အရေးကြီးသော ရောဂါလက္ခဏာများ အကြောင်း သိကောင်းစရာ
Asia Royal Hospital page ကို Like လုပ်ထားခြင်းအားဖြင့် မိဘပြည်သူများအတွက် အပတ်စဉ် ကျန်းမာရေးဗဟုသုတသတင်းများ၊ ကျန်းမာရေးနှင့်ပက်သက်သောသတင်းထူးများ၊ Treatment အသစ်များ၊ အာရှတော်ဝင်ဆေးရုံမှ service များ၊ promotion များ၊ အာရှတော်ဝင်ဆေးရုံ၏ လစ်လပ်ရာထူးများကို အချိန်နှင့်တပြေးညီ update ရယူနိုင်ပါသည်။
ခန္ဓာကိုယ်ကြီး နာကျင်ကိုက်ခဲပြီဆိုရင် လူတွေဟာ တစ်ခါတစ်ရံမှာ သတိမူ
ဂရုစိုက်မိတာ ရှိသလို တစ်ခါတလေ လျစ်လျူရှုလိုက်မိတာဟာ သဘာသပါ။ သို့သော်
အောက်ပါနာကျင်ကိုက်ခဲခြင်း ဆိုတဲ့ဝေဒနာ သင့်ခန္ဓာကိုယ်ရဲ့ အချို့သော
အစိတ်အပိုင်းနေရာတွေမှာ ဖြစ်ပေါ်ခံစားရပြီ ဆိုရင်တော့ လျစ်လျူမရှုသင့်ဘဲ
ဘာကြောင့်လဲ၊ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတဲ့ စိတ်ဝင်စားမှုရှိသင့်ပါတယ်။
ဘာကြောင့် လဲဆိုတော့ အချို့သော ဝေဒနာတွေဟာ မသိသာဘဲ ဆိုးဆိုးဝါးဝါး လူကို
ဒုက္ခပေးနိုင်တဲ့ အပြင်အသက်အန္တရာယ်တောင် ဖြစ်လာနိုင်ပါတယ်။ အောက်ဖော်ပြပါ
လက္ခဏာ ငါးမျိုးထဲက တစ်စုံတစ်ခုဖြစ်ပွား ခံစားရတယ်လို့ သံသယဖြစ်လာပါက
ဆေးကုသမှု ချက်ချင်း ခံယူရန် လိုအပ်ပါသည်။
(၁) ခြေထောက်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲမှုရှိလျှင်
ခြေထောက် သို့မဟုတ် တင်ပါးထိခြေထောက်ကြီး တစ်ခုလုံးပြောင်လက်ပြီး တင်းတင်းကြီး ရောင်ရမ်းလာလို နာလည်းနာကျင်လာမယ်ဆိုရင် ဥပမာ ရန်ကုန်ကနေ မန္တလေး ကားစီး ခရီးထွက်တဲ့ အခါ သင့်ခြေထောက်မှာ ရုတ်တရက် ရှေ့မှာ ပြောသလို ဖြစ်လာရင် ဒါဟာအရေးကြီး ပါတယ်။ သင့်ခြေထောက်ထဲက သွေးကြောထဲမှာ သွေးခဲပြီး ပိတ်ဆို့နေတဲ့ အခြေအနေမှာ ဒီလိုဖြစ်လာတာပါ။ ခရီးရှည်ပြီး ဒူးကွေးထိုင်ရတော့ ခြေဆန့်လက်ဆန့် မနေရလေတော့ နဂိုက သွေးတိုးရောဂါရှိသူများရဲ့ သွေးဟာ စေးပျစ်တတ်တာမို့ မလှုပ်မရှားဘဲ တစ်လမ်းလုံး ငြိမ်ငြိမ်လေး နေပါက သွေးလည်ပတ်မှု မကောင်းတော့ဘဲ ခဲလာတတ်တဲ့အတွက် သွေး ကြောပိတ်ပြီး အောက်ပိုင်း ခြေတောက်များရောင်ရမ်း နာကျင်ကိုက်ခဲတတ်တာမို့ အသက်အန္တရာယ်ရှိပြီး နီးစပ်ရာ ဆေးရုံချက်ချင်း သွားပြီးပြသသင့်ပါသည်။
(၂) ရင်ဘတ်အောင့် သို့မဟုတ် ပုခုံးနောက်ကြောဘက် အောင့်သို့မဟုတ် မေးရိုးအထိ ကျင်တက်နာကျင် လာပြီး အော့ချင်အန်ချင်လာလျှင်
