သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၃)
သစ်ထူးလွင် |
- ဘုရင့်နောင်ဈေးမီး ဆိုင်ခန်း ၃၄ ခန်းကူးစက်
- မြန်မာနိုင်ငံ၏ သမ္မတသစ်အား ကုလသမဂ္ဂ အကြီးအကဲ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတ မစ္စတာရှီကျင့်ဖိန် (Mr. Xi Jinping ) မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
တာ် သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ြ ခင်းခံရသော ဦးထင်ကျော် အား ဂုဏ်ပြုခြင်းသ၀ဏ်လွှာပေးပို့ - သမ္မတသစ်နဲ့ ပူးပေါင်းဆောင်ရွက်မည်ဟု ကာချုပ်ရုံးထုတ်ပြန်
- အင်္ဂါနေ့ ပဏာမရွေးပွဲ ကလင်တန်နဲ့ Trump တို့ အနိုင်ရ
- ဘရပ်ဆဲလ်မှာ အသေဖမ်းမိခဲ့သူကို ဖော်ထုတ်နိုင်
- အမေရိကန် ကျောင်းသားကို မြောက်ကိုရီးယား ထောင် ၁၅နှစ် ချ
- ဘုရင့်နောင် ယာဉ်အပိုပစ္စည်းနှင့် ရောင်းဝယ်ရေးစခန်းရှိ ဆိုင်ခန်းတစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦးဒဏ်ရာရ
- ဖာပွန်မြို့နယ် ဘောကျို့လယ်ရွာသားတစ်ဦး မြေမြှုပ်မိုင်းထိ၍ ဒဏ်ရာပြင်းထန်
- ထိုင်းရဲအသတ်ခံရမှု တရားခံဟု ယူဆရသူများကို မြန်မာဘက်ခြမ်းတွင် ညတွင်းချင်းဖမ်းမိ
- မြန်မာနိုင်ငံသား (၄)ဦး က ထိုင်းရဲအား သတ်ဖြတ်
- ရှမ်းတိုင်းရင်းသူ ကလေးငယ်ကို အဓမ္မရိုက်နက်သော တရုတ်လင်မယားအား ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူ
- ပေးဆောင်ရမည့် အခွန်များ ဘဏ္ဍာနှစ်မကုန်မီ ပေးသွင်းရန် ပြည်တွင်း အခွန်များ ဦးစီးဌာန ထုတ်ပြန်
- ကျိုင်းတုံမြို့၌ မီးလောင်မှုဖြစ်ပွားရာ နေအိမ်တစ်လုံး ဆုံးရှုံး
- မကွေးမြို့ ၌ အိမ်ခြေ ၂၀၀ ခန့် ရှိသည့် ရွာတွင် အိမ်ခြေ ၁၈၂ လုံး မီးလောင်ဆုံးရှုံး
- သာစည်မြို့နယ် ငှက်မင်းကုန်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
- မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာတွင် နေအိမ် ၂ လုံးနှင့် ဂိုဒေါင်၂ လုံး မီးလောင်မှု ဖြစ်ပွား
- ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ် ပတ်သက်မှုဖြင့် လူနှစ်ဦး ထောင် (၃) နှစ်ချမှတ်ခံရ
- ရုရှားကျောင်းသူများကို အဓမ္မပြုကျင့်ခဲ့သည့် အမေရိကန် အမျိုးသားကို ထောင်ဒဏ် နှစ် ၁၅၀ ချမှတ်
- မီရှဲလ်ယိုအား ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၏ ချစ်ကြည်ရေး သံတမန် အဖြစ် ခန့်အပ်
- အီကွေဒေါတွင် စစ်လေယာဉ်ပျက်ကျ မှုကြောင့် ၂၂ ဦးသေ
- ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်ပွဲအဖြစ် ဦးထင်ကျော် ပြောကြား
- သမ္မတ ဦးထင်ကျော် ကို နိုင်ငံတကာ ကြိုဆို
- ဇနီးကပုဆိန်ဖြင့် ခုတ်၍ ခင်ပွန်းသေဆုံး
