Friday, March 25, 2016

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၃)

သစ်ထူးလွင်


Posted: 25 Mar 2016 07:47 AM PDT
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ လောက်က မတ်လ ၂၅ ရက်နေ့ ဆန္ဒဖော်ထုတ်ကြစဉ်။ Photo: Kyaw Lwin Oo/RFA တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။ ဒေသခံတွေရဲ့ သဘောထားမပါဘဲ
Posted: 25 Mar 2016 07:36 AM PDT
ဝမ်းတွင်း၊ မတ်လ(၂၅) ။ ။ သာစည်မြို့နယ်၊ မိတ္ထီလာမြို့ရှောင်လမ်းတွင် မတ်လ(၂၄)ရက်နေ့ ညပိုင်းက နေပြည်တော်မှ ပြန်လာသော တပ်မတော်မှ ဗိုလ်ကြီးတစ်ဦး ကွန်ကရစ်ခင်းထားသော ဘောင်အားတိုက်မိကာ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ရေးမြို့နယ်၊ လမိုင်းကျေးရွာ ခမရ(၁၀၆)မှ ဗိုလ်ကြီးအောင်ခန့်မော်ဖြစ်ကြောင်း၊ နေပြည်တော်မှ ညီဖြစ်သူ ကိုအောင်မင်းသော်နှင့်အတူ ဆိုင်ကယ်စီး၍ ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ်ေ
Posted: 25 Mar 2016 07:24 AM PDT
ကွာလာလမ်ပူ ၊ ၂၅-၃-၂၀၁၆ မလေးရှား လုံခြုံရေးတာဝန်ရှိ သူများသည် ISIS အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်ဖွယ် ရှိသည့် အကြမ်းဖက် သမား ၁၃ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့ထောက်လှမ်းရေး အရာရှိချုပ် က မတ် ၂၄ ရက်တွင် ပြောကြားသည်။ မူဆလင်လူမျိုးစု အများဆုံး နေထိုင်ရာ မလေးရှား နိုင်ငံ၌ မတ် ၂၃ ရက်က နောက်ဆုံး ပြုလုပ်ခဲ့သော အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေး စစ်ဆင်ရေးတွင် အဆိုပါ အကြမ်းဖက် သမား ၁၃
Posted: 25 Mar 2016 07:22 AM PDT
မော်စကို ၊ ၂၅-၃-၂၀၁၆ မြောက်ကိုရီးယား စစ်ဘက်တပ်ဖွဲ့ နှစ်ဖွဲ့သည် ဆီးရီးယား ပြည်တွင်းစစ် တွင် ပါဝင်ပြီး ဆီးရီးယား အစိုးရ တပ်ဖွဲ့ဘက်မှ ဝင်ရောက်ကူညီ တိုက်ခိုက်ပေး နေကြောင်း ဆီးရီးယား အတိုက်အခံ အဖွဲ့က ပြောကြား ထားသည်။ အဆိုပါ တပ်ဖွဲ့များကို Chalma-1 နှင့် Chalma-2 ဟု အမည်ပေး ထားကြောင်း ဆီးရီးယား အတိုက်အခံအဖွဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီ ကိုယ်စားလှယ် အကြီးအကဲ အာဆတ်အယ်လ်ဇိုဘီက TASS သတင်းဌာနသို့
Posted: 25 Mar 2016 07:04 AM PDT
ဦးသိန်းစိန်အစိုးရသက်တမ်း (၅) နှစ် ကုန်ဆုံးတာမှာမို့ ဘာတွေ လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို ပြည်တွင်းပြည်ပမှာ သုံးသပ်နေကြပါတယ်။ အနှစ် (၅၀) စစ်အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ စတင်တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့တာတွေကို ဇန်နဝါရီလ (၂၈) ရက်နေ့မှာ ဦးသိန်းစိန်က မိန့်ခွန်းအရှည်ကြီး ခြွေသွားခဲ့ပါတယ်။ ဦးသိန်းစိန်ဟာ လက်ရှိ အခြေခံဥပဒေပြုစုတဲ့ အမျိုးသားညီလာခံမှာ အဓိကပါဝင်ပြီး ဗိုလ်ချုပ်
