Wednesday, March 30, 2016

🎸 ပိုက်ဆံရသောအလုပ်ကိုစွန့်လွှတ် ရဲမှသာ အောင်မြင်နိုင်မယ် လို့ ဆိုတဲ့ ဂစ်တာနိုင်ဇော် 🎸

'တစ်ချိန်လုံး ကိုယ်က ဂစ်တာ ကို သင်ယူနေတာ။ တစ်ချို့က ကျတော့ စင်ပေါ် မှာ တက်တီးချင်တာ။ နာမည် ကြီး ချင်တာပဲ ရှိတယ်။ အစ်ကို က သူ့ ဆီက ဘာထွက် လာမလဲ ဆိုတာ လေ့လာချင်တာ။ သင်ယူချင်တာ။ သူ့ဆီမှာ အစ်ကိုတို့လေ့လာချင်တာ တစ်နေ့ထက် တစ်နေ့ မကုန်နိုင်ဘူးလေ။ 

ဂစ်တာဆို ပလပ်ကင် ရှိမယ်။ ဘင့်တွေ ရှိမယ်။ ဂျပ်တွေ ရှိမယ်။ သူ့ပညာတွေက ဒီ ဂစ်တာ ကြိုး ၆ကြိုးထဲမှာ ထွက်လာတာတွေ က အများကြီးလေ။ သူ့ကို အစ်ကို သင်ပေးနေတဲ့ ဆရာတစ်ယောက်လို အစ်ကိုက ဂစ်တာ ကို ချစ်တာ။

အစ်ကို ငယ်ငယ်တုန်း က အမြဲတမ်း စကားတစ်ခု ရှိတယ်။ အစ်ကို အိမ်ရှေ့က သံမံ တလင်း ခုံလေးမှာ ဂစ်တာ တစ်ချိန်လုံး ထိုင်တီးနေတာ။ လူတွေက ဘာပြောလဲ ဆိုတော့ တစ်ချိန်လုံး ဂစ်တာ ထိုင်တီးနေတာ မပျင်းဘူးလား ဆိုတော့  အစ်ကို က ပျင်းဖို့ သတိမရဘူး။ တစ်ခါ တစ်ခါကျ အစ်ကိုပြောချင်တဲ့ စကားတွေကို ဂစ်တာနဲ့ ပြောနေတာ။ အဲလောက်ထိ ရှုးသွပ်တယ်ပေါ့နော်။ 

ညီလေးပြောသလို အစ်ကို ဘာဖြစ်လို့ စိတ်ဓာတ် မကျတာလဲ ဆိုတော့ အစ်ကို တစ်ခါ တစ်လေ လုံးဝ စိတ်ဓာတ် ကျတယ်။ စိတ်ဓာတ် ကျသမျှကို ဂစ်တာထဲမှာ ထည့်ပြီး တီးနေလိုက်တယ်။ အဲလိုမျိုး ဂစ်တာ က ကိုယ့် ဘဝ အတွက် အဖော်လို့ ဖြစ်နေတာပေါ့။ 

အခုထက်ထိလည်း အိမ်ပြန်ရောက်တယ် ဆိုရင် အဝတ် မလဲရသေးဘူး။ အစ်ကို အရင်းဆုံး ပါဝါ ဖွင့်လိုက် တယ်။ ကွန်ပျုတာ ဆို ထုံးစံ တိုင်းပဲ ဖွင့်လိုက်ရင် Run  နေပြီလေ။ အဲတော့ effect  တွေ အကုန်လုံးကို တစ်ချက် ဖွင့်လိုက် တာနဲ့ ပွင့်တဲ့ စနစ် ကို လုပ်ထားတယ်။

ဘာကြောင့်လဲ ဆိုတော့ ဆရာ ကံချွန်ပြောတဲ့ စာအုပ် တစ်အုပ် ထဲမှာ ရှိတယ်ပေါ့နော်။ အလုပ် လုပ်ရတာ စိတ်မဝင်စားဘူး ဆိုတာ အလုပ် နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ကို စနစ်တကျ မထားလို့တဲ့။ အလုပ်နဲ့ ပတ် သက် တဲ့ ပစ္စည်း ဆိုတာ တစ်ချက် ထိလိုက်တာနဲ့ အကုန် အဆင်သင့်ဖြစ်မယ် ဆိုရင် အလုပ် လုပ်ရတာ အရမ်းအဆင်ပြေတယ်။ 

အစ်ကို့ စတူဒီယို မှာ အစ်ကို တစ်ချက် ခလုတ်နှိပ်လိုက် တာနဲ့ တစ်ချက်တည်း ပွင့်အောင် အကုန်လုံးကို ON ထားတယ်။ အဲလိုမျိုး ဂစ်တာ ကို တစ်စိုက် မတ်မတ် ကျဆုံးတာ အောင်မြင်တာ အစ်ကို မသိဘူး။ စိတ်ဓာတ် ကျတာ မကျတာ အစ်ကို မသိဘူး။ စိတ်ဓာတ် ကျလည်း ဂစ်တာ တီးမယ် အောင်မြင်လည်း ဂစ်တာ တီးမယ်။ 

တစ်ချို့ရှိတယ်။ ဒီနေ့ ရှိုးအောင်မြင်သွားပြီ။ နောက်နေ့လျောက်သွားပြီး အပျော်ပါးတွေ လုပ်တယ်။ အောင်ပွဲ ခံတယ်။ အစ်ကို့မှာအောင်ပွဲ ခံတာ ဘယ်တော့မှ မရှိဘူး။ ဘယ်တော့ မှလည်း အောင်ပွဲ မခံဘူး။ ငါအောင်မြင် ပြီ ဆိုပြီးတော့ ရှိုးတွေ မြောက်များစွာ တီးခဲ့တာပဲ နောက်နေ့ အားလုံးစုပြီးတော့ ဒီည ဆိုင် တစ်ဆိုင်မှာ စုပြီးတော့ အောင်ပွဲသွား ခံမယ်။ စားကြသောက်ကြမယ် အစ်ကို ဘယ်တော့မှ မလိုက်ဘူး။ 

“ညစာ စားပွဲတွေ နယ်တွေမှာ တီးကြတယ်။ ပွဲပြီး သွားရင် စားကြသောက်ကြမယ် ဆို ကိုယ် မလိုက်ဘူး။ အစ်ကိုအောင်ပွဲ ခံတာ ဂစ်တာနဲ့ ပဲ အောင်ပွဲ ခံတယ်။ အဲတော့ နောက် လူငယ်တွေလည်း အစ်ကိုပြောချင် တာ က ရှုံးတာတွေ နိုင်တာတွေ ကို ခေါင်းထဲ မထည့်နဲ့ ဂစ်တာ ကို တကယ် ချစ်ရင် ဂစ်တာ နဲ့ပဲ ဖက် ပြီးတော့ အောင်ပွဲခံ။ ဘယ်အချိန် မဆို ဒါ ဆိုရင်အောင်မြင်တဲ့သူ ဖြစ်လာမှာပဲ။ 

ကိုယ့် ရင်ထဲမှာ ရှိတဲ့ ဆုံးရှုံးမှု ကိုလည်း ဂစ်တာ ထဲမှာပဲ ထည့်လိုက်။ အောင်မြင်မှု ကိုလည်း ဂစ်တာထဲမှာပဲ ထည့်လိုက် ။ အဲဒီတော့ အစ်ကိုပြောချင်တဲ့ သဘောက ဂစ်တာ သည် သက်မဲ့ပါ။ ဒါပေမယ့် သက်ရှိ တစ်ယောက် လို ကိုယ် ကလည်းချစ်ရင် သူကလည်း ကိုယ့်ကို ပြန်ချစ် လာမယ်လို့ အစ်ကိုတော့ ဥပမာပေး ချင်တယ်။

ဘဝမှာ ကိုယ်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်ကို ကူညီ ခဲ့တဲ့ ဆရာတွေလည်း အများကြီး ရှိပါတယ်။ အဓိက ကိုယ့် ဆရာ ကို ခင်မောင်မြင့်တို့၊ ကို ခိုင်ကျော် တို့၊ သူတို့ ဆိုရင် ကိုယ့် ဘဝမှာ ထိပ်ဆုံး မှာ ထားရမယ့် ပုဂ္ဂိုလ်တွေ ပါ။ ဘာကြောင့်လဲ ဆိုတော့ အစ်ကို အခုနက လိုပေါ့။ ပထမဆုံး အစ်ကို အနှိမ်ခံရတယ်ပေါ့နော်။ စိတ်ဓာတ် ကျအောင် နေရာ အားလုံး က လုပ်တဲ့ အချိန်မှာ အစ်ကို စိတ်ဓာတ်ကျပြီးတော့ ဂစ်တာပဲ တီးနေ တယ်။ မျှော်လင့်ချက် ဘာမှ မရှိတော့ဘူး။ 

