Saturday, February 22, 2014

* Knowledge Management ဆိုတာဘာပါလဲ*


အမှန်တကယ်က ကျွန်တော် Knowledge Management လို့ ခေါင်းစဉ်မတပ်ချင်ပါဘူး။ Knowledge ဆိုတာက ဗဟုသုတ ရနိုင်သလောက်ရှာဖွေမယ်တဲ့ ရည်ရွယ်ချက်နဲ့ Management ဆိုတာက “Resouces are limited” အရင်းအမြစ်တွေက သတ်မှတ် ကန့်သတ်ချက်ရှိတယ်ဆိုတာချည်းနဲ့ ထော်လော် ကန့်လန့်ဖြစ်နေလို့ပါ။
ဒါပေသိ KM ဆိုတာ ဗဟုသုတကို ဘယ်လိုရရှိအောင် စီမံဆောင်ရွက်မလဲလို့ပဲ အဓိပ္ပါယ်ကောက်လိုက်ချင်ပါတယ်။

Knowledge ကို ဖွင့်ဆိုထားတဲ့ အနက်တွေက တစ်ခုကို ပြောရရင် “ Knowledge ဆိုတာ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်သော အသိဥာဏ်စွမ်းအား” လို့လည်းဆိုကြသလို အလွယ်အနေနဲ့ “Knowing what to do” လို့လည်း မှတ်သားနိုင်ပါတယ်။

KM ဟာ ၁၉၉၀ အစောပိုင်းကာလများဆီက စတင်ပေါ်ထွက်လာတာဖြစ်ပြီး ကမ္ဘာ့ပထမဆုံး CKO (Chief Knowledge Officer) အနေနဲ့ Leif Edvinsson (Sweden)က စတင် ဖော်ထုတ်လာတာဖြစ်ပါတယ်။ Columbia Univeristy နဲ့ Kent State University မှာ Master of Science (KM)ဘွဲ့ကိုတောင် ချီးမြှင့်လာပါတယ်။ ဒီထဲက Knowledge Management ဆိုတာဘာလဲ ဆိုတာကို အပေါ်ယံ သိသလောက်မှတ်သလောက်လေးကို နည်းနည်းဖော်ထုတ်ကြည့်တာသာ ဖြစ်ပါတယ်။

“မကြားစဖူး၊ ကြားဖူးထပ်မံပေါ့”ဗျာ။ ငယ်ငယ်တုန်းက ပုံပြင်လေးတွေ ကာတွန်းလေးတွေမှာ တောရိုင်းတောကောင်လေးတွေနဲ့ ပုံဖော်ထားတဲ့ ကျားငစဉ်းလဲတို့၊ မြေခွေးငကောက်တို့ရဲ့ မကောင်းတဲ့ စရိုက်လက္ခဏာတွေ၊ ယုန်ပညာရှိငယ်၊ ဦးဇီးကွက်ပညာရှိကြီးတို့ရဲ့ သူတော်ကောင်းပုံရိပ်တွေ ဖတ်ခဲ့ရဘူးပါတယ်။ ဒါတွေဟာ ငယ်ငယ်က ဖတ်ခဲ့မှတ်ခဲ့ပီတိဖြစ်ခဲ့ရတဲ့ ကာတွန်းဇာတ်လမ်းတွေပေါ့။ ဇီးကွက်ကြီးကတော့ဖြင့် သူ့ရဲ့ ဥာဏ်ပညာနဲ့ ဘယ်လိုဘယ်ပုံ ဆုံးဖြတ်ခဲ့တာ ယုန်ငယ်ကတော့ဖြင့် မြေခွေးနဲ့ ဖျံတို့ရဲ့ ငါးအဝေမတည့်မှု ဖြေရှင်းပေးခဲ့ပုံ စသဖြင့် ပုံပြင်ဇာတ်လမ်းတော်တော်များများ သဘောခွေ့ခဲ့ဖူးမှာပါ။ ဒါက ကလေးဘ၀ အားကျခဲ့ရတဲ့ ဗဟုသုတကြွယ်ဝမှုရှိတဲ့ ဥာဏ်ပညာနဲ့ ဆိုင်တဲ့ “ပညာရဲရင့် ပွဲလယ်တင့်”ဇာတ်လမ်းငယ်လေးတွေ ပေါ့ဗျာ။ အခု အသက်အရွယ်ရောက်လာ လုပ်ငန်းခွင်ထဲလည်း ရောက်လာကော ကျနော်တို့မှာ အလုပ်တွေ ကောင်းစွာလုပ်နိုင်ဖို့၊ မိမိပတ်ဝန်းကျင်ကို အထောက်အကူပြုဖို့၊ ကြုံဆုံနေရတဲ့ အခက်အခဲတွေ ဖြေရှင်းတတ်ဖို့၊ အသစ်အသစ်သော အရာတွေကို ဖန်တီးဖို့အတွက် ပညာဗဟုသုတတွေအများကြီး လိုအပ်လာပါတယ်။

