Friday, November 30, 2012

ဆိုရေးရှိပြီ ဟု ထင်မြင်သည်။ (မင်းဒင်ရေးသည်။)


by MrMaung KoThet on Friday, November 30, 2012 at 10:35pm 

တိုင်းရေးပြည်ရေးဟာ ကိုယ်ထင်တာမြင်တာနဲ့ အများကြီး ကွဲလွဲနေတတ်တာမို့ ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နဲ့ကျေးလို့ဆိုကြပါတယ်။ ကိုယ်တိုင်က သတင်းတွေ ဖတ်ပြီး နားစွင့်တဲ့အဆင့်သာရှိတာမို့ ကျနော်ဟာ နိုင်ငံရေးခေါင်းစဉ်တပ်ပြီး စာရေးခဲ ပါတယ်၊ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ရေငုံနှုတ်ပိတ် နေလေ့ရှိပါတယ်။ ငြိမ်နေရတဲ့ အကြောင်းက ကျနော်ဟာ နိုင်ငံရေးကျမ်းတတ်မဟုတ်တဲ့အပြင် အရေးအရာလေ့လာသူ၊ ဟိုအရေး ဒီအရေး ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက်ပါပဲ။ ကိုယ့်ဘဝနဲ့ ကိုယ့်အကြောင်း နောက်ကြောင်း မရှင်း တဲ့ အခြေအနေမျိုးမှာ ကိုယ်တိုင်ဘာတစ်ခုမှ ထိထိရောက်ရောက် ဝင်မလုပ်နိုင်ပဲ လူမှုကွန်ယက် တွေ ကနေ အာချောင်ရုံသက်သက် အလုပ်ကို ကျနော်မုန်းပါတယ်။ အခုကော ဘာဖြစ်လို့ ရေးရသတုန်း မေးလို့ တိုတိုဖြေရရင် မပြောမဖြစ်ဘူးလို့ ခံစားမိလို့ပါ ။ရေးတာကို ဖတ်ပြီးယုံကြည်လက်ခံကြဖို့ မဟုတ်ပဲ ဝေဖန်ဆင်ခြင်ပြီး ဝိုင်းဝန်နည်းလမ်းရှာကြံဖို့သာ ရည်သန်မျှော်လင့်ပါတယ်။

သမ္မတကို ထွက်ခိုင်းနေသူတွေအတွက်


New MyanmarFoundation and 2 other friends shared Aye Chan Mon'sphoto.
သမ္မတကို ထွက်ခိုင်းနေသူတွေအတွက်
**********************************
ကျွန်တော့်ရဲ့ သဘောထားအမြင်ကိုပြောရရင်...

သမ္မတဦးသိန်းစိန် ထွက်ပေးစရာမလိုပါဘူး..။

တာဝန်ယူဖို့နဲ့ တာဝန်ခံဖို့ .... တောင်းပန်ဖို့ပဲလိုပါတယ်..။

တာဝန်ယူတဲ့အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေ၊ စီမံခန့်ခွဲမှု မှားယွင်းသူတွေကို ခေါင်းဆောင်ကောင်းပီသစွာ အချိန်ဆွဲမနေပဲ ..တိကျပြတ်သားစွာ ထုတ်ပယ်သည်အထိ အရေးယူအပြစ်ပေးဖို့လိုပါတယ်..။

တာဝန်ခံတဲ့အနေနဲ့ .... တကယ်ပွင့်လင်းမြင်သာစွာ ပြည်သူကို ချပြပြီး လက်ပံတောင်းတောင်အပါအ၀င် စီမံကိန်းတွေကို အစိုးရမဟုတ်တဲ့၊ အဂတိကင်းတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စစ်ဆေးစိစစ်ခြင်း...။ စည်းကမ်းနဲ့မညီပါက စီမံကိန်းဖျက်သိမ်းခြင်းအထိ ဆောင်ရွက်ရပါ့မယ်..။
နောက်ကွယ်မှာ ... မည်သူ (တပ်မတော်/ဦးပိုင်/တရုတ်) ဘယ်လောက်အထိ ပါဝင်ပတ်သက်နေပါစေ အစိုးရပြန်ကြားရေးကသုံးသလို ဒီမိုကရေစီစံချိန်စံညွှန်းများနဲ့အညီ ..အရေးယူဆောင်ရွက်နိုင်ရပါမယ်...။

နောက်ဆုံးအနေနဲ့ ယခုလို အင်အားသုံး ပြီး ကမ္ဘာ့အလယ်မှာ ရှက်စရာအဖြစ် နှိမ်နင်းခဲ့တဲ့ကိစ္စကို ပြည်သူနဲ့ သံဃာတော်တွေကို ရုပ်သံမှတစ်ဆင့် ..အနူးအညွတ်တောင်းပန်ရမှာဖြစ်ပါတယ်..။

အဲဒီသုံးချက်ကို မလုပ်နိုင်ရင်တော့ ..... နောင်ဖြစ်လာမယ့်အခြေအနေဟာ အလားအလာ ကောင်းမယ်တော့မထင်ပါဘူး..။

ပြည်သူကလည်း

အစိုးရနဲ့ ... ၊ လက်ရှိအခြေဆင်းရဲနုံခြာတဲ့ တပ်မတော်ကိုနာမည်ခံပြီး အပေါ်မှာမိုးနေတဲ့၊ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ အကြီးအကျယ် သိက္ခာကျစေတဲ့ အခွင့်ထူးခံ စီးပွားရေးဦးပိုင် အဖွဲ့အစည်းဝင်များ၊ ချမ်းသာကြွယ်ဝသူ ဒါရိုက်တာခရိုနီများ ရဲ့ လူဝါးဝမှု၊ လက်ဝါးကြီးအုပ်မှုတွေကို ခွဲခြားမြင်တတ်ဖို့ လိုပါတယ်..။

သံဃာများကို မီးလောင်အောင်နှိမ်နင်းခြင်းကို ဒေါသထွက်ပါသည်။
သို့သော် ... အထွေထွေ သပိတ်ကို ... အလိုမရှိပါ....။

ဘာ့ကြောင့်လဲဆိုရင်. ... ဒီကိစ္စဟာ ယခင် ၈၈ တုန်းကလို နိုင်ငံတကာက ရာနှုန်းပြည့် ကိုယ့်ဖက်ပါလာမယ်လို့ ပြောရခက်လို့ပါ.......။

ပြောင်းလဲတာတွေကို အမှတ်တွေ ပေးထားပြီးပါပြီ.....။ ကမ္ဘာက အသိအမှတ်လည်း ပြုပြီးပါပြီ..။ Sanction ကိုလည်း ဟ ..ထားပေးခဲ့ပါပြီ....။

အဲဒီလိုအချိန်မှာ စစ်ရေး/မဟာဗျူဟာ/နိုင်ငံရေးချိန်ခွင်လျှာ အစရှိသဖြင့် ရောထွေးနေတဲ့ လက်ပံတောင်းတောင်အရေးကစတဲ့ ပြဿနာကြီးကို ကဏ္ဍအသီးသီးမှ သိမ်မွေ့ညင်သာစွာ ဖြေရှင်းနိုင်ဖို့ပဲ ..... အားလုံးကို တောင်းဆိုပါတယ်...။

နိုင်ငံတကာအဆင့်မှာလည်း ဒီလောက်တော့ မအ ပါ..။ နောက်ကွယ်မှာ ဘာတွေရှိသလဲ .. သိမှာပါ..။

ပြည်တွင်းအဆင့်မှာလည်း .. ရဲဘော်က ချိုင်းတောက်နဲ့ လမ်းဘေးမှ တောင်းစားနေချိန်မှာ ..
အတွင်းက ... တပ်မတော်အတွက်လုပ်တာပါဟု .... မစားရ၀မခန်းပြောနေသော
လက်သည်တရားခံ ..ခရိုနီများနဲ့ .. တပ်မတော်ကို ခွဲခြားဖော်ထုတ်ဖို့ပါပဲ..။