အဲဒီ အချိန်မှာ ဆရာ ခိုင်ကျော် စာအုပ် ထွက်တယ်။ ကို ခင်မောင်မြင့် ကျောက်မြောင်း မှာ နေတယ်။ သူက အစ်ကို ကို အရမ်းလည်း ချစ်တယ်။ သား တစ်ယောက်လို ချစ်တော့ အစ်ကို့ ကို ခေါ်ပြီး ညီလေးနိုင်ဇော် မင်း ငါ့ဆီ လာခဲ့။ မင်းကို ငါသင်ပေးမယ်။ မင်း တကယ့် professional တစ်ယောက်ဖြစ်အောင် ဘာတွေလေ့လာရ မယ်။ ရုပ်ရှင် ထဲက ပြောရင်တော့ တရုတ် သိုင်းကား ထဲက ဆရာကြီးတွေ သင်ပေး သလိုပေါ့။ 

အစ်ကို့ ကို  စနစ်တကျ သင်ပေးတယ်။ သင်ပေးတယ် ဆိုတာ ဂစ်တာ တီးနည်းတင် မဟုတ်ဘူး စိတ်နေ စိတ် ထားကော လူတွေ ကို ဘယ်လို ကူညီရမလဲ။ ကိုယ် နာမည်ကြီးသွား ခဲ့ရင် အဲဒီလို လူမျိုး လုပ်ရပ်မျိုး မလုပ်ဖို့ သူက သေချာသင်ပေးတာ။ 

အဲဒီတော့ ဆရာ ခိုင်ကျော် ရဲ့ ကျေးဇူးကြောင့် ကိုယ်က လူ ကတော့ professional မဖြစ်သေးဘူး။ စိတ်ဓာတ် ပိုင်း ဆိုင်ရာမှာ professional ဖြစ်အောင် သူက သင်ပေးနေပြီ။ အစ်ကို က အရင်တုန်း က အမြဲတမ်းပြော တယ်။ အစ်ကို က တီးဝိုင်း တစ်ဝိုင်း ဖွဲ့ချင် တာလေ။ ရပ်ကွက်ထဲက သူငယ်ချင်းတွေ နဲ့ အစ်ကိုတို့ စိတ်ကူးပေါ့ ကွာ။ ငါတို့ ရပ်ကွက်ထဲက သူငယ်ချင်းတွေ နိုင်ငံကျော်အောင် လုပ်ကြမယ်။ 

အစ်ကို့ သူငယ်ချင်းတွေကို အစ်ကို က သင်ပေးတယ်။ သင်ပေးရင် အစ်ကို က ဂစ်တာကျင့်တယ်။ သူတို့က မကျင့် ဘူး။ လျောက်သွားနေတာ။ သီချင်း တိုက်ရင် ဒီကောင်တွေက မှား အစ်ကိုက စိတ်တွေ ဆိုး နောက် ဆုံး ကျတော့ ကိုခင်မောင်မြင့် က ဘာပြောလဲ ဆိုတော့ အစ်ကို ဆရာ က မင်း အဲဒီ ဝိုင်းကို ဖျက်လိုက်တော့ တဲ့။ 

အစ်ကို ကလည်း မဖျက်ချင်ဘူး။ သူငယ်ချင်းတွေ နဲ့ အရမ်း သံယောဇဉ်ရှိတယ်။ သူတို့နဲ့ တူတူ တက်မယ်ပေါ့။ သူက အစ်ကို့ ကို အဆိုအမိန့်လေး တစ်ခု ပြောပြသွားတယ်။ အရမ်းကောင်းတယ်။ မင်းဖြတ်လိုက်တော့တဲ့။ ဘာဖြစ်လို့လဲ အစ်ကို ကျွန်တော် သူတို့နဲ့ အောင်မြင်အောင် လုပ်မယ်လို့။ 

မင်း သူတို့နဲ့ လုပ်လို့မရတော့ဘူး ဘာဖြစ်လို့လဲ ဆိုတော့ မင်းအောင်မြင်မှု တစ်ခုပေါ်တက်မယ် ဆိုရင် အနှောင် ဖွဲ့တွေကို ဖြုတ်ချရ မှာ အနှောင် အဖွဲ့တွေ စွဲပြီး တက်ရင် မင်း ဘယ်လိုမှ ရောက်မှာ မဟုတ်ဘူးတဲ့။ မင်းကိုယ် မင်း အပေါ့ပါးဆုံး ဖြစ်အောင် လုပ်ပြီးမှ တက်တဲ့။ 

မင်း တကယ်လို့ စေတနာ ရှိရင် အပေါ်ကနေ ကြိုးပြန်ချပေး ဆွဲတင်လိုက်။ ဒါပဲ ရှိတယ်။ သူတို့နဲ့ တူတူ တက် ရင် မင်းပါ ပြုတ်ကျ သွားလိမ့်မယ်။ ပြောပြီး သူက ဘာလုပ်ခိုင်းလဲ ဆိုတော့ ဒီ တီးဝိုင်းကို ဖျက်လိုက်တော့တဲ့။ မင်း တစ်ကယ် လုပ်ရ မှာက professional တွေ ဆီမှာ သွားပြီး တပည့်ခံ ရမှာတဲ့။ 

မင်းထက်တော်တဲ့ သူတွေကြား မှာ မင်း တပည့်ခံရမှာတဲ့။ သူတို့နဲ့ တီးနိုင်မှ မင်းက အညံ့ဆုံးဖြစ်မှ မင်းက တိုးတက် မှာတဲ့။ သူတို့ကြားထဲမှာ အတော်ဆုံးဖြစ်နေရင် မင်းဘာမှ ဖြစ်လာမှာ မဟုတ်ဘူးတဲ့။ သူပြောတဲ့ အဆိုအမိန့်တွေ က ကိုယ့်ဘဝမှာ အကောင်းဆုံး စကားတွေပါပဲ။

ဒီလို နဲ့ပဲ သူရဲ့ ဆရာ ဟာ သူ့ကို လမ်းပြပေးခဲ့ တာကြောင့် သူ့ဘဝ မှာ အမှတ်တရ ရှိနေခဲ့တဲ့ ဂီတ ဖျော်ဖြေ ပွဲလေး တစ်ခု မှာ တီးခတ်ခွင့် ရခဲ့တဲ့ အကြောင်း ကိုလည်း အခုလိုမျိုး ရှင်းပြခဲ့ပါတယ်။ 

သူ့ သူငယ်ချင်းတွေ တီးတဲ့ ဝိုင်းမှာ အစ်ကို့ ကို စင်ပေါ်တက်ပြီးတော့ ရစ်သမ် တက် တီးခိုင်းတယ်။ သူ ရမယ့်နေရာ ကို အစ်ကို့ ကို ပေးတီး တာပေါ့နော်။ တီးရင်း နဲ့ တစ်ရက်လည်း ကျရော သာကေတ တံတား အဆင်း ဒေါပုံပေါ့ သင်္ဘောကျင်း ဘက်မှာ သူ့ မိတ်ဆွေ ကံထရိုက် တစ်ယောက်က စတိတ်ရှိုး လုပ်တယ်။ 

အဲဒီ ရှိုး မှာ တီးမယ့် Player  တွေက အကောင်းတွေ ကြီးပဲ။ အဲဒီ ကြားထဲမှာ အစ်ကို့ ကို မင်း ရစ်သမ် တက် တီး တဲ့။ ကိုယ့်ဆရာ ကို သူငယ်ချင်း အရင်း ဆိုတော့ သူတို့က ပေးတီးတာ။ အဲဒါ ကို ကိုယ့် ဆရာက  သူမ တီး ပဲနဲ့ အဲဒီ တုန်းက ကီးဘုတ် က ကိုသိန်းဆွေ၊ ဂစ်တာ က ကိုမြင့်ဦး တဲ့၊ ဒရမ် က ကိုကျော်မင်း၊ ဘေ့စ် က ကိုတော်မီ ဂျော်နိုင် အဲဒီ လို ကိုယ့်ထက် ဝါရင့်ပြီး တကယ် တီးနိုင်တဲ့ ဆရာကြီးတွေ ကြားထဲမှာ အစ်ကိုက ရစ်သမ် တက်တီး ရတာ ကလေးပေါ့နော်။ 

