Monday, December 31, 2012

01.01.2013 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, December 31, 2012 at 7:38pm ·

နှစ်သစ်ကြိုတဲ့ ရန်ကုန်ည
 
ရန်ကုန်မြို့ မြို့မကွင်းမှာ ပထမဆုံးအကြိမ် အများပြည်သူများ ပါဝင်တဲ့ ၂၀၁၃ နှစ်သစ်ကူးကြိုဆိုပွဲမြင်ကွင်း ( ဇန်နဝါရီ ၁ရက် ၊ ၂၀၁၃။)
မြန်မာနိုင်ငံ အများပြည်သူပါဝင်နိုင်မဲ့ နှစ်သစ်ကူး ကြိုဆိုပွဲတခုကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပဖို့ စီစဉ်နေပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ လူအများပါဝင်နိုင်တဲ့ နှစ်သစ်ကူး ကြိုဆိုပွဲကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက်တာဖြစ်တယ်လို့ ပွဲစီစဉ်တဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်၊

English for Hotel and Catering Industry (Unit 17 - Taking telephone request)

ဒီသင်ခန်းစာကတော့ ဧည့်သည်မှ အခန်းဝန်ဆောင်မှုအား တယ်လီဖုန်းဖြင့်မှာကြားလာပါက ပြန်လည်ဖြေကြားပုံပဲဖြစ်ပါတယ်။ Unit 1, 3 နဲ့ 4 တွေနဲ့ ပြန်ဆက်စပ်လေ့လာကြည့်ပါ။

Unit 17  Taking Telephone Request
Room service. Can I help you?
1
Staff:  Room service. Can I help you?
Guest: Hello, could I have a bottle of champagne please?
Staff: Certainly, what room number please?
Guest: Room 352.

တရားမ၀င်ကုန်သွယ်မှုဆီသို့ တွန်းပို့နေသော မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်




                   မြ၀တီ- မဲဆောက် နယ်စပ်တွင် တရားဝင်ကုန်သွယ်မှုပြုသည့် ကုန်ဝင်/ ထွက်ပေါက် လမ်းကြောင်း အဖြစ် ချစ်ကြည်ရေးတံတား တစ်ခုတည်းသာဖြစ်သော်လည်း ချစ်ကြည်ရေးတံတား ၀ဲယာ တစ်ဖက်တစ်ချက်တွင် သောင်ရင်းမြစ်ကမ်းနဖူး ဂိတ်စခန်းပေါင်းနှစ်ဆယ်ကျော်မှ တရားမ၀င် ကုန်သွယ်မှုပြုနေသည့် ကုန်ဝင်/ ထွက် ပေါက် လမ်းကြောင်းများအဖြစ် သက်ဝင်လှုပ်ရှားတည် ရှိနေ ကြောင်း တာဝန်ရှိအာဏာပိုင်အစဉ်အဆက်မှ လက်ခံသိရှိထားပါသည်။ 

ဝိညာဉ်ရဲ့ကမ္ဘာ


by Wai Maw on Monday, December 31, 2012 at 9:18pm 

(၁)
မြန်မာပြည်မှ ပြန်လာသော မိတ်ဆွေတဦးက ကျနော်ဖတ်ဖို့ စာအုပ်တအုပ်လက်ဆောင် ယူလာပေးသောအခါ လှိုက်လှိုက်လှဲလှဲကျေးဇူးတင် စကား ဆိုလိုက်မိပါသည်။ စာအုပ်မျက်နှာဖုံးကို ဖတ်ကြည့်လိုက်သောအခါ ကျနော် အလွန်ဖတ်ချင် နေသော စာအုပ်လေး ဖြစ်နေသည်ကို တွေ့လိုက် ရသည်။
သူမသွားမီတွေ့ခဲ့ကြစဉ် သူက ‘ဘာမှာဦးမလဲ’ ဟုမေးမြန်းရာ ရုတ်တရက်စဉ်းစားမရသဖြင့် ကျနော်နှုတ်ဆိတ် နေခဲ့သည်။ သူနဲ့ကျနော် အတူရှိနေတုန်းကတော့ ကျနော် အငမ်းမရ ဖတ်ချင်နေသော စာအုပ်အကြောင်း တမ်းတမ်းတတ ပြောဆိုမိခဲ့သည်။ ယခု သူ့ကျေးဇူးကြောင့်ပင် ထိုစာအုပ်လေး ကျနော့်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါပြီ။

လွယ်ကူရိုးရှင်းတဲ့ စိတ်ဖိစီးမှုဖြေဖျောက်ခြင်း



ဘ၀ထဲမှာလှုပ်ရှားရုန်းကန်နေရတဲ့ ကျွန်မတို့ အားလုံး စိတ်ဖိစီးမှုတွေဆိုတာ လူတိုင်းမှာရှိတတ်ကြ ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ရံဖန်ရံခါစိတ်ဖိစီးမှုတွေကိုခံရတာမို့ အားလုံးအတွက် ဝေမျှလိုက်ပါ တယ်။ မိမိနဲ့သင့်တော်မယ့်နည်းလမ်းကိုအသုံးပြုပြီး စိတ်ဖိစီးမှုတွေကိုဖြေလျော့ကြည့်ကြပါနော်။

