လုံးကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသူဖြစ်လာတယ်။ ဘုရင် ကြီးနတ်ရွာစံပြီးတော့ နောက်ဘုရင်အသစ်လည်း တက်လာရော နန်းတော် တစ်ခုလုံးတင်မကတစ်ပြည်လုံးကပါ ကြောက်နေရတဲ့ အမတ်ချုပ်ကြီးကို အလိုမရှိတော့ဘူး။ သူ့ရဲ့အာဏာတည်ဆောက်မှု လုပ်ငန်းမှာ အကြီးမားဆုံး အနှောင့်အယှက်လို့ မြင်တယ်။ အဲဒီတော့ အမတ်ချုပ်ကြီး ဘာမှမလုပ်နိုင်ခင် မှာပဲလက်ဦးမှုရယူပြီး သုတ်သင်ရှင်းလင်းပစ်လိုက်ပါတယ်။ သုတ်သင်ရှင်း လင်း ပုံကတော့ အိတ်ကြီးတစ်လုံးထဲကိုထည့်၊ အိတ်ကို ကြိုးနဲ့ချည်ပြီး ရေထဲ ကို နှစ်သတ်လိုက်တာ ဖြစ်ပါတယ်။

 ဒီအဆုံးသတ်ဖြစ်ရပ်ကိုသာမသိရဘူးဆိုရင်သိပ်ကောင်းမှာပဲ။ လောက ကြီး မှာအောင်မြင်မှုအတွက်နည်းလမ်းတွေရှိနေတာကိုတတ်နိုင် သလောက် သိအောင်လေ့လာသင်ယူ၊လက်တွေ့လည်းအားပါးတရကျင့်သုံးပြီးအောင်မြင် မှုအပေါင်းသရဖူဆောင်းရအောင်လုပ်၊ ဘယ်လောက်ကောင်းသလဲ။ ဒါပေမဲ့ ဒင်္ဂါးပြားတစ်ခုကို ခေါင်းချည်းပဲလည်း မရနိုင်၊ ပန်းချည်းပဲလည်း မရနိုင်၊ ခေါင်းချည်းပဲ ဒါမှမဟုတ် ပန်းချည်း ပဲဖြစ်အောင် ဒင်္ဂါးသွန်း စက်မှာ သွားပြီးသွန်းခိုင်းလို့ရတယ်ဆိုရင်တောင် အများလက်ခံ သုံးစွဲနေတဲ့ဒင်္ဂါးတော့ မဟုတ်နိုင်တော့သလို လောကမှာကျရှုံးမှုနဲ့ မပတ် သက်တဲ့ အောင်မြင်မှုဆို တာ မရှိနိုင်တဲ့ နိယာမတရားကတော့ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ အမှန် တရား ဖြစ်ပါတယ်။

Job Seekers Journal Vol.2,No.37

ေေေ ရှေးတုန်းက ရွာကြီးတစ်ရွာမှာနေကြတဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးကလေး ဇနီးမောင်နှံနှစ်ဦးမှာ သားယောက်ျားလေး မွေးဖွားလာတယ်။ နားလည်တတ် ကျွမ်းသူတွေဆီမှာဇာတာဖွဲ့ခိုင်းတော့ ဒီကလေးဟာ ဘုရင်မင်းတို့နဲ့နီးစပ်သူဖြစ်မယ်။ ဘုရင်မင်းတို့အနားမှာ ခစားရပြီး ဘုရင်မင်းတို့ရဲ့ ယုံကြည်မှုကိုရရှိမယ်။

အင်မတန် ဘုန်းတန်ခိုးအာဏာကြီးမယ့် ကလေးဖြစ်တယ်လို့ ဟောလိုက်ပါ တယ်။ ကလေးရဲ့ အဖေနဲ့ အမေကလည်း အဲဒီဟောပြောချက်ကို ယုံကြည် တယ်။ ကလေးကိုလည်း မနက်ဖြန် သဘက်ခါဆိုသလိုပဲ မင်းခစား မှူးကြီး မတ်ရာ ဖြစ်လာတော့မယ် အတိုင်းဆက်ဆံတယ်။အနီးအနားမြို့တွေ ရွာတွေ ကဆရာတွေကိုအကုန်အကျခံပင့်ပြီးပညာရှိအမတ်ကြီးတွေတတ် သင့်တတ် ထိုက်တယ်လို့ထင်တဲ့ ပညာမှန်သမျှ လက်လှမ်းမီသရွေ့သင်ပေးတယ်။ အစစအရာရာ ဦးစားပေးတယ်။ ကလေးကလည်း တစ်နေ့မှာ ဘုရင့်ထံမှာ အမတ်ချုပ်ကြီးဖြစ်ဖြစ်၊ အမတ်ချုပ်ကြီးထက်ကြီးတဲ့ ရာထူးကြီးဖြစ်ဖြစ် မုချရ မှာပဲလို့ ယုံကြည်ပြီး ကြီးပြင်းလာပါသတဲ့။