- ကျားပါးစပ်အလုပ်သမား အချင်း ချင်း စကားများ ရန်ဖြစ်ရာမှ ဒဏ်ရာရရှိကာ လူတစ်ဦးသေဆုံး
Posted: 16 Mar 2016 08:36 AM PDT
မရမ်းကုန်းမြို့နယ်က ဘုရင့်နောင်ဈေးကြီးမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ခဲ့ပြီးဈေးအတွင်
|
Posted: 16 Mar 2016 08:23 AM PDT
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အားတွေ့ရစဉ် (ဆင်ဟွာ)
ကုလသမဂ္ဂ၊ မတ် ၁၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ၏
သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရသည့် ဦးထင်ကျော် အား ဂုဏ်ယူ
ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက် တစ်ခု၌ ပြောကြားခဲ့သည်။
ဘန်ကီမွန်းက ထိုသို့ရွေးချယ် တင်မြှောက်ခံရမှုအား မြန်မာနိုင်ငံ
အစိုးရဟောင်း လက်ထက်တွင် ဆောင်ရွက် ခဲ့သည့် ဒီမိုကရေ
|
Posted: 16 Mar 2016 08:20 AM PDT
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်
|
Posted: 16 Mar 2016 07:26 AM PDT
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးချယ်ခဲ့တဲ့
ဦးထင်ကျော်ကို သမ္မတသစ်အဖြစ် လွှတ်တော်က တင်မြှောက်လိုက်တဲ့အပေါ်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြိုဆိုလိုက်သလို၊ နိုင်ငံတကာ
အသိုင်းအ၀ိုင်းက ၀မ်းသာဂုဏ်ယူကြောင်း ပြောဆိုချက်တွေလည်း
ထပ်မံထွက်ပေါ်လာနေပါတယ်။
လက်ရှိသမ္မတဦးသိန်းစိန်က ကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး နောက်တရက်ဖြစ်တဲ့
ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး
|
Posted: 16 Mar 2016 07:23 AM PDT
Donald Trump နဲ့ Hillary Clinton တို့ အကြီးအကျယ် အနိုင်ရ
အမေရိကန်ပြည်ထောင်စုက ပြည်နယ်ကြီး ၅ ခုမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့
သမ္မတလောင်း ပဏာမရွေးပွဲတွေမှာ Republican ပါတီဖက်က Donald Trump နဲ့
Democratic ပါတီဖက်က Hillary Clinton တို့ အကြီးအကျယ် အနိုင်ရခဲ့ကြပါတယ်။
Florida ပြည်နယ်မှာ Donland Trump အနိုင်ရသွားပြီးနောက် ပြိုင်ဘက် Florida
ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Marco Rubio ဟာသမ္မတလောင်းပြိုင်ဆိုင်မှုေ
|
Posted: 16 Mar 2016 06:29 AM PDT
တိုက်ခန်းကို စီးနင်းချိန်အတွင်း အပြန်အလှန် ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့။
အင်္ဂါနေ့က ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့မှာ အကြမ်းဖက်သမားတွေလို့
သံသယရှိသူတွေရဲ့ တိုက်ခန်းကို ဝင်ရောက် စီးနင်းခဲ့ချိန်က အသေ ဖမ်းမိခဲ့သူဟာ
အယ်လ်ဂျီးရီးယား နိုင်ငံသား မိုဟာမက် ဘဲလ်ကိတ် ဆိုသူ ဖြစ်တယ်လို့
