Thursday, March 24, 2016

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၃)

သစ်ထူးလွင်


Posted: 24 Mar 2016 08:20 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo:Myo Thant Khaing/RFA ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးညီပုကိုသာ ခန့်အပ်မှာဖြစ်ပြီး အစိုးရအဖွဲ့မှာ ANP ပါတီဝင်တွေနဲ့ ပညာရှင်တွေလည်း ပါဝင်မယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။ ANP ပါတီ ကိုယ်စားလှယ် ၂၂ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်
Posted: 24 Mar 2016 08:06 AM PDT
တရုတ်နိုင်ငံ ဟိုင်နန်တွင် အကောက်ခွန်ဝန်ထမ်းများက ဒေါ်လာ ၄၇ ဒသမ ၈ သန်း တန်ကြေးရှိ စပါးကြီးမြွေအရေခွံ ၂ သောင်းခွဲခန့်ကို မှောင်ခိုသမား ၁၆ ဦးထံမှ ဖမ်းဆီးရမိခဲ့ပြီး ယင်းမှာ သမိုင်းတွင် အကြီးမားဆုံး စပါးကြီးရေခွံ ဖမ်းဆီးရမိမှုဟု ဆိုသည်။ အကောက်ခွန်ဝန်ထမ်းများက သတင်းပေးတိုင်ကြားမှုများအရ တရုတ်ပြည် တနံတလျားရှိ မှောင်ခိုဂိုဏ်းကြီးများကို ခြေရာခံ စုံစမ်းခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ေ
Posted: 24 Mar 2016 07:52 AM PDT
ထိုင်းက တရားမဝင် မြန်မာအိမ်အကူတွေဟာ အလုပ်ရှင်တွေ အနိုင်ကျင့်နှိပ်စက်တာကို နေ့တိုင်းကြုံနေရပေမယ့် အခုဆို မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်နေပြီဆိုတော့ ကိုယ့်တိုင်းပြည်ပြန် ပိုက်ဆံရှာနိုင်ဖို့အခြေအနေရှိပါပြီလား။ ချင်းမိုင်က ဗွီအိုအေသတင်းထောက် Steve Sandford ရဲ့ သတင်းကို ကိုရဲခေါင်က ပြောပြပါမယ်။ VOA Burmese http://burmese.voanews.com
Posted: 24 Mar 2016 08:00 AM PDT
24-3-2016 တက္ကစီ Ygn-CC 1085 မိန်းကလေးအားဖုန်းဖြင့် အပြာကားပြခဲ့ကြောင်း မိန်းကလေးတစ်ဦးထံမှသိရသည်.... ဒီနေ့ အမေနဲ့ကျောက်ကုန်းဘောက်ထော်နားက ဆေးခန်းသွားပြီး ဆေးခန်းပြတာ.... Taxiသမားကောင်က အိမ်နားက တံတားဆောက်နေတော့ လမ်းပိတ်တာ အခွင့်ကောင်းယူပြီး ဖုန်းဖွင့်ပြီး အပြာကားပြတယ်တော့. အသံပိတ်ပြီး အမေက သူနောက်ကနေ ထိုင်နေတော့ မမြင်ဘူးလေ စုမြတ်အလယ်ရောက်နေတော့ လက်ကို အလယ်ကနေထားပြီး ဂီယာထိုးနေတဲ့နေရာကေ
Posted: 24 Mar 2016 07:44 AM PDT
မတ် ၂၄ရက်၊၂၀၁၆ခုနှစ်။ စအိုင်ဆူး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များအနေဖြင့် လူထုဆန့်ကျင်ရေး မလုပ်မိကြရန် ယနေ့ မတ်လ ၂၄ရက်နေ့တွင် KNLA စစ်ဌာနချုပ်၌ ပြုလုပ်သည့် KNLA ၏ အပတ်စဉ်(၅) အရာရှိငယ် သင်တန်းဆင်းပွဲ၌ သင်တန်းဆင်းအရာ ရှိများအား ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက သတိပေးပြောကြားလိုက်သည်။ ၎င်းက “အခု အပစ်ရပ်ကာလမှာ ငါတို့တွေ ပြစ်တင်ပြုမှု နေထိုင်မှုကနေ လွတ်အောင် နေထိုင်
Posted: 24 Mar 2016 07:36 AM PDT