ဗုဒ္ဓဓမ္မနှင့် လူ့အခွင့်အရေး ( ၂ ) လူ့အခွင့်အရေး၏ သမိုင်းပုံရိပ်


by Ven Pannasami on Monday, December 31, 2012 at 4:52am 

ယနေ့ တစ်ကမ္ဘာလုံးတွင် လှုပ်ရှားရုန်းကန်ဖြေရှင်းနေကြသော လူ့အခွင့်အရေး ပြဿနာသည် ၁၉၃၉ ခုနှစ်မှစတင်ပြီး ၁၉၄၅ ခုနှစ်တွင်ပြီးဆုံးသော ၆ နှစ်ကြာမြင့်သည့်ဒုတိယကမ္ဘာစစ်ကြီး၏ နောက်ပိုင်းတွင်မှပေါ်ထွက်လာသော ပြဿနာတစ်ရပ်ဖြစ်၏။ ဤလူ့အခွင့်အရေးလှုပ်ရှားမှု အရေးတော်ပုံသည် သမိုင်းကြောင်းအရကြည့်လျှင် ကာလအားဖြင့်ကြာမြင့်လှသည်မဟုတ်သေးချေ။ တိတိကျကျပြောရလျှင် လူ့အခွင့်အရေးကို ပြဿနာတစ်ခုအဖြစ်လက်ခံလာခဲ့ကြသည်မှာ ယခုစာရေးနေချိန်အထိဆိုလျှင် ၆၇ နှစ်သက်တမ်းမျှသာရှိသေး၏။ အရွယ်ရလာပြီဟုဆိုနိုင်သော်လည်း ပြီိးဆုံးအောင်မြင်စွာ အေးချမ်းမျှတသည်အထိဖြေရှင်းနိုင်သော အခြေအနေသို့မရောက်သေးကြောင်းမှာ ယနေ့ကမ့္ဘာဖြစ်ရပ်များက အထင်အရှားသက်သေပင်ဖြစ်လေ၏။

မော်နီတာကို ကြာကြာကြည့်စေနိုင်ဖို့ ဒါကိုသုံးပါ။


 အားလုံးပဲ မင်္ဂလာပါခင်ဗျာ.
ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်။ 
ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.

ဝေဖန်ချင်သူများသို့


by Myo Set on Friday, December 28, 2012 at 5:26pm 

ကချင်ပြည်နယ်စစ်ပွဲတွင် ယခု ဓါးစားခံအသစ်များပေါ်ထွက်လာသည်။ ထိုသူတို့မှာ
(၁) ဒေါ်အောင်ဆန်းစုကြည်
(၂) ၈၈ မျိုးဆက်ကျောင်းသားများ
  ဖြစ်ကြသည်။ ဓါးစာခံများဟု ယူဆရသည်မှာ အချို့သော နိုင်ငံရေးသမားများနှင့် ကချင်လူမျိုးများဟု ယူဆရသော ဖေ့စ်ဘုတ်ယူဆာများက လက်ညိုးတွင်တွင်ထိုးကြ၍ ဖြစ်သည်။

ထိုသူတို့၏ စွပ်စွဲချက်များကို အကျဉ်းချုပ်ကြည့်လျှင်
(၁) ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းစစ်ပွဲကို လက်ပိုက်ကြည့်နေသည်။
(၂) ၈၈ တို့သည်လဲ ထိုနည်းလည်းကောင်း
(၃)မယောင်ရာဆီလူး ပွဲတော်များကိုသာ ခင်းကျင်းပြသနေကြသည်ဟူ၍ ဖြစ်သည်။

အောင်မြင်မှုနောက်ကွယ်မှ ဆုံးရှုံးမှုများ


ဆုံးရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့လမ်းမကြီးတစ်ခုဖြစ်တယ်။ IBM က Tom Watson Sr. က "အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်" လို့ပြောဖူးတယ်။
သမိုင်းကိုလေ့လာရင် အောင်ပွဲဆင်နိုင်ခဲ့သူတွေမှာ မအောင်မြင်ခဲ့တဲ့ ဆုံရှုံးခဲ့ရမှုတွေ အများ
ကြီးရှိနေခဲ့တာကို တွေ့ရလိမ့်မယ်။ လူတွေက အောင်မြင်မှသာ သတိပြုမိတာ။

သန္တရသ ရပ်ဝန်း ( ဆုံဆည်းရာ မိသားစု စာဆိုတော်နေ့ အကြို ဂုဏ်ပြုဆောင်းပါး )



ဆုံဆည်းရာ အဖွဲ့ သားများအားလုံးမင်္ဂလာပါရှင်
ဆုံဆည်းရာ မှာ စာဆိုတော်နေ့အတွက် ဂုဏ်ပြုဆောင်းပါး ရေးကြမယ်ဆိုတော့ ကျမ လက်တွန့် မိတာအမှန်ပါ။ ကျမက ၀ါသနာအရ အွန်လိုင်းမှာ ကိုယ်ခံစားမိသမျှ  ဆောင်းပါးတွေ ၀တ္တုတွေ ရေးနေပေမယ့်   စာရေးဆရာမဟုတ် ဘာမဟုတ်နဲ့မို့ စာဆိုတော်နေ့  ဂုဏ်ပြုဆောင်းပါး-- ဆိုတဲ့ခေါင်းစဉ်ကြီးကိုရှိန်ပြီး ရေးချင်တာတွေရှိပေမယ့် တော်တော်နဲ့ ရေးလို့မရပါဘူး။

အလှဆုံးမှ ဘ၀တုံးရသည့် ပုံပြင်တစ်ပုဒ်


January 1, 2013 ရက် ၊ 2:43 တွင် ချမ်းငြိမ်း ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

ဟိုး....... ရှေးရှေးတုန်းကပေါ့။ ငှက်တွေရဲ့ ဘုရင်ကြီးဖြစ်တဲ့ နတ်ငှက်ဟာ ငှက်တွေ ကျင်လည်ကျက်စားတဲ့ တောတောင် အနှံ့မှာ ကြေညာချက်တစ်ခုကို ထုတ်ပြန်ပါသတဲ့ ခင်ဗျာ။
" ဒီနှစ် နွေဦးရောက်ရင် ငှက်အလှပြိုင်ပွဲတစ်ခုကို ကြီးကြီးကျယ်ကျယ် ကျင်းပပေးမယ်။
အလှဆုံးငှက်ကို ငှက်တကာအလှဆုံးဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်တော်မူမယ် "

ပဒေါင်လူမျိုးတို.ရဲ့ လည်ပင်းမှ ကွင်းများ....