နောက်ဆုံး ယူဆမိတာက
အခြေခံဥပဒေသာ ပြည်သူ့အတွက် ဖြစ်ခဲ့ရင် .... သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့ရှေ့ ထွက်ရပ်တာ ကြာပြီဟု ..ယုံကြည်မိကြောင်းပါ...။

အားလုံးကို ခြုံပြီး အပြစ်မတင်လိုပါ....။ သမ္မတဦးသိန်းစိန်လည်း ကိုယ်လှမ်းတဲ့ခြေလှမ်းကို ကိုယ်ကိုင်စွဲထားတဲ့သံကြိုးက ရပ်တန့်စေတယ်ဆိုတာ သဘောပေါက်သင့်ပါပြီ..။

လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်..။

ငရဲသား

အေးချမ်းမွန်မှ  အသောက အသောက အသောက တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :အသောက အသောက အသောက
ကျွန်တော့်ရဲ့ သဘောထားအမြင်ကိုပြောရရင်... သမ္မတဦးသိန်းစိန် ထွက်ပေးစရာမလိုပါဘူး..။
တာဝန်ယူဖို့နဲ့ တာဝန်ခံဖို့ .... တောင်းပန်ဖို့ပဲလိုပါတယ်..။

တာဝန်ယူတဲ့အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေ၊ စီမံခန့်ခွဲမှု မှားယွင်းသူတွေကို ခေါင်းဆောင်ကောင်းပီသစွာ အချိန်ဆွဲမနေပဲ ..တိကျပြတ်သားစွာ ထုတ်ပယ်သည်အထိ အရေးယူအပြစ်ပေးဖို့လိုပါတယ်..။

ဒီမိုဖက်တီး ခေါ် ခွန်ဒီးယမ်း ခေါ် မေဇင်အေးသို့ ရှေ့သို့တိုးရင်း နောက်ပြန်လှည့်ကြတော့မှာလား


by ပလေတို ဒီမို on Friday, 30 November 2012 at 19:10 ·

လက်ပံတောင်းတောင် အရေးတော်ပုံက တော်လှန်ရေးစိတ်ဓါတ်တွေ ပိုပြီး မြင့်မားလာစေခဲ့တယ်။ တစ်နိုင်ငံလုံး အုတ်အုတ်ကြွတ်ကြွတ် ပွက်လောရိုက်သွားတယ်။
ဒီအရေးကိစ္စမှာ ဦးသိန်းစိန် အမိန့်ပေးတယ် လို့ Freedom News Group က ပြောတယ်။ Freedom News Group ဆိုတာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားပဲ ဖြစ်တယ်။ ဧရာဝတီက နှပ်ကြောင်းပေးနေ တာနဲ့ Freedom News Group လိုက်ဖက်ညီအောင် လုပ်နေတာက ဦးအောင်မင်း နှုတ်ထွက်ဖို့၊ ဦးသာအေးနှုတ်ထွက်ဖို့။ အခု ဆန္ဒပြတာတွေ အရှိန်မြင့်လာတော့ လုပ်လာတာက ၈၈ တုန်းကအတိုင်းပဲ။ 
ဒီကိစ္စမှာ ဒေါ်စု ဘာဖြစ်လို့ အမာရှောင်ပြီး အပျော့ကို တိုက်နေတာလဲ။ အားလုံးစဉ်းစားဖို့ ကောင်းတယ်။ ဒေါ်စုကို အစဉ်တစိုက် ထောက်ခံခဲ့တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခုအရေးမှာတော့ ဒေါ်စုဟာ စံနမူနာ ယူစရာ ခေါင်းဆောင်ကောင်းလို့ မြင်တယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ်....။


by ငရဲ သား on Tuesday, September 11, 2012 at 1:42pm ·


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့  ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက  The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အငှားဘောလ်ပင်


by မင်းလူ၏ ၀တ္တုတိုများ on Friday, November 30, 2012 at 4:34am ·



    စာရေးနေချိန် အိမ်အောက်ကနေ ကျွန်တော့်နာမည်ကို တကြော်ကြော်ခေါ်နေသံ ကြားရသဖြင့် ပြတင်းပေါက်မှ ထွက်ကြည့်လိုက်တော့ နန်းကြင်ကိုတွေ့လိုက်ရသည်။ သူက...
    "ဘာလုပ်နေတာလဲကွ" မေးသည်။ ကျွန်တော်က
    "စာရေးနေတာ"

မြန်မာ့အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်နှင့် အင်တာဗျူး (အပိုင်း - ၁)


by Yangon Press International on Friday, November 30, 2012 at 9:23am ·

 “တကယ်တန်းကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေကို ခြိမ်းခြောက်နေတာက အထက်ဗမာပြည်ကို မျိုသွားတဲ့ တရုတ်ရဲ့ အကျိုးစီးပွားအဆက်အနွယ်တွေပဲ။ ဒါကို ကျွန်တော်တို့က အဓိကထားပြီး လုပ်မှရမယ်”

ဉာဏ်လင်းမေးမြန်းသည်

လက်ရှိမြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသည့်ပုံစံ၊ အရှေ့အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေး၊ မငြိမ်းချမ်း သေးသော မြန်မာပြည်မြောက်ပိုင်းကိစ္စ၊ စိုးရိမ်စရာ ရခိုင်ပြည်နယ်အရေး အစရှိသည်တို့နှင့်ပတ်သက်ပြီး မော်ကွန်းမဂ္ဂဇင်း က မြန်မာ့ အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်ကို အင်တာဗျူးထားပါသည်။

မီးတောက်သစ်ပင်


by Mg Yay Chan on Tuesday, September 18, 2012 at 11:26pm 


၁။
အရိုးတွေ ပြိုင်းထနေတဲ့
မအီမသာနေ့တွေထဲမှာပဲ
စိုက်နေကျ ငါတို့သစ်ပင်တွေဟာ
မီးညွှန့်တွေ တစ်စစ ဖူးပွင့်ဝေခဲ့တယ်။

01.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, November 30, 2012 at 3:01pm ·

ပါလက်စတိုင်းကို လေ့လာသူအဖြစ် ကုလလက်ခံ
ပါလက်စတိုင်းကို လေ့လာသူ အဖြစ် ကုလ သမဂ္ဂ မဲခွဲ အတည်ပြု
ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောရာမှာ လွန်ခဲ့တဲ့ ၆၅နှစ်တုန်းက ဒီနေ့နဲ့ တရက်ထဲ တိုက်ဆိုင်ပြီး ကုလသမဂ္ဂက ဆုံးဖြတ်ချက် ၁၈၁ နဲ့ သမိုင်းဝင် ပါလက်စ်တိုင်း နယ်မြေကို ခွဲပြီး အစ္စရေး နိုင်ငံကို မွေးထုတ်နိုင်ခဲ့တယ်။
ဒီကနေ့တော့ ပါလက်စတိုင်း ဒေသရဲ့ စစ်မှန်တဲ့ မွေးစာရင်း ထုတ်ပေးဖို့ နှစ်ပြည်ထောင် ဖြစ်နေတဲ့ ပြဿနာကို နောက်ဆုံး ဖြေရှင်းဖို့ မိန့်ခွန်း ပြောသွားပါတယ်။

30.11.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, November 29, 2012 at 4:09pm ·

အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ
မီးလောင် ဒဏ်ရာတွေနဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသခံနေရတဲ့ သံဃာ ၂၂ ပါးရှိ မုံရွာ ခရိုင် ဆားလင်းကြီး မြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကိုရပ်တန့် ပေးဖို့ ဆန္ဒပြ နေကြတဲ့ သပိတ် စခန်း ၆ ခုကို နိုဝင်ဘာလ ၂၉ ရက် မနက်လင်းအားကြီး သုံးနာရီ လောက်မှာ ရဲတပ်ဖွဲ့က မီးသတ် ပိုက်တွေ မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ပစ်ခတ် နှိမ်နင်းခဲ့ ပါတယ်။
ဆန္ဒပြသူတွေ ကတော့ အဲဒီ လက်နက်တွေ အပြင် မီးလောင် ဗုံးတွေ နဲ့ပါ ပစ်ခတ် ဖြိုခွင်းခဲ့ တယ်လို့ ပြောနေကြ ပါတယ်။