Knowledge (ဗဟုသုတပညာ)ဆိုတာ ဘယ်ကရသလဲ ဘယ်လိုသိတာလဲလို့ Analysis လုပ်ထားတာတွေကို ရှာကြည့်လိုက်တဲ့အခါ တစ်ခုက Intangible Knowledge (Tacit Knowledge မပြောပဲသိနေတတ်တဲ့ ဗဟုသုတ) နဲ့ Tangible Knowledge (Explicit Knowledge ရှင်းရှင်းလင်းလင်းဖော်ပြမှ သိတဲ့ ဗဟုသုတ) ကို သွားတွေ့ပါတယ်။ ကျနော် ဖတ်ခဲ့ဖူးမှတ်ခဲ့ဖူးတဲ့ Tacit Knowledge Equation က

Tacit Knowledge = Education + Reading + Experience

ကျနော် ဆန္ဒအရထပ်ဖြည့်လိုက်တာက

Tacit Knowledge = Education + Reading + Experience + Discussion + Observation

ငယ်စဉ်ဘ၀က ကျောင်းပညာရေးနဲ့ စတင်ထိတွေ့ခဲ့ရတဲ့ Education ကပေးတဲ့ Knowledge ၊ စာဖတ်ခြင်းက ရလာတဲ့ Reading Knowledge ၊ ဘ၀အတွေ့အကြုံကို အခြေခံပြီးရလာတဲ့ Experience Knowledge ၊ လုပ်ငန်းတူ၊ ၀ါသနာတူ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဆွေးနွေးလို့ရလာတဲ့ Discussion Knowledge နဲ့ Observation Knowledge ကတော့ ကိုယ့်မျက်စိနဲ့မြင် နားနဲ့ကြားရသမျှကို စောင့်ကြည့်မှတ်သားနေတတ်တာပါဘဲ။ ဒါတွေက စိတ်ထဲ၊ ဦးနှောက်ထဲကနေ Skill တစ်ခုအနေနဲ့ သိလိုက်တာမျိုး နောက်ပြီး ရုတ်တရက်ဆိုသလို အလိုလို သိခဲ့ဖူးတာမျိုးဟာ Intangible Knowledge မျိုးဖြစ်တယ်။ Tacit Knowledge ကို Creative Thinking နဲ့ Problem Solving လိုကြုံဆုံရတဲ့ အခါမျိုးမှာ အကျိုးရှိစွာ အသုံးချနိုင်ပါတယ်။ နောက်ထပ် Explicit Knowledge Equation က

(1) Data + Information = Knowledge
(2) Data + Information + Knowledge = Wisdom
(3) Data + Information + Knowledge + Wisdom = Enlightenment

Data, Information နဲ့ Knowldege မှာ လုပ်ရမယ့် တာဝန်တွေက
(A) Data = Collecting (စုဆောင်း) + Organizing (စုစည်း)
(B) Information = Summarizing (အနှစ်ချုပ်) + Analyzing (ခွဲခြမ်းစိတ်ဖြာ)
(C) Knowledge = Synthesizing (စုပေါင်းညှိနှိုင်း) + Decision Making (ဆုံးဖြတ်ချက်ချ) ဆိုတဲ့ လုပ်ဆောင်မှုတွေပါဘဲ။ ဒါကြောင့် Explicit Knowledge ကို Collecting Method လို့ အလွယ်တကူမှတ်သားနိုင်ပြီး Tacit Knowledge ကိုတော့ Connecting method လို့ အလွယ်တကူ မှတ်သားထားနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံ အမေရိကန် ဘာကြောင့် သည်းသည်းလှုပ် Data တွေ Information တွေ စုဆောင်းနေရပါသလဲ။ လက်ရှိ ပါဝါကို ထိန်းထားနိုင်ဖို့နဲ့ အရေးကြီးကိစ္စတွေမှာ Decision Making ဆုံးဖြတ်ချက် ထိရောက်မှန်ကန်စွာ ချမှတ်နိုင်ရေးအတွက်ပါဘဲ။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ဟာ နေ့စဉ်လုပ်ငန်းခွင်မှာလည်း Explicit Knowledge ကို ထိရောက်မှန်ကန်စွာ အသုံးချသင့်ပါတယ်။ Wisdom ကတော့ Knowledge ကို ကျော်လွန်ကာ Leadership ဦးဆောင်မှုအဆင့် Strategic Adjustment Level အထိ ရောက်ရှိလာကာ Enlightenment ကတော့ အိုင်းစတိုင်း၊ စတီဗင်ဟော့ကင်းတို့ကဲ့သို့ Relativity Theory၊ Big Bang Theory ကို နားလည် သဘောပေါက်သည်အထိ ဥာဏ်အလင်းပွင့်လာပါတော့တယ်။

