Thursday, December 27, 2012

ကျောင်းသားသမဂ္ဂသတင်း


Written by ဝေမိုးနိုင်၊မုံရွာ၊   
Wednesday, 12 December 2012 20:54


ဆယ်ကျော်သက် ဖူးငုံများ၊ လူငယ် လူရွယ်များကို ရည်ရွယ် ထုတ်ဝေ သည့် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းတွင် မျက်မှောက်ခေတ် လူငယ် များ၏ လှုပ်ရှား ဆောင်ရွက်နေမှု များကို မကြာခဏ ထည့်သွင်း ဖော်ပြလေ့ ရှိပါသည်။
ထို အခါ လူငယ် လူရွယ်များ စုပေါင်း ဖွဲ့စည်းထားသည့် အစုအဖွဲ့ များဖြစ်သည့် ကျောင်းသား သမဂ္ဂ အဖွဲ့များ၏ လှုပ်ရှားမှု များမှာလည်း မြန်မာ့ခေတ်ပြိုင် နိုင်ငံရေး လှုပ်ရှားမှု များတွင် ချန်လှပ် မရသည့်  အစိတ်အပိုင်း များဖြစ်သော ကြောင့် အသွင်သစ်ဖြင့် ထုတ်ဝေလာ သော ဖူးငုံမှ ကျောင်းသား သတင်း ဟူရွေ့ ကဏ္ဍ တစ်ရပ် ဖွင့်လှစ် ဖော်ပြလိုက် ရပါသည်။


မြန်မာ တစ်နိုင်ငံ လုံးမှ ကျောင်းသား သမဂ္ဂ အဖွဲ့များ၏ လှုပ်ရှားမှု များထဲ မှ ဖူးငုံချစ်သူ စာဖတ်သူများ သိသင့်သည်ဟု ယူဆသော၊ ထူးခြားသည့်  လက္ခဏာ တစ်ခုခု ဆောင်သည်ဟု ထင်ရသော သတင်းများကို ရွေးချယ် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။

အောက်တိုဘာ ၃ ။ ။ မော်လမြိုင် ခရိုင် ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းခြင်း အခမ်းအနားကို မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်း တိုက်၌ ဗကသ များအဖွဲ့ ချုပ်မှ ဦးဆောင်၍ မော်လမြိုင် နည်းပညာ တက္ကသိုလ်၊ မော်လမြိုင် ၀ိဇ္ဇာသိပံ္ပ တက္ကသိုလ်နှင့် မော်လမြိုင် အဝေးသင် တက္ကသိုလ် တို့မှ ကျောင်းသား ကျောင်းသူများနှင့် စတင် ဖွဲ့စည်းခဲ့သည်။ မော်လမြိုင် ခရိုင် ကျောင်းသားများ သမဂ္ဂ သည် ဗကသများ အဖွဲ့ချုပ်၏ အခြေခံမူများ ဖြစ်သည့် အမျိုးသားရေး၊ ဒီမိုက ရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး၊ ငြိမ်းချမ်းရေး တို့ကို ဆက်လက် ကိုင်ဆွဲ၍ တိုင်းပြည် ဖွံဖြိုး တိုးတက်ရေး အတွက် အခြားခရိုင် ကျောင်းသား သမဂ္ဂများနှင့် လက်တွဲ၍ ပူးပေါင်း ဆောင်ရွက် သွား မည်ဟု သိရသည်။

အောက်တိုဘာ ၅ ။ ။ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပက်သက်ပြီး မြန်မာဝမ်ဘို ကုမ္ပဏီ၏ ရှေ့တွင် အခေါင်း သုံးလုံး ပြုလုပ်၍ မီးရှို့ ဆန္ဒဖော် ထုတ်ခဲ့သူ ၁၆ ဦးအား ကုမ္ပဏီကို စိတ်ညိုညင် အောင်ပြုလုပ်ခြင်း၊ ကုမ္ပဏီ ကျက်သရေ နစ်နာ စေရန် အကြံဖြင့် ပြုမှုေ ဆာင်ရွက်ခြင်း တို့ကြောင့် အောက်တိုဘာ ၄ ရက်နေ့က မြန်မာ့ စီးပွားရေး ဦးပိုင် လိမိတက်မှ တရားလိုပြုကာ ဆားလင်းကြီး မြို့နယ် ရဲစခန်းတွင် ပုဒ်မ ၁၄၄၊ ၁၄၅၊ ၅၀၀ စသည့် ပုဒ်မ သုံးခုဖြင့် အမှု ဖွင့်ခဲ့ရာ အမှုဖွင့်ခံသည့် လူ ၁၆ ဦးတွင် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများ အဖွဲ့ချုပ် မုံရွာခရိုင် ကျောင်းသား သမဂ္ဂမှ ကိုသိန်းသန်းဦး၊ ကိုဟိန်းဇော်ဝင်း၊ ကို အာကာထက်မိုး တို့ ပါဝင်ခဲ့ ကြောင်း သိရှိ ရသည်။