ဒီမိုကရေစီအသွင်ပြောင်းကာလ နောက်ပြန်ခြေလှမ်းလော



  • မနက်ဖန်ထုတ်မယ့် The Voice Weekly အတွက် ကျနော်ရေးထားတဲ့ ခေါင်းကြီးပါ။ ဝေဖန်၊ အကြံပြု၊ မှတ်ချက်ပေးနိုင်ပါတယ်။
    မကြာသေးခင်ကမှ တက်လာသောသတင်းများအရ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေကြသည့် ရဟန်းသံဃာများနှင့် ဒေသခံပြည်သူ လူထုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသူများက ယနေ့နံနက် လင်းအားကြီး ၃ နာရီ ခန့်တွင် အင်အားသုံးဝင်ရောက်ဖြိုခွင်း လိုက်ကြောင်း သိရပါသည်။ ထိုသို့ဖြိုခွင်းရာတွင် အင်အားပြင်း ရေပိုက်ဖြင့် ထိုးပက်ပြီးနောက် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ ထပ်ဆင့်အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင် ပါဝင်သော ဖော့စဖိတ်ြေ ကာင့် ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး တဲစခန်းများမီးလောင်ခြင်း၊ ဆန္ဒပြ သံဃာတော်များနှင့် ဒေသခံများ မီးလောင်စုတ်ပြဲဒဏ်ရာများ ရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံ သတင်းထောက်များပေးပို့သော မှတ်တမ်းဓာတ်ပုံများနှင့် ဆရာဝန်အချို့၏ မှတ်ချက်ပြုပြော ကြားချက်များအရ သိရပါသည်။ 

အလွဲများနဲ. ကျွန်တော်တို. နိုင်ငံ


အလွဲများနဲ. ကျွန်တော်တို. နိုင်ငံ
..........................................

ဗုဒ္ဓဘာသာဝင်တို.ရဲ. အထင်ကရ တန်ဆောင်မုန်းလပြည့်နေ.ညမှာ
လက်ပန်းတောင်းသပိတ်စခန်း (၆) ခုကို ရက်ရက်စက်စက် အကြမ်းဖက်
ဖြိုခွဲလိုက်တဲ့အခြေအနေဟာ ပြသာဒ်ကြီးမီးလောင်ခဲ့ပြီ။ အမည်မတပ်နိုင်တဲ့
မီးလောင်ဗုံးမျိုးတွေ အသုံးပြုခဲ့တာကြောင့် မီးလောင်ဒဏ်ရာပေါင်းများစွာနဲ.
ရဟန်းတော်တွေ ခံစားခဲ့ရပြီ။

တစ်နိုင်ငံလုံး သာမက နိုင်ငံတကာမှာပါ အရုပ်ဆု
ိးအကျည်းတန်ခဲ့ပြီ။
လူထုလူတန်းစား အသီးသီးရဲ. ပြောစရာ၊ ကြောက်စရာ၊ အပြစ်တင်စရာ
အဖြစ်မျိုး ကြုံတွေ.နေရချိန်မှာ ယနေ.ည MRTV မှာလည်း ဆက်၍ဆက်၍
အမှားတွေပြောနေတုန်း မနက်ဖြန်မှာ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က
သံဃာတော်များကို တောင်းပန်ပွဲ ပြုလုပ်မယ်ဆိုပြီး ထပ်လွဲပြန်ရော။

ဒါဆိုရင် အခုလို ရက်ရက်စက်စက် လူမသိသူမသိ ညကြီးမင်းကြီးမှာ
အမည်မသိ မီးလောင်ဗုံးတွေနဲ. ဖြိုခွဲခဲ့တာ စစ်ကိုင်းတိုင်းကရဲတပ်ဖွဲ.တွေပေါ့
အထက် အဆင့်ဆင့်က တာဝန်ရှိသူများ မသိဘူးပေါ့၊ အမိန်.တစ်စုံတစ်ရာ
မပေးပဲ သူတို.လုပ်ခဲ့ကြတာပေါ့ လို.မေးစရာရှိလာပါပြီ။

ကျွန်တော်တို.နိုင်ငံမှာက တာဝန်ရှိသူတွေက တာဝန်မယူရဲခဲ့ကြတာ
ကြာခဲ့ပါပြီ။ အခုလဲ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က တောင်းပန်မယ် တစ်နိုင်ငံလုံးကို
ထုတ်လွှင့်နေတဲ့ MRTV က ဥပဒေနဲ.အညီလုပ်တာပါ၊ လွဲနေပြန်ရော။

မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်အနေနဲ. တောင်းပန်ခြင်းဟာ ကောင်းမွန်တဲ့
အပြုအမှုပါ။ မိမိရဲ. မသိလို.ဖြစ်စေ သိရက်နဲ.ဖြစ်စေ မှားယွင်းခဲ့ရင်
တောင်းပန်ဝန်ချတာဟာ တရားတော်နဲ.အညီပါ။

သို.သော် ယခုဖြစ်ရပ်ရဲ. အတိမ်အနက်ကိုတော့ လေ့လာဖို.လိုအပ်ပါတယ်၊
လွယ်လွယ်နဲ.ပြင်လို.ရတဲ့အမှားမျိုးလား၊ အဲဒီ့မှားယွင်းမှုမှာ တဖက်က
ဘယ်လောက် ထိခိုက်ပျက်စီးဆုံးရှူံးမှုတွေရှိမလဲ၊ သုံးသပ်ဖို.တော့လိုတာပေါ့၊
ယခုဖြစ်ရပ်မှာ မျက်စိကွယ်သွားတဲ့သံဃာတော်တွေ၊ မျက်နှာတစ်ခုလုံး
မီးလောင်ဒဏ်ရာနဲ. ပျက်စီးသွားတဲ့ သံဃာတွေ ဘက်ကကြည့်ဖို.မလို
တော့ဘူးလား။ တောင်းပန်ဝန်ချလိုက်ရုံနဲ. သူတို.တစ်တွေရဲ. ပျက်စီးဆုံးရှူံးမှု
အသစ်ပြန်ဖြစ်သွားပါ့မလား စဉ်းစားဖို.လိုပါတယ်။

နောက်ပြီး နောင်အစဉ်အလာ အဆက်ဆက်မှာ အမှားကြီးတစ်ခု ကျူးလွန်
ပြီးတိုင်း တောင်းပန်လိုက်ရင် ပြီးသွားမယ်ဆိုတဲ့ အစဉ်အလာ အလွဲကြီး
တစ်ခုကို ပုံဖော်နေတာလား။

ယခုဖြစ်ရပ်မှာ ပေါ့ပေါ့တန်တန် တောင်းပန်လိုက်ခြင်းဆိုတာထက်
စုံစမ်းရေးကော်မရှင်ဖွဲ.ပြီး အမှန်တရားအတိုင်း ဖော်ထုတ်အရေးယူမယ်
ဆိုရင် လက်ရှိ နိုင်ငံရေးသိက္ခာပျက်စီးသွားတဲ့ အစိုးရအနေနဲ. ပြည်သူ.
လက်ခံမှုကို ပြန်ရရှိနိုင်မှာဖြစ်ပါတယ်။ အမိန်.ပေးတုန်းက အမိန်.ပေးတဲ့သူက
ပေးခဲ့ပြီး အခုလို ထိန်းမရသိမ်းမရ အရုပ်ဆိုးအကျည်းတန်စွာ ဖြစ်လာမှ
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.ကို အသုံးချတာမျိုး အလွဲကြီးမဖြစ်စေချင်ပါ။