အားလုံး က ဒီကောင်ဖြစ်ပါ့ မလား ဆိုတော့ ခပ်ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဖာဂူဆန် က ရိုနယ်ဒို ကို လွှတ်လိုက် သလိုပေါ့။ သူ့ စိတ်ချ လို့သာ ငှားလိုက် သလိုမျိုး ဆရာ က မဟုတ်ဘူး မင်း ဒီကောင်ကို မင်းလျော့ မတွက် နဲ့တဲ့ ဒီကောင်ဖြစ်လာမယ့်ကောင်ပေါ့။ ဒါပေမယ့် အစ်ကို က လိစ် သမားလည်း ဖြစ်ချင်တယ်။ ရစ်သမ် ပဲ တက်တီးတယ် ဆိုတော့ မှတ်မှတ် ရရ အဆိုတော် က လေးယောက် အဲလေးယောက် က အစ်ကို့ ဘဝမှာ မမေ့နိုင်တဲ့ လေးယောက်ပေါ့နော်။

နံပါတ်တစ် အဆိုတော် က ထူးအိမ်သင်၊ ထူးအိမ်သင် က အဲဒီ တုန်းက မှော်ဆရာ အိမ်မက်ပဲ ထွက်သေးတာ။ အဲဒီ မှာ ထူးအိမ်သင် ကို အစ်ကို တီးခွင့် ရလိုက်တယ်။ ထူးအိမ်သင် က အမေ့အိမ် တို့ ဘာတို့ အကုန် ဆို တယ်။ 

နာမည်ကြီး အရမ်းကြီး ရှိုးတွေ မရှိသေးတဲ့ အချိန် နောက် တစ်ယောက်က ရှားရှား ပါးပါး ပဲ ရှိုးတွေမှာ ဆိုလေ့ မရှိဘဲ နဲ့ ငှားလိုက်တာ။ ကိုမိုးအောင် တဲ့။ နောက်တစ်ယောက် က ဂျက်မြသောင်း တဲ့။ ဂျက်မြသောင်း က ရာဇဝင်ရိုင်းတယ် တို့ မျက်ရည်တော့ မကျနဲ့ အချစ်ရယ်တို့ ငိုသံ မကြားရဲလို့ပါ တို့ တကယ်ပြောတာပါတို့ အရမ်း နာမည်ကြီး တဲ့ အချိန် ဂျက်မြသောင်း လည်း ဖြစ်တယ်။ 

အစ်ကို သူ့ ကိုလည်း တီးခဲ့ဘူးတယ်ပေါ့နော်။ နောက် ရစ်သမ် သမားအနေ နဲ့ မထင် မရှားပေါ့။ ဗွီဒီယို မှတ် တမ်း တင်တာ ဘာမှ မရှိဘူး။ နောက်ဆုံး တစ်ယောက်က ပိုဆန်း တယ်။ အဲဒီ တစ်ယောက် က အဲဒီ အချိန်မှာ နာမည် မကြီးသေးဘူး။ ကျွန်တော့် ဆရာကို ခင်မောင်မြင့် နဲ့ လူချင်းလည်း ခင်လို့ ငှားလိုက်တာ နာမည် အရမ်းမကြီးသေးဘူး။ 

အဲဒီ အဆိုတော့်က ပရိတ်သတ်လည်း အဲလောက် မကြိုက်သေးဘူး။ ခေါ်ဆိုတော့ လာဆိုပေးတယ်။ ဆိုပေးရင်း နဲ့ အစ်ကို့ ဆီက ပက်ထရွန်လေး ယူတီးပြီးတော့ ပြန်ပေးသွားတယ်။ သီချင်း ကလည်း သိပ် မဆိုးဘူး။ နောက်တော့ သူ ဆိုတဲ့ သီချင်း  တစ်အား နာမည်ကြီးသွားတယ်။ 

သူ ဆိုတာ ငှက်ကလေး များ တို့ရယ်၊ စိတ်ညစ်လွန်းလို့ အပန်းဖြေ၊ ကိုယ်ဗွီဒီယိုကြည့်ရင်ကောင်းမလား။ အဲဒီ တုန်းက ပရိတ်သက် က သူ့ကို အရမ်း မကြိုက်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့က အကောင်းဆုံးတေး များ မထွက်သေးဘူး။ 

အဲဒီ ရှေ့က လမ်းသစ် တို့ ကြယ်တစ်ခွန် တို့ ထွက်နေပြီ ကိုဇော်ဝင်းထွဋ် သူက ကြယ်တံခွန် တို့ ထွက်တဲ့ အချိန် မှာ လူတွေ အားလုံးက အသံ ကွဲကွဲကြီး မို့ မကြိုက်ကြဘူး။ အကောင်းဆုံးတေးများ ဆို ထွက် လိုက်တော့မှ ကောင်းကင်မေမေ တို့ နဲ့ တစ်နိုင်ငံလုံး က ကြိုက်သွားတာလေ။ 

အကောင်းဆုံးတေးများ မထွက်ခင် အရှေ့ပိုင်း မှာ သူလာ ဆိုတာ။ သူ့ ကိုယ်သူ အရမ်း နာမည်ကြီးတယ်လို့ သူ မသိသေးဘူး။ သူလည်း မကြီးသေးဘူး အဲတော့ ပရိတ်သတ်တွေက ဘာလဲပဲ စောင့်ကြည့်နေတာ။ အဲဒီ အချိန်မှာ အစ်ကို ဂီတာ တီးခွင့် ရတယ်ဆိုတော့ ကိုခိုင်ကျော် တို့ ကိုခင်မောင်မြင့် တို့ဆိုတာ အစ်ကို အရမ်း ချစ်တဲ့ ဆရာပါ။ အခု ကွယ်လွန်သွားပါပြီ။ သူ့ရဲ့ကျေးဇူးကြောင့် အစ်ကို ဒီဘဝမှာ ရပ်တည်နိုင်တာပါ။ အစ်ကို ဘဝ မှာ မမေ့နိုင်တဲ့ ဆရာထဲမှာ ထိပ်ဆုံး ပါတဲ့ ဆရာပေါ့။

အစ်ကိုပြောသလို ပိုက်ဆံ ရတဲ့ အလုပ် တစ်ခုက လွယ်လွယ် ကူကူ ချက်ချင်း စွန့်လွှတ်ဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး။ ပိုက်ဆံ ရဖို့လည်း ရှာရအုံးမယ်။ ပြီးမှ ကိုယ်ဝါသနာ ပါတာကို သွားရမှာလေ။ ဝါသနာ ပါတာ ထား ပါတော့ ညီလေး က စာရေးချင်တယ်။ ဝင်ငွေ မရှိဘဲနဲ့ ဘယ်သူ မှ စာရေး လို့ မရဘူး။ စာရေးပြီး ဝင်ငွေရဖို့ ဆိုတာ ကလည်း မင်းက နာမည်ကြီးမှ  မဟုတ်တာ မင်းကို ဘယ်သူက ပိုက်ဆံပေးမှာလဲ။ 

အဲဒီ နှစ်ခုကြားမှာ လူငယ်တွေ က တစ်ခုတော့ လုပ်ရမှာပဲ။ ထားပါတော့ ညီလေး က စာရေးချင်တယ်။ စာရေး ဆရာဖြစ်ချင်ရင် စာရေးဖို့ ကျင့်တာက တစ်မျိုး၊ လက်ရှိ မှာတော့ ညစောင့် အလုပ်လည်း လုပ်ရနိုင် တယ်။ အစ်ကို ဆိုရင် ဂီတာ သမားဖြစ်ချင်လို့ ၂၂ လမ်း မှာ ရှိတဲ့ ကန်ထရိုက်တိုက် မှာ တိုက်စောင့်နဲ့ မန်နေဂျာ လို့ အမည်ခံ ထားပေမယ့် တကယ်တမ်းတော့ စတိုခန်းစောင့်တာပါ။ အစ်ကို ဝင်လုပ်ရတယ်။

အဲဒီမှာ ဝင်လုပ်တော့ ကန်ထရိုက် က အစ်ကို့ ကို အရမ်းကြိုက်တယ်။ ကျောင်းတွေ ပိတ်ထားတဲ့ အချိန်မှာ ပထမနှစ်ကျောင်းတွေ ပိတ်ထားတဲ့ အချိန်မှာ ၈၈ အရေးခင်းပြီးတော့ ကျောင်းပိတ်လိုက်ရော။ ပထမနှစ် မှာပဲ အလုပ် မရှိတော့ဘူး။ 