အရာရှိတွေက ပြောပါတယ်။
ဘရပ်ဆဲလ်မြို့ ဆင်ခြေဖုံးက တိုက်ခန်းကို အင်္ဂါနေ့က ဝင်ရောက် စီးနင်းစဉ်
အတွင်း အဲဒီလူကို စနိုက်ပါနဲ့ ပစ်
|
Posted: 16 Mar 2016 06:26 AM PDT
အမေရိကန် ကျောင်းသားကို မြောက်ကိုရီးယား တရားရုံးချုပ်ကို ခေါ်ဆောင်လာစဉ်။
မြောက်ကိုရီးယား နိုင်ငံက ဖမ်းဆီးထားတဲ့ အမေရိကန် ကျောင်းသား အော့တို
ဝမ်းဘီယာ Otto Warmbier ကို နိုင်ငံတော် ရန်ပြုမှု စွဲချက်တွေနဲ့ ထောင်ဒဏ်
၁၅ နှစ် ချမှတ် လိုက်ပါတယ်။
ဝမ်းဘီယာ၊ ၂၁ နှစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက မြောက်ကိုရီးယားမှာ အလည်အပတ်
ရောက်နေစဉ်အတွင်း ဟိုတယ် တစ်ခုမှာ နိုင်ငံရေး ဆိုင်းဘုတ် တစ်ခုကို
ခိုးယူဖို့ ကြိုးပမ်းမှုအ
|
Posted: 16 Mar 2016 06:21 AM PDT
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ယာဉ်အပိုပစ္စည်းနှင့်
ရောင်းဝယ်ရေးစခန်း အဆောက်အအုံအမှတ် ၁၄ ရှိ ဒိုင်နမိုနှင့် မော်တာပြုပြင်
ရောင်းဝယ်ရေး ဆိုင်ခန်းအတွင်း အပူလွန်ကဲကာ မီးလောင်မှုကြောင့် လူ ၁၂ ဦး
ဒဏ်ရာရရှိခဲ့ပြီး ငွေကျပ်သိန်းငါးဆယ်ကျော် ဆုံးရှုံးခဲ့ကြောင်း
ဘုရင့်နောင်ရဲစခန်းမှ သိရှိရသည်။
ဘုရင့်နောင် ယာဉ်အပိုပစ္စည်းနှင့် ရောင်းဝယ်ရေးစခန်းအတွင်း ဒိုင်နမိုနှင့်
မော်တာပစ္စည်းများ ရော
|
Posted: 16 Mar 2016 05:55 AM PDT
မတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU)ထိ
|
Posted: 16 Mar 2016 05:47 AM PDT
မတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအနီးတွင် မတ်လ ၁၅ရက်နေ့ညနေက
ထိုင်းပုလိပ်(ရဲ)တစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ ပြီး သတ်ဖြတ်သူများဟု
ယူဆရသည့် ဒုက္ခသည်စခန်းအတွင်းနေထိုင်သူ မြန်မာဒုက္ခသည် ၄ဦးကို
မြန်မာနိုင်ငံဘက်ခြမ်း၌ ညတွင်းချင်းပင် ပြန်လည်ဖမ်းဆီးရမိကြောင်း
မယ်လစခန်းတာဝန်ရှိသူများက ပြောသည်။
မယ်လဒုက္ခသည်စခန်းအနောက်ဘက် ထီးနိုထာ့ရွာအနီး မယ်လလမ်းခွဲဂိတ်တွင်
တာဝန်ကျနေသ
|
Posted: 16 Mar 2016 05:49 AM PDT
Breaking news on 16March 2016
ထိုင်းမြန်မာ နယ်စပ် ထဆောင်ရမ် ခရိုင်အတွင်း ရှိ ထိုင်းနိုင်ငံဘက် တွင်
ဖွင့်လစ်ထားသည့် မယ်လ ဒုက္ခသည်စခန်းအတွင်း နေထိုင်နေသူ မြန်မာနိုင်ငံသား(၄)
ဦးမှ ထိုင်းနယ်ခြားစောင့် ရဲတဦးအား သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ကြောင်း
ထိုင်းနိုင်ငံManager online သတင်းမှာ ဖေါ်ပြထားပါတယ်။
ထိုင်းရဲ့ တပ်ကြပ် ဖိုင်ထွန် အသက်(၄၁)က မြန်မာနိုင်ငံ ဘက်မှာ ဆိတ် များ
သယ်ဆောင် လာသူ လေးဦးအား တားဆီး စ
|
Posted: 16 Mar 2016 05:35 AM PDT
