Saturday, February 22, 2014

သိမှတ်ဖွယ်ရာ စီးပွားရေးမူဝါဒများ

Kyaw Ba Thit

ဆိုရှယ်လစ်ဝါဒ
..................
ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်။
တစ်ကောင်ကို ဘေးအိမ် အလကားပေးလိုက်တယ်။

ကွန်မြူနစ်ဝါဒ
................
ခင်ဗျားမှာ နွားမနှစ်ကောင်ရှိတယ်။
  နှစ်ကောင်လုံးကို နိုင်ငံတော်က သိမ်းပြီး ခင်ဗျားကို နွားနို့နည်းနည်း ပြန်ပေးတယ်။


ဖက်ဆစ်ဝါဒ
...................
ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်။
  နှစ်ကောင်းလုံးကို နိုင်ငံတော်က သိမ်းပြီး ခင်ဗျားကို နွားနို့ ပြန်ရောင်းစားတယ်။

နာဇီဝါဒ
..........
ခင်ဗျားမှာ နွားမနှစ်ကောင်ရှိတယ်။
  နှစ်ကောင်းလုံးကို နိုင်ငံတော်က သိမ်းပြီး ခင်ဗျားကို ပစ်သတ်ထားခဲ့တယ်။

ဗြူရိုကရက်ဝါဒ
..................
ခင်ဗျားမှာ နွားမနှစ်ကောင်ရှိတယ်။
  နှစ်ကောင်းလုံးကို နိုင်ငံတော်က သိမ်းပြီး တစ်ကောင်ကို ပစ်သတ်တယ်၊ ကျန်တစ်ကောင်ဆီက နို့ညှစ်ပြီး အဝေးသွန်ပစ်တယ်။

ရိုးရာအရင်းရှင်ဝါဒ
......................
ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်။
တစ်ကောင်ရောင်းပြီး နွားသိုးတစ်ကောင် ၀ယ်၊ မျိုးဖောက်၊ စီးပွားရေးအဆင်ပြေလာတာနဲ့ ၀င်ငွေကို ထိုင်စားတယ်။

အမေရိကန်ကော်ပိုရေးရှင်း
.................................
ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်။
တစ်ကောင်ကို ရောင်းပြီး ကျန်တစ်ကောင်ကနေ လေးကောင်စာ နို့ညှစ်တယ်။ နောက်ပိုင်း စီးပွားရေးအတိုင်ပင်ခံတွေ ငှားပြီး ဒီနွားမ ဘာကြောင့် သေရတာလဲ ဆန်းစစ်ခိုင်းတယ်။

ဆွစ်ဇလန်ကော်ပိုရေးရှင်း
...............................
ခင်ဗျားမှာ နွားမ အကောင် ၅၀၀ ရှိတယ်။
တစ်ကောင်မှ ခင်ဗျားအပိုင်တော့ မဟုတ်ဘူး၊ ခင်ဗျားက ပိုင်ရှင်တွေဆီကနေ နွားမထိန်းခ ယူတယ်။

ဂျပန်ကော်ပိုရေးရှင်း
.........................
ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်၊
  နှစ်ကောင်လုံးကို ပုံမှန်နွားမထက် ၁၀ ပုံ ၁ ပုံ စာလောက် ဆိုက်သေးပြီး အဆနှစ်ဆယ်လောက် နို့ထွက်အောင် မျိုးဗီဇပြုပြင်ယူတယ်။ ပြီးရင် နွားမလိမ္မာကာတွန်းတွေ ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးကို ရောင်းစားတယ်။

မြောက်ကိုရီယားကော်ပိုရေးရှင်း
.......................................
ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်၊
အဲဒီနှစ်ကောင်ကို တစ်န့ လူအယောက် ၃၀၀ သုံးပြီး နို့ညှစ်တယ်။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါတဲ့အကြောင်း ကမ္ဘာကို ကြေငြာပြီး ဖြစ်ရပ်မှန်အတိုင်း သတင်းပို့တဲ့လူကို သေဒဏ်ချမှတ်တယ်။

အိန္ဒိယကော်ပိုရေးရှင်း
..........................
ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်၊
ခင်ဗျားက အဲဒီနှစ်ကောင်ကို ထိုင်ရှိခိုးတယ်။

  မြန်မာကော်ပိုရေးရှင်း
.........................
ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်၊
..... ?
.... ?

(ကွကို ဆက်ဖြည့် ကြိဂျဘာ....)

(Based on the joke from Zaw Zaw Maung's Wall)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...