"လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၃)"
Author: lubo601 |
8:02 PM |
No မှတ်ချက် |
၁၇၆၀ ခုနှစ်မှ စတင်ခဲ့သော စက်မှုတော်လှန်ရေးသည် ၁၉ ရာစုတွင် တဖြည်းဖြည်းရုပ်လုံးပေါ်
လာပြီး၊ ၄င်းတော်လှန်ရေးကြောင့်ပင် ဥရောပသည် စီးပွားရေး၊ နိုင်ငံရေးအတွေးအခေါ်များအပြင်
သိပ္ပံနည်းပညာများ တဟုန်ထိုးပြောင်းလဲတိုးတက်လာခဲ့ သည်။
၁၇ ရာစုတွင် ခေတ်စားခဲ့သော မာကင်တိုင်ဝါဒမှာ အသုံးမ၀င်တော့
ပေ။ ယခင်က တိုင်းပြည်၏ တန်ဘိုးကိုတွက်ချက်ကြရာတွင် မာကင်
တိုင်ဝါဒီများက ကူးသန်းရောင်းဝယ်ရေးကို အဓိကထားပြီး၊ ဖီဆီရို
ကရက်များက တိုင်းပြည်တန်ဘိုးဆိုသည်မှာ လယ်မြေထွက်ကုန်များ
ဟု ယုံကြည်ကြသည်။ ထိုအယူအဆများကို ဆန့်ကျင်၍ အရင်းရှင်
စီးပွားရေးအတွေးအခေါ်များကို စနစ်တကျဖြစ်စေခဲ့သော ပညာရှင်
နှစ်ဦးပေါ်ထွက်လာခဲ့သည်။ အဒမ်စမစ် (Adam Smith)(1723-1790)
နှင့်ဒေးဗစ်ရီကာဒို (David Ricardo) (1772-1823)တို့ ဖြစ်သည်။
၎င်းတို့နှစ်ဦး၏ အတွေးအခေါ်များမှာ ထိုကာလက အင်္ဂလန်နှင့်ပြင်သစ်
နိုင်ငံတို့တွင် လှုပ်ခတ်နေသော လစ်ဘရယ်သဘောတရားဖြစ်သည့်
လူတစ်ဦးချင်း၏ အခြေခံလွတ်လပ်ခွင့်နှင့်သဘာဝပို င်ခွင့် အခွင့်အရေး
(Natural Right) ၊ တစ်နည်းအားဖြင့်ပုဂ္ဂလိကလူသားဖြစ်တည်မှု
(The Individual) ကို ကိုးကားခြင်းလည်းဖြစ်သည်။
အဒမ်စမစ်၏အဆိုအရ တိုင်းပြည်၏တန်ဘိုးသည် လုပ်အားဖြစ်ပြီး၊ ကုန်
ပစ္စည်းဖလှယ်ရာတွင် ထိုကုန်ပစ္စည်း၏တန်ဘိုးကို လုပ်အားဖြင့်သာ တိုင်းတာရမည်ဖြစ်ကြောင်း
ညွှန်းသည်။ တစ်ဦးချင်း၏လုပ်အားဖြင့်ဖွဲ့စည်း ထားသောအကျိုးစီးပွားကို (တစ်နည်းအားဖြင့်) ပုဂ္ဂလိကလူသားတို့၏
မိမိတို့၏အကျိုးစီးပွားကို အောင်မြင်အောင်ဖေါ်ဆောင်ခြင်းသည် နိုင်ငံတော်
၏ အကျိုးစီးပွားတိုးတက်စေခြင်းပင် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့် အစိုးရများအနေဖြင့်
ပုဂ္ဂလိကလူသားတို့၏ အခြေခံပိုင်ခွင့်များကို ထိန်းချုပ်
ကန့်သတ်မှုကို လျှော့ချခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးကို
တိုးတက်စေသင့်သည်။ အဒမ်စမစ်၏အဆိုအရ စီးပွားရေးကို အစိုးရတို့က
ချုပ်ကိုင်ထားခြင်းကြောင့် ဈေးကွက်အတွင်းပြိုင်ဆိုင်မှုမရှိနိုင်တော့ပဲ ကုန်ပစ္စည်း အရည်အသွေးကျဆင်းကာ ပစ္စည်းအမျိုးအစားအသစ်များထွက်ပေါ်နိုင်တော့မည်
မဟုတ်ဟု ဆိုသည်။ ထို့အပြင် အဒမ်စမစ်က နိုင်ငံတော်၏တာဝန်သည် ပြည်ပ
ရန်ကို ကာကွယ်ခြင်း၊ တရားဥပဒေနှင့်အညီ နိုင်ငံကို စီမံခန့်ခွဲခြင်းဖြစ်ကြောင်း
ထောက်ပြကာ နိုင်ငံတော်နှင့် ပုဂ္ဂလိကလူသားတို့အကြား ခွဲခြားပေးခဲ့သည်။
