Friday, December 28, 2012

ကြေငြာချက် အမှတ် ( ၁ )


by Lu Bo on Friday, December 28, 2012 at 1:05am 

သို့

ရခိုင်အမျိုးသားတိုးတက်ရေးပါတီ 
တိုးတက်ရေးသတင်းလွှာ အယ်ဒီတာအဖွဲ့ 
အကြောင်း အရာ ။ ။

( ၁ ) ရခိုင်အမျိုးသားတိုးတက်ရေးပါတီအမှတ် (၁၂)မြောက် “တိုးတက်ရေး”သတင်းလွှာ၏စာမျက်နှာ (၁၈)ပါ ရခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် ဟူသော ဆောင်းပါးကို တိုးတက်ရေးသတင်းလွှာအယ်ဒီတာအဖွဲ့သည် စာရေးသူ၏ ခွင့်ပြုချက်မရပဲ တရားမ၀င် ထည့်သွင်းဖော်ပြခဲ့ပါသည် ။


( ၂ ) ထိုသို့ထည့်သွင်းရာတွင်လည်း စာရေးသူ၏ ဆောင်းပါးတွင် မာဃသစ္စာဟူသော စာရေးသူ၏ ကလောင်အမည်တပ်ထားပြီး ( နောက်ဆက်တွဲ ) ဟူသော စာရေးသူမရေးခဲ့သည် စာသားများကိုထည့်သွင်းဖော်ပြခဲ့သည် ။

( ၃ )(နောက်ဆက်တွဲ) တွင်ပါရှိသော စာသားများမှာ စာရေးသူ၏ အာဘော်မဟုတ်ပဲ စာရေးသူ၏ရေးသားချက်များပမာ ဖော်ပြခဲ့ပါသည် ။ ထိုသို့ဖော်ပြခဲ့မူ့အတွက် တိုးတက်ရေးသတင်းလွှာ အယ်ဒီတာအဖွဲ့မှ တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်သည် ။

( ၄ )စာရေးသူသည် မိမိရေးသောစာအတွက် မိမိတာဝန်ယူနိုင်သော်လည်း ၊ မိမိမရေးသော (နောက်ဆက်တွဲ) ဟူသည့် စာသားများအတွက်များစွာအရှက်ရကြောင်း အယ်ဒီတာအဖွဲ့ကို သိစေလိုသည် ။

( ၅ )အယ်ဒီတာအဖွဲ့သည် စာရေးသူ၏ ကလောင်ဂုဏ်သိက္ခာကို များစွာကျဆင်းအောင် ထင်ယောင်ထင်မှားပြုလုပ်ခဲ့သည် ဟု စာရေးသူယူဆသည့်အတွက် ဤအကြောင်းကြားစာကို ဖြန့်ချီကြေငြာလိုက်သည် ။

စာရေးသူ မာဃသစ္စာ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...