Tuesday, March 22, 2016

စွမ်းရည် ၊ ခွင့်ပြုချက် ၊ မေတ္တာရပ်ခံချက် နဲ့ အကြံပြုချက်တွေကို ဖေါ်ပြချင်တဲ့အခါ (၄)


(1) Offers (အဆိုပြု ကမ်းလှမ်းချက်များအတွက်)
……………….
(1.1) We use can I… to make offers:
အဆိုပြု ကမ်းလှမ်းချက်များအတွက် Can I ကိုသုံးပါတယ်
.
(1.1.1) Can I help you?
ကျနော် ခင်ဗျားကို ကူညီနိုင်မလား (ကူညီရမလား)


(1.1.2) Can I do that for you?
ကျနော် ခင်ဗျားအတွက် အဲဒါကို လုပ်ပေးနိုင်မလား (လုပ်ပေးရမလား)
…………………………….
(1.2) We can also use shall I …
အဆိုပြု ကမ်းလှမ်းချက်များအတွက် Shall I ကိုလည်းသုံးနိုင်ပါတယ်
.
(1.2.1) Shall I help you?
ကျနော် ခင်ဗျားကို ကူညီရမလား
(1.2.2) Shall I call you on your mobile?
ကျနော် ခင်ဗျားရဲ့ လက်ကိုင်ဖုန်းကို ခေါ်ဆိုရမလား
………………………….
(1.3) We sometime say I can ... or I could ... or I’ll (I will) ... to make an offer:
တစ်ခါတရံမှာ ..အဆိုပြုဝါကျ အဖြစ်နဲ့ I can, I could, I will တို့ကိုသုံးပြီး ကမ်းလှမ်းချက်များ ပြုလုပ်နိုင်ပါတယ်
.
(1.3.1) I can do that for you if you like.
ခင်ဗျားကြိုက်နှစ်သက်မယ်ဆိုလျင် ခင်ဗျားအတွက် အဲဒါကို ကျနော်လုပ်ပေးနိုင်ပါတယ်
(1.3.2) I could give you a lift to the station.
ကျနော် ခင်ဗျားကို ဘူတာရုံကို တင်ခေါ်သွားနိုင်ပါတယ်
(1.3.3) I’ll do that for you if you like.
ခင်ဗျားကြိုက်နှစ်သက်မယ်ဆိုလျင် ခင်ဗျားအတွက် အဲဒါကို ကျနော်လုပ်ပေးပါမယ်
…………………………………………………
(2) Invitations (အဆိုပြုဖိတ်ခေါ်မှုများ)
…………………..
(2.1) We use would you like (to) ... for invitations:
အဆိုပြုဖိတ်ခေါ်မှုများအတွက် would like / would like to ကို သုံးပါတယ် (ယဉ်ကျေးတဲ့ပုံစံပါ)
.
(2.1.1) Would you like to come round tomorrow? (would like to + V1)
ခင်ဗျား မနက်ဖန်မှာ လှည့်လာလိုပါသလား (အလည်လာပါဦး)
(come round (UK) / come around (US) : to visit someone in their home)
.
(2.1.2) Would you like another drink? (would like + noun)
တခြားသောက်စရာ တစ်ခုခု လိုပါသလား (သောက်ပါဦးလား)
…………………………
(2.2) We use you must or we must for a very polite invitation:
ပိုပြီးယဉ်ကျေးတဲ့ အသုံးအဖြစ် you must, we must တို့ကိုလည်း သုံးပါတယ်
.
(2.2.1) You must come round and see us.
ခင်ဗျားလှည့်လာပြီး ကျနော်တို့ကို တွေ့ရမယ်နော် (အလည်လာပြီးတွေ့ပေးပါ)
(2.2.2) We must meet again soon.
တို့တတွေ မကြာခင် နောက်တစ်ကြိမ် ပြန်ဆုံကြရမယ် (ဆုံကြရအောင်)
………………………………….
(3) Obligation and necessity (တာဝန်သိစိတ်နဲ့ မရှိမဖြစ်လိုအပ်ချက်)
………………………………..
(3.1) We use must to say that it is necessary to do something:
တစ်စုံတစ်ခု ပြုလုပ်ဖို့ မရှိမဖြစ်လိုအပ်ချက်ကို ဖေါ်ပြဖို့အတွက် must ကိုသုံးပါတယ်
.
(3.1) You must stop at a red light.
မီးနီမှာ ခင်ဗျားရပ်ရမယ်
(3.2) You can wear what you like, but you must look neat and tidy.
ခင်ဗျားကြိုက်တာ ၀တ်နိုင်ပါတယ် ဒါပေမယ့် သပ်ရပ်သန့်ရှင်း သေသပ်ကျန ရပါမယ်
(3.3) I’m sorry, but you mustn’t make a noise in here.
စိတ်မကောင်းပါဘူးဗျာ ဒါပေမယ့် ခင်ဗျား ဒီမှာ ဆူညံလို့ မရပါဘူး
…………………………………
(3.2) We use had to for this if we are talking about the past:
အတိတ်ကာလအတွက် ပြောနေတယ်ဆိုလျင်တော့ had to ကို သုံးပါတယ်
.
(3.2.1) Everyone had to bring something to eat.
လူတိုင်းက စားဖို့အတွက် တစ်ခုခု ယူလာခဲ့ရမှာ ဖြစ်ပါတယ်
(3.2.2) We had to learn English.
ကျနော်တို့ အင်္ဂလိပ်စာကို လေ့လာခဲ့ရမှာ ဖြစ်တယ်
………………………………….
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...