အိမ်ကလည်း အစ်ကို့ ကို နင် အလုပ် တစ်ခု ဝင်လုပ်တော့ ကျောင်းတွေလည်း ပိတ် လိုက်ပြီဆိုတော့ သူငယ်ချင်း ရဲ့ အဖေ က ကန်ထရိုက် လုပ်တော့ သူ့ ကန်ထရိုက် တိုက်မှာ ဝင်လုပ်တယ်။ ဒါပေမယ့် အဓိက ပြဿ        နာက အစ်ကို ဒီ အလုပ် မလုပ်ချင်ဘူး။ အစ်ကိုဖြစ်ချင်တာ က ဂစ်တာသမား၊ 

အဲဒီတော့ သူ့ အလုပ်သာ လုပ်တယ် အစ်ကို စိတ်မပါဘူး။ အဲဒီ တော့သူကလည်းပြောတယ်။ နိုင်ဇော် မင်းနည်းနည်းတော့လေ့လာ။ မင်း ဒီ့ထက်လေ့လာရင် မင်းကို ရာထူးတွေလည်း ဒီ့ထက် တိုးပေးမယ် လုပ်ငန်းတွေ လည်း ဒီ့ထက် တိုးပေးမယ်။ မင်းက ခက်တာ က မလေ့လာတာ ခက်တာ။'

မြန်မာနိုင်ငံ ရဲ့ ဂီတ သမိုင်းမှာ ဂစ်တာ သူရဲကောင်း အဖြစ် မှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ ဂီတသမား တစ်ယောက် ကတော့ ဂစ်တာ နိုင်ဇော်ပဲ ဖြစ်ပါတယ်။ သူဟာ ငယ်စဉ် ကတည်းက ဂီတ ပညာကို ရှုးသွပ် ပြီးတော့ သူ ဝါသနာပါတဲ့ လုပ်ငန်း တစ်ခုကို လုပ်ကိုင်နိုင်ဖို့ အတွက် ကန်ထရိုက်တိုက် ဆောက်လုပ်ရေး တစ်ခုမှာ အစောင့် အလုပ် တစ်ခုကို လုပ်ကိုင်ခဲ့ရပါတယ်။

နာဇီတို့၏ ကမ္ဘာကျော် လူသားအသုံးပြု စမ်းသပ်ချက်များ

Erwin Ahboy

၁၉၄၀ ခုနှစ် ဒုတိယကမ္ဘာစစ်ပွဲ ကာလ အတွင်း ပြုပြင်လေ့ကျင့်ရေး စခန်း များတွင် ဖမ်းဆီးချုပ်နှောင် ထားသော ရိုမာနီ၊ စင်တီ နှင့် ဒုက္ခိတ ဂျာမန်များ အပါအဝင် ပိုးလ်တိုင်းရင်းသား နှင့် ဆိုဗီယက် စစ်သုံ့ပန်း များစွာ တို့ကို စမ်းသပ်ခန်းမှ ကြွက်များကဲ့သို့ သဘောထား၍ မစာမနာ ပြုလုပ်ခဲ့သော ဆေးသုတေ သန ပြုလုပ်ချက် တို့ဖြစ်သည်။ ၎င်းဖြစ်စဉ် များသည် နာဇီတို့၏ လူသားအသုံးပြု စမ်းသပ်ချက်များဟု ကမ္ဘာကျော် ခဲ့သည်။

ဒေါက်တာဘွဲ့လား ထားခဲ့ပါ

Tin Nyunt

ဒီမနက်ကတော့ မင်္ဂလာ နံနက်ခင်းပဲဗျ။ လမ်းလျှောက်ရာရပ်ကွက်တိုင်းလိုလိုမှာ သမ္မတအသစ် ဦးထင်ကျော်ကို ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး စတုဒီသာတွေ ကျွေးဖို့ပြင်ဆင်နေကြတာ အားရစရာ။ နှစ်ပေါင်းများစွာ စစ်ဖိနပ်အောက်မှာ ပိပြားခဲ့ရတဲ့ဘဝကနေ လွတ်မြောက်တဲ့နေ့ အထိမ်းအမှတ်ဟာ ဒီ့ထက်မက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲသင့်တာ။ နောက်နှစ်တော့ ဖြစ်လာလိမ့်မယ် ထင်တာပဲ။
ပြောချင်တာက “ဒေါက်တာဘွဲ့” အကြောင်း။ ကိုက်စရာ မရှိ ရှာကြံကိုက်ချင်တဲ့ ခွေးတွေကို တွေ့ဖူး ကြမှာပေါ့။ အရိုးမကိုက်ရရင် ဖိနပ်ကိုက်တယ်။ ဖိနပ်မကိုက်ရရင် နီးစပ်ရာ သစ်သားတွေကိုက်တယ်။ ဘာမှ ကိုက်စရာမရှိရင် ကိုယ့်အမြီးကိုယ်ပြန်ကိုက်နေတတ်တဲ့ ခွေးသဘာဝနဲ့ လူတွေ အများသား ခေတ်မှာ မပျက်စီးစေချင်ရင် ခွေးမကိုက်အောင် ထားရတော့မှာပဲ။

ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာ (၄) မျိုး

 
သိန်း မြင့်

နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတို့ကို နာမကျန်းဖြစ်တယ်ဆိုတာထက် ဓာတ်မတည့်ခြင်းလို့ ပိုသတ်မှတ်ချင်ပါလိမ့်မယ်။ ဒီရောဂါလက္ခဏာတွေကို ဘာတွေက စတင်ဖြစ်ပေါ်စေလဲဆိုတာ တိတိကျကျ ဖော်ထုတ်ဖို့ အင်မတန် ခက်ပါတယ်။ မကုဘဲထားတဲ့ ဓာတ်မတည့်ခြင်းတို့က ကုသရတာ ပိုမိုခက်ခဲရှုပ်ထွေးစေတဲ့ နာတာရှည်နှာပိတ်ရောဂါ ကူးစက်မှု၊ နားရွက်ရောဂါ ကူးစက်မှု၊ အိပ်မပျော်ပြသနာနဲ့ ပန်းနာရောဂါတွေ စတင်ဖြစ်ပေါ်စေတတ်ပါတယ်။

ပြန်/ဝန် ဦးရဲထွဋ် မမှားပါဘူး။ စိတ်ဆိုးနေတဲ့ ပြည်သူတွေသာ မှားနေတာ။

Myint Thu to 2015 Demo Pa Yit
·
. ဝန်ကြီးတွေ အိမ်ရာတွေက ဆင်းသွားပုံ သတင်းတွေကြားရပြီး ဗုဒ္ဓဘာသာ စာပေထဲက ဝတ္ထုတစ်ပုဒ်ကို သတိရတယ်။ ဗုဒ္ဓဘာသာ အမျိုးကောင်းသမီးလေး ဥတ္တရာ ဘာသာခြားနဲ့ အိမ်ထောင်ကျတော့ ယောက်ျားခွင့်ပြုချက်မရလို့ ဥပုသ်သီလကို မစောင့်ထိမ်းရဘူး ဖြစ်နေတယ်။ ရတနာသုံးပါးနဲ့ ဝေးပြီး ကြာကြာမနေနိုင်ရှာတော့ သီရိမာဆိုတဲ့ ပြည့်တန်ဆာမကို ငွေပေးငှား ရမ်းပြီး ယောက်ျားအနားမှာ ကိုယ်စားထားလို့ ဥပုသ်စောင့်ခွင့် ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတွေကို ဆွမ်းကပ်ခွင့်တောင်းတယ်။

စေတန်ဝါဒဆိုတာဘာလဲ

Kyaw Swa Tun to မှတ်စုကြမ်း

စေတန်ဆိုရင် တော်တော်များများစိတ်ထဲမှာ နတ်ဆိုးတွေ သရဲတွေ စတဲ့ ပုံရိပ်တွေနဲ့ ပုံဖော်လိုက်ကြတာများတယ်။ တကယ့် စေတန် အယူဝါဒက radical anti-theist လို့ ပြော ရမယ်ထင်တယ်ဗျ။
ခေတ်သစ် စေတန်ဝါဒသစ်ရဲ့ ကနဦး ခြေလှမ်းက ၁၉၆၀ ဝန်းကျင်မှာ စတင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဖန်ဆင်းရှင် ကို တော်လှန်ဖို့ ဖြစ်ပြီး ကမ္ဘာ့ ပထမဆုံး စေတန် ဘုရားကျောင်းက ၁၉၆၀ နှောင်းပိုင်းရောက်မှ စတင် ရုပ်လုံး ပေါ်လာခဲ့ပါတယ်။

╰☆╮ ကိုငှက် နဲ့ RAP ╰☆╮


Music Crazy Te Te Tar Tar's photo.