အောက်တိုဘာ ၁၁ ။ ။ ရဲဘော် သုံးကျိပ် အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အောက်တိုဘာ ၁၀ ရက်နေ့က ကွယ်လွန်သွားခဲ့ ခြင်းအတွက် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များအဖွဲ့ချုပ်မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေး ပို့ခဲ့သည်။

အောက်တိုဘာ ၁၅ ။ ။ ကျောင်းတွင်း စီမံခန့်ခွဲမှု လွဲမှား ခြင်းကြောင့်  နစ်နာ ဆုံးရှုံးခဲ့ ရသော ကျောင်းသား ကျောင်းသူ တို့၏ မိဘများမှ စာနယ်ဇင်းသို့ ရှင်းလင်း ပြောဆိုပွဲ တစ်ရပ်ကို ဗကသများ အဖွဲ့ချုပ် (အထက် ဗမာပြည်)၏ စီစဉ်ပေး မှုဖြင့် မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက်တွင် ၁၅.၁၀.၂၀၁၂၊ နေ့လယ် ၂  နာရီက ကျင်းပ ခဲ့သည်။

ဗကသများ အဖွဲ့ချုပ်(ဗဟို)၊ ဗကသ အဖွဲ့ ချုပ်(အထက်မြန်မာပြည်)၊ မန္တလေး ခရိုင် ကျောင်း သားများ သမဂ္ဂ၊ မုံရွာ တက္ကသိုလ် ကျောင်းသား များသမဂ္ဂ၊ မြင်းခြံခရိုင် ကျောင်းသားများ သမဂ္ဂ၊ ဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ယာယီ) တို့မှ သဘောထား ကြေညာချက် များ ဖတ်ကြား ပြီး၊ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်)မှ မိမိတို့သည် ဗကသ၏ မူ ၅ ချက်ပါအတိုင်း ကျောင်းသားထု အခွင့်အရေး ကိစ္စများ ဆောင်ရွက် ရာတွင် ယခုကဲ့သို့သော ကိစ္စရပ်များ တွင်ရပ် တည် ပေးသွားမည် ဖြစ်ကြောင်း၊ ဤကိစ္စရပ်များ ကို လေ့လာ သိရှိထား ရှိသော်လည်း ကာယကံရှင် တို့မှ ယခုမှ ဆက်သွယ် ညှိနှိုင်း လာသည့် အတွက် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ နိုင်ရန် ကူညီပေး ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

အောက်တိုဘာ ၁၆ ။ ။ ၂၀၀၆ ခုနှစ်၊ အောက်တို ဘာလ ၁၆ ရက်နေ့က မန္တလေး အကျဉ်းထောင် အတွင်း ကွယ်လွန် သွားခဲ့သော အကသ(အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ)၊ ဗကသ ကျောင်းသား ခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ် ပွဲသို့ ဗမာတစ် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ်မှ သ၀ဏ်လွှာ ပေးပို့ ခဲ့သည်။

အောက်တိုဘာ ၁၈ ။ ။ လက်ပံတောင်း တောင် ပြည်သူ့ ညီလာခံကို အောက်တိုဘာလ ၁၈ ရက် နေ့နှင့် ၁၉ ရက်နေ့တွင် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ဆည်တည်း ရွာတွင် ကျင်းပခဲ့ ရာကျောင်း သား သမဂ္ဂ အဖွဲ့ဝင် အမြောက် အမြားတက် ရောက်ခဲ့ကြသည်။ ညီလာခံတွင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် များမှ သ၀ဏ်လွှာများ ဖတ်ကြား ခြင်း၊ အဆိုများ တင်သွင်းခြင်း များကို ပြုလုပ်ခဲ့ ကြသည်။
ညီလာခံသို့ တက်ရောက် လာသည့် ကျောင်းသား သမဂ္ဂ အဖွဲ့များမှာ-
၁။    ဗကသ အဖွဲ့ချုပ်
၂။    မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂ
၃။    မြင်းခြံခရိုင် ကျောင်းသားများ သမဂ္ဂ
၎။    ပခုက္ကူ ခရိုင် ကျောင်းသားများ သမဂ္ဂ
၅။    စက်မှုကျောင်းသား ကွန်ရက်
၆။    ၀ိဇ္ဇာ/သိပ္ပံ ကျောင်းသားများ ကွန်ရက်
၇။    ချင်းကျောင်းသားများ သမဂ္ဂ
၈။    ဇိုမီး ကျောင်းသားများ အသင်း
၉။    ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ကသဖ) တို့ဖြစ်ကြသည်။
လက်ပံတောင်း တောင် ညီလာခံတွင် ကျောင်းသား သမဂ္ဂ များမှ တင်သွင်း ခဲ့သည့် အချက် ၄ ချက်။
၁။    လက်ပံတောင်း တောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရန်
၂။    သာသနိက အဆောက် အအုံများ     ဆက်လက် မဖျက်ဆီးရန်
၃။    နစ်နာ ဆုံးရှုံးသော ဒေသခံ ပြည်သူများ အတွက် ဘ၀ အာမခံချက် ပေးရန်
၎။    ဒေသခံ ကလေးများ ကျောင်းသား ကျောင်းသူများ အတွက် ပညာရေး မြင့်တင်ပေးရန် တို့ဖြစ်သည်။
ယင်းအဆို များကို ညီလာခံ တက်ရောက်လာ သည့် ပြည်သူ လူထုကြီးက ထောက်ခံခဲ့ သဖြင့် ညီလာခံ အတည်ပြုချက် ၁၆ ချက်တွင် ဖော်ပြခဲ့ သည်။