မန္တလေး မတ် ၁၆ မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ခြံအမှတ်
တ-၂/၉၀ နေအိမ်အတွင်း ရှမ်းတိုင်ရင်သူ အရွယ်မရောက်သေးသည့်ကလေးငယ်ကို
အိမ်ရှင်က ဝဲလက်မောင်း တုတ်နှင့်ရိုက်ခြင်း၊ စားသောက်သည့်တူဖြင့်
နားအတွင်းထိုး၍ အလုပ်ခိုင်းခြင်း၊ လူမမြင်ရသောနေရာတွေတွင်
ရိုက်ထားခြင်းသတင်း လှုပ်လှုပ်ရှားရှား မန္တလေးသတင်း အွန်လိုင်းပေါ်တွင်
ပျံ့နှံ့လာ၍ မတ်လ ၁၆ ရက် ၁ နာရီက စတင်၍ ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူခဲ့သည်။
|
Posted: 16 Mar 2016 05:29 AM PDT
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သော နိုင်ငံတော်သို့
ပေးသွင်းရမည့် အခွန်ငွေများကို ဘဏ္ဍာနှစ်မကုန်မီ ပေးသွင်းရန် နှိုးဆော်ချက်
အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှ ရရှိသည့်
ရောင်းရငွေ/ရငွေ/ဝင်ငွေတို့ အပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန်နှင့်
ဝင်ငွေခွန် ဥပဒေများအရ ပေးဆောင်ရမည့် ကျသင့် လုပ်ငန်းခွန်နှင့် ကြိုတင် ဝ
|
Posted: 16 Mar 2016 05:21 AM PDT
ကျိုင်းတုံ၊ မတ်လ (၁၆) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မတ်လ (၁၆) ရက် အရုဏ်မတက်မီ
နံနက်(၂) နာရီ (၂၈)မိနစ်ခန့်တွင် ဟင်းအိုးတည်ထားခဲ့သည့် ထင်းမီးဖို
မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံး
ဆုံးရှုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊
စွန်နောင်ခမ်းရပ်ရှိ ဦးချေးကာ၏ သွပ်မိုး၊ ရွှံ့ကာ၊ ဝါးခင်း
တစ်ထပ်နေအိမ်အတွင်း ဟင်းအိုးတည်
|
Posted: 16 Mar 2016 05:09 AM PDT
မကွေးမြို့ ညောင်ပင်သာ ကျေးရွာ မီးလောင်မှုအား မီးသတ်သမားများမှ
မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-MOI)
ရန်ကုန် ၊ မတ် ၁၆ ရက် (ဆင်ဟွာ)
မကွေးမြို့ ကံသာကြီး အုပ်စုရှိ အိမ်ခြေ ၂၀၀ ခန့် ရှိ ညောင်ပင်သာ
ကျေးရွာ၌ ယနေ့  မတ်လ ၁၆ ရက် ၊ မွန်းလွဲ ပိုင်းအချိန်တွင် ၁ နာရီခန်
့လောင်ကျွမ်းခဲ့သည့် မီးကြောင့် အိမ်ခြေ ၁၈၂ လုံးခန့်  မီးလောင်ဆုံးရှုံး
ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။
မကွေးမြို့
|
Posted: 16 Mar 2016 05:02 AM PDT
သာစည် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-တောင်ကြီးသွား ကားလမ်းမကြီးဘေး
သာစည်မြို့မှ ၄ မိုင်ခန့်အကွာရှိ ငှက်မင်းကုန်းကျေးရွာတွင် မတ် (၁၆)ရက်နေ့
နေ့လည် (၁၂း၄၅)နာရီက နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ငှက်မင်းကုန်းကျေးရွာ ဒေါ်တင်မြ၏ နေအိမ်တွင်