 ဒီနေ့ Rap ဂီတ အပေါ်မှာကော ကိုငှက် ဘာတွေ ပြောစရာ ရှိဦးမလဲ
အင်း ဘာမှတော့ ကျွန်တော်သိပ်ပြောစရာ မရှိပါဘူးဗျ။ ဒါလဲ သူတို့လှိုင်းနဲ့ သူတို့ပေါ့။ ဒီအချိန်မှာ သူတို့လှိုင်း အတက်နဲ့ ကြုံတော့ သူတို့လဲ ဒီလှိုင်းကို စီးကြတာပေါ့နော်။ ဟို အားသာချက် အားနည်းချက် ဆိုတာကတော့ တစ်ခုချင်းစီမှာ အကုန်လုံး ရှိကြတာပဲ။ Melody နဲ့ လုပ်လို့မရတဲ့ ကိစ္စကို Rapping နဲ့ လုပ်လို့ရနိုင်တယ်။ Rapping မှာ လုပ်လို့မရတဲ့ ကိစ္စတွေကိုလည်း Melody မှာ လုပ်လို့ရတာဆိုတော့ သူ့နေရာနဲ့သူ အသုံးချနိုင်ဖို့ပဲ အရေးကြီးတာပဲ။

အချိန်က ပြောမည့်ပုံပြင်

 ငါးမိခင်ကြီးကို ငါးသားပေါက်ကလေးများက၊ မကျေမနပ်
ဖြစ်နေကြသည်။ ။
ငါးကလေးများ။ ။ ကျွန်တော်တို့ဟာ ဘာလဲအမေ
ငါးမိခင်။ ။ ငါးမျိုးတွေပေါ့သားတို့ရယ်၊
ငါးကလေးများ။ ။ ဒါဆို ဟိုအကောင်လေးတွေကကော
မိခင်။ ။ သူတို့က ဖားမျိုးတွေကွဲ့၊

As well as နဲ့ ၀ါကျဆက်နည်း ပြန်နွှေးကြမလား

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

(1) As well as ဟာ not only..but also နဲ့ ဆင်တူတဲ့ အဓိပ္ပါယ်ရှိပါတယ်
As well as has a similar meaning to 'not only ... but also’
.
(1.1) She’s got a goat, as well as five cats and three dogs.
သူ့မှာ ဆိတ်တစ်ကောင် ရှိရုံသာမက ကြောင်းငါးကောင်နဲ့ ခွေးသုံးကောင်လည်းပဲ ရှိပါတယ်
.
(1.2) He’s clever as well as nice. smile emoticon He’s not only nice, but also clever.)
သူက တော်လည်းတော်ပါတယ် သဘောလည်းကောင်းပါတယ်

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၃)

သစ်ထူးလွင်


Saturday, March 26, 2016

“လူကြီးမင်းများ လက်ခုပ်တီးပါ”

နိုင်ငံတစ်နိုင်ငံမှာ သမ္မတ၊ ဝန်ကြီး၊ အစိုးရအဖွဲ့ အစရှိတဲ့ လူကြီးလူကောင်းများကမှ လူကြီးလူကောင်း မပီသဘူး။ ဂုဏ်သရေ သိက္ခာမရှိဘူး။ အဆင့်အတန်းရှိရှိ မပြုမူဘူး ဆိုလို့ရှိရင် အဲသည်နိုင်ငံဟာ ကလေကချေ၊ ပေါက်လွှတ်ပဲစား၊ အဆင့်အတန်းနိမ့်တဲ့ အောက်တန်းစားတိုင်းပြည် လို့ သူများတွေက ခေါ်ရင် ဘယ်လွန်ပါ့မလဲ။ ရှက်စရာကြီးနော်။ လောလောဆယ်တော့ အဲသည်လူကြီးတွေကို ဒါတွေဒါတွေတော့ မလုပ်ပါနဲ့။ ဒီလိုဒီစကားတော့ မပြောပါနဲ့။ ရှက်စရာကောင်းလို့ပါ ဆိုပြီး ရှက်တတ်လာအောင် အရင်သင်ပေးရပါဦးမယ်။ နို့ သိမှ သိကြပဲကိုးဗျ။

နှစ် ၇၀ ပြည့်တော့မည့် ရွှေမန်းတောင်ရိပ်ခို သီချင်း

Sue Hnget

၁၉၅၀ခုနှစ်က ပေါင်းစပ်သီဆိုခဲ့သည်ဟု ပြောဆိုရေးသားခဲ့ကြသော ယနေ့ထက်တိုင် သင်္ကြန်၏ အမှတ်အသား ဖြစ်နေသည့် ရွှေမန်းတောင်ရိပ်ခို သီချင်းမှာ ၁၉၄၇ခုနှစ်ကတည်းက မန်္တလေးမြို့မတူရိယာအသင်း အတွက် ရေးစပ်သီဆို ခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ်သည်။
မည်သို့ပင် ခေတ်များပြောင်းလဲ၍ သင်္ကြန်အခင်းအကျင်းပုံစံများ ပြောင်းလဲသွားခဲ့သော်လည်း ယနေ့ထက်တိုင် မြန်မာသင်္ကြန်အဖြစ် အမှတ်အသားတစ်ခုဖြစ်နေသည့် ရွှေမန်းတောင်ရိပ်ခိုသီချင်းမှာ ၁၉၄၇ခုနှစ်ကတည်းက တေးရေး ဆရာ တစ်ဦးတည်း ရေးစပ်ခဲ့သည့်အကြောင်းကို

နောက်ပြောင်ခြင်း သည်းခံပါ

Tin Nyunt

အမေရိကန် သမ္မတတွေက အိမ်ဖြူတော်ကနေ ဘဲကျိုးတွေအဖြစ် ထွက်ရတော့မယ့် အချိန်ရောက်ရင် နောက်ပြောင် ကျီစယ်မှုလေးတွေ လုပ်တတ်ကြတယ်ဗျ။ သူတို့ဓလေ့နဲ့ သူတို့ပေါ့လေ။ ကလင်တန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က လူတွေက နောက်တက်လာမယ့် သမ္မတအသစ် ဂျော့ ဒဗလျူ ဘုရှ်ရဲ့ အဖွဲ့က လူတွေ ဒုက္ခရောက်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တယ်လီဖုန်းကြိုးတွေကို နံရံဆက်သွယ်ပေါက်က ဖြုတ်ထားတာမျိုး၊ တယ်လီဖုန်းအဝင် အသံတွေမှာ ညစ်ညမ်းတဲ့ စကားတွေ ပြောခဲ့တာမျိုး၊ စားပွဲကို အပေါ်က အဝတ်နဲ့ အုပ်ပြီး ကော်သုတ်ခဲ့တာမျိုးတွေ လုပ်ကာ နောက်ပြောင်ခဲ့ကြတယ်။
နောက်တက်မယ့် သမ္မတအသစ်က Gorge W. Bush ဆိုတော့ သူ့အလယ်စာလုံးမှာပါတဲ့ W စာလုံးကို အစွဲပြုပြီး ကွန်ပျူတာ ကီးဘုတ်တွေက W စာလုံးမှန်သမျှ ဖြုတ်ယူသွားကြတယ်။

ယောက်ျားများကိုထိန်းနည်း

ဘဝကိုတိုးတက်စေမည့်စာစုလေးများ

ယောက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုယ်ထိန်းနည်း

★¸.•*¨*• ဖိုးကျော် သီချင်းများ¸.•*¨*• ★

Music Crazy Te Te Tar Tar


✪ ငှက်တစ်ကောင်ရဲ့အဘိဓါန် ✪
Iron Cross * Lynn *
စာသား - သော်ဒီဝေ

01 ငှက်တစ်ကောင်အကြောင်း
02 အကြောင်းပြချက်
03 ညတစ်ခုရဲ့ခရီးသွား
04 သူမရဲ့အချစ်ကိုရခဲ့ပြီးနောက်