နိဂုံးချုပ်အနေဖြင့် မနက်ဖြန် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က တောင်းပန်လိုက်ရုံနဲ.
အစိုးရဘက်က ဖြေရှင်းနည်းလို. ထင်မြင်ရင်တော့ အလွဲကြီးလွဲပြီး
မှားပြီးရင်း မှားနိုင်ပါတယ်၊ ပြည်သူဟာ ရိုးသားပါတယ် သို.သော် မအပါ။
အခုလို လူပေါင်း(၅၀၀) လောက်စုဝေးနေတဲ့ ရဟန်းသံဃာတော် ရာနဲ.ချီပြီး
ရှိနေတဲ့ ၊ မီဒီယာအသီးသီးမှာ အထင်ကရ ဖော်ပြနေတဲ့ လက်ပန်းတောင်
အရေးကို တိုင်းရဲတပ်ဖွဲ. အကြီးအကဲလောက်အဆင့်က ဆုံးဖြတ်ပြီး လုပ်ချင်
သလိုလုပ်ခဲ့တာလို. မယုံကြည်နိုင်ကြပါဘူး။

ဒါဆိုရင် ငြိမ်းချမ်းစွာ လက်နက်မဲ့ ဆန္ဒဖော်ထုတ်နေတဲ့ ရဟန်းသံဃာနဲ.
တောင်သူလယ်သမားပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်
နိုမ်နင်းဖို. အမိန်.ပေးစေခိုင်းသူ ဘယ်သူလဲ၊ သူကိုယ်တိုင် ဘာကြောင့်
မတောင်းပန်နိုင်တာလဲ ဘာကြောင့် တာဝန်မယူနိုင်တာလဲ မေးစရာတွေ
အများကြီး ပြည်သူ.ရင်ထဲမှာ ဖြစ်ပေါ်နေပါတယ်။

အဲဒီမေးခွန်းတွေဟာရဟန်းတော်တွေရဲ. ဒဏ်ရာအမာရွက်တွေနဲ.
အတူ နောင်ခေတ်အဆက်ဆက်တန်ဆောင်မုန်းလပြည့်နေ.ရောက်တိုင်း
သမိုင်းဝင်နေ.ဖြစ်သွားတော့မှာပါ။

ကျော်စွာမြင့် ( ၁၉၈၉-၁၉၉၂ ဗ.က.သ )
ဗုဒ္ဓဘာသာဝင်တို.ရဲ. အထင်ကရ တန်ဆောင်မုန်းလပြည့်နေ.ညမှာ
လက်ပန်းတောင်းသပိတ်စခန်း (၆) ခ
ုကို ရက်ရက်စက်စက် အကြမ်းဖက်
ဖြိုခွဲလိုက်တဲ့အခြေအနေဟာ ပြသာဒ်ကြီးမီးလောင်ခဲ့ပြီ။ အမည်မတပ်နိုင်တဲ့
မီးလောင်ဗုံးမျိုးတွေ အသုံးပြုခဲ့တာကြောင့် မီးလောင်ဒဏ်ရာပေါင်းများစွာနဲ.
ရဟန်းတော်တွေ ခံစားခဲ့ရပြီ။

MTV EXIT ၏ ဖြစ်ရပ်မှန်လူကုန်ကူးမှု မှတ်တမ်းဗီဒီယို အပိုင်း (၁ - ၂)



MTV EXIT Live in Myanmar MTV EXIT အထူးအစီအစဉ်အဖြစ်၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် လူကုန်ကူးခံခဲ့ရသည့် မကြည်ကြည်နှင့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေ တွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ကိုမင်းနှင့် လာအိုနိုင်ငံမှ လူကုန်ကူးခံရသူ အမျိုးသမီး ဗာဆာနာတို့၏ မချိမဆံ ခံစားခဲ့ရသော အတွေ့အကြုံများကို မှတ်တမ်းတင်ထားပါသည်။

'ကိုယ့်ဘ၀ခဏ ဘယ်သူယူပါ့မယ်။'