Posted: 25 Mar 2016 06:46 AM PDT
အခင်းဖြစ်ပွားရာနေရာ ဘာသာပြန်၊ မတ်လ(၂၅) ။ ။ ထိုင်းနိုင်ငံ ထခိုလုံးအုပ်စု၊ ထဝန့်မြို့နယ် ၊ လုပ်ပူးလီးခရိုင်ရှိ ဆမော်ခွန်း တောင်ပေါ်မှာ မသင်္ကာဖွယ် တွေ့ရတဲ့ အမျိုးသားတစ်ယောက်ကို ဒေသခံတွေက မေးတဲ့အခါ မိခင်ဖြစ်သူကို သတ်လာတာလို့ ပြောခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်ပါတယ်။ အဲဒီလူဟာ နိုင်းဆန် ဝိချန်းစံလို့ သိရပြီး ရဲတပ်ဖွဲ့က သူ့ပြောပြချက်အတိုင်း နေအိမ်ကို ဝင်ရောက် စစ်ဆေးရာမှာ နိုင်းဆန်ရဲ့အမေဖြ
Posted: 25 Mar 2016 05:55 AM PDT
ပြည်ထောင်စု လွှတ်တော်က မတ်လ ၂၅ ရက်တွင် facebook စာမျက်နှာမှ တစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ၄ ဦး၏ ကိုယ်ရေး ရာဇဝင် အကျဉ်းများကို ထုတ်ပြန်လိုက်သည်။ Biographies of the members of the Union Election Commission proposed by President-elect.pdf by Thit Htoo Lwin
Posted: 25 Mar 2016 05:26 AM PDT
(မတ်လ ၂၅ ရက်နေ့က ဝန်ကြီး ၁၄ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ တွေ့ဆုံစဉ်) Photo: NLD Chairperson အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၁ဝဝ အတွင်း ဆောင်ရွက်မယ့် ဝန်ကြီးဌာနအလိုက် စီမံချက်တွေကို ရေးဆွဲထားကြဖို့နဲ့ ဝန်ကြီးအိမ်တွေမှာ ထားရှိမယ့် ပရိဘောဂတွေအတွက် ကုန်ကျစရိတ်ကို လစာထဲကနေ သုံးစွဲဖို့ ဝန်ကြီး ၁၄ ဦးကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
Posted: 25 Mar 2016 05:24 AM PDT
မတ်လ ၂၅ ရက်နေ့က နေပြည်တော် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနရုံးက သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးဝင်းသန်း ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုဈေးကွက်မှာ ပြည်တွင်းကအများပိုင်ကုမ္ပဏီ ၁၁ ခု၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝ
Posted: 25 Mar 2016 05:14 AM PDT
ကျိုင်းတုံ မတ် ၂၅ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တာချီလိတ် ကားလမ်း၊ ပန်လော့အောက်ရွာ အနီးတွင် မတ်လ(၂၄)ရက်နေ့ ညနေ (၄)နာရီခွဲက သုံးဘီးဆိုင်ကယ် တစ်စီးတိမ်းမှောက်၍ ယာဉ်မောင်း သူ သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ် နောင်နွန်း(အာခါ) ကျေးရွာနေ၊ မောင်အားတေ (၁၉)နှစ် မောင်းနှင်သော ၆ဟ/-------၊ Bashan အမျိုးအစား သုံးဘီးဆိုင်ကယ် လိမ္မော်ရောင် သည် ကျိုင်းတုံ-တာချီလိတ် ကားလမ်း၊ ပ
Posted: 25 Mar 2016 05:05 AM PDT
