Tuesday, February 25, 2014

**နောက်တာ**

**နောက်တာ**

အင်တာဗျူးတစ်ခုကို အချိန်အတော်နောက်ကျပြီးမှ ရောက်လာတဲ့

စီးပွားရေးဘွဲ့ ရခါစ လူငယ်လေးတစ်ဦးရဲ့  အင်တာဗျူးမှာ …

အင်တာဗျူးသူ ။ ။ ညီလေး အခြေခံလစာ ဘယ်လောက်မျှော်မှန်းထားပါသလဲ။

လူငယ် ။ ။ တစ်လ ဒေါ်လာ ၁၂၀၀၀ ရယ်။ ကုမ္ပဏီရဲ့  အမြတ်အပေါ်မူတည်ပြီးရတဲ့ အပိုဆောင်းလေးရယ်ပေါ့ဗျာ။

အင်တာဗျူးသူ ။ ။ အင်း … ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။

ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။

ဆေးဝါးကုသမှု အတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။

ကုမ္ပဏီကနေ အငြိမ်းစား ယူတဲ့အခါ လစာရဲ့  ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပါဦးမယ်။

ကုမ္ပဏီမှာ အလုပ်သက်တမ်း ၂ နှစ်ရှိပြီဆိုရင် ဇိမ်ခံကားတစ်စီး ထုတ်ပေးမှာပါ။

လူငယ် (မျက်လုံးပြူးလျက်) ။ ။ ခင်ဗျား … နောက်များနောက်နေတာလား။

အင်တာဗျူးသူ ။ ။ အင်းလေ …. မင်းကပဲ … အရင်စ နောက်တာလေ။

:-P

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...