Than Min Lwin and 2 others shared Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)'s photo.
အောက်တိုဘာလထုတ် 'ကျန်းမာရေး' မဂ္ဂဇင်း တွင် ပါရှိသော စာရေးဆရာမကြီး ဂျူး၏ စာမူကို အပြည့်အစုံဖတ်ရှုလိုသော စာဖတ်ပရိသတ်အတွက် 'ကိုယ့်ဘ၀ခဏဘယ်သူယူပါ့မယ်။' ဆောင်းပါးကို အပြည့်အစုံ ဖော်ပြပေးလိုက်ပါသည်။
 ကျွန်မငယ်ငယ်တုန်းက မေမေက ဈေးဝယ်ခိုင်းသည့်အခါ ဘဲဥအလတ်ကွဲလေး နှစ်လုံး၊ သုံးလုံးလောက် ၀ယ်ခဲ့ဟု ပြောတာ မှတ်မိနေပါသည်။ အလတ်ကွဲဆိုသည်မှာ ဘဲဥက အက်နေပြီ။ တစ်နေရာတွင် ချိုင့်နေပြီ။ သို့သော် အလတ်ကြီး ရှိသေးသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်မည် ထင်သည်။ ထိုဘဲဥက တခြားဘဲဥအကောင်းတွေထက် ပိုပြီးဈေးလျော့သည်။ ကွဲပြီး သားကိုး။  ကျွန်မတို့အတွက်တော့ ဈေးသက်သာတာကို ရှာဝယ်မှ ကျန်သည့်နေရာတွေမှာ သုံးစွဲစရာ ငွေလောက်ငမည်။ ဒါက ကျွန်မတို့ကိုယ်တိုင်၏ ဈေးနှုန်းကိုကြည့်ပြီး ရွေးချယ်မှုဖြစ်သည်။ အိမ်ရောက်သည့်အခါ ထိုဘဲဥအလတ်ကွဲတွေကို ချက်ချင်း ကြော်စားကြရသည်။ အလတ်ကွဲသည် ကြော်ရုံထက်ပိုပြီး ဘာမှလုပ်လို့မရနိုင်။ ပြုတ်ကြည့်ပါလား။ အကွဲအချိုင့်ထဲကနေ အထဲက အကာတွေ ယိုစိမ့်ထွက်လာမှာပေါ့။ ဘဲဥကို ခွဲပစ်ပြီး ချက်ကြော်မှ ဖြစ်မှာ။
 တကယ်တော့ ထိုဘဲဥအကွဲသည် ကျန်းမာရေးအတွက် ဘယ်လောက်ထိ အန္တရာယ်ဖြစ်စေမလဲ။ မေမေလည်း မသိခဲ့။ ကျွန်မတို့လည်း မသိခဲ့ပေ။ အရွယ်နည်းနည်းရောက်လာလို့ စာဖတ်တာတွေများလာလို့ နောက်ပြီးဆေးတက္ကသိုလ် ကျောင်းသူ လေးဖြစ်လာတော့မှ ဘဲဥအခွံတွင် ကပ်နေလေ့ရှိသော ရောဂါပိုးများအကြောင်း သိလာသည်။ ဘဲဥ၊ ကြက်ဥကို မခွဲခင် ရေစင်စင် ဆေးပစ်ရမည်။ ဒါမှသာ အခွံမှာရှိနေသော အညစ်အကြေးတွေက ခွဲလိုက်သည့် အအက်ထဲမှတစ်ဆင့် အတွင်းက အကာအနှစ် တွေထဲသို့ စိမ့်ဝင်ခြင်းမရှိမှာ။ အမယ် ...ဒါတောင် ဆယ်လ်မိုနဲလား ခေါ်သည့် ရောဂါပိုးဆိုလျှင် ဘဲဥ၊ ကြက်ဥအခွံကို ဖောက်ထွင်း ပြီး အတွင်းသို့ စိမ့်ဝင်နိုင်သည်တဲ့။ ကြောက်စရာကောင်းလိုက်တာ။ ဒီလိုဆိုတော့ ငယ်ငယ်က ကျွန်မတို့ စားခဲ့ရသည့် အလတ်ကွဲ ဆိုလျှင် အကွဲကြီးအချိုင့်ကြီးကနေတစ်ဆင့် အပြင်ကအညစ်အကြေးတွေ ၀င်နေပြီးသားတောင် ဖြစ်မည်။ နောက်ပြီး ဘဲဥက အကွဲမို့ ရေစင်စင်ဆေးပစ်ဖို့ မဖြစ်နိုင်တော့။ ဒီအတိုင်းပဲ အ၀တ်လေးနှင့်သုတ်ပြီး ခွဲကာ ကြော်လိုက်ကြရသည်။
 ကျွန်မတို့ အနီးအနားတွင် ရောဂါဖြစ်စေသည့် အစားအစာတွေ များစွာရှိနေသည်။ မသိနားမလည်လျှင် ထိုအန္တရာယ် ထဲသို့ ၀င်မိမည်။ ဈေးကိုသွားသည့်အခါ ဈေးကနေ၀ယ်ယူကြမည့် ပစ္စည်းတွေမှာ အန္တရာယ်တွေရှိနေသည်။ ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့်၊ မြေပဲဆံတို့တွင် မှိုအနည်းငယ်ရှိနေလျှင် အယ်ဖလာတောက်ဆင်ခေါ် အဆိပ်တစ်မျိုး ဖြစ်နေတတ်သည်။ ထို အဆိပ်သည် လူ့ကိုယ်ထဲရောက်လျှင် ကင်ဆာဖြစ်စေတတ်သည်။ စားသုံးဆီအနေနှင့် စားအုန်းဆီက နှလုံးရောဂါနှင့် သွေးတိုး ရောဂါတို့ ဖြစ်စေပြီး နှမ်းဆီနှင့် ပဲဆီက ကျန်းမာရေးနှင့် ညီညွတ်သည် ဆိုစေကာမူ ထိုပဲဆီကို မှိုပါသည့်မြေပဲဖြင့် ကြိတ် ထားသည်ဆိုလျှင် အယ်ဖလာတောက်ဆင်တွေပါပြီး ထိုဆီကို စားသူအား အန္တရာယ်ဖြစ်စေနိုင်သည်။ အမေရိကန်တွေက ပေါင်မုန့်နှင့်စားရန် မြေပဲထောပတ်ကို သုံးကြသည်။ ထိုမြေပဲထောပတ်မှ အယ်ဖလာတောက်ဆင်ပါဝင်ပြီး ကင်ဆာဖြစ်စေသည့် ရာခိုင်နှုန်းမှာ တော်တော်နည်းသော်လည်း ဖြစ်နိုင်ခြေတော့ရှိနေသည်။ ကျွန်မတို့နိုင်ငံသည် နှလုံးရောဂါအဖြစ်များဆုံး အာရှ ပစိဖစ်ဒေသနိုင်ငံတွေထဲတွင် ထိပ်နားလေးက ပါဝင်သည်။ ၂၀၀၄ ခုနှစ်က ကောက်ယူထားသော စစ်တမ်းအရ မြန်မာနိုင်ငံသည် နှလုံးရောဂါဖြင့် သေဆုံးသည့်နှုန်းက လူတစ်သိန်းတွင် (၄၁၉)ရှိသည်။ ထိုင်းနိုင်ငံက (၁၆၄)ဟု ဆိုပါသည်။ မွန်ဂိုးလီးယားက ထိပ်ဆုံးကဖြစ်သည်။ (၄၇၅)ဟု ဆိုပါသည်။ ကျွန်မကတော့ နှလုံးရောဂါဆိုလျှင် အဓိကတရားခံက စားအုန်းဆီဟုပင် တွေးလိုက် မိသည်။ ထောပတ်တို့၊ ချိစ်တို့သည် မြန်မာမိသားစုအများစု မစားနိုင်ကြဘူး မဟုတ်လား။ အလွန်ဆုံးစားနိုင်လျှင် ၀က်ဆီဖတ်၊ အမဲအူ၊ ဆိတ်အူ လမ်းဘေးကြော်သည့် အကြော်အလှော်တွေ။ ထိုအကြော်တွေကတော့ စားအုန်းဆီကို ပေါပေါများများသုံးသည့် အပြင် နှစ်ခါပြန် သုံးခါပြန် အပြန်ပြန်အလှန်လှန် ကြော်ထားသည့် ဆီတွေ မဖြစ်နိုင်ဘူးလား။ ထိုဆီများသည် ပိုလီ ပြည့်ဝဆီ အထပ်ထပ်ဖြစ်နေသည့်ဆီတွေ မဟုတ်ဘူးလား။ ကျွန်မတို့ မြန်မာလူမျိုးကလည်း ဆီဖြင့်ကြော်တာကို တော်တော်ကို နှစ်သက် ကြသည်။ တို့ဟူးကြော်ကို နှစ်ပြန်ကြော်တဲ့။ တစ်ခါနှင့် အားမရလို့ ပိုကြွပ်ရွအောင်ဖြစ်မှာပေါ့။ လက်ဖက်နှင့်စားသည့် ပဲကြော်၊ အကြော်စုံကိုလည်း နှစ်ပြန်ကြော်တဲ့။ အေးပေါ့ နှစ်ပြန်ကြော်ဆိုတော့ နှစ်ဆပိုတာပေါ့။ ပိုလီ မပြည့်ဝဆီဖြစ်တာပေါ့။
