နာဇီတို့၏ ကမ္ဘာကျော် လူသားအသုံးပြု စမ်းသပ်ချက်များ
Erwin Ahboy
၁၉၄၀ ခုနှစ် ဒုတိယကမ္ဘာစစ်ပွဲ ကာလ အတွင်း ပြုပြင်လေ့ကျင့်ရေး
စခန်း များတွင် ဖမ်းဆီးချုပ်နှောင် ထားသော ရိုမာနီ၊ စင်တီ နှင့် ဒုက္ခိတ
ဂျာမန်များ အပါအဝင် ပိုးလ်တိုင်းရင်းသား နှင့် ဆိုဗီယက် စစ်သုံ့ပန်း
များစွာ တို့ကို စမ်းသပ်ခန်းမှ ကြွက်များကဲ့သို့ သဘောထား၍ မစာမနာ
ပြုလုပ်ခဲ့သော ဆေးသုတေ သန ပြုလုပ်ချက် တို့ဖြစ်သည်။ ၎င်းဖြစ်စဉ် များသည်
နာဇီတို့၏ လူသားအသုံးပြု စမ်းသပ်ချက်များဟု ကမ္ဘာကျော် ခဲ့သည်။
[အမြွှာစမ်းသပ်ချက်]
အကျဉ်းစခန်းများတွင် အမြွှာများကို ဖမ်းဆီး ထားသို စောင့်ကြည့်ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ လူသားတို့၏ ခန္ဓာကိုယ်သည် သာမန် ထက် ပိုမိုသော နည်းစနစ်ဖြင့် ပွားယူရနိုင်/မနိုင် သိရန် ဖြစ်သည်။ စမ်းသပ်ပုံ အသေးစိတ်ကို မသိခဲ့ရသော်လည်း တစ်ယောက်ကို မျက်လုံး များနှင့်အသားများ အတွင်းသို့ အရောင်များ ထိုးသွင်းလျှင် ကျန်တစ်ယောက် ပြောင်းလဲ/မလဲ စောင့်ကြည့်သည်ဟု ဆိုသည်။ အမြွှာစုံတွဲ ၁၅၀၀ ကျော်တွင် ၂၀၀ မျှသာ အသက်ရှင်လျက် ကျန်ရှိခဲ့သည်။
[အရိုး၊ ကြွက်သားနှင့် အာရုံကြော အစားထိုး စမ်းသပ်ချက်]
Ravensbrück အကျဉ်းစခန်းတွင် ၁၉၄၂ မှ ၁၉၄၃ အကြားတွင် ပြုလုပ်ခဲ့သော စမ်းသပ်ချက်များဖြစ်သည်။ မေ့ဆေး/ထုံဆေး တစ်စုံတစ်ရာ မပေးပဲ စမ်းသပ်ခံ ပုဂ္ဂိုလ်၏ အရိုးအဆစ်များနှင့် ကြွက်သား၊ အာရုံကြောစသည့် အပိုင်းများကို လှီးထုတ် ဖြတ်တောက် ယူပြီး စစ်ပွဲတွင် ဒဏ်ရာရရှိလာသော သူတို့အား အစားထိုးကုသစေခဲ့ ခြင်း ဖြစ်သည်။ Chimera မနုဿ သတ္တဝါများ စမ်းသပ်မှုအထိ မြှင့်တင် ပြုလုပ်ခဲ့သည်။
[ဦးနှောက်ထိခိုက်မှု ရောဂါများအကြောင်း စမ်းသပ်ချက်]