ဆိုလာဖြင့်ဘက်ထရီ အားသွင်းရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီ
|
Posted: 16 Mar 2016 04:59 AM PDT
မြောင်းမြ မတ် ၁၆
မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာ အုပ်စု ၊ လူတော်ကြီးကျေးရွာတွင်
မတ်လ(၁၆)ရက်နေ့ ၊ နံနက် ၂ နာရီ ၃၀ အချိန်ခန့်က မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားသောအိမ်မှာ ဦးကျော်မိုး(ခ) ဦးမြင့်ဌေးနှင့်
ဦးအောင်ဝင်း (ဘ) ဦးသိန်းမောင် နေအိမ်၂လုံးနှင့် ဦးတင့်ဝေ(ဘ)ဦးလှတင်၏
ဆန်နှင့်ဓာတ်မြေသြဇာ သိုလှောင် ထားသော ဂိုဒေါင်နှစ်လုံး တို့ပါဝင်ပြီး
အိမ်ပိုင်ရှင်များ
|
Posted: 16 Mar 2016 04:58 AM PDT
ရန်ကုန် မတ်လ ၁၆
ရက္ခိုင့်တပ်မတော် AAနှင့် ဆက်နွယ် ပတ်သက်မှုဖြင့် လူနှစ်ဦးကို
ကျောက်တော်မြို့နယ်တရားရုံး ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ထောင် (၃) နှစ်စီ
အသီးသီး ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။
သူတို့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုထွန်းလှက ယနေ့ နံနက်က
ထောင်ချလိုက်သည်ဟု နိရဉ္စရာသို့  အတည်ပြု ပြောဆိုသည်။
"ရက္ခိုင့် တပ်မတော်နဲ့  ဆက်နွယ်ပတ်သတ်ကြောင်း တရားခွင်မှာ ၀န်ခံ
လိုက်တာကြောင့် သူတို့နှစ်ေ
|
Posted: 16 Mar 2016 04:54 AM PDT
လော့စ်အိန်ဂျလိစ် ၊ ၁၆-၃-၂၀၁၆
ရုရှားနိုင်ငံတွင် အသက် ၁၂ နှစ်အရွယ်ရှိ ကျောင်းသူ တစ်ဦးနှင့် တခြား
ကျောင်းသူများအား အဓမ္မပြုကျင့် ခဲ့သည့် အမေရိကန် နိုင်ငံသား အမျိုးသား
တစ်ဦးကို မတ် ၁၄ ရက်တွင် အမေရိကန် တရားရုံး တစ်ရုံးက ထောင်ဒဏ် နှစ် ၁၅ဝ
ချမှတ် ခဲ့ကြောင်း သိရသည်။
အသက် ၅၈ နှစ်အရွယ် ယုဆပ်ဖ် အေဘရာမော့ အမည်ရှိ အဆိုပါ အမျိုးသားသည်
ရုရှားနှင့် အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်ပြီး ရုရှားနိုင်ငံ
|
Posted: 16 Mar 2016 04:47 AM PDT
မင်းသမီး မီရှဲလ်ယိုနှင့် UNDP အုပ်ချုပ်ရေးမှူး ဟဲလ်လန် ကလက် (Helen
Clark) တို့အား တွေ့ရစဉ် (ဓာတ်ပုံ- UNDP)
ကုလသမဂ္ဂ၊ မတ် ၁၆ ရက် (ဆင်ဟွာ)
ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မီရှဲလ်ယို (Michelle Yeoh) အား ကုလသမဂ္ဂ
ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ ချစ်ကြည်ရေး သံတမန်အဖြစ် မတ်လ ၁၅ ရက်က
ခန့်အပ်လိုက်ကြောင်း သိရသည်။
မလေးရှား နိုင်ငံဖွား မင်းသမီး မီရှဲလ်ယို အနေဖြင့် လာမည့် ၁၅ နှစ်အတွင်း
ကမ္ဘာ့ ဖွံ့ဖြိုးရေး
|
Posted: 16 Mar 2016 04:44 AM PDT
အီကွေဒေါ နိုင်ငံတွင် ပျက်ကျခဲ့သည့် စစ်တပ်မှ Arava လေယာဉ် ၏ အပျက်အစီး
အပိုင်းအစများအား တွေ့ရစဉ် (ဆင်ဟွာ)
အီကွေဒေါ၊ မတ် ၁၆ ရက် (ဆင်ဟွာ)
