Tuesday, March 22, 2016

ကိုယ်ဝန်ရစေနိုင်သော အစားအစာများ

အမျိုးသမီးနှင့်ကျန်းမာရေး

သားသမီးရတနာ – မလိုချင်သည့် သူများက ဟောတစ်ယောက်
ဟောတစ်ယောက် မွေးနေချိန်မှာ လိုချင်တဲ့သူတွေက မှိုင်နေရပါတယ်။ မှိုင်မနေသည့်သူတွေကလည်း နည်းလမ်း အမျိုးမျိုးနဲ့ကြိုးစားနေကြပါတယ်။ ကြိုးစားနေတဲ့သူတွေရော၊ မတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့သူတွေအတွက်ပါ အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါ တယ်။ ယင်းအစားအစာတွေက raspberries လိုချမ်းသာတဲ့သူတွေ သာရနိုင်တဲ့ အစာတွေမဟုတ်ဘဲ အလွှာပေါင်းစုံကသူတွေ လက်လှမ်းမီနိုင်တဲ့ အစာတွေပါ။

(၁) လတ်ဆတ်တဲ့သစ်သီးများ-
ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက် လတ်ဆတ်တဲ့အသီးအများစုဟာ သုက်ပိုးတွေရဲ့စွမ်းရည်နဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ တကယ်လို့ ကလေးအဖေတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေရင်တော့ ကျွန်တော်တို့က သံပရာ၊ လိမ္မော်၊ သရက်နဲ့ကန်စွန်းဥတို့ကို ညွှန်ပါရစေ ။
(၂) ကြက်သွန်ဖြူ –
ကြက်သွန်ဖြူက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး လိင်အင်္ဂါထောင်မတ်နိုင်ဖို့ကို အားပေးပါတယ်။
(၃) ငါးအမျိုးမျိုး –
ငါးအများစုဟာ fatty acid ကြွယ်ဝစွာပါဝင်ပြီး လိင်အင်္ဂါတစ်ဝိုက်ကို သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် သုက်ပိုးတွေရဲ့ အရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။
(၄) အာလူး -
ဖုတ်ထားတဲ့အာလူးက အာဟာရမျိုးစုံအပြင် ဗီတာမင်ဘီ နဲ့အီးကြွယ်ဝတဲ့အတွက် အမျိုးသမီးတွေမှာ မမျိုးဥကြွေမှုကို အားပေးပါတယ်။
(၅) ဥအမျိုးမျိုး -
ဥအမျိုးမျိုးမှာတော့ ဗီတာမင်ဘီ ၁၂ နဲ့ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကိုယ်ဝန်ဆောင်စဉ်သန္ဓေသားကို ချို့ယွင်းချက်မရှိစေဖို့ ကူညီပေးပြီး အန်တီအောက်ဆီဒန့်နဲ့ ကယ်ရိုတီး နွိုက်တို့ပါဝင်တဲ့အတွက် အမျိုးသမီးတွေရဲ့မျိုးပွားစွမ်းရည်ကို မြင့်တက်စေပါတယ်။
(၆) အခွံမာသီးအမျိုးမျိုး –
အခွံမာသီးတွေဖြစ်တဲ့ မြေပဲ၊ဗာဒံစတဲ့အသီးတွေဟာ ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်တဲ့အတွက် အမျိုးသမီးတွေကို လိင်စိတ်ပိုမိုတက် ကြွစေပြီး ကိုယ်ဝန်ဆောင်စဉ်မှာလည်း ကိုယ်ဝန်ပျက်ကျမှုကို လျော့နည်းစေပါတယ်။
အပိန်လေး
ref:IANS
By Health Updates Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...