၁၉၄၂ ခုနှစ် အတွင်း နာဇီ လုံခြုံရေးဝန်ဆောင်မှု အရာရှိ၏ အိမ်နောက်ဖေး ဂိုထောင် အတွင်း စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၁၁/၁၂ ခန့်ရှိသော ကလေးငယ် တစ်ယောက်ကို ထိုက်ခုံတွင် ကြိုးဖြင့် တုပ်ထားသည်။ သူ၏အပေါ်တွင်တော့ သုံးလေးစက္ကန့်ကြား တစ်ခါ ကျကျ လာတတ်သော တူကြီးတစ်ချောင်း တပ်ထားသည့် ကိရိယာကြီး ဖြင့် မိုးထားသည်။ ဤသို့ စမ်းသပ်လိုက် ရောဂါစစ်လိုက်ဖြင့် ကလေးငယ် တစ်ယောက်ပြီး တစ်ယောက် အသုတ်သင်ခံရခဲ့သည်။
[အေးခဲစံနှုန်း စမ်းသပ်ချက်]
၁၉၄၁ ခုနှစ်တွင် Luftwaffe ပြုလုပ်ခဲ့သော Hypothermia ဒဏ်မှ ကာကွယ်နည်း ရှာဖွေရေး စီမံကိန်း ဖြစ်သည်။ စမ်းသပ်ချက် စုစုပေါင်း ၃၆၀ မှ ၄၀၀ အကြားပြုလုပ်ခဲ့ပြီး စမ်းသပ်ခံ ၂၈၀ မှ ၃၀၀ အတွင်း သည် တစ်ကြိမ်ထက်ပို အစမ်းခံခဲ့ရသည်။ စမ်းသပ်သည့် ပုံစံများမှာ −6 °C (21 °F) အပူချိန်ရှိ အလွန်အေးသောနေရာများတွင် ကိုယ်လုံးတီးပစ်ထားခြင်းမျိုး ပါဝင်ပြီး အပူပြန်ပေးရန် အတွက်မူ ပွက်ပွက်ဆူနေသည့် ရေနွေးအိုးထဲ ပစ်ထည့်ခြင်းဖြင့် အပူချိန် ရုတ်တရက် အကူးအပြောင်း ဒဏ်ခံနိုင်/မနိုင် ကို စမ်းသပ်ခဲ့သည်။
[သွေးလွန်တုပ်ကွေး စမ်းသပ်ချက်]
၁၉၄၂ မှ ၁၉၄၅ အကြားတွင် Dachau အကျဉ်းစခန်း၌ စမ်းသပ် ခဲ့သည်။ ကျန်းမာသော အကျဉ်းသားများကို ရောဂါပိုး သယ်ဆောင် သည့် ခြင်မများနှင့် အတူထား၍ သော်လည်းကောင်း၊ ခြင်မများထံမှ စစ်ထုတ်ထားသော ရောဂါပိုးကို အကျဉ်းသားအား ထိုးသွင်းခြင်း ဖြင့်လည်းကောင်း ရောဂါကူးစက်စေသည်။ ထို့နောက်မှ ဆေးဝါး မျိုးစုံဖြင့် တစ်မျိုးပြီး တစ်မျိုး ထိုးသွင်း ကုသကြည့်ခြင်း ဖြစ်သည်။ လူ ထောင်ကျော် စမ်းသပ်ခဲ့ပြီး ထက်ဝက်မက သေဆုံး ခဲ့ရသည်။
[အဆိပ်ငွေ့ စမ်းသပ်ချက်]
၁၉၃၉ မှ ၁၉၄၅ အကြားတွင် Sachsenhausen, Natzweiler စသည့် နာမည်ကျော် အကျဉ်းစခန်းများတွင် အများအပြားစမ်းသပ်ခဲ့သည်။ မသေရုံတမယ် အဆိပ်ငွေ့ ဒဏ်သင့်စေပြီးမှ ဆေးများ ထိုးသွင်း ကုသကြည့်ခြင်း ဖြစ်သည်။
[Sulfonamide စမ်းသပ်ချက်]
၁၉၄၂ ခုနှစ်နှင့် ၁၉၄၃ အကြား Ravensbrück အကျဉ်းစခန်းတွင် ကပ်ပါးပိုးမွှား လက်နက် စွမ်းပုံနှင့် ကုသဆေး တို့ကို သိလို၍ ပြုလုပ်ခဲ့သော စမ်းသပ်ချက် ဖြစ်သည်။ အကျဉ်းသားတို့၏ ပွင့်နေသော ဒဏ်ရာတို့ကို ဆေးမကုပဲ ကပ်ပါးပိုးတို့ဖြင့် ကူးစက်စေလိုက်သည်။ ထိုမှ ဒဏ်ရာပြင်းထန်အောင် စောင့်ပြီး Sulfonamide ဖြင့် ပြန်လည် ကုသစေခဲ့ခြင်း ဖြစ်သည်။
[ပင်လယ်ရေ စမ်းသပ်ချက်]
၁၉၄၄ ခုနှစ်အတွင်း Dachau အကျဉ်းစခန်း၌ လ အတန်ကြာ စမ်းသပ်ခဲ့သည်။ ရောမ အကျဉ်းသား ၉၀ ကျော်ခန့်ကို အစာဖြတ် ရေဖြတ်ပြီး ပင်လယ်ရေချည့် တိုက်ကျွေးခဲ့သည်။ အကျဉ်းသားများမှာ အလွန်ဆိုးရွားသော ဝေဒနာခံစားရပြီး ရေအငတ်လွန်ကာ တဖြုတ်ဖြုတ် သေပွဲဝင်ကြရသည်။ အချို့သည်လည်း အကျဉ်းခန်း ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပြီး ကျန်ခဲ့သော ရေစရေနများကို လိုက်လံလျက်ရသည့်တိုင် ရေချို ငတ်မွတ်မှုဒဏ်ကို ခံရပြီး သေဆုံးကြရသည်။
[အဆိပ်သစ် စမ်းသပ်ချက်]
၁၉၄၃ မှ ၁၉၄၄ အကြားကာလအတွင်း Buchenwaldto တွင် အဆိပ်ပြင်းမှု ဒီဂရီကို ရှာဖွေရန်အတွက် ပြုလုပ်ခဲ့သော အရက်စက်ဆုံး စမ်းသပ်ချက်ဖြစ်သည်။ စမ်းသပ်ပုံမှာ ဓားစာခံတို့ စားမည့် အစာအတွင်းသို့ အဆိပ်ကို သိုဝှက်၍ ထည့်သည်။ အချို့ အကျဉ်းသား ဓါးစာခံများမှ ချက်ချင်းသေသော်လည်း အချို့မှာ မသေ။ ထိုသို့ မသေသူများကို ရင်ခွဲ စစ်ဆေးရန်အတွက် ဟုဆိုကာသေနတ်ဖြင့် ပစ်သတ်သည်။ ပြီးလျှင် သမ်းသပ်သည်။ အချို့မှာလည်း အစာအဆိပ်မခတ်ပဲ ကျည်အတွင်း အဆိပ်ထည့်ကာ ပစ်ထည့်ခြင်းမျိုးဖြင့် အဆိပ်သင့် သေဆုံးရသည်။ ရှင်သူ တစ်ယောက်မှ မရှိ။
[အမြင့်ဒဏ် စမ်းသပ်ချက်]
၁၉၄၂ ခုနှစ် အတွင်း Dachau အကျဉ်းစခန်းတွင် လေယာဉ် ပျက်ကျစဉ် လေယာဉ်မှူးများ ခုန်ထွက်နိုင် ရန် အတွက် ပြုလုပ်ခဲ့သော စမ်းသပ်ချက် ဖြစ်သည်။ လေဖိအား တို့ဖြင့် စနစ်တကျ စီမံထားသော အကျဉ်းစခန်းကြီးများထဲတွင် အကျဉ်းသားများကို နေထိုင်စေခြင်းဖြင့် ဒဏ်ခံနိုင်မှုကို စမ်းသပ်ခဲ့သည်။ ဒဏ်မခံနိုင်သည့် အကျဉ်းသားများ သေဆုံးပြီး လွတ်မြောက်သူများအဖို့ ဦးနှောက်ခွဲစိတ်၍ သုတေသန အလုပ်ခံခဲ့ရသည်။ အယောက်၂၀၀ ကျော်စမ်းသပ်ခဲ့ပြီး ဤ စမ်းသပ်ချက်တွင်လည်း ရှင်သူ မရှိပေ။
-credit မှတ်စုကြမ်း

0 comments:
Post a Comment