Thursday, December 27, 2012

ဆင်းရဲခြင်းလွတ်ကင်းစေရာ ၃၊၊


by Aungzaw Win on Thursday, December 27, 2012 at 1:48am

ဆင်းရဲခြင်း၏ အခြေခံ အကျဆုံး အကြောင်းတရားမှာ ဝင်ငွေနိမ့်ပါးခြင်းနှင့် ထွက်ငွေမြင့်မားခြင်း တို့ဖြစ်ပါသည်၊၊
 ဝင်ငွေ မြင့်မားရေး နှင့် ဆက်စပ်သော ပျေက်ဆုံးနေသော ဈေးကွက်အကြောင်း အကျဉ်းရေးခဲ့ပြီးပါပြီ၊၊ယနေ့ မြန်မာပြည်၏ အခြေခံလူတန်းစား အများစု ၏ ထွက်ငွေမြင့်မားခြင်းကို တင်ပြလိုပါသည်၊၊
၁၊၊ သွယ်ဝိုက် အခွန်တုပ်များကြောင့် စားရိပ်မြင့်တက်ခြင်း၊၊ တနည်း အခွန်အတုပ် ဖိစီးခြင်း၊၊
၂၊၊ ဈေးကွက် လက်ဝါးကြီးအုပ်မှုကြောင့် ဈေးနှုန်းမြင့်တက်ခြင်း
၃၊၊နောက်ဖေးပေါက် ငွေလဲဈေးကွက်ရိုက်ခတ်ခြင်းကြောင့် မြေဈေးအဆမတန်မြင့်မားခြင်း အကျိုးဆက်ကြောင့် နေစားရိပ်မြင့်တက်ခြင်း၊၊


၁၊၊ သွယ်ဝိုက်အခွန်တုပ်     စည်ပင်သာယာ ၏ စွမ်းဆောင်ရည် နည်းပါးသော စီမံခန့်ခွဲရေး တို့ကြောင့် ဘဏ္ဍာရေးလိုအပ်ချက် အမြောက်အများ လိုအပ်မှုဖြစ်ပေါ်ပါသည်၊၊ထိုလိုအပ် ချက်အတွက် မျိုးမျိုးမြက်မြက်ရရန် အခွင့်အလမ်း(လမ်းကြေး၊ဝင်ကြေး၊ရပ်နားခွန်) နှင့် လိုင်စင်(သားသတ်)တို့ကို လေလံပစ်ပါသည်၊၊ခေတ်ပျက်သူဌေး တို့ကလည်း ငွေထုတ်ကြီးများဖြင့် ဈေးဝင်ကစားပါသည်၊၊အကျိုးဆက်က ပို့ဆောင်ရေးစားရိတ်မြင့်တက်မှုကြောင့် ကုန်ဈေး နှုန်းတက်ခြင်း၊ဝန်ဆောင်မှုများဈေးတက်ခြင်း၊သားငါးဈေး တက်ခြင်းတို့ ဖြစ်လာပါသည်၊၊ခေတ်ပျက်သူဌေးအချို့ နှင့် အကျင့်ပျက်ဝန်ထမ်း တစ်ချို့တို့ ချမ်းသာကြီးပွားရေးအတွက် အခြေခံလူတန်းစား များ ကပေးဆပ်လိုက်ရခြင်းဖြစ်ပါသည်၊၊ပြည်တွင်းအခွန်ဌာန မှ ဝင်ငွေ ခွန်ကို မျှတမှန်ကန်စွာ မကောက်ခံနိုင်သဖြင့် အစိုးရ ဘတ်ဂျက် မတောင့်တင်းပါ၊၊အကျိုးဆက် က ပညာရေးနှင့်ကျန်းမာရေး ဘတ်ဂျက်နည်းပါးခြင်း ကြောင့် အခြေခံလူတန်းစား အပေါ် စားရိတ်မြင့်တက်လာစေခြင်းဖြစ်ပါသည်၊၊သူဌေး နှင့် ကြေးရေတတ်များ က အခွန်တုပ် သက်သာချိန်တွင် အခြေခံလူတန်းစား က ထို့ အတွက်ပေးဆပ်လိုက်ရပါသည်၊၊