မတ် ၂၄ ရက်နေ့ က အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် ဟိုလီပွဲတော်တွင် တွေ့ ရသော အိန္ဒိယအမျိုးသမီးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက် )     နယူးဒေလီ ၊ မတ် ၂၅ ရက် ( ဆင်ဟွာ )     မတ်လ ၂၄ ရက်တွင် ကျရောက် အိန္ဒိယနိုင်ငံ ဟိုလီ ပွဲတော်အတွင်း အပျော်လွန်ကြရာမှ သေဆုံးသူ ၃၀ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း AIR ရေဒီယို အသံလွှင့်ဌာနက ကြေညာသွားသည်။ သေဆုံးသူအများစုသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်း
Posted: 25 Mar 2016 04:58 AM PDT
မိုဘိုင်းဖုန်း အသုံးပြုနေသူ တစ်ဦး အားတွေ့ရစဉ် (ဆင်ဟွာ)     ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)     ပြည်ထောင်စု အခွန် ဥပဒေအရ မိုဘိုင်းဖုန်း အခွန် ဧပြီလ ၁ ရက်မှ စတင်ပြီး ပေးဆောင်ရန် ဖုန်းအော်ပရေတာများက ယနေ့ စတင် ကြေညာလိုက်သည်။ ယင်းကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရ ကိုယ်စား ဖုန်းအော်ပရေတာများက ကောက်ခံပြီး သုံးစွဲသူ မိဘပြည်သူများ ကိုယ်စား ပြည်ထောင်စု အစိုးရသို့ ပေးသွင်း သွားမ
Posted: 25 Mar 2016 04:55 AM PDT
မီးလောင်နေတဲ့ ​န​မူ​နာ ​ဓာတ်​ပုံ​သာ ​ဖြစ်​ပြီး ​အ​ခု မီးလောင်သေဆုံးသူရဲပုံ ​မ​ဟုတ်​ပါ။ နိရဉ္စရာ၊ မတ်လ ၂၅ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေ အရပ်တွင် အသက်(၄၀) အရွယ် လူတစ်ဦးသည် ၎င်း၏ ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံးသွားသည်ဟု သတင်း ရရှိသည်။ သေဆုံးသူမှာ ဦးထွန်းထွန်းမြင့် (၄၁ နှစ်) (ဘ) ဦးအောင်ကျော်ထွန်း၏ သားဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။ “ ဒီနေ့ေ
Posted: 25 Mar 2016 04:40 AM PDT
မတ်လ ၂၅ ရက်၊ နံနက် ၉း၃၀ နာရီ အချိန်ခန့်တွင် လှော်ကားဘူတာမှ ရန်ကုန်သို့ သွားသည့် ရထားကို အသက်ငါးဆယ်ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးတွယ်စီးရာမှ ပြုတ်ကျကာ ရထားကြိတ်မိ သေဆုံးသွားကြောင်း မျက်မြင်သက်သေများထံမှ သိရှိရသည်။ “စက်မှုဇုန်ဘူတာကနေ ၃၀၀ ကျပ်တန်ရထားကို တံခါးပိတ်သွားတာ မမီလို့ တွယ်စီးတာ။ တံခါးဖွင့်ရင်တက် မလို့လုပ်တာပါ။ ငါးစာစစ်တဲ့နေရာမှာ ခြေချော်ချတာ ခြေထောက်ပြတ်၊ ဝမ်းလျားမောက်ကျပြီး ခါးတစ်ပို
Posted: 24 Mar 2016 09:41 PM PDT
ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)     ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)     နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသူသည် ယနေ့ မတ်လ ၂၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ငါးဦး အမည်စာရင်းကို တင်ပြလာကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ အဖြစ် ဦးလှသိန်း
Posted: 24 Mar 2016 08:26 PM PDT
