Friday, February 28, 2014

မောင့်မှာတမ်း

Shwe Eaim Si's photo.

စာဥရေ...
အတွေးမမှားနဲ့
မလေးရှားကို ဘာဖြစ်လို့ လာချင်ရတာလဲ...
နင့်အိမ်ရဲ့စီးပွားရေး
မင်းတို့ရဲ့ယာကလေးက ရတဲ့ငွေကြေးနဲ့
ေ ရောင့်ရဲနေလိုက်စမ်းပါ...


စာဥရေ...
ကိုယ်တွေ့မှတ်တမ်းတွေနဲ့ ရင်နာနာပြောပြစမ်းချင်ရဲ့...
နွေ၊ မိုး၊ ဆောင်း မရှိတဲ့မလေးရှားမှာ
ေေ နေရောင်ခြည်ကလည်း စပ်ရှားရှား
ရွာချင်သလိုရွာတဲ့မိုးက ခါးလားမသိ...
မလေးရှားမှာ ရွှေတော်တော်များများ
မိုးခါးရေသောက်ကုန်ပြီ...

စာဥရေ...
ေ ရွှေဆိုတဲ့ ရွှေအချင်းချင်း စာနာမှုကင်းတဲ့
အချို့အချို့ ကိုအေးဂျင်းတွေက
အားနွဲ့တဲ့ မိန်းမသားတွေကို
  စေလိုစေ သွားလိုသွားနဲ့ လုပ်ခငွေဖြတ်စားသေးသတဲ့...

ဒီတော့လည်း စာဥရေ...
ဖိနှိပ်ခံ အတန်းစားဘဝနဲ့ အားကိုးရှာ မှောက်မှားကြတော့
တစ်ချို့မိန်းခလေးတွေရဲ့ ဒူးခေါင်းလေးတွေဟာလည်း
မျက်ရေမြစ်ထဲမှာ... မြော(မျှော)... လို့...
စာဥရေ...
သူများတွေ မလေးရှားဆိုတိုင်း အထင်းမကြီးနဲ့
ရင်ကြီးဟက်တက်ကွဲမှ
အမေ့အိမ်ဘဲ သမီးလွမ်းတယ်ဆိုတာမျိုး
မင်းဖြစ်မှာစိုးလို့ ရေးမိတဲ့ကိုယ့်စာ
ေ  ဝေတနာလို့ မထင်နဲ့...
အမိမြေရင်ခွင်မှာ ရှေးနန်းဟန် ပန်းပန်မပျက်
နုေ သွေးနီပါးအထက်မှာ သနပ်ခါးပါးကွက်တင်ရင်း
ကိုယ်အပြန်ချွေးသိပ်ဖို့
ရွာထိပ်က ကုတ်ကိုပင်ရိပ်မှာ
ေ စောင့်ကြိုရစ်ပါ...

(ကိုမုတ်ဆိပ် (ကန်ပုံဂျာဝါး) ရေးထားတဲ့ ကဗျာလေးပါ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...