Monday, February 24, 2014

ညီလေးထံသို့ ပေးစာ

ညီလေး.......ထံသို့ ပေးစာ

ပြောပြချင်တယ် ညီလေးရေ.....

မင်း မွေးဖွားကြီးပြင်းခဲ့တဲ့ ညောင်လေးပင်မြို့ဟာ
တို့တိုင်းပြည်ရောင်စုံသူပုန်ထလို့
ရန်ကုန်အစိုးရလို့ အခေါ်ခံရစဉ်တုန်းက
ဝါးရင်းတုတ်တစ်လက်နဲ့
အချုပ်အခြာအာဏာကို သိမ်းပိုက်နိုင်တဲ့ထိတာဝန်ကျေခဲ့တဲ့
ရှေ့တန်းစစ်မြေပြင်စခန်းအဖြစ် ရွပ်ချွံခဲ့ဖူးဆိုတာ ......

ချိုင့်ခွက်တွေ ဗရပွနဲ့ ဖုန်တစ်လုံးလုံးထလို့
နန်းချခံထားရတဲ
ဟောဒီ ဗိုလ်ချုပ်လမ်းမကြီးဟာ
တစ်ချိန်က
အထက်အောက်ကုန်စည် စုန်ဆန်စီးလို့
တ၀ီဝီ ဟိုင်းဝေးကားသံတွေနဲ့
တစ်ညလုံး မအိပ်ခဲ့တဲ့လမ်းဆိုတာ .......

မြက်ရိုင်းတွေ အပြိုင်းအရိုင်းထ
ငိုက်မြည်းနေတဲ့ ဂိုး တိုင်နှစ်ခုကြားက
အဲဒီ နွားစားကျက်ကြီးဟာ
တစ်ချိန်က
ကိုယ်တို့ ကျောင်းအသင်း
ကိုယ်တို့ မြို့နယ်အသင်းကို
လက်ခမောင်းခတ် အားပေးခဲ့ဖူးတဲ့
မြို့နယ်အားကစားကွင်းဖြစ်ခဲ့ဖူးတယ်ဆိုတာ......


 "သူ့ကျွန်မခံပြီ" ကြည့်ရင်း
အမှောင်ထုထဲက ခုံလေးမှာထိုင်
လက်သီးကိုဆုပ် အံကိုကြိတ်ရတဲ့အထိ
ဇာတိသွေးဇာတိမာန် တက်ကြွလာအောင် တာဝန်ကျေခဲ့တဲ့
ကိုယ်တို့မြို့ရဲ့ တစ်ခုတည်းသော YMBA ရုပ်ရှင်ရုံဟာ
အဲဒီ ၀ါကျင်ကျင် နဲ့ ရေညှိတွေ တက်နေတဲ့
ဗန်ဒါပင်နောက်က တိုက်အိုကြီးဆိုတာ ........


ကြည့်စမ်း.....ညီလေး
အမိုးစုတ်နဲ့ ၀ါးထရံကိုအကာလုပ်
ဖရိုဖရဲ ကြက်ခြံတွေ သပ်ရိုက်ခံထားရတဲ့
ဟောဟိုက ကွင်းပြင်ကြီးဟာ
ကိုယ်တို့ငယ်ငယ်က
နေ့ထူးနေ့မြတ်တွေတိုင်း
အနီရောင်အောက်ခံမှာအပြာရောင်လေးထောင့်ကွက်နဲ့
ညီတူကြယ်ဖြူ ဆယ့်လေးလုံးကို ဦးညွှတ်လို့
ကိုယ်တို့နယ်သားတွေရဲ့ စည်းလုံခြင်းစိတ်ဓါတ်တွေချပြခဲ့တဲ့
" ပြည်ထောင်စု" ကွင်း ကြီးဖြစ်တယ်ဆိုတာ.......

ကြာတော့လဲ....ကြာခဲ့ပါပြီ ညီလေးရေ......။

မှာချင်တယ် ညီလေးရေ ......
မီးရောင်တွေ တစ်ခမ်းတစ်နားနဲ့ရောင်စုံမြို့ပြကိုမြင်တိုင်း
၂၄ နာရီမီးပြတ်နေတတ်တဲ့
ကိုယ်တို့မြို့လေးကိုသတိရပါ...။
spagehhti နဲ့ roast ကိုစားတိုင်း
ကိုယ်တို့ နယ်လေးရဲ့ ထမင်းဝိုင်းပေါ်က
ငပိရည်နဲ့ တို့စရာလေးကိုသတိရနေပေးပါ....။
လွမ်းမောစရာ အတိတ်နဲ့
ပြောင်းလဲခြင်းတွေနောက်က မပြောင်းလဲပဲနောက်ကျကျန်နေတဲ့
အဲဒီ ညောင်လေးပင်မြို့ဆိုတာ
မင်းကိုမြေတောင်မြှောက်ပေးလိုက်တဲ့ မြို့လေးဆိုတာ သတိရနေပေးပါ.....။
ဘယ်နေရာပဲရောက်နေနေ
မင်းဟာ ညောင်လေးပင်မြို့သားပါ ငါ့ညီလေး။
ဒါပါပဲ....ညီလေးရေ....။