ရန်ကုန်မြို့ Chatrium Hotel မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မီဒီယာတွေရဲ့ မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ်။ Photo: Kyaw Zaw Win/RFA  ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရာထူးကထွက်ခွာတော့မယ့် ဝန်ကြီးဟောင်းတွေဟာ သူတို့ကိုနိုင်ငံတော်က ဝန်ကြီးကာလသက်တမ်းအတွင်း နေထိုင်ဖို့ပေးထားတဲ့ အိမ်တွေက ပစ္စည်းတွေကို အကုန်ယူသွားတယ် ဆိုပြီး အင်တာနက်ပေါ်မှာ ရေးသားနေကြတာတွေဟာ လုံးဝမဟု
Posted: 24 Mar 2016 08:03 PM PDT
 အရှိန်မထိန်းနိုင်သည့်ယာဉ် တိမ်းမှောက်သဖြင့် နှစ်ဦးသေဆုံး တပ်ကုန်း မတ် ၂၄ နေပြည်တော် တပ်ကုန်းမြို့နယ် တပ်ကုန်း - ကြီးအင်းကျေးရွာသွား မြေသားလမ်းပေါ်တွင် မတ် ၂၄ ရက် နံနက် ၈ နာရီခွဲခန့်က ယာဉ်တိမ်း မှောက်သဖြင့် ခရီးသည်နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကြီးအင်းကျေးရွာမှ တပ်ကုန်းမြို့သို့ ယာဉ်မောင်း လှမျိုး ဇော် မောင်းနှင်လာသည့် ဆ/---- ဂျီအမ်စီ ခြောက်ဘီးယာဉ်သည် အလယ်ကျွန်းကျေးရွာအနီး တော
Posted: 24 Mar 2016 08:03 PM PDT
ဘရပ်ဆဲလ် လုံခြုံရေး အထူးတင်းကျပ်ဆဲ ပြင်သစ် မှာ တိုက်ခိုက်မှု ကျူးလွန်ဖို့ အကွက်ချ ကြံစည်နေသူ လို့ ယူဆရတဲ့ စစ်သွေးကြွ တယောက်ကို ဖမ်းမိထားတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘယ်နာ့ ကဇန်နုဗ် က ပြောပါတယ်။ ဖမ်းထားသူဟာ ပြင်သစ် နိုင်ငံသား ဖြစ်ပြီး အပြင်းစား တိုက်ခိုက်မှု တခု ကြံစည်နေသူလို့ သင်္ကာ မကင်းကြောင်း၊ အကြမ်းဖက် ကွန်ယက် တခုနဲ့ ချိတ်ဆက် လုပ်ကိုင်နေတာ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။ ပဲ
Posted: 24 Mar 2016 08:02 PM PDT
ဘဂ္ဂဒက် မတ် ၂၄ အီရတ်အစိုးရ တပ်ဖွဲ့များသည် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့ ထိန်းချုပ်ထားသည့် နီနီဗာပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်ဆင်မှုကို မတ် ၂၄ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း အီရတ် စစ်ဘက်ကြေညာချက်တွင် ဖော်ပြသည်။ ယင်းမှာ အီရတ်အစိုးရတပ်ဖွဲ့များ၏ မိုဆူးလ်မြို့ လွတ်မြောက်ရေးအတွက် ပထမအဆင့် စစ်ဆင်တိုက် ခိုက်မှုလည်းဖြစ်သည်။ အီရတ်အစိုးရတပ်ဖွဲ့များသည် မာဟူမာဒေသမှ စတင်ကာ ထိုးစစ်ဆ
Posted: 24 Mar 2016 08:02 PM PDT
Natuna ကျွန်းစု။ Natuna ကျွန်းစုဝန်းကျင်ရှိ ပင်လယ်ရေမိုင် ၂၀၀ ကျော်အတွင်း သတ်မှတ်ထားတဲ့ EEZ အထူးစီးပွားရေးဇုန်မှာ ရေပြင်ပိုင်ဆိုင်မှု ပြသနာကို မီးမောင်းထိုးပြ ရာ ရောက်စေခဲ့တဲ့ မကြာသေးမီက ငါးဖမ်းရာ မှာ နှစ်နိုင်ငံ ပြသနာတက်ခဲ့ပြီးနောက် တရုတ်နဲ့ အင်ဒိုနီးရှားကြား တင်းမာမှုတွေ တိုးလာနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ရေပြင်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အခိုင်အမာ ရပ်တည်သွားမှာဖြစ်ပေမဲ့လည်း အင်ဒိုနီးရှား
Posted: 24 Mar 2016 08:02 PM PDT