လည်ပင်းက ကွင်းတွေကို အသက်ရှင်နေတုန်း မချွတ်တော့ဘူးလား ???
ဒီလို လုပ်ရပ်တွေလုပ်မိရင် ချွတ်ပစ်ရပါလိမ့်မယ် ခင်ဗျာ ....

အာဖရိက နဲ့ အာရှတိုက်ရဲ့ အချို.ဒေသတွေမှာ ... ရာစုနှစ်တွေကြာအောင်
အမျိုးသမီးတွေဟာ လည်ပင်းဆန်.ထုတ်မှုကို ပြုလုပ်ကြပါတယ် ။

မောင်းမ လက်သုံးပုံ ( သီပေါမင်း၏ ကိုယ်လုပ်တော်စာရင်း)

ထူးထူးဆန်းဆန်း


ဟိုတလောလေးက သတင်းကြီးနေတဲ့ " ဆောင်ကြာမြိုင် မှတ်တမ်း " ဖတ်ဖြစ်တယ်။ မင်းတုန်းမင်းနောက်ခံ မှတ်တမ်းလို့ ထင်နေခဲ့တာ။ ခေါင်းစဉ်မှာကိုက ' မှတ်တမ်း ' ဆိုတဲ့ အရေးသားနဲ့ဆိုတော့ တကယ်ပဲ မှတ်သားရတော့မယ်ထင်ခဲ့တာ။ ဖတ်ကြည့်တော့မှ မောင်မှိုင်း ဖြစ်နေတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၁)



အခန်း( ၁ )

ဇာတိမြေလတ် ဟု ခေါ်သော ဗမာပြည်၏ အပူပိုင်းဇုန် ဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်း ခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့် တွင် အပူပိုင်း ဇုန်ကုန်းမြေပြင်များ ဖြစ်သော နှမ်း၊ပဲနှင့် ၎င်းဆီများ ထွက်၍ ကုန်ရောင်းကုန်ဝယ် အတော် တွင်ကျယ်သော မြို့ကလေး တစ်မြို့ ရှိလေသည်။

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း


by Shwe Eaim Si on Monday, December 31, 2012 at 6:31am 


hands with numbers shows year 2013 hands with color numbers shows future year 2013

နှစ်သစ်မင်္ဂလာမှာ.....လူသစ် စိတ်သစ်အတွေးသစ်များနဲ့ ..နေထိုင်ကြရအောင်  
၁။ မည်သူ့ အပေါ်တွင်မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း၊ နှလုံးကောင်းထားပါ။ 
၂။ ကောင်းသော ဣဋ္ဌာရုံနှင့် တွေ့သောအခါ လွန်စွာ ဝမ်းသာအားရ သောမနဿ လောဘမဖြစ်ပါနှင့်။ 
၃။ မကောင်းသော အနိဋ္ဌာရုံနှင့် တွေ့သော အခါ၌လည်း ဝမ်းနည်းပက်လက် မနှစ်သက်သော ဒေါမနဿ ဒေါသမဖြစ်ပါနှင့်။

ဘီလူးစီးခြင်း (Sleep Paralysis)


မြ၀တီ shared Royal Hero Media's photo.
ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ)

ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ် လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေ အနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ် ကြုံဖို့ လန့်သွား လောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။

Sleep Paralysis ကိုနှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်း ဖြစ်နိုင်ပေမယ့် RISP ဆိုတာ ကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူ တွေမှာသာ ပိုဖြစ်တတ် ပါတယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါ လောက်ပဲကြုံတတ် ပါတယ်။ RISP ကတော့ ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလို ပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာ ဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေ ရှိပါတယ်။

ဘီလူးစီးတာ ဘာဖြစ်လို့ ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ ကတော့ အတော် လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်း ဆိုတဲ့ အဖြေ အတိအကျ တော့မရှိဘဲ သီအိုရီ သဘောတရားအရ ပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီ တစ်ဆင့်ခြင်း ဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့ တုန့်ပြန်မှုတွေ ရှိပါတယ်။ တစ်ညတာ အိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျ ဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရ ပါတယ်။ အလွယ်ပြောရ ရင်တော့ NREM ဆိုတာက အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော် သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ 

REM အချိန်မှာလူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမယ့် လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ် ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိ ပါလိမ့်မယ်။ အဲဒီတော့ အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာ လျှောက်မဖြစ် နေအောင် ဦးနှောက်က REM အဆင့် လူတွေ အိပ်မက်မက်ပြီ ဆိုရင် အိပ်မက်ထဲက အတိုင်း အပြင်မှာ လိုက်မလုပ်နိုင်အောင် လူကို ထိန်းချုပ် လို့ရတဲ့ ကြွက်သားတွေကို လုံးဝ မလှုပ်တော့အောင် လှမ်းပိတ်ထား လိုက်ပါတယ်။ ပြီးတော့မှ နိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ ရအောင်လုပ်ပါတယ်။ 

ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေရာမှာ လူကိုယ်တိုင် ထိန်းနိုင်တဲ့ ကြွက်သားတွေကိုသာ သေအောင် လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူး စီးတဲ့ အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာ လိုမျိုး အရေးကြီးတဲ့ ကြွက်သားတွေကတော့ ပုံမှန် အလုပ်ဆက်လုပ် ပါတယ်။ အဲလို ဘီလူးစီးတယ် ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်ရတာကတော့ ခုနက ပြောထားတဲ့ REM အဆင့်ကနေ မလျော့ဘဲ ဦးနှောက်က ထိန်းချုပ်ထား တာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံ မှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့ သိစိတ် ပြန်ဝင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အိပ်နေ တယ်လို့ပဲ ဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲ ဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက်မက်နေသလို၊ တကယ် ဖြစ်နေသလို ခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင် ဖြစ်ခါ အတော်ကြီးကို စိတ်ဒုက္ခ ရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့ အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။ 

ဆိုလိုချင်တာက အပြင်ကလူ တစ်ယောက်ယောက် မနှိုးမခြင်း၊ REM အဆင့် မကုန်သွား မခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက်ကတော့ ဘီလူးစီးတဲ့ အချိန်မှာ လူတွေပာာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။ အဲဒါကလည်း သိစိတ် ရှိနေတဲ့ REM အဆင့်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဦးနှောက်ဘာသာ ပြန်တာ လွန်ကဲပြီးဒီအခြေအနေပာာ အသက်အန္တရာယ်ထိ ရှိလာနိုင်တယ် အရမ်း ကြောက်ဖို့ ကောင်းတယ်လို့ နောက်ဆက်တွဲ ဘာသာပြန်ပါတယ်။ အဲဒါ ကြောင့် ဘီလူးစီးခံရတဲ့ လူတွေပာာ အဲလိုလှုပ်လို့မရတဲ့ အခြေအနေ တစ်ရပ်မှာ အင်မတန်ကို ကြောက်စရာကောင်းတဲ့ အတွေ့အကြုံ ခံစားခဲ့ ရတယ်လို့ ထင်ပြီး နိုးလာရင်တောင် ကြောက်စိတ်မပြယ် ဖြစ်နေတတ် ပါတယ်။ 

ဒီလိုဦးနှောက်က ဘာသာပြန် မှားယွင်းတာပာာ ဦးနှောက်ကို အောက်ဆီဂျင် သိပ်မရောက်တဲ့ အခြေအနေတွေ ဥပမာ လေ၀င်လေထွက် မကောင်းတာမျိုး၊ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ် ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့ သိနေပေမယ့်လည်း အသက်ရှူ ကြပ်တဲ့အထိ၊ အသက်ရှူလို့ မရတဲ့အခြေအနေထိ ဖြစ်လာပါတယ်(ကျနော် တစ်ခါ ဖြစ်ဖူးပါတယ် အိပ်မက်မက်ရင်း အသက်ရှူကြပ်လာတာ။ တော်သေး တယ် မသေသွားလို့။) ဘီလူးစီးခြင်း (Sleep paralysis) ပာာ အသက် အန္တရာယ် ဖြစ်လောက်အောင် ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့ သူအတွက် တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ် ကောင်းခဲ့ပါတယ်။

ဘီလူးစီးတာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက် အိပ်တတ် သူတွေ၊ ဖိအားများလွန်းတဲ့ သူတွေ၊ အရမ်းကို ပင်ပန်းနွမ်းနယ် နေတဲ့ သူတွေ၊ ဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေ အရင်တည်းက ယူဆလာတဲ့ အချက်က အတော်မှန်နေတာ တွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက် မအိပ်နဲ့လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျ ရှင်းတဲ့အခါမှာလည်း အင်မတန် မှန်နေပါတယ်။ ပက်လက်အိပ်တဲ့ အခါမှာ ခန္ဒာကိုယ်အနေ အထားကြောင့် လျှာ ဒါမှမပာုတ် အာခေါင်ပျော့တို့ရဲ့ ဖိအားကြောင့် အသက်ရှူ လမ်းကြောင်းပိတ်ပြီး လေသိပ်မ၀င်တော့တဲ့အခါ ဘီလူးစီးတာ ဖြစ်ပေါ်လာ နိုင်တယ်လို့ ဆိုပါတယ်။ 

ပုံမှန်အိပ်တာ၊ လေ၀င်လေထွက် ကောင်းအောင် လုပ်တာနဲ့ အိပ်ရာကုတင် သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်း အိပ်မယ်ဆိုရင် Sleep Paralysis ကိုကာကွယ် နိုင်ပါတယ်။

Dr : Thurein Hlaing Win

ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ် လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေ အနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ် ကြုံဖို့ လန့်သွား လောက်တဲ့ အတွေ့အကြုံ တစ်ရပ်ပါ။

‎"လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၄)"



၁၈၈၀ ပြည့်နှစ်လွန်များတွင် အင်္ဂလိပ်လူမျိုးတွေးခေါ်ပညာရှင်
သောမတ်စ်ဟေးလ်ဂရင်း (Thomas Hill Green)က ဂန္ထ၀င်
လစ်ဘရယ်ဝါဒီများယုံကြည်သော စီးပွားရေးတွင် အစိုးရ 
ပါဝင်ပတ်သက်မှုကို ကန့်သတ်ရေးသဘောတရားကို ပြန်
လည်ပြင်ဆင်ခဲ့သည်။ မော်ဒန်လစ်ဘရယ်တို့က စီးပွားရေး
ကဏ္ဍတွင် အစိုးရ၀င်ရောက်ပေးခြင်းဖြင့် လူမှုရေးမျှတမှုကို 
တောင်းဆိုသည်။