အီရတ်မြောက်ပိုင်း IS စစ်သွေးကြွထိန်းချုပ်နယ်မြေအဆုံးက ကာဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို IS တွေရန်ကနေ Peshmerga တပ်ဖွဲ့ဝင်တွေ ကာကွယ်နေပါတယ်။ သူတို့ရဲ့ Makhmour မြို့ အခြေစိုက်စခန်းအခြေအနေတွေကို VOA က Sharon Behn နဲ့ Ali Javanmardi တို့က သွားကြည့်ပြီး သတင်းပေးပို့ပါတယ်။ မစုမြတ်မွန်က တင်ပြပေးပါမယ်။ VOA Burmese http://burmese.voanews.com
Posted: 24 Mar 2016 07:32 AM PDT
 အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ရာမှာ မူစလင်တွေကို ဝေဖန်တာတွေရှိပြီး အစ္စလာမ်မုန်းတီးစိတ်တွေ တိုးလာတာကြောင့် အမေရိကန်မူဆလင်တွေအပေါ် လူတွေ ပို အာရုံစိုက် လာကြ ပါတယ်။ မူစလင်အများဆုံးနေထိုင်တဲ့ Illionis ပြည်နယ်က အခြေအနေနဲ့ ပတ်သတ်ပြီး VOA သတင်းထောက် Kane Farabough ရဲ့ ဆောင်းပါးကို ဦးကျော်ဇံသာ တင်ပြထားပါတယ်။ VOA Burmese http://burmese.voanews.com
Posted: 24 Mar 2016 07:21 AM PDT
Biographies of the Chairperson and members of the Constitutional Tribunal of the Union nominated by Preside... by Thit Htoo Lwin ပြည်ထောင်စု လွှတ်တော်က မတ်လ ၂၄ ရက်တွင် facebook စာမျက်နှာမှ တစ်ဆင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွှန့်နှင့် အဖွဲ့ ၀င် ၈ ဦး၏ ကိုယ်ရေး ရာဇဝင် အကျဉ်းများကို ထုတ်ပြန်လိုက်သည်။
Posted: 24 Mar 2016 06:58 AM PDT
ဒေါ်အောင်ဆန်းစုကြည် နဲ့ ရခိုင်အမျိုးသားပါတီ က လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေက နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြသနာတွေ ဖြေရှင်းနိုင်ရေးအတွက် အန်အယ်လ်ဒီ နဲ့ အေအန်ပီ နှစ်ဖက် တွေ့ဆုံဆွေးနွေးအဖြေရှာသွားကြမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီက ဦးညီပုကို ခန့်အပ်မှာ ဖြစ်ပေမယ့်
Posted: 24 Mar 2016 06:51 AM PDT
IS အဖွဲ့ရဲ့ ဗျူဟာသစ် အရ အနောက်နိုင်ငံ တွေ ထဲ တိုက်ခိုက်မှု တွေ ကျူးလွန် ဆီးရီးယား နိုင်ငံ က ပြန်ရောက် လာကြတဲ့ အစ္စလာမ်မစ် တိုက်ခိုက်ရေး သမားတွေ ကြောင့် ဥရောပ နိုင်ငံတွေဟာ မကြုံစဖူး အန္တရာယ်နဲ့ ရင်ဆိုင် နေကြတယ် လို့ ဥရောပ ရဲတပ်ဖွဲ့ ယူရိုပိုလ် ရဲ့ ညွှန်ကြားရေးမှုး Rob Wainright က သတိပေး လိုက်ပါတယ်။ ဥရောပ နိုင်ငံတွေ က လူပေါင်း ၅ ထောင်လောက် အစွန်းရောက် ဝါဒထဲ အသိမ်းသွင်း ခံခဲ့ရပြီး အခုဆိုရင် အဲဒီ့သူေ
Posted: 24 Mar 2016 06:18 AM PDT
မနေ့မတ်လ ၂၃ရက်နေ့ ၂၀၁၆ခုနှစ်တွင် ထိုင်းနိုင်ငံ ဥဒွန်ဌာနီမြို့မှာနေထိုင်တဲ့ နောက်ထပ် ၂လတွင် လက်ထပ်မင်္ဂလာဆောင်တော့မည့် ထိုင်းသတို့သမီးလောင်းတစ်ဦးသည် အသားဖြူဆေးနှင့် ၀ိတ်ချဆေးစားသုံးလို့ သေဆုံးသွားခဲ့ပါတယ်။  သူမဟာ နှဂိုလည်း ပန်းနာရင်ကြပ်ရောဂါရှိတာနဲ့ မင်္ဂလာပွဲတွင်လှချင်ပချင်တဲ့အတွက် အသားဖြူဆေး အလွန်အကျွံသုံးဆွဲလို့အခုလို သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။  တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးရာမှာ အသက် ၂၇နှ
Posted: 24 Mar 2016 06:07 AM PDT
မတ် ၂၄ ။ မန္တလေးမြို့ မြို့သစ် ၁-ရပ်ကွက် ၊ ၆၀-၆၁လမ်းကြား၊ ရွှေထီးဟိုတယ်တွင် မတ် ၁၇-ရက်နေ့ က အခန်းတွင်း၌ အမျိုး သမီးတစ်ဦး သေဆုံးမှုတွင် ပတ်သက်သူ အမျိုးသားတစ် ဦးအား စစ်ဆေးနိုင်ရန် စုံစမ်းရှာဖွေနေကြောင်း အမှတ် ၁၁-နယ်မြေရဲစခန်းမှ သိရသည်။ "အမှုမှာ အဓိက ကျန်နေတဲ့ အမျိုးသားတစ်ဦးကို ရှာဖွေစုံစမ်းနေဆဲပါ။ စစ်ဆေးမှုတွေလုပ်ရမယ်။ ဟိုတယ်ထဲမှာ တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ဦးကိုတော့ စစ်ဆေး ပြီးပြီ။ ဓါတ်ခွဲစစ်ဆေး
Posted: 24 Mar 2016 05:27 AM PDT
လာအိုနိုင်ငံ မြောက်ပိုင်းတွင် တိုက်ခိုက်ခံရသည့် ဘတ်စ်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)     ဗီယန်ကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)     လာအိုနိုင်ငံ မြောက်ပိုင်း တွင် မတ်လ ၂၃ ရက် ညက နယ်စပ်ဖြတ်ကျော် ဘတ်စ်ကား တစ်စီး တိုက်ခိုက်ခံရ၍ တရုတ်နိုင်ငံသား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တရုတ် နိုင်ငံ သံရုံးက ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသူများသည် ကားဒရိုင်ဘာများနှင့် ခရီးသည်များ ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်ေ
Posted: 24 Mar 2016 05:25 AM PDT
ဂျမေကာ အလှမယ် ဟောင်း Marsha Gay Reynoldsနှင့် ၄င်းသယ်ဆောင်လာသည့် ကိုကင်းထုတ်များအား တွေ့ရစဉ်-အင်တာနက်     လော့စ်အန်ဂျလိစ်၊ မတ်၂၄ရက် (ဆင်ဟွာ)     လော့စ်အန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၁၈ရက်က အလေးချိန် ပေါင်၇၀ရှိ ကိုကင်းများအား လေယာဉ်ဖြင့်မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းခဲ့သူ လေယာဉ်မယ်တစ်ဦးသည် မတ်လ ၂၃ရက်နေ့က အာဏာပိုင်များ ထံ၌ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။ Jet Blue လေကြော
Posted: 24 Mar 2016 05:22 AM PDT
ဖခင်အရင်းကိုယ်တိုင် အဓမ္မပြုကျင့်မှုကို လေးနှစ်ကြာခံစားခဲ့ရသော အိန္ဒိယနိုင်ငံမှ (၁၈) နှစ်အရွယ် အမျိုးသမီးတဦးသည် နောက်ဆုံးတွင် မခံမရပ်နိုင်ဖြစ်ကာ ဖခင်ဖြစ်သူ၏ ကာမကျူးလွန်မှုကို ကိုယ်တိုင် ဖုန်းဖြင့် ဗီဒီယိုရိုက်ကူး၍ ရဲထံတိုင်ကြားခဲ့ရသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥဿာပရာဒတ်ခ်ျပြည်နယ် ဂျလောင်းခရိုင်အတွင်းနေထိုင်သော ဆာရီတာဒေ၀ီဆိုသည့် အမျိုးသမီးသည် ယင်းကဲ့သို့ ဖခင်ဖြစ်သူက အဓမ္မကျူးလွန်နေမှုကို မိခင်နှင့်
Posted: 24 Mar 2016 05:20 AM PDT