ထမင်းကောင်းတစ်အိုးရဲ့လျို့ဝှက်ချက်များ

မောင်(စွယ်စုံကျမ်း)


၁ ။ ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အနံ့အရသာကို
ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင်ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
၂ ။ ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာဆန်သစ်လောက်မကောင်းတဲ့ချိန်မှာ
စိတ်ပူစရာမလိုပါဘူး ၊ထမင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ
ပေါ်ဆန်းမွှေးကဲ့သို့မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။

★ ပလေးဘွိုင်းတို့ စတင်ဆုံစည်းခြင်း ★

Music Crazy Te Te Tar Tar

၁၉၆၈ ခုနှစ် နွေနေ့တစ်ရက်မှာ ကျနော့်စတူဒီယို အလုပ်ခန်းထဲကို အကယ်ဒမီရုပ်ရှင်မင်းသား ကိုထွန်းဝေ ဟာ အညာဟန်အပြည့်နဲ့ ခန့်ခန့်ညားညားကြီး ဝင်လာပါတယ်။
"အစ်ကို့ကို ဖမ်းရတာ လေဖမ်းရသလိုဘဲ၊
ကဲ … အကြမ်းငှဲ့စမ်းပါဦး"
သူ့ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံနဲ့ 'ဝူး'ဆိုပြီး လေပြင်း မှုတ်ထုတ်လိုက်ရင်း ကျနော့်စားပွဲရှေ့မှာ ငြိမ့်ကနဲ ထိုင်ချလိုက်ပါတယ်။

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

 ဒီနေ့ သင်ခန်းစာကတော့ အစားအစားနဲ့ ပတ်သက်တာလေးတွေကို နိုင်ငံခြားသားတစ်ယောက်နဲ့ ပြောဆိုပုံလေးတွေ ဖြစ်ပါတယ်
.
(1) Is this your first time to Myanmar?
ဒါက မြန်မာနိုင်ငံကိုရောက်တာ မထမအကြိမ်ပါလား
(2) What was your first impression of Myanmar?
ခင်ဗျားရဲ့ မြန်မာနိုင်ငံအပေါ် ရောက်ရောက်ချင်း ထင်မြင်ချက်လေးက ဘယ်လိုဖြစ်ခဲ့ပါလဲ (ဘယ်လိုသုံးသပ်မိပါသလဲ)

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၃)

သစ်ထူးလွင်


Friday, March 25, 2016

ထားရစ်သောအတိတ် ချိုမြစေ


အိပ်ရာက နိုးတော့ အတော်လေးမှောင်၍ နေပြီ။ ခေါင်းရင်းက ပြတင်းတံခါးကို မပိတ်မိသဖြင့် အအေးမိချင် သလိုဖြစ်လာသည်။ အိပ်ရာပေါ်မှဆင်းလိုက်တော့ မိုက်ခနဲဖြစ်ချင်သည်။ အားနည်းနေရော့သလား။ အိမ်အပြင် မထွက်ဘဲ အိမ်ထဲတွင် ရှိသည့်စားစရာများကိုသာ ပြီးစလွယ်စားနေခဲ့သည်များက အာဟာရမဖြစ်မြောက်လေ ဘူးလား။
ထိုအခါမှ တစ်နေကုန် ဘာမှ မစားရသေးတာကို သတိရလိုက်သည်။ ဗိုက်ထဲမှာလည်း ဆာလောင်နေသလား၊ လေများဖြင့်ပဲ ပြည့်ကျပ်နေသလား ဘာမှမခံစားရတော့သလိုပင်။

ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရဲ့အနာဂတ် ဘယ်လဲ၊ ဘာလဲ


လက်ရှိကာလမှာ မြန်မာနိုင်ငံက ရုပ်သံမီဒီယာတွေကို အစိုးရနဲ့ အစိုးရတပိုင်း ဒါမှမဟုတ် အစိုးရနဲ့နီးစပ်သူတွေကသာ ချုပ်ကိုင်ထားပါတယ်။ တကယ်တော့ ရုပ်သံမီဒီယာလုပ်ငန်းဟာ အမေရိကန်ဒေါ်လာ သန်းရာထောင်ချီရှိတဲ့ အကျိုးအမြတ်များတဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်ပြီး ပြည်သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါ့အပြင် ရုပ်သံမီဒီယာလုပ်ငန်းဟာ နိုင်ငံရေးလည်း ဖြစ်ပါတယ်။ ပြည်သူတွေဟာ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်တွေရဲ့အောက်မှာ ပိပြား ငြိမ်ဝပ်စွာ ရှင်သန်နေထိုင်ခဲ့ရလို့ မီဒီယာဆိုင်ရာ အသိပညာအပါအ၀င် ပညာရေးမှာ အများကြီး ယုတ်လျော့ ကျဆင်း အားနည်းခဲ့ရပါတယ်။ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ရုပ်သံမီဒီယာလောကရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ ရုပ်သံလွှင့်လုပ်ငန်းမှာ ဟောင်း/ သစ် မခွဲခြားဘဲ ရေပြင်ညီမျှတမှုတွေ ရဖို့ ``ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရဲ့အနာဂတ် ဘယ်လဲ၊ ဘာလဲ`` ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို မတ် ၂၀ က တင်ဆက်ခဲ့ပါတယ်။

အီးဂါးဗားမန့်

Aung GyeeFollow
 
"ဦးလေးတို့က ဥာဏ်တုံးလွန်းတယ်"
"ဟင်! ဘာဖြစ်လို့လဲ"
"အဖွားကြီးတစ်ယောက်တည်း ဝန်ကြီးဌာန ၄ ခုစာ တာဝန်ယူတဲ့ကိစ္စလေဗျာ"
"အဲ့ဒါဘာဖြစ်လဲ?"
"ဘာဖြစ်ရမှာလဲဗျ အဲ့ဒါကို တော်တယ်တွေ ၊ အကွက်ရွှေ့တာမိုက်တယ်တွေ၊ တို့မေမေ သားတို့မေမေ တွေ လျှောက်ပြောပြီး မြှောက်ပေးနေတော့ ဟိုက မာန်တက်ပြီးလျှောက်လုပ်ရင် အမြန်ကိစ္စချောသွားမှာပေါ့ဗျ"

♠ အယ်ဖြူ မှောက်ထားသောဖဲတချပ် သို့ အယ်ဖြူ ရဲ့ နောက်ဆုံးခရီး ♠

Music Crazy Te Te Tar Tar

ဒီအိမ်လေးထဲစောင့်နေမယ်တဲ့
တင်ဇာမော်က ချစ်စမ်းမောင်ရဲ့ ပီတီအယ်လ် စတူဒီယိုက
Vocal အသံခန်းထဲကနေ သီချင်းကိုဆိုရင်းနဲ့ မျက်ရည်တွေ
ဖြိုင်ဖြိုင်ကျပြီး ငိုနေတယ်၊
ဘာဖြစ်တာလဲဟ ဆိုတော့ နားကျပ်ကိုဖြုတ်ပြီးထွက်လာတယ်
ဘာဖြစ်လို့ လည်းမေးပြန်တော့ ကိုအယ်ဖြူကို သတိရလာလို့တဲ့။

Go on တစ်လုံး.. ဘယ်လိုသုံးလဲ မှတ်ပါဦး

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ


Go on (1) to continue ဆက်လုပ်သည်
Please go on with what you are doing.
ကျေးဇူးပြုပြီး ခင်ဗျား လုပ်လက်စကို ဆက်လုပ်ပါ ။
.
We really can't go on living like this. ( go on + Ving)
ကျနော်တို့ တကယ်ပဲ ဒီအတိုင်း ဆက်ပြီး မနေထိုင်နိုင်တော့ပါဘူး

ပြည်သူရဲ့ အဆုံးအဖြတ်

Tin Nyunt's photo.
ဒီနေ့သတင်းတွေထဲမှာ အကြိုက်ဆုံးကတော့ ကျူးဘားနိုင်ငံကို သွားခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ စကားပဲဗျ။
“ကျူးဘားနိုင်ငံရဲ့ အနာဂတ်ကို ကျူးဘားပြည်သူတွေကသာ ဆုံးဖြတ်ရမယ်”
ဆိုတဲ့စကားကတော့ အလွန်မှန်တဲ့အတွက် ထောက်ခံပါတယ် ။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို အဲဒီနိုင်ငံက ပြည်သူဆိုတာတွေက အဆုံးအဖြတ်ပေးတာ အမှန်ဆုံးပေါ့။ ကျူးဘားနိုင်ငံလို နိုင်ငံငယ်လေးကို လက်နက်ကိုင်လူတစ်စုကပဲ ကွန်မြူနစ်လမ်းစဉ် အမည်ခံ စစ်အာဏာရှင် တွေအနေနဲ့ အုပ်ချုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။