အလံကို ခြေနှင့်နင်းကြသူများ

by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Monday, December 31, 2012 at 12:39am ·

         
   သည်ကနေ့ သက္ကရာဇ် ၂၀၁၂ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်တစ်ရက်ဖြစ်တဲ့ ၃၁ရက်နေ့မှာ မနက်စောစော ဆေးရုံကိုထွက်လာတော့ မီးရထားပေါ်မှာ ဖေ့ဘုတ်ကို ဖွင့်ကြည့်မိပါတယ်။ စမြင်လိုက်တဲ့ ပုံက အတော့်ကို ကျက်သရေမရှိ၊ စိတ်ပျက်ဖွယ် ပုံဖြစ်နေပါတယ်။ မြန်မာနိုင်ငံတော်အလံကို ၀ိုင်းပြီး နင်းခြေနေကြတဲ့ ခြေထောက်တွေကို ရိုက်ထားတဲ့ပုံ။

အများကိုယ်စားပြု ဓါတ်ရှင်ကောင်းကောင်းလေးတော့ ကြည့်ချင်တယ်။


by Ag Myint Tham on Monday, December 31, 2012 at 11:20am 

 လူအများစု၊ အချိန်အများဆုံး ကုန်လွန်စေသော နေရာမှာ လှုပ်ရှားမူနှင့် အသံပေါင်း စပ်ထားသော၊ တီထွင် ဖန်တီးရိုက်ကူးခြင်းတို့ကို ကြည့်ရှုနေခြင်းပင် ဖြစ်နိုင်သည်။  ရှေးလူကြီးများက ရုပ်ရှင်ကို ဓါတ်ရှင်ဟု ပြောသံကြားဖူးသည်။  ဘိုင်စကုတ်ဟုလည်း ခေါ်ကြသေး သည်။  ဓါတ်ရှင်၊ ဓါတ်စက်၊ ဓါတ်ပုံ၊ ဓါတ်လှေကား၊ ဓါတ်ရထား၊ ဓါတ်တိုင်၊ ဓါတ်မီး စသော စကားလုံးများအပြင် စက်ကရိယာနှင့် မဆိုင်သည်များကို ပြောဆိုကြသေးသည်။ ဓါတ်ခန်း၊ ဓါတ်စခန်း၊ ဓါတ်သွား၊ ဓါတ်ချုပ်၊ ဓါတ်ပျက်(၀မ်းပျက်၊ စိတ်ပျက်)၊  ဓါတ်စီး၊ ဓါတ်ဝင်၊ ဓါတ်ကျ၊ ဓါတ်မျှော၊ ဓါတ်သမိုင်း၊ ဓါတ်သင့်၊ ဓါတ်ရိုက်၊ ဓါတ်ဆင် စသည်တို့ကိုလည်း ထယ်လှယ်သုံးစွဲကြသေးသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁၂)

သစ်ထူးလွင်



Sunday, December 30, 2012

အငိုဒုက္ခ တိုင်းပြည်



လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

ကမ္ဘာကြီး အချစ်လိုတယ်.



ကျမလေ ပြောရရင် --- ချစ်ခြင်းမေတ္တာဖွဲ့ ၀တ္တုတွေ ၊ဇာတ်လမ်းတွေကို စိတ်ဝင်စားပါတယ်။ကျမ ၀တ္တုရေးရင်လည်း လွမ်းမောဖွယ်ရာ၊ ကြည်နူးဖွယ်ရာ  မေတ္တာဖွဲ့ အချစ်ဝတ္တုလေးတွေ ရေးချင်ပါတယ်။တချို့ ကဒီလို အချစ်ဝတ္တု ရေးတာကို ဝေဖန် ကဲ့ရဲ့ ချင်ကြတယ်ရှင့် --
အချစ်ဝတ္တုတွေဟာ အလကားအရည်မရ၊အဖတ်မရတွေ၊ ဖတ်သူကို ဘာမှ အကျိုးမပြုဘူး-ဆိုတဲ့သူတွေကို ကျမက တစ်ခု မေးချင်ပါတယ်။

31.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, December 30, 2012 at 5:35pm ·


ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ
၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
လောလောလတ်လတ် ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာတော့ တနှစ်လုံး အတွက် မြန်မာရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့ အထဲကနေ အကယ်ဒမီ ဆုတွေ ရွေးချယ် ပေးအပ်ခဲ့ပါပြီ။

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ


Posted by Thi Thi Cho on ဒီဇင်ဘာ 30, 2012 at 4:45pm

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ် စားသုံးရင် အန္တရာယ် ရှိနိုင်တာကြောင့်သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၂)


by Mizzima - News in Burmese on Sunday, December 30, 2012 at 9:20am ·

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၁၁ မိနစ်


မဇ္ဈိမ၏ ထုတ်ဝေရေးလုပ်ငန်းတခု ဖြစ်သော M-ZINE+ က ၂ဝ၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ
အနက် အထူးခြားဆုံးအဖြစ် အပျက်ကြီး ၁၀ ခုကို အယ်ဒီတာ့စိတ်ကြိုက် ရွေးချယ်ထားပါသည်။


ယင်းတို့အနက် အမှတ် ၁ဝ မှ ၃ အထိကို ဖော်ပြခဲ့ပြီး ယခု အမှတ် ၂ ကိုဖော်ပြပေးမည် ဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် အထူးခြားဆုံး ဖြစ်ရပ်ကြီးဖြင့် အဆုံးသတ်မည် ဖြစ်ပါသည်။

