ပြန်/ဝန် ဦးရဲထွဋ် မမှားပါဘူး။ စိတ်ဆိုးနေတဲ့ ပြည်သူတွေသာ မှားနေတာ။
Myint Thu to 2015 Demo Pa Yit
·
. ဝန်ကြီးတွေ အိမ်ရာတွေက
ဆင်းသွားပုံ သတင်းတွေကြားရပြီး ဗုဒ္ဓဘာသာ စာပေထဲက ဝတ္ထုတစ်ပုဒ်ကို သတိရတယ်။
ဗုဒ္ဓဘာသာ အမျိုးကောင်းသမီးလေး ဥတ္တရာ ဘာသာခြားနဲ့ အိမ်ထောင်ကျတော့
ယောက်ျားခွင့်ပြုချက်မရလို့ ဥပုသ်သီလကို မစောင့်ထိမ်းရဘူး ဖြစ်နေတယ်။
ရတနာသုံးပါးနဲ့ ဝေးပြီး ကြာကြာမနေနိုင်ရှာတော့ သီရိမာဆိုတဲ့ ပြည့်တန်ဆာမကို
ငွေပေးငှား ရမ်းပြီး ယောက်ျားအနားမှာ ကိုယ်စားထားလို့ ဥပုသ်စောင့်ခွင့်
ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတွေကို ဆွမ်းကပ်ခွင့်တောင်းတယ်။ တိတိကျကျတော့
မမှတ်မိတော့ဘူး သီတင်း ၁ ပတ်စာ၊ ၂ ပတ်စာ ကာလလောက်တော့ ဖြစ်မယ်ထင်တယ်။ .
အချောအလှ ပြည့်တန်ဆာမလေး ကိုယ်စားရထားတော့ ယေက်ျားကလည်း
ကျေကျေနပ်နပ်ခွင့်ပြု။ မိန်းမကလည်း ကိုယ်တိုင်မီးဖိုချောင်ဝင် ဘုရားနဲ့
သံဃာတော်တွေကို ကိုယ်တိုင်ဆွမ်းလှူ သီလလည်း ယူပေါ့။ နေလာလိုက်တာ သတ်မှတ်တဲ့
ကာလ ပြည့်ခါနီးတော့ ပြည့်တန်ဆာမ သီရိမာက ဖောက်လာတယ်။ . အတူနေရတဲ့ ကာလက
နည်းနည်းလေး ကြာလာတော့ သီရိမာက သူဌေးလေး နန္ဒကို သူ့ ယောက်ျားလို့ ထင်လာတယ်။
အိပ်ရာနေရာ တိုက်တာ အဆောက်အဦးကိုလည်း သူ့ဥစ္စာထင်လာတယ်။ သူဌေးမလေး
ဥတ္တရာကိုတောင် သူ့အလုပ်ရှင်လို့ နားမလည်တော့ဘူး။ မီးဖိုဝင်နေတာမြင်တော့
သူ့အလုပ်သမားလို သဘောထားလာတယ်။ သူ့လင်လို့ ထင်လာတော့ ဝတ္တရားကျေပွန်ရုံမက
သူ့နှလုံးသားကိုပါ ရင်းမိမှာပေါ့။ အိပ်ရာပေါ်မှာလည်း တီတီတာတာနဲ့
ချစ်စကားတွေ ပြောမိမှာပေါ့။ . ဒါပေမဲ့ ကြေးစားက ကြေးစားပဲလေ။
သက်တမ်းကုန်လို့ တာဝန်ပြီးရင် အိမ်ပေါ်က ဆင်းရမှာပေါ့။ အဲဒါကို နားမလည်တော့
သက်တမ်းကုန်ခါနီးလေ စိတ်တွေက ဖောက်ပြန်လေဖြစ်ပြီး ဥတ္တရာသူဌေးမလေးကိုလည်း
သူ့ယောက်ျား လုယူတော့မယ့် မိန်းမလို့ထင်၊ သူ့စည်းစိမ် လုယူတော့မယ့်
မိန်မလို့တွက် မဆင်းခင် ထောပတ်ဆီပူနဲ့ လောင်းပြီး သေကြောင်းကြံတယ်။ .
တာဝန်ပြီးခါနီး ဝန်ကြီးတွေလည်း ပြည့်တန်ဆာမ သီရိမာလို ဖြစ်နေမှာပေါ့။
ဒီအိမ်ကြီးတွေပေါ် ၅ နှစ်တောင် နေခဲ့ရတာဆိုတော့ သူတို့ဟာလို့
ထင်နေကြတော့မယ်။ ကိုယ့်ဟာလို့ထင်တော့ နိုင်ငံတော်က သိန်း ၃၀ ပေးထားတာထက်မက
ကိုယ့်အိပ်ထဲက စိုက်ပြီး ပြင်တာဆင်တာတွေလည်း လုပ်ခဲ့မိမယ်။
မစွန့်လွှတ်ချင်ဘူး ဖြစ်မယ်။ ပြည်သူက တာဝန်ပေးလို့ ကိုယ့်တာဝန်ကိုယ်ထမ်းဖို့
လာကြတဲ့ ဝန်ကြီးသစ်တွေကိုလည်း သူတို့စည်းစိမ် လုယူတော့မယ့် လူတွေကို
မြင်နေမယ်။ ဘယ်မှာ စေတနာ ရှိနိုင်ပါ့မလဲ။ အစကတည်းကလည်း တိုင်းပြည်အပေါ်
စေတနာရှိလို့ ဒီအလုပ် လုပ်နေကြတာမှ မဟုတ်တာ။ သူတို့တစ်တွေ
ကောင်းကောင်းမွန်မွန် ဆင်းသွားကြရင်တောင် အံ့သြရဦးမှာ။ ခုလို
လုပ်သွားကြတယ်ဆိုတာ အံ့သြစရာကို မရှိဘူး။ . သူတို့ အိပ်ထဲက
ငွေတွေစိုက်ထုတ်ပြီး လုပ်ခဲ့ပါတယ်လို့ ပြောနေမှတော့ သူတို့ဘက်က
ကြည့်ရင်လည်း မှန်ပါတယ်။ ပြန်/ဝန် ဦးရဲထွဋ် မမှားပါဘူး။
တိုင်းပြည်အပေါ်စေတနာထားလို့၊ နောက်တတ်လာမယ့် ဝန်ကြီးအပေါ်
ကိုယ်ချင်းစာတရားကလေးနဲ့ တံမျက်စည်းလေးလှည်း၊ ကြမ်းလေးတိုက်၊
ရေနံချေးလေးနဲ့ အရောင်တင်ပြီး သောက်ရေအိုးလေးပါ ရေဖြည့်ထားခဲ့လိမ္မယ်လို့
မျှော်လင့်မိရင်သာ မျှော်လင့်မိတဲ့ ပြည်သူတွေရဲ့အမှား။ အဲလိုဖြစ်မလာတဲ့အပေါ်
စိတ်ဆိုးမိရင်သာ စိတ်ဆိုးမိတဲ့ ပြည်သူတွေရဲ့အမှား။ ဒီလိုလူစားတွေဆီက
ဘာမေတ္တာ၊ ဘာစေတနာမှ မျှော်လင့်စရာမရှိဘူးဆိုတာ ကြိုကြိုတင်တင်က သိပြီးသား
ဖြစ်သင့်တာ။
0 comments:
Post a Comment