Sunday, February 23, 2014

သင့်ရဲ့ဘဝကို သင်ကိုင်ဆောင်ထားတဲ့ ဘဝပေတံဖြင့် တိုင်းတာပါ


သား။ ။ ဖေဖေရာ ကျောင်းမှာ သားသူငယ်ချင်းတွေ အခုနောက်ဆုံးပေါ်ဖုန်းတွေ အပြိုင်အဆိုင်သုံးပြီး အရမ်းခေတ်မှီနေတာပဲ။ သားမှာတော့ ဒီ nokia ဖုန်းစုတ်လေးနဲ့ ရှက်လွန်းလို့ လူကြားထဲမှာ ထုတ်တောင်မကိုင်ရဲဘူး ဖေဖေရာ . . .။

ဖခင်။ ။ ငါ့သား ဖေဖေနဲ့လိုက်ခဲ့။

ဖခင်ဖြစ်သူဟာ သားကို ခေါ်၍ နီးစပ်ရာ ကုန်တိုက်တစ်သို့ သွားလေတယ်။

-(သားရဲ့ အတွေးမှာတော့ …)
ငါ့ဖေဖေ ငါ့ကိုအရမ်းချစ်တာပဲ။
ငါ့ကို ဖုန်းတစ်တစ်လုံး ဝယ်ပေးမှာ သေချာတယ်။
ဟာ!!! ဖေဖေ့ဆီမှာ ပိုက်ဆံအိတ်ယူလာတာ မတွေ့ရပါလား။

-(ဖခင်ရဲ့ အတွေးမှာတော့……)
ငါ့သားကို ပညာတွေသင်ပေးခဲ့တာ တက္ကသိုလ်ထိ ရောက်ခဲ့ပြီ။ ငါ့သားလေး လူ့လောက လူ့ဘဝအကြောင်း ဘာကိုမျှ နားမလည်သေးပါလား။ တကယ်လို့ ငါများ လူ့လောကမှာ မရှိတော့ရင် ငါ့သားလေး လူ့လောက ဘဝခရီး ဘယ်လိုများ ရှေ့ဆက်ပါ့မလဲ
ဟူးးးး

ဒီလိုနဲ့ ကုန်တိုက်သို့ ရောက်ခဲ့ပါပြီ။

သား။ ။ ဟာ ဖေဖေက ငါ့ကို ဖုန်းဆိုင်ခေါ်သွားတာ မဟုတ်ပါလား။

ဖခင်။ ။" ဒီမှာ ငါ့သား ဒီကုန်စုံဆိုင်ထဲမှာ ကုန်ပစ္စည်းအမျိုးမျိုးရှိသလို ဈေးနူန်းလည်း အမျိုးမျိုးရှိနေတယ် မဟုတ်လား လိုက်ကြည့်စမ်းပါ။

သား။ ။ ဟုတ်ကဲ့ပါ ဖေဖေ။
ဖခင်။ ။ ကုန်အမျိုးစားတူပါလျှက်နဲ့ အရည်အသွေးကွဲပြားပြီး ဈေးနှုန်းအမျိုးမျိုးကွဲပြားတာကော တွေ့ရဲ့လား။

သား။ ။ ဟုတ် တွေ့တယ် ဖေဖေ။

ဖခင်။ ။ အေး အဲ့လိုမျိုး ဘာကြောင့်ရှိရတာလဲ မင်းကို ပြောပြမယ် ငါ့သား။
ပစ္စည်းအရည်အသွေးနည်းနည်းကွာပြီး ဈေးနူန်းအမျိုးမျိုးရှိရတာ ဆင်းရဲချမ်းသာ လူတန်းစားမရွေး အသုံးပြုနိုင်ဖို့ပဲ။ ငွေကြေးချမ်းတဲ့သူတွေက ဈေးကြီးတာလေးတွေ ကောင်တာလေးတွေ သုံးကြတယ်။ ဖေဖေတို့လို ဆင်ရဲတဲ့သူတွေက ကိုယ့်အခြေအနေနဲ့ တတ်နိုင်တာလေးတွေ တကယ်လိုအပ်မှ ဝယ်သုံးနိုင်တယ်။ တစ်ချို့သော ပစ္စည်းတွေရဲ့ အရည်အသွေး အဆိုးအကောင်းဆိုတာ အသုံးပြုသူရဲ့ ရိုသေစွာသုံးစွဲမှု့ပေါ်မှာ မူတည်တယ် ငါ့သား။ ပြီးတော့ သူများတွေ သုံးတိုင်း သုံးချင်တဲ့ ဆန္ဒတစ်ခုနဲ့ ပစ္စည်းတစ်ခုကို ပြိုင်ဆိုင်ပြီး မသုံးရဘူး။ ပစ္စည်းတစ်ခုကို ငါ့သားဘဝရှေ့ရေးအတွက် တကယ်လိုအပ်မှ ဝယ်သုံးပါ။ ဘဝမှာ မလိုအပ်တဲ့အရာတွေကို ဦးစားပေးမိရင် တကယ်လိုအပ်တဲ့အရာတွေ ဆုံးရှုံးသွားရတတ်တယ်။ တကယ်တိုးတက်အောင်မြင်ချင်ရင် မိမိဘဝကို မိမိနားလည်ပြီး မိမိကိုင်ဆောင်ထားတဲ့ မိမိရဲ့ ဘဝပေတံကို အသုံးပြုပြီး အောင်မြင်သောဘဝကို လျှောက်လှမ်းပါ။

ဖခင်ရဲ့ စကားအဆုံးမှာတော့ သားဖြစ်သူဟာ ခေါင်လေးညိမ်လို့ နားထောင်နေလျက်ပါ။

* စာဖတ်သူပရိပ်သတ်ကြီးခင်ဗျာ သင်သာ အဲ့ဒီသားနေရာရှိနေရာ ဖြစ်နေခဲ့မယ်ဆိုရင် ဖခင်ဖြစ်သူရဲ့ စကားတွေကို လက်ခံပါသလား။ သင့်ရင်ထဲမှ ပြောချင်သောစကားလေးများရှိခဲ့ရင် comment မှာ ဖော်ပြပေးခဲ့ပါ။

ခင်မင်လေးစားစွာဖြင့်
Zaw lin (တောင်သာမြို့)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...