အိုလေလေးလေ့ အိုဘားမား


by မင်းလူ၏ ၀တ္တုတိုများ on Sunday, December 30, 2012 at 10:45am ·


    ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီဘက်မှ သမ္မတလောင်းရွေးပွဲမှာ အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ ယှဉ်ပြိုင်ကြသည်။ ဆီမီးဖိုင်နယ်ပွဲဖြစ်သောကြောင့် အကြိတ်အနယ် ရှိလှ၏။ အမေရိကန်နိုင်ငံသည် အမျိုးသမီးတစ်ယောက်ကို ခေါင်းဆောင်တင်ဖို့ ၀န်မလေးသော်လည်း လူမည်းတစ်ယောက် အတွက်တော့ အဆင်သင့် မဖြစ်သေးဟု လျှော့တွက်ပြီး ဟီလာရီနိုင်လိမ့်မည်ဟု ထင်ခဲ့မိ၏။ တကယ်တမ်းကျတော့ အိုဘားမားကို ရွေးလိုက်ကြသည်။

30.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, December 30, 2012 at 8:17am ·


လက်ပံတောင်းတောင် တလပြည့် ဆုတောင်းပွဲ
လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ရန်ကုန်မြို့ရှိ သံဃာတော်များ ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၂)။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ တလပြည့်နေ့ အထိမ်းအမှတ် အဖြစ် သံဃာတော်များက မေတ္တာသုတ်များ ရွတ်ဖတ်ခြင်းတွေ လုပ်ခဲ့သလို ရာနဲ့ချီရှိတဲ့ ဒေသခံတွေ ကလည်း စီမံကိန်း ဖျက်သိမ်းရေး အပါအ၀င် သူတို့ရဲ့ တောင်းဆိုချက်တွေရဖို့

ကချင်ပြည်နယ်ထိုးစစ်အား ကိုမြအေး၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချမှုကို ကြိုဆိုခြင်း



ယခုရက်ပိုင်းများအတွင်း ဦးသိန်းစိန် စစ်အစိုးရ ဆင်နွှဲလျှက်ရှိသော ကချင်ပြည်နယ်ထိုးစစ်သည် 
အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ လူသားစိတ်မရှိဆုံး၏ ပြယုဂ်ဖြစ်လာသည်။ ပြင်းထန်လှသော

လက်နက်ကြီးများ၊ တိုက် လေယဉ်များ၊ မြောက်များလှစွာသော တပ်အင်အားများကိုပါသုံးပြီး မိမိထက် အဆမတန် အင်အားနည်းပါးသော ကေအိုင်အိုကို ထိုးစစ်ဆင်နေခြင်းကြောင့်ဖြစ်သည်။ 

ဒီမိုကရေစီအုတ်မြစ်ခိုင်မာဖို့ ဒီလိုလုပ်ကြရမယ်


by Htet Aung on Sunday, December 30, 2012 at 4:16am 

ဆန္ဒမပြရင် ခေတ်မမီဘူး

နောက်ဆုံးဆောင်းပါးရေးပြီးတဲ့နောက်ပိုင်း စာမရေးဖြစ်တာ တော်တော်လေးကိုကြာသွားတဲ့အတွက် ကျွန်တော့် ရဲ့စာဖတ်ပရိတ်သတ်များနဲ့ ညီအစ်ကိုမောင်နှမများကို အရင်ဆုံး တောင်းပန်စကားပြောပါရစေ။ ဒီမိုကရေစီတွေ ရမယ်ဝယ်ကြဦးမလားဆိုတဲ့ဆောင်းပါးမှာတော့ ဆန္ဒထုတ်ဖော်တာနဲ့ပက်သက်ပြီး နည်းဥပဒေတွေကို အရင်ဆုံး ပြုပြင်ဖို့လုပ်ရမယ်ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီကိစ္စမှာတော့ သဘောထားတွေ၊ အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။ ဒီကနေ့ အကြောင်းအရာအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်တဲ့သူတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ဒုနဲ့ဒေးပါပဲ။ အင်တာနက်စာမျက်နှာတွေနဲ့ ဂျာနယ်စာမျက်နှာတွေမှာဆိုရင်လည်း ဆန္ဒပြတဲ့သတင်းမပါရင် ခေတ်မမီတော့ သလိုပဲ။

ဒေါ်စုနဲ့ တယောသမားများသို့

လေနုအေး၊ ဒီဇင်ဘာ ၃၀ ၂၀၁၂




မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။

HONESTCHOOSE ARTERIES မှ စာပေဟောပြောပွဲများ


Saturday, September 17, 2011
SAVE THE IRRAWADDY 
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာပေဟောပြောပွဲ
ဆရာမြင့်ဇော် (သဘာဝပတ်ဝန်းကျင်) Download
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)  Download
ဒေါက်တာဦးထွန်းလွင် (မိုးလေ၀သနှင့်ဇလဗေဒ)  Download
ဆရာကိုတာ  Download

ဒေါသကင်းရေး (၁၀) ချက်ဆေး


ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ အကြံပြုချက်တွေတော့ ရှိပါတယ်။
တစ်ယောက် ယောက်က သင့်ကို ကားလမ်းကြောင်း ပိတ်လိုက်တဲ့အခါ သင့်ကိုယ်သင် ဒေါသထွက်တာ ခံစားဖူး ပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့ အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား။ ဒေါသဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှု တစ်ခုပါပဲ။