တပ်မှသိမ်းယူထားသော လယ်မြေများအနက်မှ အသုံးမပြုသည့် စွန့်လွှတ်မြေများကို နိုင်ငံတော် အစိုးရသို့ ပြန်လည်အပ်နှံခဲ့သဖြင့် မူလလက်ငုတ် တောင်သူလယ်သမားများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မြေများကို တောင်သူလယ်သမားများထံ လွှဲပြောင်းပေးသည့် အခမ်းအနားကို မတ်လ ၂၂ ရက်တွင် ပြုလုပ်ခဲ့ပြီး အင်းတကော်မြို့၊ သာယာကုန်းကျေးရွာမှ တောင်သူလယ်သမား ၆၄ ဦးကို မြေ ၃၂၅.၉၂ ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွ
Posted: 24 Mar 2016 05:03 AM PDT
မိုဇမ်ဘစ် နိုင်ငံ ကမ်းခြေတွင် ရှာဖွေ တွေ့ ရှိထားသော လေယာဉ် အစိတ်အပိုင်းတစ်ခုပုံ (ဓာတ်ပုံ-အင်တာနက်)     ကန်ဘာရာ ၊ မတ် ၂၄ ရက် ( ဆင်ဟွာ )     မတ်လအစောပိုင်းက မိုဇမ်ဘစ်နိုင်ငံ ကမ်းခြေ၌ တွေ့ရှိခဲ့သော လေယာဉ် အစိတ်အပိုင်းများသည် ပျက်ကျ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းပိုင် MH370 ၏ အစိတ်အပိုင်းများ ဖြစ်သည်မှာ လုံးဝနီးပါး သေချာကြောင်း သြစတြေးလျ ပို့ဆောင်ရေး ဝန်ကြီးက မတ်လ ၂၄ ရက်တွင် အတည်ပြုြေ
Posted: 24 Mar 2016 04:58 AM PDT
ဒေါ်အောင်ဆန်းစုကြည် ပညာသင်ဆု လျှောက်ထားလိုသူ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ လာမယ့် ဧပြီလကုန် နောက်ဆုံးထားပြီး ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ လျှောက်ထားနိုင်ပါတယ်။ အခြေခံပညာအဆင့်ကစပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူတွေကို ပညာသင် ထောက်ပံ့ကြေးတွေ ပေးမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးကျော်ထွေး က ပြောပါတယ်။ ပညာသင်ထောက်
Posted: 24 Mar 2016 04:57 AM PDT
ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မတ်လ ၂၄ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ သတင်းစာရှင်းလင်းစဉ်။ Photo: Zarni Htun/RFA နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ AI ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ AI အဖွဲ့ရဲ့ သတင်းစာရှင်းလ
Posted: 24 Mar 2016 04:57 AM PDT
အမျိုးသမီးများအတွက် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် သတ်မှတ်ထားသည့် မြန်မာနိုင်ငံ၏ အသုံးစရိတ်မှာ အာရှဒေသရှိ အခြားနိုင်ငံများထက် လျော့နည်းနေကြောင်း မြန်မာနိုင်ငံ၏ ကျား၊ မရေးရာ အလေးပေးသော ဘတ်ဂျက် (ရသုံးမှန်းခြေ) လေ့လာခြင်း သုတေသနစစ်တမ်းများအရ သိရှိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုတွင် ကောက်ယူထားသည့် စစ်တမ်းအရ မြန်မာနိုင်ငံရှိ အမျိုးသမီးအများစု သည် ကျန်းမာရေး၊ ပညာရေးနှင့် လျှပ်စစ်
Posted: 24 Mar 2016 04:56 AM PDT