စကော့လူမျိုး၊ အတွေးအခေါ်နှင့် ဘောဂဗေဒပညာရှင်အဒမ်စမစ်၏တိုင်ြး ပည်
များ၏ ဥစ္စာဓန(The Wealth of Nations-1776)သည် မူလလွတ်လပ်မျှတမှုဝါဒီ
(Classic Liberal)တို့ ယုံကြည်ရာ စီးပွားရေးသဘောတရားဆိုင်ရာ ကျမ်းတစ်ခု
ဖြစ်လာခဲ့သည်။ ဂန္ထ၀င်လစ်ဘရယ်တို့သည် အဒမ်စမစ်၏ အစိုးရထိန်းချုပ်မှု
မရှိသောလွတ်လပ် ဈေးကွက် (Laissez-Faire)နှင့် သူ့ဘာသာလည်ပတ်နေ
သော ဈေးကွက် (Self-Regulating)အိုင်ဒီယာကို ကိုင်စွဲကြသည်။ (၁၈၀၁-
၀၉)ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်လာခဲ့သော
သောမတ်စ်ဂျက်ဖာဆင် (Thomas Jefferson)(1743-1826)ကလည်း "စွက်ဖက်မှုအနည်းဆုံး
အစိုးရသည် အကောင်းဆုံး အစိုးရဖြစ်သည်"
(Small Government is good Government) ဟု ဆိုကာ Laissez- Faire
နှင့် ကန့်သတ်အစိုးရ(Limited Government)အား ထောက်ခံခဲ့သည်။
(၁၉) ရာစုနှောင်းပိုင်း ပြောင်းလဲလာသော စက်မှုလူ့အဖွဲ့အစည်းအတွင်း
အဒမ်စမစ်၏ စွက်ဖက်မဲ့ဈေးကွက်စီးပွားရေးစန စ်က လူတန်းစားမညီမျှမှု
များကို တဖြည်းဖြည်းတိုးပွား လာစေခဲ့လေသည်။ ဈေးကွက်လွတ်လပ်မှု
ကြောင့်ရရှိလာသော အခွင့်အရေးများမှာ ချမ်းသာသူများကို ပိုမိုချမ်းသာ
စေခဲ့ပြီး၊ အလုပ်သမားလူတန်းစားမှာမူ ဆင်းရဲသထက် ဆင်းရဲလာခဲ့ရသည်။ ဥစ္စာဓနနှင့်
ပညာဆိုသည်မှာ လူချမ်းသာတို့၏ သားစဉ်မြေးဆက် လက်ဆင့်ကမ်း
အမွေဆက်ခံရာဖြစ်လာသည်။ ထိုဂယက်ကို ပထမဆုံးရင်ဆိုင်ရသူမှာ ကမ္ဘာ
ပေါ်တွင် စက်မှုတော်လှန်ရေး အဦးဆုံးဖြစ်ခဲ့သည့် အင်္ဂလန်နိုင်ငံပင်ဖြစ်ပါသည်။
အစိုးရထိန်းချုပ်မှုမရှိခြင်းကြောင့် ကန့်သတ်မဲ့ကိုယ်ကျိုးစီးပွားရှာ ဖွေနေခြင်း
များက တရားမျှတသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေ ရေးဆိုသည့်
ဂန္ထ၀င်လစ်ဘရယ်တို့၏ ရည်မှန်းချက်မှာ မေးခွန်းထုတ်စရာဖြစ်လာသည်။
၁၉၂၉ ခုနှစ် ဝေါစထရိပြိုကျမှုကြီးမှ စတင်ခဲ့သော ကမ္ဘာ့စီးပွားပျက်ကပ်
ကြောင့် တဟုန်ထိုးတိုးပွားလာသောအလုပ်လက် မဲ့ ပြဿနာကို အဒမ်စမစ်၏
ကိုယ်ပျောက်လက်များ (Invisible Hands) က မဖြေရှင်းနိုင်တော့ချေ။
ဂန္ထ၀င်လစ်ဘရယ်တို့က အလုပ်လက်မဲ့ပြဿနာကို ပြေလည်ရန်အတွက် အလုပ်သမားများသည်လုပ်ခလျှော့ယူရ န် ညွှန်ပြသော်လည်း၊ ကိန်းက
လုပ်ခလျှော့ယူခြင်းက ဈေးကွက်ဝယ်လိုအားကို ကျဆင်းစေနိုင်ကြောင်း
ထောက်ပြခဲ့သည်။ ဆိုလိုသည်မှာ လုပ်ခဖြတ်တောက်လျှော့ချခြင်းကြောင့်
နိုင်ငံသားများ ၀င်ငွေနည်းသွားမည်ဖြစ်ရာ စက်ရုံမှထုတ်လုပ်သော ကုန်
ပစ္စည်းများမှာလည်း ၀ယ်လိုအားလျော့ကျသွားမည်ဖြစ်သည် ။ ၀ယ်လိုအား
နည်းသော ကုန်ပစ္စည်းများမှာလည်း ၀ယ်လိုအားလျော့ကျသွားမည်ဖြစ်သည် ။