စတော့ရှယ်ယာတွေအကြောင်း ဆက်ပါရစေဦး ခင်မောင်ညို(ဘောဂဗေဒ)


(၁)
၁၉၉၀ ခုနှစ်လောက်တုန်းက မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးတော့မယ် ဆိုတဲ့အခါ၊ ထင်ရှားတဲ့ စာရေးဆရာကြီး တစ်ဦးက ဈေးကွက်စီးပွားရေးစနစ်ရဲ့ အားနည်းချက်တွေကို စတင်လေ့လာနေပြီလို့ ပြောဘူးတာ မှတ်မိတယ်။ စတော့ရှယ်ယာဈေးကွက်ကို မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်တဲ့ (၁၉၉၆) ခုနှစ်လောက်ကတည်းက လေ့လာခဲ့ပြီး ခုအခါမှာတော့၊ အားနည်းချက်တွေကို ပိုပြီး သတိထား လေ့လာမိ၊ ပြောမိဟောမိ၊ ရေးသားမိပါတယ်။ မိတ်ဆွေတစ်ယောက်ကတောင်၊ စတော့ရှယ်ယာဈေးကွက်ရဲ့၊ မကောင်းကြောင်းတွေ သိပ်မပြောပါနဲ့၊ မရေးပါနဲ့လို့ သတိပေးပါတယ်။ တကယ်လည်း မရေးချင်ပါ။ စတော့ရှယ်ယာဈေးကွက်ကို တာဝန်ရှိသူတွေက တည်ထောင်ဖို့ ကြိုးပမ်းနေချိန်မှာ ကိုယ်က မလိုတမာရေးတာမျိုးဖြစ်မှာ စိုးပါတယ်။ ဒါပေမယ့်လည်း တွေ့ကြုံနေရတာတွေက စတော့ရှယ်ယာဈေးကွက်ရဲ့ အားနည်းချက်တွေကို ပြည်သူတွေ၊ အထူးသဖြင့် ရင်းနှီးမြှပ်နှံချင်တဲ့သူတွေ သိထားဖို့ လိုအပ်မယ်လို့ ပိုပြီးသဘောပေါက်လာခဲ့ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၃)

သစ်ထူးလွင်


Thursday, March 24, 2016

*** ဖေဖေ လူညာကြီး ***

U Naing Win

( ၁ )
အသားစားရတာ
သွားကြားညပ်လွန်းလို့
ထမင်းစားတောင် ပျက်သကွယ်
မင်းတို့ပဲ စားကြစမ်းပါ

စကား (၄) ခွန်း

သိန်း မြင့်

တိုင်းပြည် တစ်ပြည်မှာ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ ဘုရင်ကြီး တစ်ပါး အုပ်ချုပ်ပြီးတော့ ဘုရင်ကြီးမှာ သားတော် တစ်ပါးရှိ သတဲ့။ တစ်နေ့တော့ ဘုရင်ကြီး နာမကျန်း ဖြစ်ပြီး ရောဂါ အခြေအနေဆိုးရွားလာတဲ့ နောက်ဆုံးတော့ သားတော် မင်းသားငယ်ကို ခေါ်ပြီး မိန့်တယ်။
"အရှေ့ဖက်မှာ ကာကွယ်ထားတဲ့အခါ ကျန် ၃ ဖက်ကနေ ဖောက်ဝင်တတ်တယ်။ ဘက်မျှစွာ ကာကွယ် ရစ်ပါ။ အရပ် လေးမျက်နှာ မှာ ကာကွယ်ထားတဲ့အခါလည်း အတွင်းကနေ ဖောက်ထွက် တတ်တယ်။

ကြွေး တက္ကသိုလ်လှမောင်(ရေတာရှည်)

အပ္ပမာဒဓမ္မရသမဂ္ဂဇင်း

လောကကြီးကိုကြည့်ရင် တလှုပ်လှုပ်နဲ့ ကြွေးတွေဆပ်နေတာ ကိုပဲ မြင်နေမိတယ်၊ လူတွေကိုကြည့်၊ ကြွေးကင်းတဲ့သူရယ်လို့ မရှိဘူး။ တလှုပ်လှုပ်နဲ့ ကြွေးဆပ်နေကြတယ်။ ကြွေးဆိုတဲ့ ၀န်ထုတ်ဝန်ပိုးကြီးတွေ ပိနေကြတယ်။
အကြွေးဆိုတာ (၁) ဥစ္စာကြွေး၊ (၂) ရန်ကြွေး၊ (၃) ချစ်ကြွေး၊ (၄) နှုတ်ကြွေး၊ (၅) ၀ဋ်ကြွေးရယ်လို့ အကြွေးငါးပါး ရှိတယ် မဟုတ်လား။ လောကကြွေးဆိုတာကတော့ ဘယ် တော့မှလည်း ဆပ်လို့မကျေနိုင်ဘူး။ ကြွေးတွေဆင့်ကာဆင့်ကာသာ တင် နေတော့တာပဲ။

မှတ်စုအတွေတွေ

သိန်း မြင့်
 
(1)ရေ၀င်ဆန့်တွက်နည်း

အုတ်ရေကန်ဝင်ဆန့်မှု
တွက်ချက်နည်းကပိုလွယ်ပါတယ် အလျား×အနံ×အမြင့်=ကုဗပေ ရတယ်
အဲဒီကုဗပေနဲ့ ၁ ကုဗပေမှာ ရေ ၆•၂၅ ဂါလံ နဲ့ မြှောက် ရတာဝင်ဆန့်တဲ့ ရေဂါလံပေါ့။

ဝါကျတွေမှာ stress ကို နေရာပြောင်းတဲ့အခါ (3)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

ရေးပြီဆိုမှတော့ တော်တော်လေးရောက်အောင် ရေးလိုက်ချင်တဲ့အတွက် တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ် ၊ အတော်အသင့် လေ့လာသူအဆင့်မှာတော့ မလိုအပ်သေးပါဘူး ။ သိချင်သူများ အတွက်တော့ သိဖို့ကောင်းတဲ့ ဗဟုသုတဆိုတာ ပိုတယ်မရှိပါဘူး ။
ဝါကျထဲမှာ ရှိတဲ့ ဖိပြီးရွတ်ဆိုရမယ့် စကားလုံးတွေ (content/lexical words) နဲ့ ဖော့ပြီးရွတ်ဆိုရမယ့် စကားလုံးတွေ (structure/function words) အကြောင်းကို ပြောခဲ့သလို ၊ ဖိသံတစ်ခုနဲ့တစ်ခုကြား အချိန်အတိုင်းအတာ ညီတူဖြစ်သင့်တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့ပါတယ် ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၃)

သစ်ထူးလွင်


Wednesday, March 23, 2016

“မျက်ရည်နဲ့စီးတဲ့မြစ်”

ဖိုး စိုး သူ's photo.

အဖေမရှိတော့ဘူးလို့ ခံစားလို့မရဘူး။ အဖေဟာ မနက် ၂ နာရီဆိုတာနဲ့ ခြံတံခါးရှေ့မှာ စက်ဘီးရပ်နေကြ။ အသက်ပြင်းပြင်းရှူနေကြ။ ခြံရှေ့ထိုင်ခုံလေးမှာ ခဏထိုင်ပြီး ဆေးလိပ်တစ်လိပ်ဖွာနေကြ။ ပြီးတော့မှ အိမ်ထဲကို ၀င်လာတယ်။ အဖေဟာ ဆယ်မိုင်ခရီးကို စက်ဘီးနဲ့ အသွားအပြန်လုပ်တယ်။ အဖေဟာ တက်ကြွတဲ့အလုပ်သမား။ အဖေဟာ သားဆိုးတစ်ယောက်ရဲ့ဖခင်။ ဇနီးကောင်းတစ်ယောက်ရဲ့ ခင်ပွန်း။ အဖေဟာ စက်ဘီးတစ်စီးကလွဲပြီး ဘာမှ မပိုင်ခဲ့တဲ့သူ။ ပိုက်ဆံအိတ်ထဲမှာ သုံးထောင်ရှိရင် တစ်ထောင်ကို သားအတွက် ထားပေးတတ်တဲ့သူ။