မကြာခင် အနားယူတော့မည့် သမ္မတ ဦးသိန်းစိန်အစိုးရ ၀န်ကြီးများမှာ ၄င်းတို့နေထိုင်ရာ အစိုးရအိမ်ရှိ ပစ္စည်းများကို အိမ်ပြောင်းရွှေ့ရာတွင် အကုန်ယူသွားသည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် သတင်းများ ထွက်ပေါ်နေခြင်းမှာ လုံးဝမဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ရှင်းလင်းပြောဆိုသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တာဝန်လွှဲပြောင်းသည့် အစည်းအဝေးတွင် ဦးဝင်းထိန်က ၀န်ကြီးအိမ်များ
Posted: 23 Mar 2016 10:37 PM PDT
 မန္တလေးမြို့ မင်္ဂလာဈေးမှာ မနေ့ကလောင်ကြွမ်းခဲ့တဲ့ မီးကြောင့် ဆိုင်ခန်းနဲ့ လူနေတိုက်ခန်း ပေါင်း ၃၆၅ ခန်းမီးထဲပါသွားတယ်လို့ သိရပါတယ်။ မင်္ဂလာဈေးမှာ ဆိုင်ခန်းနဲ့ လူနေခန်းပေါင်း ၅၅၀ ရှိလို့ အခုလောင်ကြွမ်းမှုဟာ မင်္ဂလာဈေး တစ်ခုလုံးရဲ့ ၄ ပုံ ၃ ပုံကျော်ကို ၀ါးမြိုသွားတာပါ။ မီးလောင်မှုကြောင့်ဆုံးရှုံးငွေတန်ဖိုး မတွက်ချက်ရသေးဘူးလို့် မန္တလေးတိုင်း ဒေသကြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်
Posted: 23 Mar 2016 09:46 PM PDT
ကျိုက်မရော မတ် ၂၃ မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ် တရနာ-ဘုရားကုန်းလမ်း မိုင်တိုင်အမှတ် (၂၆x၂၇)ကြား လမုခိုကျေးရွာအုပ်စုအတွင်းရှိ ဖား ဘောင်တံတား (ဘေလီသံပေါင် အမျိုးအစား)သည် မတ် ၂ဝ ရက် ညနေ ၆ နာရီက ကရင်ပြည်နယ် ဘက်မှ မောင်းနှင်လာသော သစ် သယ်ဆောင်လာသည့် ၁၂ ဘီး ယာဉ်ကြောင့် ကျိုးကျမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။ တံတားကျိုးကျမှုကြောင့် လမ်း ပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ယာယီလမ်းလွှဲ အား သ
Posted: 23 Mar 2016 09:42 PM PDT
ဒီဇင်ဘာလတုန်းက တွေ့ရတဲ့ ရှန်ဟိုင်းမြို့ လေထု ညစ်ညမ်းမှု (Credit: Reuters)  တရုတ်နိုင်ငံမှာ ​ကင်ဆာရောဂါ ​ကူးစက်ခံရသူ ​၄ ​သန်းရှိပြီး ​အရင်နှစ်တုန်းက ​ကင်ဆာရောဂါကြောင့် ​သေဆုံးသူ ​၃ ​သန်းရှိခဲ့တယ်လို့ ​သိရပါတယ်။ တချို့ ​ကင်ဆာ ​ရောဂါ ​ပျံနှံ့မှုက ​၄၀၀% ​လောက်ရှိနေတယ်လို့ ​အမေရိကန်နိုင်ငံက ​ကင်ဆာဂျာနယ် ​တစ်ခုက ​ပြောပါတယ်။ ၂၀၁၅ ​ခုနှစ်တုန်းက ​ကင်ဆာရောဂါ ​ကူးစက်ခံရသူ ​၄ ​သန်းကျော်ရှိပြီး ​အများဆုံး
Posted: 23 Mar 2016 09:41 PM PDT
ပုံစာ-- ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)     ရန်ကုန် ၊ မတ် ၂၄ ရက် (ဆင်ဟွာ)     နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးမျိုးညွှန့် အပါအ၀င် အဖွဲ့ ဝင် ၉ ဦး၏ အမည်စာရင်းကို ယနေ့ မတ်လ ၂၄ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြ ကြေညာခဲ့သည်။ နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် အဆိုပြု တင်ပြသော နိုင်ငံတော် ဖွဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...