 ကိုယ်စားဖို့ ၀ယ်တာ ဘာဆီလဲ။ ပဲဆီလား၊ စားအုန်းဆီလား။ ပဲဆီယောင်ဆောင်ထားတဲ့ စားအုန်းဆီလား။ စားအုန်းဆီ မှာမှ ဆပ်ပြာချက်ဖို့ လုပ်ထားတဲ့ စားအုန်းဆီလား။ စားဖို့ လုပ်ထားတဲ့ စားအုန်းဆီလား။ စားတဲ့မုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီ၊ ပြန်ကြော်ဆီတွေနဲ့ ကြော်ထားတဲ့မုန့်၊ ထရန့်စ်ဖက်ဆိုသော တိရစ္ဆာန်အဆီ။ အချိုရည်တွေမှာ ဘင်ဇိုးဝစ်အက်စစ်ပါသည်။ သကြား ပါသည်။ သကြားက လူကိုဝစေရုံပဲ၊ သွေးထဲ သကြားဓာတ်များစေရုံပဲလို့ အနိမ့်ဆုံးအန္တရာယ်ကိုပဲ တွေးထားလိုက်ပါဦး။ ဘင်ဇိုးဝစ် အက်စစ်ကတော့ ကင်ဆာဖြစ်စေသည့်ဓာတ်ပါ။ အချိုရည်တွေသည် ကလေးများအတွက် အန္တရာယ်မကင်းသည့်အကြောင်း မိဘတွေမသိပေ။ အရောင်အမျိုးမျိုး ခြယ်လှယ်ဆေးဆိုးထားသည့် အချိုရည်တွေတွင် အန္တရာယ်ရှိသည့်ပစ္စည်းတွေ ပါဝင်နေမှန်း မိဘတွေမသိပေ။ လူကြီးတွေအတွက်လည်း အချိုရည်သည် ဘေးအန္တရာယ်ရှိစေသည်ဟု မသိပေ။ အချိုရည်တွင်ပါဝင်သည့် တာရှည်ခံဆေးတို့နှင့်အတူ ဘင်ဇိုးဝစ်အက်ဆစ်သည် ကင်ဆာဖြစ်စေနိုင်သည်ဆိုတာကို ထားလိုက်ပါဦး။ အချိုရည်တွေ သောက် ပြီး အ၀လွန်သည့်ရောဂါ ဖြစ်စေနိုင်သည်ကိုပင်လျှင် အများစုက သတိမထားကြပေ။ အချိုရည်တွေကိုမသောက်ဘဲ လက်ဖက် ခြောက် ရေနွေးကြမ်းကိုသောက်လျှင် ပိုမကောင်းဘူးလား။ လက်ဖက်စိမ်းရေနွေးကြမ်းက ကင်ဆာကိုကာကွယ်နိုင်သည်ဟုပင် တွေ့ထားသည်ဆိုပါလား။
 ကျွန်မတို့စားသုံးသူတွေသည် မသိနားမလည်လျှင် ရောဂါတွေကို ၀ယ်ယူသုံးစွဲနေသူများ ဖြစ်မနေနိုင်ဘူးလား။ ဒါကြောင့် လည်း စားသုံးသူအခွင့်အရေးဆိုသည့် စကားလုံးပေါ်လာခြင်းဖြစ်မည်။ စားသုံးသူဟု အလွယ်ပြောလိုက်ပေမဲ့ ဒါကသုံးစွဲသူကို ရည်ညွှန်းခြင်းဖြစ်သည်။ အင်္ဂလိပ်လိုတော့ Consumerပေါ့။ ဈေးဝယ်သူဟု ရိုးရိုးရှင်းရှင်း ပြောလို့လည်းရ၏။ ကျွန်မတို့အားလုံးက ဈေးဝယ်သူတွေပဲပေါ့။ အင်္ဂလိပ်ဆိုရိုးတစ်ခုရှိသည်။ Consumer is always right! တဲ့။ စားသုံးသူ ဈေးဝယ်သူဟာ အမြဲမှန်တယ် တဲ့။ အားရစရာကောင်းလိုက်တာ။ ကျွန်မတို့ဆီမှာဖြင့် ဈေးဝယ်သူက အမြဲမှားနေသလို ခံစားရသည်။ ခေါင်းလျှော်ရည်ဘူးလေး တစ်ခုကနေနှစ်ခု ပြခိုင်းလျှင် အရောင်းစာရေးမလေး၏ မျက်နှာက အိုသွားပြီ။ သူတို့ဖက်က တွေးကြည့်ပေးလျှင် အိုမှာပေါ့။ သူတို့ခမျာလည်း တစ်နေကုန် မတ်တတ်မတ်တတ်နှင့် ၀ယ်သူတွေကို ပစ္စည်းတွေ ထုတ်ပြနေရတာ ကိုယ့်အလှည့်ရောက်တော့ သူတို့၏ စိတ်ရှည်မှုက ကုန်သွားပြီ။ ကျွန်မ ကိုယ်ချင်းစာစိတ်ဖြင့် သူတို့ကို အပြုံးလက်ဆောင်လေး ပေးခဲ့ပါသည်။
 နိုင်ငံသားအခွင့်အရေး Citizen's right ဆိုတာကိုတောင် ဘာမှန်းမသိသေးသည့် ကျွန်မတို့အတွက် စားသုံးသူ အခွင့် အရေးဆိုတာက နည်းနည်းတော့ အလှမ်းဝေးနေသလိုရှိပါသည်။ ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာခိုင်နှုန်း တော်တော် များများက နိုင်ငံသားအခွင့်အရေး မရကြသူတွေ။ လျှပ်စစ်မီးဆိုတာကို အသာထားလိုက်ပါဦး။ သန့်ရှင်းသည့် သောက်သုံးရေကို မရတာ၊ အန္တရာယ်ကင်းသည့် ကျန်းမာရေးနှင့် ပြည့်စုံသည့် အိမ်တစ်ခုကို မပိုင်ဆိုင်နိုင်တာ ဒါတွေက နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေခြင်းဟု ယေဘုယျ ပြောနိုင်ပါသည်။ အာရှနိုင်ငံတွေမှာ ရွာသားငါးယောက်မှာ တစ်ယောက်သာ တစ်ကိုယ်ရေ သန့်ရှင်း (Sanitation)သည့် လူနေမှုဘ၀ကို ရသည်ဟုဆိုသည်။ အဲဒါက အရေးကြီးလားဆိုတော့ အရေးကြီးတာပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းသည့် လူနေမှုအဆင့်ကို မရလျှင် ကျန်းမာရေး ထိခိုက်မည်။ ပထမဆုံးခံရတာတော့ ငါးနှစ်အောက် ကလေးလေးတွေပဲ ပေါ့။ ငါးနှစ်အောက်ကလေးတွေ ကမ္ဘာကြီးမှာ တစ်ရက်ကို ငါးထောင် သေနေကြသည်။ ကျွန်မတို့ မြန်မာနိုင်ငံတွင် ကလေး တစ်ထောင်မွေးလျှင် တစ်ရာ့လေးယောက်က ငါးနှစ်မပြည့်မီ သေကြရသည်။ အကြောင်းရင်း အမျိုးမျိုးရှိသည်။ အာဟာရ ချို့တဲ့ လို့၊ ရောဂါဖြစ်လို့။ ငါးနှစ်အောက်ကလေးတွေ သေကြရသည့်အကြောင်းရင်းထဲမှာ နံပါတ်တစ် အကြောင်းကတော့ နျူမိုးနီးယား ဟုခေါ်သည့် အဆုတ်ရောင်ဖျားနာခြင်း၊ နံပါတ်နှစ်ကတော့ ၀မ်းလျှော ၀မ်းပျက်ခြင်းတဲ့။ 
 ၂၀၀၈ ခုနှစ်က ငါးနှစ်အောက်ကလေးတွေ သေနှုန်းကို အာရှပစိဖစ်ဒေသအတွက် စစ်တမ်းကောက်ထားတာရှိသည်။ မြန်မာနိုင်ငံက အများဆုံးသေ၏။ ဒါတောင် အရင် ၂၀၀၄ ခုနှစ်တွေတုန်းက ကျွန်မ သိထားသည့် ၁၀၆ ယောက် ဆိုတာထက် နည်းသွားလို့ တော်သေးသည်။ ၉၅ယောက်ဟု ဆိုပါသည်။ ကျွန်မတို့က ကလေးသေနှုန်းတွင် ထိပ်ဆုံးကဖြစ်သည်။ ကလေးတွေ ပဲလား မဟုတ်သေးပါ။ ကျွန်မတို့မြန်မာနိုင်ငံတွင် လူကြီးတွေ၏ သေနှုန်းကလည်း တခြားသောနိုင်ငံတွေထက် ပိုမြင့်ပါသည်။ ၂၀၀၈ ခုနှစ်က အသက် ၁၅ နှစ်မှ ၆၀ နှစ်အတွင်း သေနှုန်းအစီရင်ခံစာတွင်လည်း ကျွန်မတို့နိုင်ငံက သေနှုန်းအမြင့်ဆုံးပါပဲ။ ကျွန်မတို့၏နောက်မှာ လာအိုနိုင်ငံဖြစ်ပါသည်။ ထိုသေနှုန်းသည် လူ (၁၀၀၀)တွင် တွက်ချက်ထားခြင်း ဖြစ်ပါသည်။ နောက်တော့ ကျွန်မ သက်သာလိုသက်သာငြား အကျိုးအကြောင်း ရှာဖွေကြည့်သည်။ ၂၀၀၈ ခုနှစ်ဆိုတော့ ကျွန်မတို့ဆီမှာ နာဂစ်မုန်တိုင်း ကြောင့် လူတွေ တစ်သိန်းသုံးသောင်းကျော် သေကြေပျောက်ဆုံးကြရတာမို့ ကိန်းဂဏန်းတွေက အဲဒီလောက်မြင့်တက်နေတာ လား။ ၂၀၀၈ ခုနှစ် တစ်နှစ်လုံးအတွက် တွက်ထားပြီး ၂၀၀၉ ခုနှစ်မှာ ကြေညာတာမို့ များနေတာလား။ ဒါမှမဟုတ် ...