Tacit Knowledge နဲ့ Explicit Knowledge အပြင် နောက်ထပ် တစ်မျိုးရှိပါသေးတယ်။ အဲဒါက Implicit Knowledge (အကြွင်းမဲ့ဗဟုသုတ) ဒါဟာ လူတိုင်းလူတိုင်းမှာတော့ ရှိတတ်တဲ့ Knowledge တော့ မဟုတ်ပါဘူး။ အမြဲလို အရာရာတိုင်းကို သိချင်စိတ် အရမ်းပြင်းပြလွန်းလို့ ဖြစ်ပေါ်လာရတဲ့ အကြွင်းမဲ့ဗဟုသုတဟာ ရံဖန်ရံခါမှာတော့ ရှိရင်းစွဲလမ်းကြောင်းပေါ်ကတောင် သွေဖယ်သွားနိုင်ပါတယ်။ အားသာချက်အနေနဲ့ကတော့ Explicit Knowledge ကို အကောင်အထည်ဖော်ပေးနိုင်တာဟာ Implicit Knowledge ပါဘဲ။

ကျနော်တို့ဟာ စကြာဝဠာကြီးဆိုတဲ့ စက်ဝိုင်းထဲမှာ နေကြတယ်ဆိုပါစို့။ ကျွန်တော်တို့ သိတယ်ဟု ထင်သော အကြောင်းအရာများ၊ ကျွမ်းကျင်မှုများသည် ရာခိုင်နှုန်းအချိုးအရဆိုလျှင် 0.000000000000001% ခန့်လောက်ပင်ရှိမည်မထင်။ ထိုသိထားသော ရာခိုင်နှုန်း အနည်းငယ်ခန့်ကိုပင် အကုန်သိသလားဟု ဆန်းစစ်ကြည့်ပြန်တော့လည်း 100% မှာ 20% ခန့်သာသာလောက်သာ သိတာပါ။ မိမိသိထားသမျှကို ပြန်လည် ဝေမျှမှသာလျှင် 80% လောက်သာ မှတ်မိတာပါ။ ၁၃ရာစု ၁၄ရာစု လောက်က သင်္ဘောတည်ဆောက်ခြင်း အတတ်ပညာမှာ တရုတ်တို့ဟာ ကမ္ဘာမှာ အတော်ဆုံးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဧကရာဇ်မင်းတွေရဲ့ မယုံကြည်မှု အခြေခံ ကန့်သတ်မှုတွေကြောင့် သင်္ဘောတည်ဆောက်ခြင်း အတတ်ပညာ မှေးမှိန်သွားခဲ့ပြီး ဥရောပသားတို့ရဲ့ ခေါင်းထောင် သြဇာလွှမ်းမိုးမှုတို့ ခံခဲ့ရပါတယ်။ အရှေ့တိုင်းသားများရဲ့ 100% သိထားပေမဲ့ 100% of 1ဆိုတဲ့မူကိုကိုင် ကိုယ်သိထားတာလေးတွေကို ကိုယ့်ဘာသာ ဥထားတတ်တဲ့ အကျင့်တွေ ၊ ကိုယ်က ဝေမျှပေးချင်သော်လည်း ထိန်းချုပ်ကန့်သတ်မှုဘောင်တွေကြောင့် မဝေမျှနိုင်ဖြစ်ခဲ့ရတဲ့ အဟောသိကံ ဖြစ်ခဲ့ရတာတွေဟာ Knowledge Deficit ဆိုတဲ့ အသိတွေ နောက်ကျခဲ့ရတယ်။