အဲဒီကလေး လူငယ်ဘ၀ရောက်တဲ့တစ်နေ့ကျတော့တကယ်ပဲ သူတို့ ရွာကိုမင်းသားတစ်ပါးရောက်လာတယ်။အမတ်ချုပ်ကြီးဖြစ်မယ်လို့ယုံကြည်နေတဲ့လူငယ်နဲ့တွေ့ပြီးခင်မင်ရင်းနှီးသွားတယ်။ မကြာပါဘူးမင်းသား က ဖခင် ရဲ့အရိုက်အရာကို ဆက်ခံပြီးဘုရင်ဖြစ်လာတယ်။ တောရွာမှာ တွေ့ဆုံ ရင်းနှီး ခဲ့တဲ့လူငယ်ကိုလည်းခေါ်ပြီး အတွင်းဝန်ခန့်တယ်။ အချိန်တိုအတွင်း ဘုရင်ရဲ့ အတွင်းရေးမှန်သမျှသိတဲ့သူ၊ ဘုရင့်လက်ရုံး၊ ဘုရင်ရဲ့ ယုံကြည်အားကိုးမှုကို အခံရဆုံးသူဖြစ်လာတယ်။ ဘုရင်ကြီးဟာနတ်ရွာစံ တဲ့အထိတစ်သက်လုံး မနက်မိုးလင်းရင်အဲဒီအတွင်းဝန်ဝန်ကြီးကို ခေါ်တယ်။ ညမိုးချုပ်စက်တော် မခေါ်ခင်မှာလည်းအဲဒီအတွင်းဝန်ဝန်ကြီးနဲ့ တွေ့တယ်။မနက်နဲ့ညအကြား နေ့ခင်းဘက်မှာလည်း အကြောင်းပေါ်ရင် ပေါ်သလိုခေါ်တွေ့သေးတယ်။ အဲဒီလောက်အထိ ဘုရင်ကြီးနဲ့ နီးစပ်မှု ရတဲ့ ၀န်ကြီးဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကလေးကိုကြည့်ရင် ငယ်စဉ်က ကလေးရဲ့ဇာတာကို ဘုရင် မင်းတို့နဲ့ နီးစပ်သူဖြစ်မယ်၊ မင်းတိုင်ပင်ဖြစ်မယ်၊ အမတ်ချုပ်ကြီး ဖြစ်မယ်၊ ဘုန်းတန်ခိုးအာဏာ အင်မတန်ကြီးမြင့်မယ်လို့ ဟောလိုက်တဲ့ ဟောပြော ချက်တွေရဲ့ အစွမ်းနဲ့ ထိရောက်မှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပထမဆုံး အဲဒီဟောပြောချက်တွေကိုယုံကြည်တဲ့ မိခင်ဖခင်တွေက ကလေးကို ပြုစု ပျိုးထောင်မွေးမြူပုံက မှူးကြီးမတ်ကြီးဖြစ်ဖို့ အသင့်ဖြစ်အောင် အစွမ်းရှိ သရွေ့ ပြင်ဆင်ပေးလိုက်တာဖြစ်တယ်။ ကလေးရဲ့စိတ်ထဲမှာလည်း ငါဟာ တစ်နေ့အမတ်ချုပ်ကြီးဖြစ်မယ့်သူ၊ တန်ခိုးအာဏာထက်မယ့်သူလို့ ယုံကြည် စိတ်ဝင်သွားပြီး အဲဒီအတိုင်း ဖြစ်အောင်လုပ်နိုင်တဲ့ စွမ်းအားတွေ၊ ရွေးချယ် မှုတွေ၊ အခြေအနေဖန်တီးမှုတွေ၊ ဆုံးဖြတ်ချက်တွေ ဆက်တိုက် ဖြစ်ပေါ် လာတယ်။ ဒါကြောင့်သာမန်လူတွေမမြင်နိုင်မသိနိုင်တဲ့ အတိတ်ကံကို ထည့်မတွက်ဘဲနဲ့တောင် ဒီဘ၀မှာ ကလေးနဲ့ကလေးရဲ့ မိသားစုက ကလေးနောင်ရေးအတွက်ပြောသမျှလုပ်သမျှ တွေးတောကြံစည်သမျှဟာ ကလေးတစ်နေ့ကျ အမတ်ချုပ်ကြီးဖြစ်လာဖို့ကို အထောက်အကူပြုလာ တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီလို ဟောကိန်းမျိုးဟာ သက်ဆိုင်ရာ အခြေအနေတွေလူပုဂ်္ဂိုလ်တွေနဲ့အံဝင်ခွင်ကျဖြစ်အောင် ဟောကိန်းထုတ်
နိုင်မယ်ဆိုရင်သူ့ဟာသူ မှန်လာအောင် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပြီး သက်ဆိုင်ရာ လူပုဂ်္ဂိုလ်တွေကိုလည်း ပြောင်းလဲသွားစေနိုင်တဲ့ အစွမ်းရှိတာမို့ မှားစရာရှိရင်တောင် မမှားတော့ဘဲ မှန်သွားတတ်တယ်။

အခုလောက် ဖတ်ပြီးတဲ့အခါမှာ ဒီလိုစိတ်ပညာသဘောတရားပါတဲ့ နည်း လမ်းတွေနဲ့ အောင်မြင်မှုကိုရယူဖို့ တိုက်တွန်းမှာပဲလို့ထင်မလား မသိဘူး။ အဲဒီလိုမတိုက်တွန်းဝံ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့အဲဒီဖြစ်စဉ်ထဲက လူငယ် ဟာ တကယ်တမ်းကျတော့ ဘုရင်မလုပ်ချင်တဲ့ သုတ်သင်ရှင်း လင်းရေး၊ ပြေပြစ်ချောမွေ့အဆင်ပြေရေးကိစ်္စတွေကို အလိုက်တသိလုပ် တဲ့နေရာမှာ အင်မတန်တော်ရုံတင်မကလူသိမခံချင်တဲ့ကိစ္စတွေကို လူမသိ ရ အောင်စီစဉ်ရာမှာ ပိရိသေသပ်လွန်းအားကြီးလို့ အမိန့်အာဏာပြင်းထန် တဲ့အမတ်ချုပ်ကြီးဖြစ်လာတာပါ။ နှစ်ပေါင်းများစွာဘုရင်ကြီး နတ်ရွာစံတဲ့ အထိ အဲဒီအလုပ်မျိုးတွေချည်းလုပ်ခဲ့တော့နန်းတော်ကြီးတစ်ခုလုံးတင် မက တစ်ပြည်လုံးကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသူဖြစ်လာတယ်။ ဘုရင် ကြီးနတ်ရွာစံပြီးတော့ နောက်ဘုရင်အသစ်လည်း တက်လာရော နန်းတော် တစ်ခုလုံးတင်မကတစ်ပြည်လုံးကပါ ကြောက်နေရတဲ့ အမတ်ချုပ်ကြီးကို အလိုမရှိတော့ဘူး။ သူ့ရဲ့အာဏာတည်ဆောက်မှု လုပ်ငန်းမှာ အကြီးမားဆုံး အနှောင့်အယှက်လို့ မြင်တယ်။ အဲဒီတော့ အမတ်ချုပ်ကြီး ဘာမှမလုပ်နိုင်ခင် မှာပဲလက်ဦးမှုရယူပြီး သုတ်သင်ရှင်းလင်းပစ်လိုက်ပါတယ်။ သုတ်သင်ရှင်း လင်း ပုံကတော့ အိတ်ကြီးတစ်လုံးထဲကိုထည့်၊ အိတ်ကို ကြိုးနဲ့ချည်ပြီး ရေထဲ ကို နှစ်သတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအဆုံးသတ်ဖြစ်ရပ်ကိုသာမသိရဘူးဆိုရင်သိပ်ကောင်းမှာပဲ။ လောက ကြီး မှာအောင်မြင်မှုအတွက်နည်းလမ်းတွေရှိနေတာကိုတတ်နိုင် သလောက် သိအောင်လေ့လာသင်ယူ၊လက်တွေ့လည်းအားပါးတရကျင့်သုံးပြီးအောင်မြင် မှုအပေါင်းသရဖူဆောင်းရအောင်လုပ်၊ ဘယ်လောက်ကောင်းသလဲ။ ဒါပေမဲ့ ဒင်္ဂါးပြားတစ်ခုကို ခေါင်းချည်းပဲလည်း မရနိုင်၊ ပန်းချည်းပဲလည်း မရနိုင်၊ ခေါင်းချည်းပဲ ဒါမှမဟုတ် ပန်းချည်း ပဲဖြစ်အောင် ဒင်္ဂါးသွန်း စက်မှာ သွားပြီးသွန်းခိုင်းလို့ရတယ်ဆိုရင်တောင် အများလက်ခံ သုံးစွဲနေတဲ့ဒင်္ဂါးတော့ မဟုတ်နိုင်တော့သလို လောကမှာကျရှုံးမှုနဲ့ မပတ် သက်တဲ့ အောင်မြင်မှုဆို တာ မရှိနိုင်တဲ့ နိယာမတရားကတော့ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ အမှန် တရား ဖြစ်ပါတယ်။
ဆရာသုတ
— with Saw Shwe Htay

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...