အင်းလေ ဒါက ပညာရှင်တွေနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ ပုဂ်္ဂိုလ်တွေသာ သိမှာပေါ့။ စိတ်မကောင်းစရာပါပဲ။ တစ်နှစ်အောက်ကလေး (နို့စို့ကလေးဟု ခေါ်မလား။ ဆေးပညာအခေါ်တော့ infant mortality rate ဟုပဲခေါ်သည်။) သေနှုန်းကလည်း မြန်မာက ဒုတိယ အမြင့်ဆုံး ဖြစ်နေပြန်သည်။ တော်သေးတာပေါ့လေ။ ကိုယ့်အထက်မှာ ပါကစ္စတန်နိုင်ငံ ခံနေပေလို့။ ဒါတောင် တစ်ယောက်ပဲ လျော့တာ။ ပါကစ္စတန်က နို့စို့တစ်နှစ်အောက်ကလေး ၁၀၀၀ တွင် ၇၂ ယောက် သေသည့်အချိန်တွင် ကျွန်မတို့ မြန်မာနိုင်ငံက ၇၁ ယောက် သေတာဆိုပဲ။
 ဘ၀သက်တမ်း တွက်ချက်မှုတွင် ဟိုတုန်းက ကျွန်မတို့ မြန်မာနိုင်ငံက အမျိုးသား ၅၈ နှစ်လောက်ပဲ ရှိခဲ့ဖူးသော်လည်း ယခုအခါ ၆၁နှစ်ထိ တက်သွားပြီ။ (ယောက်ျားထက် မိန်းမက နှစ်နှစ်လောက် ပိုသက်တမ်းရှည်တာ တွေ့ရသည်။) ဒါကတော့ ကောင်းသည့်အချက်ဖြစ်သည်။ ဒါတောင်မှ ကျွန်မတို့သည် အာရှပစိဖစ် ဒေသတွင် ဘ၀သက်တမ်း တတိယအတိုဆုံးဖြစ်သည်။ ကျွန်မတို့အောက်မှာ ပါပူဝါနယူးဂီနီ ပြီးတော့ အောက်ဆုံးက ကမ္ဘောဒီးယားနိုင်ငံပဲ ရှိသည်။ ဒါလည်း ၂၀၀၈ ခုနှစ်အတွက်ပါပဲ။ အင်း ဒါဆိုလျှင်တော့ နာဂစ်ကို လွှဲချလို့ မရတော့ဘူး ထင်သည်။ 
 တစ်ခု စိတ်သက်သာရာရသည်မှာ မိခင်သေနှုန်းတွင် ကျွန်မတို့ မြန်မာနိုင်ငံက ဦးဆောင်နေတာ မဟုတ်လို့ပါပဲ။ မိခင် သေနှုန်းအများဆုံး နိုင်ငံတွေထဲတွင်ပါသော်လည်း ထိပ်ဆုံးမှာတော့ မရှိဟု ကြံဖန်နှစ်သိမ့်လို့ရသည်။ ထိပ်ဆုံးက လာအိုနိုင်ငံ။ သူ့ အောက်က နီပေါလ်နိုင်ငံ။ ကျွန်မတို့ နိုင်ငံက ရှစ်နိုင်ငံမြောက်ပါ။ လာအိုက အရှင်မွေး တစ်သိန်းတွင် (၅၈၀)ယောက်တဲ့။ ကျွန်မတို့က (၂၄၀) ဖြစ်ပါသည်။
 ကျွန်မတို့ပတ်ဝန်းကျင်တွင် အန္တရာယ်တွေ အများကြီးရှိသည်။ နိုင်ငံသားအခွင့်အရေးဟုပြောလျှင် ကျန်းမာရေး တစ်ခု တည်းနှင့်ပင် ကျွန်မတို့လို ဆင်းရဲသားနိုင်ငံတွေ အခွင့်အရေးဆုံးရှုံးသည့် အထဲတွင် ပါကုန်ပါသည်။ ကျန်းမာရေးနှင့် ပြည့်စုံမည့် ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်ခွင့်။ အဲဒါအခြေခံနိုင်ငံသား အခွင့်အရေးပါပဲ။ ကျန်းမာရေး ထိခိုက်စေမည့်အရာတွေ ၀န်းရံနေ သလို ကျန်းမာရေး ချို့ယွင်းသည့်အခါ အားကိုးစရာ နေရာသိပ်မရှိတာလည်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခြင်းပဲ မဟုတ်ပါလား။ မြန်မာနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု တော်တော်အားနည်းပါသည်။ ကျန်းမာရေးကို စောင့်ရှောက်ပေးမည့် ဆေးရုံ/ ဆေးခန်းတို့ နည်းပါးသည်။ ဆေးရုံ/ဆေးခန်းရှိသော်လည်း အတွင်းမှာ ဆေးနှင့် ကိရိယာမရှိ။ 
 မကြာမီက ချင်းပြည်နယ်ဆေးရုံမှ ရောက်လာသော ကျွန်မသူငယ်ချင်းကို ကျွန်မ မေးကြည့်မိသည်။ သူတို့ဆီမှာ  ဘာ ရောဂါတွေပေါသလဲ။ ငှက်ဖျားတွေ၊ သွေးလွန်တုတ်ကွေးတွေ ပေါသတဲ့။ မြွေကိုက်တဲ့လူနာရော ရှိသလားဟုမေးတော့ သူငယ်ချင်းက အားရပါးရ ပြောပြပါသည်။ မြွေကိုက်တဲ့လူနာ ငါမလာခင်လေးကိုပဲ ကြည့်ခဲ့ရသေးတယ်။ အသက်ဆယ့်သုံးနှစ် လောက်ပဲရှိသေးတဲ့ကလေး။ မြွေကိုက်ခံရတာ။ အမယ်ကိုယ်တော်ချောလေးတွေက တော်တော်ဆိုးတာပဲ။ တွင်းထဲကို နှိုက်တာ တဲ့။ မြွေက သူ့ကို ခဲပြီးပါလာတာ။ အဲဒီမြွေကို သူတို့က ခေါင်းဖြတ်ပစ်လိုက်သတဲ့ဟယ် ကြံကြံဖန်ဖန်။ မြွေရောဆိုတော့ ပါတော့ လာပါတယ်။ မြွေက အပိုင်းအပြတ်နဲ့။ အမြီးလည်း မရှိတော့ဘူး။  ဒါနဲ့ အမြီးက ဘယ်မှာလဲဆိုတော့ ဖြတ်ပစ်လိုက်ပြီတဲ့။
 အမြီးကိုများ စားလိုက်သလားဟယ်ဟု ကျွန်မ ပခုံးတွန့်လျက် မေးမိသည်။ ကျွန်မ ကြားဖူးသလားလို့ မြွေအမြီးကို ဘာလုပ်ရတယ်ဆိုလား။ မသေချာ။ မစားဘူး။ အဲဒီအမြီးပြတ်နဲ့ မြွေကိုက်တဲ့ အနာကို တို့တာတဲ့။ အဲဒီအမြီး ပါမလာဘူး။ ချုံထဲ လွှင့်ပစ်ခဲ့ဟန် တူပါသည်။ အရေးကြီးဆုံးကို မေးမိသည်။ မြွေဆိပ်ဖြေဆေး ရှိရဲ့လားဟယ်။ ရှိတယ်။ တော်သေးတယ်။ သူ ကံကောင်းတာ။ နောက်ဆုံးလက်ကျန် ဖြေဆေးပဲ။ အို ...။ ကျွန်မ တော်တော် လန့်သွားပါ သည်။ ပြည်နယ်ဆေးရုံကြီးမှာတောင် မြွေဆိပ်ဖြေဆေးက ဒါနောက်ဆုံးပဲဆိုတော့။ မကြာခင်တော့ ဆေးတွေပြန်ရောက်လာဦးမှာပါ။ သို့သော် ဆေးမရောက်မီ တစ်ယောက်ယောက်များ ထပ်ကိုက်ခံလိုက်လို့ကတော့ ...။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် မြွေကိုက်ခံရသူ အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည်။ အသေအပျောက် အများဆုံးကတော့ အိန္ဒိယနိုင်ငံပေါ့။ နှစ်စဉ် လူ (၅)သောင်းလောက် မြွေကိုက်ခံရလို့ သေဆုံးနေကြသည်။ သူငယ်ချင်းလာသည်က အစည်းအဝေးလာတက်ရင်းနှင့် အိပ်ခ်ျအိုင်ဗွီအတွက် ဗိုင်းရပ်စ်မပွားအောင် တားဆီးသည့် အေအာရ်တီခေါ် ဆေးရလျှင် ပြည်နယ်အတွက်ယူရန် ဖြစ်သည်။ ငှက်ဖျားရော ဆေးလုံလောက်လား။ လုံလောက် တယ်။ တော်သေးတာပေါ့။ ငှက်ဖျားတွေကဟယ် လာလိုက်ရင် ဦးနှောက်ငှက်ဖျားတွေချည်းပဲ။ ချင်းပြည်နယ်မှာ ငှက်ဖျားခြင် ရှိ တယ်ပေါ့။ ပေ ၆၀၀၀၊ ၇၀၀၀ တောင်ပေါ်မှာရှိနေကြသော်လည်း ငှက်ဖျားခြင်ကတော့ သူတို့နားတွင် ၀ဲနေပုံရပါသည်။ တောထဲ သွားကြမည်။ စိမ့်စမ်းရေအိုင်ရှိသည့်နေရာတွင် ခြင်တွေရှိမည်။ ခြင်ကိုက်မည်။