ယနေ့ခေတ် Internet ခေတ် IT ခေတ်လည်းရောက်လာတဲ့အခါ Google, Facebook စတဲ့ Search Engine တွေ Social Network တွေကြောင့် ကိုယ်သိထားတဲ့ 1% ကိုတောင် 1% of 1,000,000 ထိဖြစ်အောင် အလွယ်တကူဝေမျှလာနိုင်ခဲ့ပါတယ်။ Knowledge Gap Different သိပ်မဖြစ်လာတော့ပါဘူး။ ဒီနေရာမှာ အရေးကြီးတာက လက်ခံနိုင်ဖို့ စိတ်ဓာတ် Open-minded နဲ့ ခွဲခြမ်းစိတ်ဖြာတတ်တဲ့ ဆင်ခြင်တုံတရားဥာဏ် Critical & Reasoning Skills ရှိရင်သိပ်ကောင်းမှာပဲ။ နောက်ထပ် Media Literacy ဆိုတဲ့ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ကျင့်သုံးတဲ့ မီဒီယာစာပေတတ်မြောက်ခြင်းကိုပါ တီးမိခေါက်မိထားရင် ပိုကောင်းတာပေါ့။ နောက်ပြီး ကျနော်တို့ Self-interest Knowledge ကိုယ့်အသိအတွက်ပဲ ကိုယ်ဖြည့်တဲ့ 3Ls (Life Long Learning) တင်မကတော့ပါဘူး. Universal-interest Knowledge 4Ls (Life Long Learning and Legacy) ဘ၀တစ်လျှောက်လုံး သင်ယူလေ့လာယုံတင်မက ကိုယ်သင်ယူလေ့လာထားခဲ့သမျှဟာလည်း နောက်လူတွေအတွက် သမိုင်းအမွေအနှစ်ပါ ကျန်ရစ်နေခဲ့ရမယ်ဆိုတာပါဘဲ။

အဖွဲ့အစည်းတွေအတွက် KM approach ချည်းကပ်နည်းတွေအများကြီး ကျန်ပါသေးတယ်။ ဒီထဲက Knowledge ဆိုတာ ဘာလဲ ဆိုတာလောက်သာ ဖော်ထုတ်ရေးသားလိုက်တာဖြစ်ပါတယ်။ မိတ်ဆွေများထဲက KM ကို လေ့လာချင်တယ်ဆိုရင်တော့ Reference books အညွှန်းတွေ ညွှန်းလိုက်ပါမယ်။
Abrahamson, E. & Fairchild, G. (1999). Management fashion: lifecycles, triggers, and collective learning processes. Administrative Science Quarterly, 44, 708-740.
Davenport, Thomas H. (1994), Saving IT's Soul: Human Centered Information Management. Harvard Business Review, March-April, 72 (2)pp. 119-131. Duhon, Bryant (1998), It's All in our Heads. Inform, September, 12 (8).
Durham, Mary. (2004). Three Critical Roles for Knowledge Management Workspaces. In M.E.D. Koenig & T. K. Srikantaiah (Eds.), Knowledge Management: Lessons Learned: What Works and What Doesn't. (pp. 23-36). Medford NJ: Information Today, for The American Society for Information Science and Technology.
Koenig, M.E.D. (1990) Information Services and Downstream Productivity. In Martha E. Williams (Ed.), Annual Review of Information Science and Technology: Volume 25, (pp. 55-56). New York, NY: Elseview Science Publishers for the American Society for Information Science.
Koenig, M.E.D. (1992). The Information Environment and the Productivity of Research. In H. Collier (Ed.), Recent Advances in Chemical Information, (pp. 133-143). London: Royal Society of Chemistry. Mazzie, Mark. (2003). Personal Communication.
McInerney, Claire. M and Koenig, Michael E. D., (2011), Knowledge Management (KM) processes in Organizations: Theoretical Foundations and Practice , Morgan and Claypool.
Nonaka, I. & Takeuchi, H. (1995). The knowledge creating company: How Japanese Companies Create the Dynamics of Innovation. New York: Oxford University Press.
Ponzi, Leonard., & Koenig, M.E.D. (2002). Knowledge Management: Another Management Fad?" Information Research, 8(1). Retrieved from http://informationr.net/ir/8-1/paper145.html
Ponzi, L., & Koenig, M.E.D. (2002). Knowledge Management: Another Management Fad?", Information Research, 8(1). Retrieved from http://informationr.net/ir/8-1/paper145.html
Prusak, Larry. (1999). Where did Knowledge Management Come From?. Knowledge Directions, 1(1), 90-96. Prusak, Larry. (2004). Personal Communication.
Senge, Peter M.. (1990). The Fifth Discipline: The Art & Practice of the Learning Organization. New York, NY: Doubleday Currency.
Wenger, Etienne C. (1998). Communities of practice: Learning, meaning and identity. Cambridge: Cambridge University Press.
Wenger, Etienne C. & Snyder, W. M. (1999). Communities of practice: The organizational frontier. Harvard Business Review, 78(1), 139-145.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...