အရောင်းထွက်နည်း စိတ်ပညာလှဲ့ကွက်အချို့

သိန်း မြင့်


လူတွေဟာ ကိုယ်ဘာဝယ်မလဲဆိုတာကို ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နေတာပဲလို့ ထင်ထားကြပေမယ့် တကယ်တမ်းမှာ အရောင်းသမား (marketer) တွေရဲ့ မသိမသာ လွှမ်းမိုးစေစားတာကို ခံနေကြရတာပါ။
လူ့ဦးနှောက်ရဲ့ ဆင်ခြင်နိုင်စွမ်းအားဟာ အင်မတန်မြင့်မားပါတယ်။ ဒါပေမယ့် သတိကြီးကြီးထားရမယ့် အားနည်းချက်တချို့ရှိပါတယ်။ သတင်းအချက်အလက်များစွာကို ခြုံငုံစဉ်းစားဖို့လိုအပ်တဲ့ အခြေအနေမျိုးမှာ သေသေချာချာ အချိန်ယူစဉ်းစားတာကို မလုပ်တော့ဘဲ ဖြတ်လမ်းနည်းလိုက်ပြီး ရုတ်ချည်းဆုံးဖြတ်ချက်ချတာမျိုးကို ကျနော်တို့ရဲ့ ဦးနှောက်တွေဟာ လုပ်လေ့ရှိပါတယ်။

အရေးကြီးသော ရောဂါလက္ခဏာများ အကြောင်း သိကောင်းစရာ


Asia Royal Hospital page ကို Like လုပ်ထားခြင်းအားဖြင့် မိဘပြည်သူများအတွက် အပတ်စဉ် ကျန်းမာရေးဗဟုသုတသတင်းများ၊ ကျန်းမာရေးနှင့်ပက်သက်သောသတင်းထူးများ၊ Treatment အသစ်များ၊ အာရှတော်ဝင်ဆေးရုံမှ service များ၊ promotion များ၊ အာရှတော်ဝင်ဆေးရုံ၏ လစ်လပ်ရာထူးများကို အချိန်နှင့်တပြေးညီ update ရယူနိုင်ပါသည်။

အသင့် ပြင်ထားပါ သမ္မတကြီး

Yethuya Naing to Myanmar Breaking News

 ဒီနေ့ဟာ
သူရဲကောင်းတို့အရိုးတွေ
အိုးဝေလို့ ထတွန်တဲ့နေ့။
မင်းကိုနိုင်

သမ္မတလောင်းရွေးတဲ့နေ့က ကိုမင်းကိုနိုင်က ထိုသို့ရေးသား ဟစ်ကြွေးခဲ့သည်။

50 Common Grammar Mistakes in English (5)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

တတ်၍ ရေးခြင်းလည်း မဟုတ်ပါ ၊ ငတ်၍ရေးခြင်းလည်း မဟုတ်ပါ ၊ ၀ါသနာပါ၍ ရေးခြင်းလည်း မဟုတ်ပါ ။ သိသမျှထဲကနေ မျှဝေလိုသောစိတ်ဖြင့်သာ ရေးပါသည် ။ ဗဟုသုတများကိုသာမက စိတ်ချမ်းသာပျော်ရွှင်မှုများ မေတ္တာတရာများ ခင်မင်မှုများကိုပါ ပေးလိုခဲ့ပါသည် ။ သို့သော် နားလည်အောင် မဖေါ်ပြနိုင်ခဲ့သော် ခင်မင်စိတ်ရှည်စွာဖြင့် ဆက်လက်အားပေးကြပါလို့ ...

လက်ဝဲ လက်ယာ ဆိုတာ ဘာလဲ။ (ကိုထိုက် ရေးသားသည်။)

မှတ်စုကြမ်း
 
တချို့က လက်ယာကို ရှေးရိုးစွဲဝါဒီ တွေလို့ ခေါ်ကြပြီး၊ လက်ဝဲကို တော်လှန်သူတွေလို့ ခေါ်ကြ ပါတယ်။ ဒါလည်း မမှားပါဘူး။ တချို့ကတော့ လက်ယာကို လူချမ်းသာတွေနဲ့ စီးပွားရေး တစ်ခုကိုပဲ မျက်နှာသာပေးတဲ့ နိုင်ငံရေးမူဝါဒ စွဲကိုင်သူများနဲ့ လက်ဝဲကို လူအများ တန်းတူရေး (ဆိုရှယ်လစ်၊ ကွန်မြူနစ်) ဝါဒ စွဲကိုင်သူများလို့ သတ်မှတ်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ လက်ဝဲ၊ လက်ယာ ဝါဒတွေမှာ သူတို့ စွဲကိုင်တဲ့မူဝါဒတွေက ကွဲကြပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၃)

သစ်ထူးလွင်


Tuesday, March 22, 2016

ငါ့ရှိတာ တဝက်ယူ

Thanlay Ko

ကျနော့် ငယ်သူငယ်ချင်း အပျိုကြီးတစ်ယောက်က စင်္ကာပူကို လာလည်ချင်လို့တဲ့ ကျနော့်ဆီ ဖုန်းဆက်တယ်။
ပတ်စပို့တော့ ရှိတယ်တဲ့၊ ကုန်ကျစရိတ်အတွက် ငွေသိပ်မရှိလို့ လာချင်ပေမယ့် မလာနိုင်သေးဘူးဆိုပြီး ညည်းနေတယ်။
အဲဒါ သူကပြောတယ်... ...
"စားဖို့အိပ်ဖို့ အတွက် နင် စရိတ်တဝက်ခံပေး"... တဲ့။

"တဖက်သတ်အချစ်ရဲ့ ခံစားချက်များ"

Nayzaw Tun

တဖက်သတ်အချစ်ရဲ့ ခံစားချက်တွေကတော့ ပြင်းထန်မယ်လို့ အားလုံးထင်ပါလိမ့်မယ်။
ကိုယ်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးနော်။ အားလုံးက ကိုယ်လို သူလိုပါပဲ။ သူငယ်ချင်းတွေကော ဘယ်လို ခံစားနေရသလဲဆိုတာကို ဝေငှလိုက်ကြရအောင်လား။
၁။ သူ့အရှေ့ရောက်ပြီး ချက်ချင်းဆိုသလို စကားလုံးတွေက ထွက်မလာတော့ပါ။
၂။ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း သူ့အကြောင်းပါလာရင် ရင်ထဲမှာ လှိုက်ခနဲဖြစ်ပြီး ရင်တွေခုန်လာတယ်။

ဒေါ်စုကိုပဲ တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့အကြောင်းပြချက် ၁၀ ခု

Yethuya Naing


ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာနဲ့တင် ကျနော် သူ့ကို ကြည်ညိုတာ မဟုတ်ပါ။
အမေကြီး ဘာကြီးလဲ မဖားတတ်ပါ။ ပြီးတော့ ကျနော့်ညာဉ်ကိုက Reality ကိုပဲ ဦးစားပေးကြည့်တတ်တယ်။ တိုင်းပြည်ကောင်းမယ်ဆို ဘယ်သူ တက်တက်ပါ။ အဘက်ဘက်က ခေါင်းအေးအေးထား စဉ်းစားကြည့်ပြီး မှ ဒေါ်စုသာလျှင် ကျနော်တို့ မြန်မာပြည်ရဲ့ အသင့်တော်ဆုံးသော တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ယူဆဆုံးဖြတ်ပါတယ်။ အဲဒီအတွက် အကြောင်းပြချက်က ၁၀ ခု ရှိပါတယ်။

အသက် (50) ရောက်ပြီဆိုရင်

Sawpyae Nyo 

အသက်(50) ရောက်ပြီဆိုရင် လူ့သက်တမ်းအရ အရွယ်အိုချိန်ကို စတင်ချင်းနှင်းဝင်ရောက်ခဲပြီး ဖြစ်ပါတယ်။
ဒီတော့ ကျန်ရှိတဲ့ သက်တမ်းမှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေ ရှိပါတယ်။
ShweMOM ပရိသတ်ထဲမှာ အသက် 50 အရွယ်ကို ရောက်တော့မယ့် ဦးဦး ဒေါ်ဒေါ်တို့များ ရှိနေခဲ့ရင်၊ ဒါမှမဟုတ် သူတို့နဲ့ ဆွေမျိုးတော်စပ်ရင် အောက်ပါအချက် (25) ချက်ကို အကြံပြုပေးကြပါလို့။

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...