နေမျိုးထက် (အဝေးမြေ)

  ပြောပြချင်တယ် ညီလေးရေ.....
မင်း မွေးဖွားကြီးပြင်းခဲ့တဲ့ ညောင်လေးပင်မြို့ဟာ
တို့တိုင်းပြည်ရောင်စုံသူပုန်ထလို့
ရန်ကုန်အစိုးရလို့ အခေါ်ခံရစဉ်တုန်းက
ဝါးရင်းတုတ်တစ်လက်နဲ့
အချုပ်အခြာအာဏာကို သိမ်းပိုက်နိုင်တဲ့ထိ တာဝန်ကျေခဲ့တဲ့
  ရှေ့တန်းစစ်မြေပြင်စခန်းအဖြစ် ရွပ်ချွံခဲ့ဖူးဆိုတာ ......

ချိုင့်ခွက်တွေ ဗရပွနဲ့ ဖုန်တစ်လုံးလုံးထလို့
နန်းချခံထားရတဲ
  ဟောဒီ ဗိုလ်ချုပ်လမ်းမကြီးဟာ
တစ်ချိန်က
အထက်အောက်ကုန်စည် စုန်ဆန်စီးလို့
တ၀ီဝီ ဟိုင်းဝေးကားသံတွေနဲ့
တစ်ညလုံး မအိပ်ခဲ့တဲ့လမ်းဆိုတာ .......

  မြက်ရိုင်းတွေ အပြိုင်းအရိုင်းထ
ငိုက်မြည်းနေတဲ့ ဂိုး တိုင်နှစ်ခုကြားက
အဲဒီ နွားစားကျက်ကြီးဟာ
တစ်ချိန်က
ကိုယ်တို့ ကျောင်းအသင်း
ကိုယ်တို့ မြို့နယ်အသင်းကို
လက်ခမောင်းခတ် အားပေးခဲ့ဖူးတဲ့
မြို့နယ်အားကစားကွင်းဖြစ်ခဲ့ဖူးတယ်ဆိုတာ......

"သူ့ကျွန်မခံပြီ" ကြည့်ရင်း
အမှောင်ထုထဲက ခုံလေးမှာထိုင်
လက်သီးကိုဆုပ် အံကိုကြိတ်ရတဲ့အထိ
ဇာတိသွေးဇာတိမာန် တက်ကြွလာအောင် တာဝန်ကျေခဲ့တဲ့
ကိုယ်တို့မြို့ရဲ့ တစ်ခုတည်းသော YMBA ရုပ်ရှင်ရုံဟာ
အဲဒီ ၀ါကျင်ကျင် နဲ့ ရေညှိတွေ တက်နေတဲ့
ဗန်ဒါပင်နောက်က တိုက်အိုကြီးဆိုတာ ........

ကြည့်စမ်း.....ညီလေး
အမိုးစုတ်နဲ့ ၀ါးထရံကိုအကာလုပ်
ဖရိုဖရဲ ကြက်ခြံတွေ သပ်ရိုက်ခံထားရတဲ့
ဟောဟိုက ကွင်းပြင်ကြီးဟာ
ကိုယ်တို့ငယ်ငယ်က
  နေ့ထူးနေ့မြတ်တွေတိုင်း
အနီရောင်အောက်ခံမှာ အပြာရောင်လေးထောင့်ကွက်နဲ့
ညီတူကြယ်ဖြူ ဆယ့်လေးလုံးကို ဦးညွှတ်လို့
ကိုယ်တို့နယ်သားတွေရဲ့ စည်းလုံခြင်းစိတ်ဓါတ်တွေချပြခဲ့တဲ့
" ပြည်ထောင်စု" ကွင်း ကြီးဖြစ်တယ်ဆိုတာ.......

ကြာတော့လဲ....ကြာခဲ့ပါပြီ ညီလေးရေ......။

မှာချင်တယ် ညီလေးရေ ......
မီးရောင်တွေ တစ်ခမ်းတစ်နားနဲ့ ရောင်စုံမြို့ပြကိုမြင်တိုင်း
၂၄ နာရီမီးပြတ်နေတတ်တဲ့
ကိုယ်တို့မြို့လေးကို သတိရပါ...။
spagehhti နဲ့ roast ကိုစားတိုင်း
ကိုယ်တို့ နယ်လေးရဲ့ ထမင်းဝိုင်းပေါ်က
ငပိရည်နဲ့ တို့စရာလေးကို သတိရနေပေးပါ....။
လွမ်းမောစရာ အတိတ်နဲ့
  ပြောင်းလဲခြင်းတွေနောက်က မပြောင်းလဲပဲနောက်ကျကျန်နေတဲ့
အဲဒီ ညောင်လေးပင်မြို့ဆိုတာ
မင်းကိုမြေတောင်မြှောက်ပေးလိုက်တဲ့ မြို့လေးဆိုတာ သတိရနေပေးပါ.....။
ဘယ်နေရာပဲရောက်နေနေ
မင်းဟာ ညောင်လေးပင်မြို့သားပါ ငါ့ညီလေး။
ဒါပါပဲ....ညီလေးရေ....။

  နေမျိုးထက် (အဝေးမြေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...