အောက်တိုဘာ ၂၄ ။ ။ ရခိုင် ကျောင်းသား သမဂ္ဂမှ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြုလုပ် ခဲ့သော လူထု တွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြ တောင်းဆို ခဲ့သော အချက် ၅ ချက်အား အကောင် အထည် မဖော် ပေးသည့် အတွက် ရခိုင်ပြည်နယ်၊ စစ်တွေ မြို့တွင် ရခိုင် တက္ကသိုလ် ကျောင်းသား တစ်သောင်းကျော်က ဆန္ဒ ဖော်ထုတ် ပွဲတွင် ရခိုင် ကျောင်းသား သမဂ္ဂ အပါအ၀င် မြန်မာနိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် မှလည်း ပူးပေါင်း ၀င်ကာ ခဲ့ကြောင်း သိရှိ ရသည်။ရခိုင် သမဂ္ဂ ကျောင်းသား သမဂ္ဂမှ တောင်းဆိုထား သောအချက် ၅ ချက်မှာ-
၁။    ရခိုင်ပြည်နယ်၊ တက္ကသိုလ် အသီးသီးတွင် လိုအပ်လျှက် ရှိသော သင်ထောက်ကူ ပစ္စည်းများ အမြန်ဆုံး ဖြည့်ဆည်း ပေးရန်
၂။    ယခု ဖွင့်လှစ်ရန် စီစဉ်လျှက် ရှိသော တောင်ကုတ် မြို့နယ်၊ ဒေသကောလိပ် အား စီးပွားရေး တက္ကသိုလ် အဖြစ် ပြောင်းလဲ ဖွင့်ပေးရန်
၃။    တက္ကသိုလ် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား ဆည်းပူး နိုင်ရန် အတွက် ကျောင်းသွားရာ လမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင် အနီး တစ်ဝိုက်ရှိ ဘင်္ဂါလီ ကျေးရွာများအား အမြန်ဆုံး ဖယ်ရှား ပေးရန်(ဘုမေ ကျေးရွာ၊ ဘုမေ လက်သမား ကျေးရွာ၊ ခတင်ပိုက် ကျေးရွာ)
၎။    တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံ စိတ်ချရသော ကျောင်းသား ကျောင်းသူ များ နေထိုင် နိုင်မည့် အဆောင်များ အမြန်ဆုံး ဆောက်လုပ် ပေးရန်နှင့် ပြည်နယ် အစိုးရ အနေဖြင့် ဈေးနှုန်း သက်သာသော ကျောင်းဖက်ရီ ကားများကို ဆောင်ရွက် ပေးရန်
၅။    တရားမ၀င် ၀င်ရောက် နယ်မြေ လုလာသော အကြမ်းဖက် ဘင်္ဂလီ များနှင့် အတူတကွ ပညာ သင်ကြားခြင်းမှ ရပ်တန့် ပေးရန်တို့ ဖြစ်သည်။

အသွင်သစ် ဖူးငုံ၏ ပွဲဦးထွက်တွင် ကျောင်းသား သတင်းကဏ္ဍ အား ဤမျှနှင့်ပင် ရပ်နား လိုပါသည်။ နောက်လ များတွင်လည်း မြန်မာ တစ်နိုင်ငံ လုံးမှ ကျောင်းသား သမဂ္ဂများ၏ လှုပ်ရှား ဆောင်ရွက်များကို လက်လှမ်း မီသရွေ့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ကြိုတင် အစီရင်ခံ အပ်ပါ သည်။

ဝေမိုးနိုင်၊မုံရွာ၊
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
__._,_.___

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...