ဝယ်လိုအားနည်းသော ကုန်ပစ္စည်းများကို လျှော့ထုတ်ပါက လုပ်အားကိုလည်း
လျှော့ရမည်ဖြစ်ရာ မူလဘူတဖြစ်သောအလုပ်လက်မဲ့ဦးရေတိုးပွားသည့်
အနေအထားကိုသာ ရောက်ရှိ သွားမည်သာဖြစ်သည်။ ထိုအဆိုးသံသရာ
ကြောင့် နောက်ဆုံးတွင် စီးပွားပျက်ကပ် ဆိုက်ရောက်ခြင်းသာ ဦးတည်နေ
ကြောင်း ကိန်းကဖေါ်ထုတ်ပြခဲ့သည်။
အင်္ဂလိပ်လူမျိုး၊ ဘောဂဗေဒပညာရှင်ဂျွန်မေနက်ကိန်း (John Maynard Keynes,
1883-1946) ၏စနစ်မှာ Keynesian ism ဟု ထင်ရှားကျော်ကြားလာခဲ့သည်။
၎င်း၏ "General Theory of Employment,Interest and Money-1936" စာအုပ်
အရ ဈေးကွက်ဝယ်လိုအား (Aggregate Demand) အကန့်အသတ်ရှိခြင်းပြဿနာ
ကို အစိုးရက ၀င်ရောက်ဖြေရှင်းရမည်ဟု ထုတ်ဖေါ်ခဲ့သည်။ ထို့ကြောင့် ကိန်းက ဈေးကွက်ကို
အစိုးရက စီမံခန့်ခွဲစေလိုခဲ့ပြီး၊ အစိုးရအနေဖြင့် နိုင်ငံ၏အခြေခံ
အဆောက်အအုံများဖြစ်သော လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံစသည်များ ဆောက်လုပ်
ပေးခြင်းဖြင့် နိုင်ငံသားများကို အလုပ်အကိုင်ရရှိစေကာ ၀င်ငွေပြန်လည်
တိုးပွားစေရန် အကြံပြုခဲ့သည်။ ကိန်း၏ "Multiplier Effect" အရ နိုင်ငံသားများ ၀င်ငွေရလာသည်နှင့်
အမျှ ထုတ်ကုန်ပစ္စည်းများကို ၀ယ်ယူခြင်းဖြင့် ကုန်ထုတ်
လုပ်ငန်းများပြန်လည်ပတ်နိုင်မည် ဖြစ်သည်။ဂျွန်မေနက်ကိန်း (၁၈၈၃-၁၉၄၆)၏
ထိုသီအိုရီအရ ဂန္ထ၀င်လစ်ဘရယ်တို့၏ Minimum State အိုင်ဒီယာမှာ သံသယဖြစ်
ဖွယ် ရှိလာခဲ့သည်။
အပိုင်း (၄)အား ဆက်လက်ဖေါ်ပြပါဦးမည်-
(လင်းသက်)
ရည်ညွှန်းကိုးကား-
၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
၎။ ကမ္ဘာ့သမိုင်းအခြေပြ
၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
၇။ Political Ideologies: an introduction – Andrew Heywood
၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)
၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF
၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက် (Ecovision)- ကျော်သူဟန်၊ ဧမင်းယဉ်
၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချ ချက် - NDF
၁၂။ The End of History- 1983 – Francis Fukuyama
၁၃။ Liberalism From Wikipedia, the free encyclopedia
၁၄။ http://www.britannica.com/ EBchecked/topic/339173/ liberalism
၁၅။Classical liberalism From Wikipedia, the free
encyclopedia
၁၆။ Fundamentals of Political Economy by P.Nikitin
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment