*** ဖေဖေ လူညာကြီး ***
U Naing Win
( ၁ )
အသားစားရတာ
သွားကြားညပ်လွန်းလို့
ထမင်းစားတောင် ပျက်သကွယ်
မင်းတို့ပဲ စားကြစမ်းပါ
ငါကတော့
ဟင်းရည်လေးရွှဲရွှဲလူးပြီး
အခုလိုဝိုင်းဖွဲ့ စားရရင်
သုံးဇလုံလောက်တော့
အသာလေးကုန်သဟေ့ ။
အသားစားရတာ
သွားကြားညပ်လွန်းလို့
ထမင်းစားတောင် ပျက်သကွယ်
မင်းတို့ပဲ စားကြစမ်းပါ
ငါကတော့
ဟင်းရည်လေးရွှဲရွှဲလူးပြီး
အခုလိုဝိုင်းဖွဲ့ စားရရင်
သုံးဇလုံလောက်တော့
အသာလေးကုန်သဟေ့ ။
ဟ... ဒါ ပန်းသီးလား
ပေးစမ်းတစ်ကိုက်
ဟာ မကြိုက်ပါဘူးကွာ
စားရတာ ဖွာတာတာနဲ့
ခြံထဲက မာလကာသီးလောက်
အရသာမရှိပါဘူး
ရော့ မင်းတို့ပဲ စားလိုက်ကြ ။
ဟာ... မင်းတို့အချိုရည်သောက်ရတာကလည်း
လျှာကို ဆူးစူးသွားသလားမှတ်ရ
ရေနွေးကြမ်း တစ်ခွက်နဲ့
ထန်းလျက်တစ်ခဲ မြည်းလိုက်ရတာကမှ
အရသာ ရှိပါသေး
ငါတော့ မကြိုက်ပေါင်ကွာ
ရော့ ရော့ မင်းတို့ပဲသောက်လိုက်ကြ။
ဟားဟားဟားဟား
မင်းတို့တော်တော်ညံ့တာပဲ
လူငယ်ဆိုတာ
ခေတ်နဲ့ညီအောင်
ဝတ်တတ် စားတတ်ရတယ်ကွ
လူအမြင်ကပ်အောင်တော့ မလုပ်နဲ့
သွား သွား ကြိုက်တာဝယ်ဝတ်
ငါ့ အတွက် ဘာမှမစဉ်းစားနဲ့
ငါက အိမ်ထဲမှာပဲနေတာ
ဘယ်မှ သွားနေတာမဟုတ်ဘူး
အပိုတစ်စုံလောက်ရှိရင် ပြီးရော ။
ဟ...ဒါ မင်းမလုပ်တတ်သေးပါဘူး
နေစမ်း နေစမ်း ငါလုပ်လိုက်မယ်
ကျွမ်းကျင်ရာလိမ္မာတဲ့ကွ မှတ်ထား
အရိပ်ထဲမှာထိုင်ပြီး
ငါလုပ်တာကို သေချာကြည့်
နောက်မှ ကိုယ်တိုင်လုပ် ။
( ၂ )
သိလိုက်ပြီ အဖေ
ခုတော့ ကျွန်တော် သိလိုက်ပြီ
ကျွန်တော့်ကို အဖေ ညာခဲ့တယ်
ဟုတ်တယ်မို့လား အဖေ
တကယ်တော့ ကျတော့်ကို အဖေညာခဲ့တယ် ။
ဝင်းမြင့်ကျော်(တောချောင်း )
ပေးစမ်းတစ်ကိုက်
ဟာ မကြိုက်ပါဘူးကွာ
စားရတာ ဖွာတာတာနဲ့
ခြံထဲက မာလကာသီးလောက်
အရသာမရှိပါဘူး
ရော့ မင်းတို့ပဲ စားလိုက်ကြ ။
ဟာ... မင်းတို့အချိုရည်သောက်ရတာကလည်း
လျှာကို ဆူးစူးသွားသလားမှတ်ရ
ရေနွေးကြမ်း တစ်ခွက်နဲ့
ထန်းလျက်တစ်ခဲ မြည်းလိုက်ရတာကမှ
အရသာ ရှိပါသေး
ငါတော့ မကြိုက်ပေါင်ကွာ
ရော့ ရော့ မင်းတို့ပဲသောက်လိုက်ကြ။
ဟားဟားဟားဟား
မင်းတို့တော်တော်ညံ့တာပဲ
လူငယ်ဆိုတာ
ခေတ်နဲ့ညီအောင်
ဝတ်တတ် စားတတ်ရတယ်ကွ
လူအမြင်ကပ်အောင်တော့ မလုပ်နဲ့
သွား သွား ကြိုက်တာဝယ်ဝတ်
ငါ့ အတွက် ဘာမှမစဉ်းစားနဲ့
ငါက အိမ်ထဲမှာပဲနေတာ
ဘယ်မှ သွားနေတာမဟုတ်ဘူး
အပိုတစ်စုံလောက်ရှိရင် ပြီးရော ။
ဟ...ဒါ မင်းမလုပ်တတ်သေးပါဘူး
နေစမ်း နေစမ်း ငါလုပ်လိုက်မယ်
ကျွမ်းကျင်ရာလိမ္မာတဲ့ကွ မှတ်ထား
အရိပ်ထဲမှာထိုင်ပြီး
ငါလုပ်တာကို သေချာကြည့်
နောက်မှ ကိုယ်တိုင်လုပ် ။
( ၂ )
သိလိုက်ပြီ အဖေ
ခုတော့ ကျွန်တော် သိလိုက်ပြီ
ကျွန်တော့်ကို အဖေ ညာခဲ့တယ်
ဟုတ်တယ်မို့လား အဖေ
တကယ်တော့ ကျတော့်ကို အဖေညာခဲ့တယ် ။
ဝင်းမြင့်ကျော်(တောချောင်း )
0 comments:
Post a Comment