၂၊၊ဈေးကွက် လက်ဝါးကြီးအုပ်မှုကြောင့် ဈေးနှုန်းမြင့်တက်ခြင်းစားအုန်းဆီ၊လောင်စာဆီ တို့ကဲ့သို့သော ကုန်စည်များ တင်သွင်းခြင်းတို့ကို ကွက်ကြား အကျိုး ခံစားခွင့်ပေးခြင်းကြောင့် ဈေးနှုန်းထိန်းချုပ်ခံရပြီး၊အခြေခံလူတန်းစား လူများစုက အပိုကြေးပေးရစေပါသည်၊၊ဆက်သွယ်ရေး ကဲ့ သို့ သော ဝန်ဆောင်မှု များကို လုပ်ပိုင်ခွင့်ထိန်းချုပ်ကန့်သန့်ထားခြင်းကြောင့်၊ လွတ်လပ်သောဈေး ကွက်ပြိုင်ဆိုင်မှု ပျောက်ဆုံးသွားစေပါသည်၊၊ အကျိုးဆက် ကတော့ စီမံခန့်ခွဲ မှု ညံ့ဖျဉ်းခြင်း၊စေတနာမပါခြင်း၊အပြိုင်ဆိုင်မရှိခြင်းတို့ကြောင့် ဈေးကြီးသောဝန်ဆောင်မှုကို လူထုက ပေးဆပ်ရပြန်ပါသည်၊၊ BOT စံနစ်အရလည်းကောင်း၊ ဆောက်လုပ်ရေးပိုင် တံတားခွန် ကောက်ခံခွင့် လိုင်စင်အရလည်းကောင်း လမ်းကြေးတံတားကြေး၊တန်ပိုကြေး ကောက်ခံခွင့်ရသူတို့ ၏ ညစ်ပတ်မှု မျိုးစုံဖြင့် အပိုတောင်းခံသော စားရိပ်မျိုးစုံတို့သည် ပို့ဆောင်ရေးစားရိပ်မြင့်တက်စေပြီး၊အထွေထွေ ကုန်ဈေးနုန်းကြီးမြင့်စေပါသည်၊၊ 

၃၊၊ပြင်ပ ငွေလဲ ဈေးကွက်ရိုက်ခတ်၍့ မြေဈေးအဆမတန်မြင့်မားခြင်း အကျိုးဆက်ကြောင့် နေစားရိပ်မြင့်တက်ခြင်း၊၊ပြည်တွင်းရှိ အသိအကျွမ်း၊ဆွေမျိုးသားချင်းတို့ကို အကြောင်းပြူ၍ ပြည်ပ မှ ငွေလဲဈေးကွက်မှတဆင့် ဝယ်ယူ မုကြောင့် မြန်မာ့မြေဈေးနုန်းများအဆမတန်မြင့်မားလာပါသည်၊၊ကိုယ့်ပင်ကိုယ် စီးပွားရေး ဖွံ့ဖြိုးခြင်းကြောင့်မဟုတ်ဘဲ၊ တရားမဝင်ရင်းနှီးမြှုပ်နှံမှုတို့ကြောင့်၊အာဆီယံပေါက်ဈေး၊ တရုပ်ပြည်ပေါက်ဈေးတို့ကို မှီးပြီးဈေးကြီး မြင့်လာပါသည်၊၊ အခြား စီးပွားရေးအခွင့်လမ်း မကောင်းသောကြောင့် ဒိုက်ဗင် ပစ်သော ပြည်တွင်းရင်းနှီးမြှုပ်နှံသူတို့ကြောင့် ဆပ်ပြာမြှုပ်စီးပွားရေးအသွင်ဆောင်သော အိမ်မြေဈေးကွက် အကျိုးဆက်အဖြစ့် အခြေခံလူတန်းစား နေစားရိတ်မှာ မြှင့်တင်ခံရပြန်ပါသည်၊၊

                ဤသို့ အထွေထွေစားရိပ်ထောင်းခြင်းကြောင့် မွဲသထက် မွဲ ရပါတော့သည်၊၊ဆင်းရဲမွဲတေ စေ သော အထွေထွေ စားရိပ်မြင့်မားမှု များ ကို ဖြေလျော့ပေးရေးမှာ ဦးစားပေးလုပ်သင့်ဆုံးသော ကိစ္စဖြစ်ပါသည်၊၊အခြေခံစားရေး၊နေရေး စားရိပ်များလျော့ချပါမှ နေ့စဉ် ဝင်ငွေ လိုအပ်မှုလျော့ကျပါမည်၊၊နေ့စဉ် ဝင်ငွေလိုအပ်မှု လျော့ပါး ပါ မှ လုပ်ခ လစာ လိုအပ်မှု နှုန်းထားကျမည်၊၊လစာနှုန်းထားလျော့ကျ မှ ပို့ကုန်ထုတ်လုပ်မှု စားရိပ် လျော့ကျမည်၊၊သှို့ မှ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဖွံ့ဖြိုးမည်၊၊ရင်းနှီးမြှုပ်နှံသူတို့ ဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမည်၊၊  

အောင်ဇော်ဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...