မင်းတို့ မမေ့နဲ့ KIA


ကို သာ ပို and Jollyguy Zaw shared Myawady News's photo.
မင်းတို့ မမေ့နဲ့ KIA


ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ ဘေးမှာ ဟန်ပါပါနဲ့  ဓါတ်ပုံရိုက် ဖေ့စ်ဘွတ်မှာ တင်ပြီးအောင်ပွဲခံခဲ့ကြပြီးပြီပဲ ။ မင်းတို့ တရားပါတယ် ။ ဒီစစ်သည် စစ်သားတွေရဲ့ ကျန်ရစ်သူတွေဖြေသိမ့်စရာ မရှိအောင် မင်းတို့ တရားခဲ့တယ် ။ 
  
မင်းတို့ မမေ့နဲ့ ။မင်းတို့ ရဲဘော်တွေ ကျလို့ မင်းတို့ နာကျည်းခွင့် ရှိတယ် ။ငါတို့ ရဲဘော်တွေ ကျရင်လည်း ငါတို့ နာကျည်းတတ်တယ် ။ မင်းတို့ မမေ့နဲ့ ။
  
အွန်လိုင်းမှာ မင်းတို့ အောင်ပွဲမခံနဲ့ ။ မင်းတို့တိုက်ရည် ခိုက်ရည်...မင်းတို့ ခံစစ် ဘယ်အဆင့်အတန်းလည်းဆိုတာ....မင်းတို့ ရှေ့ပြေးစခန်းတွေ  အကုန်ကုန်ပြီ ။ 
မင်းတို့ ဌာနချုပ်နဲ့၇ မိုင်အကွာမှာ အမြောက်စခန်းဖွင့်ပြီး ပစ်မှတ်အားလုံးကို ပစ်မှတ်မှတ်ပုံတင်ပြီးပြီ ။  
 
လဂျာယန်း ကျရင် မင်းတို့ ဘယ်သွားမလဲ ။ တရုတ်ဘက်ပြေးမယ် မစဉ်းစားနဲ့ ။ တရုတ်က သူတို့ရဲ့ ပထဝီနိင်ငံရေး အကျိုးစီးပွားထက် မင်းတို့ကို ပိုမချစ်ဘူး ။ 
မင်းတို့ကို ဗုံးကြဲဖို့ လေပိုင်နက် အသုံးပြုခွင့် ပေးထားတာကိုပဲ လေ့လာကြည့်.... 
 
မင်းတို့ကို လူနဲ့ မတိုက်ဘူး ။ ပစ်အားနဲ့ တိုက်မယ် ။
၁၀ပေ အမြင့် ၁၀ ပေထု ရှိတဲ့ ဝါခသစ်(ကော့မူးရာ) စခန်းက ဘန်ကာတွေထက် မင်းတို့ ခံစစ်မာနိင်အုံးမလား ။စောင့်ကြည့်ကြတာပေါ့ ။  
 
မြန်မာ့တပ်မတော် အမြောက်တွေရဲ့ သမိုင်းကြောင်းကိုတော့ မင်းတို့ ရှာဖတ်လိုက်အုံး ။ ဘယ်တော့မှ မကျနိင်ဘူးဆိုတဲ့ ဝါခသစ်ရဲ့ ဘန်ကာ (၃) လုံးကို ဖြိုဖို့ သွယ်ဝိုက်ပစ် အမြောက်အားလုံးကိုတောင်စောင်းပေါ်တင်ပြီး
တိုက်ရိုက်ပစ် ခဲ့တဲ့ ရာဇဝင်ကို KNU က ဂျော်နီတို့ ဆီမှာ မင်းတို့ သွားလေ့လာအုံး..... ။ 
 
မင်းတို့ နောက်ဆုံး ခံစစ် လဂျာယန်းရဲ့ ပတ်ဝန်းကျင်မှာ စစ်သား ၃၀၀၀ ကျော်ရောက်နေပြီ ။
 ဒီစစ်သားတွေ သူတို့ရဲဘော်တွေ အတွက် နာကျည်းတဲ့စိတ်က မင်းတို့ထက် မလျော့ဘူး ကိုယ့်လူတို့ ။ 
 
မင်းတို့ကို ခေါင်းမဖော်အောင်ပစ်နေတဲ့ ခန်းကိုင် အမြောက်စခန်းမှာ ကကဒုံး လက်အောက်ခံ အမြောက်တပ်ရင်း ၁ ရင်းပဲ သုံးထားတယ် ။ မင်းတို့ သိပ်သွေးပျက်မနေနဲ့ ။လဂျာယန်း ခံစစ်ကျိုးရင် နောက်ထပ် ပင်မအမြောက်တပ်ရင်း နှစ်ခု Standby နဲ့စောင့်နေတာကိုလည်း သတင်းကောင်းပါးလိုက်မယ် ။ 
 
 မင်းတို့ ဌာနချုပ်ကို ချက်ချင်းကြီး ဝင်မသိမ်းတာ ဘာလို့လည်းဆိုပြီး သိမ်ငယ်မနေနဲ့အုံး ။ 
 
ကာကွယ်ရေးဦးစီးချုပ်အသစ်ရဲ့ လက်ထက်မှာ ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ၂၄ ရုံက ထုတ်ခဲ့တဲ့လက်နက်တွေက သုံးစရာ စစ်မျက်နှာ မရှိခဲ့ဘူး ။
မြန်မာ့တပ်မတော်ရဲ့သမိုင်းသစ်ကို ရေးဖို့ တိုက်စွမ်းအား အားလုံးကိုစမ်းသပ် အသုံးပြုနေတာ မင်းတို့ ဂုဏ်ယူစရာပဲ ။  
 