ဒါကတော့ နှလုံးတိုက်ခိုက်ခံရတော့မယ့် အနေအထားပါ။ Heart Attack မရခင် ဆေးရုံကား အမြန်ခေါ်ပါ။ ကိုယ်တိုင် ကားမမောင်းပါနှင့်။ ဘေးလူကို အကူအညီတောင်းမောင်းခိုင်းပြီး ဆေးရုံသို့ အမြန်သွားသင့်ပါသည်။ အမျိုးသားအချို့မှာ ဒီလိုမခံစားရဘဲ နှလုံး တိုက်ခိုက်ခံ ရတာမျိုးရှိတတ်ပါသေးသည်။ အမျိုးသမီးကြီးတွေကတော့ ရင်ဘတ်အောင့် ကစပြီး အထက်မှာ ပြောသလို ခံစား၊ အန်ပြီး မူးဝေတတ်ပါသည်။ ရင်နဲ့ကြောနဲ့ ညှပ်ပြီးအောင့်တာ သိသာသတဲ့။
(၃) ရေငတ်၊ ဗိုက်ခဏခဏဆာ၊ ခါတိုင်းထက် နုံးပြီး အိမ်သာ ခဏ ခဏ တက် ရှူးပေါက် နေရင်
ဒီလက္ခဏာတွေဟာ သင့်မှာ ဆီးချို သွေးချို အကြို လက္ခဏာ ဖြစ်နိုင်သလို ဆီးချို သွေးချို တွေ တက်နှင့် ပြီးလည်း ဖြစ်လာနိုင်ပါပြီ။ ဒီကြားထဲ အရေပြားရောဂါတစ်ခုခု ဖြစ်လာရင် ဆရာဝန်နဲ့ သွေးသွားစစ်ဆေးသင့်ပါသည်။ နို့မို့ဆိုရင် ဆီးချို သွေးချို ရောဂါမှန်း မသိလိုက်ရဘဲ အခြေအနေဆိုးမှ ဆေးကုရတာ အလွန်နစ်နာစေလိမ့်မယ်။
(၄)လက်သည်းအောက်မှာ အမဲ အစင်းကြောင်းတစ်ခုတွေ့လျှင်
ဘာဒဏ်ရာမှ မရခဲ့ဘူးပဲ၊ ထိခိုက်ဒဏ်ရာလည်း မရှိခဲ့ပဲ သင့်လက်သည်းအောက်မှာ အမဲအစင်းကြောင်း တစ်ခု ပေါ်လာပြီ ဆိုရင် အရေပြားကင်ဆာ ကို သတိထားပါတော့တဲ့။ အသားအရေကောင်းတဲ့သူ တွေမှာ တောင် လူ ၁၀၀မှာ ၈ ဦးခန့်ဟာ လက်သည်းအောက်မှာ ပုန်းကွယ် နေတတ်တဲ့ မှည့်ကင်ဆာရှိပါသတဲ့။ အသားညိုတဲ့ သူတွေမှာ လည်း လက်သည်းအောက် အမဲအကွက် တစ်ခု ရှိပါက လူ၅၀၀ မှာ ၆၀ ဦးခန့် အရေပြားကင်ဆာဖြစ်နိုင်ပါသည်။
(၅) မျက်စိထဲမှာ အစင်းကြောင်းတွေ ပေါလောမျောအစင်းတွေ တွေ့တွေ့နေလျှင်
ဂျယ်လို အချောင်း၊ အစင်းကြောင်းတွေ ပေါလောမျေားနေတဲ့ ဂျယ်လီချောင်းမျိုးတွေကို အသက်ရလာလျှင် တွေ့ရတတ်ပါတယ်။ ဒါပေမယ့် တွေ့တာကလွဲလို့ဘာမှ မဖြစ်တော့ သတိမမူ တတ်ကြပါ။ ဒီလိုမြင်လွှာဟာသင့်မျက်လုံး အိမ်ပုံမှန်နေရာမှ ကွာလာခြင်းကြောင့် မြင်ရခြင်းလည်း ဖြစ်နိုင်တာမို့ မသင်္ကာရင် မျက်စိဆရာဝန်ကိုပြောပြပြီး အသေအချာ စမ်းသပ်ပေးဖို့ တောင်းဆို သင့်ပါသည်။ မဟုတ်ရင်လေဆာ သို့မဟုတ် ခွဲစိပ်ကုသမှု လုပ်ရန် လိုအပ်ကောင်းလိုအပ်တတ်ပါသည်။
Credited to Health Digest Journal

0 comments:
Post a Comment