အီကွေဒေါ နိုင်ငံ အရှေ့ဘက်ရှိ Pastaza ပြည်နယ် တွင် စစ်ဖက်ဆိုင်ရာ
လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လိုက်ပါလာသူ ၂၂ ဦးစလုံး သေဆုံးခဲ့ကြောင်း
စစ်ဖက် အာဏာပိုင်များက မတ်လ ၁၅ ရက်တွင် ပြောကြား ခဲ့သည်။
အဆိုပါ မတော်တဆ ဖြစ်ရပ်သည် စစ်သားများ လေယာဉ်ပေါ်မှ လေထီးခုန် လေ့
|
Posted: 15 Mar 2016 10:48 PM PDT
သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဦးထင်ကျော် ကို မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: AFP
သမ္မတအဖြစ် ရွေးချယ်ခံရတာဟာ ပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲဖြစ်တယ်လို့ သမ္မတသစ် ဦးထင်ကျော်က မနေ့ကပြောလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ် ရွေးချယ်တင်မြှောက်ပွဲအပြီး ပြန်အထွက်မှာ ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါသလဲလို
|
Posted: 15 Mar 2016 10:48 PM PDT
သမ္မတအသစ် ဦးထင်ကျော် ကို တွေ့ရစဉ်။ Photo: NLD Facebook
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်ကနေ အခု (၅၄)
နှစ်အကြာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်မြှောက်တဲ့ အရပ်သားစစ်စစ်
ဦးထင်ကျော်ကို ဒီမိုကရေစီနည်းကျ သမ္မတသစ်အဖြစ် ပြည်ထောင်စု လွှတ်တော်မှာ
မတ်လ ၁၅ ရက် မနေ့က ရွေးကောက်တင်မြှောက်လိုက်တဲ့အတွ
|
Posted: 15 Mar 2016 10:42 PM PDT
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် သစ်လှကျင်းကျေး ရွာနေဦးအောင်ဆန်း
(အသက်၆ဝ) နှင့် ဇနီးဒေါ်ညို (၄၇နှစ်)တို့ ယခုလ ၁၃ ရက် နံနက် ၉နာရီခွဲက
နေအိမ်တွင်ရှိနေစဉ် ဒေါ်ညိုက ဦးအောင်ဆန်းအား တောထဲရှိ
သရက်ပင်များသွားစောင့်ရန် ပြော ဆိုမှုအပေါ် ဦးအောင်ဆန်းက
မသွားဘဲဆဲဆိုနေသဖြင့် ဒေါ်ညိုက နှစ်ပေခန့်ရှိ ဝါးရိုးတပ် အလျား၆ လက်မ၊
ဗျက်နှစ်လက်မ၊ အနှောင့် တစ်လက်မခွဲခန့်ရှိ ပုဆိန်ဖြင့် ခုတ်ရာ
ဦးအောင်ဆန်း၏ဝဲယာ ချိုစော
|
Posted: 15 Mar 2016 10:36 PM PDT
ကျွန်းစုမြို့၊ ကဘင်ကျေးရွာအုပ်စု၊ သဲအော်ကျေးရွာတွင် ကျားပါးစပ်အလုပ်သမား
အချင်း ချင်း စကားများရန်ဖြစ်ရာမှ ဒဏ်ရာရရှိကာ လူတစ်ဦးသေဆုံး
ကျွန်းစု မတ်လ ၁၆ ရက်
ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ သဲအော်ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊
မတ်လ(၁၄)ရက်နေ့ ည(၇) နာရီအချိန်ခန့်က ကျားပါးစပ်အလုပ်သမား အချင်းချင်း
စကားများရန်ဖြစ်၍ ထိုးကြိတ်ရာမှ ဒဏ်ရာရရှိကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ သဲအော်ကျေးရွာနေ
|
0 comments:
Post a Comment