မင်းတို့ ဓါတုလက်နက်ဆိုပြီး အိပ်ရေးပျက်ခဲ့တဲ့ ၈၁မမ အမြောက်ရဲ့  ဗုံးသီးရော အမြောက်ကိုယ်ထည်ရောကမြန်မာနိင်ငံတွင် လုပ်သည် ဆိုတော့ မင်းတို့အတွက် ပေါပေါလောလော ရှိနေတာပေါ့ကွာ ။ မြန်မာ့တပ်မတော်မှာ စစ်သည် ၅သိန်းရှိတယ် ။ မင်းတို့အတွက် အင်အား ၃ထောင် သုံးထားတယ် ။ မင်းတို့ စိတ်ချပါ ။ 
 
ကာချုပ်က စခန်းသိမ်း တိုက်နည်းစနစ် အားလုံးကိုစမ်းသပ်နေတဲ့ ကာလဆိုတော့ ငါတို့ သည်းခံနေရတယ် ။
ပဝေသဏီတည်းက အမောင်းသင်ခဲ့တဲ့လေယာဉ်တွေနဲ့ ဗုံးကြဲတယ်ဆိုတော့ မင်းတို့တွေ တကယ့်ဟာသပဲ ။
အဆင့်အတန်းမရှိတဲ့ စစ်သားမဆန်တဲ့ မင်းတို့လို လက်နက်ကိုင်တပ်ဖွဲ့အတွက် စစ်ကစားနည်းပေါင်းစုံကို စမ်းသပ်နေတယ် ။
မင်းတို့ သိထားဖို့က ထိုးစစ်ဆင်တယ် ဆိုတာ ဒီ့ထက်ပိုကြမ်းတယ် ကိုယ့်လူတို့ ....
မင်းတို့ကို ထိုးစစ်အဆင့် မလုပ်သေးဘူး ...တိုက်နည်းစနစ်တွေကို စမ်းသပ် အသုံးချတဲ့ အဆင့်ပဲ ရှိသေးတယ် ... 
 
 
စခန်းကုန်းခံစစ်တွေကို ရဟတ်ယာဉ်နဲ့ ထိုးစစ်ဆင်လေ့မရှိဘူး ။ ထိခိုက်ပျက်စီးမှုရှိနိင်တဲ့အတွက် တိုက်လေယာဉ်ကိုပဲအဓိက ထားသုံးတယ် ။ 
မင်းတို့ ခံစစ်ကို ရဟတ်ယာဉ်နဲ့စစ်ဆင်လို့ရတယ်ဆိုကတည်းက မင်းတို့ ဘုရားတကြတော့ ။ အဆင့်အတန်းမရှိတဲ့ မင်းတို့ ခံစစ်အတွက် အချိန်သိပ်မလိုဘူး ကိုယ့်လူတို့...
 
 
အွန်လိုင်းပေါ်မှာ အထိအခိုက်မရှိဘူး အမြဲလည်းအော်မနေနဲ့  ။ 
ဌာနချုပ်နဲ့ ၇ မိုင်အကွာရောက်နေတဲ့အထိလဂျာယန်း စခန်းကို အမြောက်နဲ့ နေ့ချင်းညချင်း  
ပစ်ချင်တိုင်းပစ်ခွင့် ရနေတဲ့အထိ  သဘောထားကြီးဖို့  မကောင်းဘူး.... KIA
 
တနေ့ကို အလုံး ၁၅၀ နီးပါး ပစ်နေတော့ မှန်စရာမလိုဘူး ။
နားကွဲပြီး သေကြတဲ့ မင်းတို့လူတွေအကြောင်းမင်းတို့ အသိဆုံး ။
လက်နက်ကြီးဆိုတာ အသံနဲ့သတ်တဲ့ အလုပ်လည်း လုပ်တော့ မင်းတို့ အကြောင်းကံ ဘယ်လှပါ့မလဲ ။ 
 
မာနယ်ပလောနဲ့ ဝါခသစ် ကျပြီးတည်းက စခန်းသိမ်းတိုက်ပွဲမကြုံသေးတဲ့မြန်မာ့ တပ်မတော်အတွက်  မင်းတို့ KIA ကအကောင်းဆုံး အတွေ့အကြုံပဲ ။
 
စစ်သားအချင်းချင်း စစ်တိုက်နေကြတယ် !!
 
 မတရားဘူး ဆိုတဲ့ အသံ ထွက်မလာနဲ့... စစ်သားပီသ KIA !!ကိုယ့်အလှည့်ကျမှ နွဲ့ မယ်ဆိုရင်တော့ သေနတ်မှာ ထမိန်ပတ်ပြီး ဝပ်ကျင်းထဲမှာ တန်းစီ မျက်ရည်ကျနေလိုက်တာက မင်းတို့အတွက် ပိုသင့်တော်မယ် ။
 
မင်းတို့ရဲဘော်တွေအတွက် မင်းတို့နာကျည်းသလို ....  ငါတို့ရဲ့ဘော်တွေအတွက်လည်း ငါတို့ နာကျည်းတတ်တယ် ။
 
 
မင်းတို့ ကျန်ရင် ငါတို့သေမယ် ။ ငါတို့ ကျန်ရင်လည်း မင်းတို့ ရှင်ဖို့ မစဉ်းစားနဲ့ KIA  !!!!!

by သီဟ သစ်
ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ဘေးမှာ ဟန်ပါပါနဲ့ဓါတ်ပုံရိုက် ဖေ့စ်ဘွတ်မှာ တင်ပြီးအောင်ပွဲခံခဲ့ကြပြီးပြီပဲ။ မင်းတို့ တရားပါတယ် ။ ဒီစစ်သည် စစ်သားတွေရဲ့ ကျန်ရစ်သူတွေဖြေသိမ့်စရာ မရှိအောင် မင်းတို့ တရားခဲ့တယ် ။ 
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...