မတ် (၂၂) ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့ နယ်၊ ပိန္နဲကုန်းကျေးရွာတွင် မတ်လ (၁၈) ရက်နေ့ က အရက်ဖိုး တစ်ထောင် ပြန်တောင်းရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိပြီး နာရီပိုင်းအတွင်း လူသတ် တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို့ မရဲစခန်းမှ တာဝန်ကျရဲအရာရှိက အတည်ပြုပြောပြသည်။ ဖြစ်ပွားပုံမှာ တင်စိုး (ဘ) ဦးတင်အောင်၊ (၃၄) နှစ်၊ ဓနု/ဗုဒ္ဓ၊ တောင်သူ၊ ပိန္နဲကုန်းကျေးရွာ
Posted: 24 Mar 2016 08:02 PM PDT
ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images သုံးခွ မတ် ၂၄ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျွဲတဲကုန်းကျေးရွာအုပ်စု သနပ်ကုန်းကျေးရွာ ၌ မတ်၂၃ ရက် မွန်းတည့် ၁၂ နာရီက ကုက္ကိုပင် ခုတ်လှဲရာမှ သစ်ပင်ပိ၍ လူတစ်ဦးသေဆုံးသွားကြောင်း သိရသည်။ သေဆုံးသူမှာ ဦးမြဟန် (၄၈)နှစ်ဖြစ်ပြီး သနပ်ကုန်းကျေးရွာ ဦးတင်ဝင်း ၏ နေအိမ်ဝင်းအတွင်း အမြင့် ၁၅ ပေ၊ လုံးပတ် ခြောက်ပေခန့်ရှိ
Posted: 24 Mar 2016 05:46 PM PDT
ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာယူထားပေမယ့် NLD ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိနေမှာဖြစ်တယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား လိုက်ပါတယ်။ ဒါအပြင် တိုင်းနဲ့ပြည်နယ် (၁၄)ခုက ၀န်ကြီးချုပ်တွေဟာ NLD ပါတီဝင်တွေသာဖြစ်မယ်လို့ မနေ့က သတင်းထောက်တွေ နဲ့တွေ့ဆုံရာမှာ ပြောဆို လိုက်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အစိုးရတွေ ဘယ်လိုဖွဲ့စည်းမလဲ၊ နောက် ဝန်ကြီးချုပ် အမည်တွေကို ဘယ်တော့သိရမလဲ စတာတွေကို မအင်ကြ
Posted: 24 Mar 2016 02:28 PM PDT
ယနေ့ မတ် ၂၄ ညနေပိုင်းတွင် အစိုးရ တပ်မ ၉၉ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၇ တို့ကြား ရှမ်းပြည်မြောက်ပိုင်း ဒဘန်တောင် (စီစီဝမ်တောင်ကုန်း) ပေါ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့သောနေရာသည် ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) စီစီဝမ်တောင်ကုန်း (ကချင်လို Da Bang Bum) ဖြစ်ပြီး ယင်းသည် နမ်တောင်း နှင့် မုန်းဘော် ကြားတွင် တည်ရှိသည်။ အစိုးရ တပ်မ ၉၉ စစ်ကြောင်းတစ်ခုသည် နမ်ေ
Posted: 24 Mar 2016 02:28 PM PDT
ယခုလ မတ် ၁၈ ရက်နေ့က အစိုးရ တပ်မ ၆၆ မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခို်င်မြို့ အရှေ့မြောက်ဘက် မုန်းစီ ရွာသား ၃၅ ဦးကို ဗုဒ္ဓဘုန်းကြီးကျောင်းတွင် သုံးရက်ခန့် ဖမ်းဆီး နှိပ်စက် စစ်ဆေးပြီးနောက် ပြန် လွှတ်ပေးခဲ့သည်။ သူတို့ကို ဖမ်းဆီး စစ်ဆေးရာတွင် ရွာအတွင်းရှိ “သူပုန်” များ၏ နာမည်များကို သိလို၍ မေးမြန်းခြင်းဖြစ်ကြောင်း မုန်းစီ ရွာသားတစ်ဦး ကချင်သတင်းဌာန KNG သို့ ပြောခဲ့ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...