 တစ်နှစ်လျှင် လူပေါင်း (၃)သိန်းခွဲလောက် ငှက်ဖျားရောဂါ ဖြစ်သည်။ အစီရင်ခံစာအရ လူ (၁၀၀၀)လောက်က နှစ်စဉ် သေသည်။ သစ်တောနှင့် နီးစပ်သည့်နေရာတို့တွင် ငှက်ဖျားဖြစ်တတ်သည်။ မြို့တိုင်း၊ ရွာတိုင်းမှာ ငှက်ဖျားခြင်တွေ ရှိနေပြီ။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ပိုပြီးပူနွေးလာခြင်းကြောင့် နဂိုကခြင်မရောက်သည့် တောင်ပေါ်ဒေသတို့တွင် ခြင်တွေ ရောက် ကုန်ပြီ။ ထိုခြင်တို့ကို ကာကွယ်တားဆီးမှုမရှိ။ ခြင်အောင်းသည့်နေရာတို့ကို ဖျက်ဆီးခြင်းမရှိ။ ထို့ကြောင့် မြို့ပေါ်ရော တောနယ်ပါ ငှက်ဖျားရောဂါနှင့် အလွန်နီးစပ်နေသည်။ မြန်မာနိုင်ငံတွင် လူဦးရေ (၃၄)သန်းကျော်သည် ငှက်ဖျားရောဂါဖြစ်ဖို့ အန္တရာယ် တွေနှင့် ကြုံနေရသည်ဟုဆိုသည်။ ဒါဖြင့် ကျွန်မလည်း ပါတာပေါ့။ ရန်ကုန်မှာနေသော်လည်း ငှက်ဖျားခြင်က နေရာအနှံ့မှာ ရှိနေ တာကိုး။ ကြောက်စရာကြီးပါလား။ ဒါကြောင့်ငှက်ဖျားရောဂါသည် ကျွန်မတို့နိုင်ငံ၏ အသေအပျောက်အများဆုံး ရောဂါစာရင်းမှာ ထိပ်ဆုံးက မဆင်းတာကိုး။ ငှက်ဖျားဖြစ်ပွားသော အာရှပစိဖစ်ဒေသနိုင်ငံများတွင် ဖြစ်ပွားမှုအများဆုံးက အိန္ဒိယဖြစ်သည်။ အိန္ဒိယက လူဦးရေလည်း မတန်တဆများတာကိုး။ ဖြစ်ပွားသည့်လူနာပေါင်း တစ်သန်းခွဲခန့် (၁၅၃၂၄၆၇)ရှိသတဲ့။ ကျွန်မတို့ နိုင်ငံမှာတော့ လေးသိန်းခန့် (၄၁၁၄၉၄)ရှိသတဲ့။ သူတို့နိုင်ငံက လူများလို့ လေးဆခန့် ပိုများတာပေါ့။ သို့သော် အံ့သြစရာက သေဆုံးသည့် အရေအတွက်ကျတော့ ကျွန်မတို့က ပိုများခြင်းဖြစ်သည်။ လူတစ်သန်းမှာ သူတို့က ၁၀၆၀ပဲ သေပြီး ကျွန်မတို့က လူလေးသိန်းမှာ ၁၀၈၀ သေနေရသည်။ ဒါကိုကြည့်လျှင် ကျွန်မတို့၏ ကျန်းမာရေးဗဟုသုတ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ ဘယ်လောက်နိမ့်ကျနေသည်ဆိုတာ သိသာထင်ရှားပါသည်။
 သူငယ်ချင်းက နောက်ထပ် ကျွန်မ မထင်မှတ်သော ကျန်းမာရေးထိခိုက်မှုတစ်ခုကို ပြောပြသည်။ အစာအဆိပ်သင့်တာ food poisoningတဲ့။ သိပ်မကြာခင်ကပဲ အနီးအနားက ရွာလေးတစ်ခုမှာ အစာအဆိပ်သင့်တာ မိသားစုလိုက်ဖြစ်လို့ ကျန်းမာရေး မှူးလေးတစ်ယောက်ကို အဲဒီကို လွှတ်ရသေးတယ်ဟူ၏။ နှစ်ယောက်ကတော့ ဆုံးသွားသည်ထင်ပါရဲ့။ ကလေးတစ်ယောက်က ဆုံးပြီး နောက်ကလေးတစ်ယောက်ကိုတော့ ဆေးရုံသို့ ခေါ်လာလိုက်နိုင်သည်။ မှိုကနေ အဆိပ်သင့်တာဖြစ်သည်။ မှိုတွေက အဆိပ်နှင့် နီးစပ်တာကိုတော့ ကျွန်မသိပါသည်။ သို့သော် ဘယ်မှိုကစားကောင်းပြီး ဘယ်မှိုကမစားကောင်းဘူးဟု ကျွန်မမသိ။ ထို့ကြောင့် မှိုကိုစားရမှာ နည်းနည်းလန့်နေသည်။ ကောက်ရိုးမှိုခေါ်သော စိုက်ပျိုးမှိုကတော့ အဆိပ်မသင့်နိုင်ပေ။ သို့သော် တော ထဲကမှိုမှာ အဆိပ်ရှိနေနိုင်သည်။ သူတို့ဆေးရုံသို့ သတင်းရောက်တာက နောက်ကျသလို သူတို့ဆီက ကျန်းမာရေးမှူးရွာသို့ ရောက်သွားရတာလည်း နောက်ကျသည်။ အဆိပ်သင့်တာက နှစ်ဆယ့်လေးနာရီကျော်သွားပြီ။ အစာအိမ်ထဲက အဆိပ်ကို အပြင် ပြန်ထုတ်သည့်နည်း အလုပ်မဖြစ်တော့ပေ။ အစားအစာ အဆိပ်သင့်တာတွေက စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ တွေ အများကြီးသုံးတာလည်းပါသည်။
 အော်ဂဲနစ်စိုက်ပျိုးရေးကရသည့် အသီးအနှံဆိုတာ ကျွန်မတို့နိုင်ငံတွင် အိပ်မက်မက်လို့ကောင်းတုန်းပဲ ရှိသေးသည်။ ဟိုတုန်းကလို သဘာဝသီးနှံတွေလည်း မရှိတော့ပြီ။ ကျွန်မတို့စားနေရတာက ထုံးတမ်းစဉ်လာ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ကို လှိုင်လှိုင်ကြီးသုံးပြီး ထုတ်ထားသည့်သီးနှံတွေ။ ပိုးသတ်ဆေးကို သူတို့ ဘယ်လိုသုံးထားတာလဲ။ ကျွန်မတို့စားသည့် သီးနှံဆီ ထိအောင် မတွေးပါနဲ့ဦး။ သုံးတဲ့သူကိုယ်တိုင်ကော သူအန္တရာယ်ကင်းဖို့ ညွှန်းတဲ့အတိုင်း လိုက်နာရမည့် အသုံးပြုနည်းတွေကို သိရဲ့လား။ သူကိုယ်တိုင် ထိုအဆိပ်မသင့်အောင် ကာကွယ်ဖို့ အခွင့်အရေးကို ရရဲ့လား။ လမ်းညွှန်ချက်အတိုင်း စနစ်တကျ သုံး လား။ ပိုးသတ်ဆေးသုံးတဲ့နေရာမှာ ဥပဒေလမ်းညွှန်မှုများ ရှိရပါသည်။ ပိုးသတ်ဆေးသုံးစွဲသည့် ကာယကံရှင်ကို အန္တရာယ် မဖြစ် စေဖို့၊ ကိုယ့်ပတ်ဝန်းကျင်က လူ၊ တိရစ္ဆာန်တွေနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့။ ရောင်းသူများအတွက်၊ သုံးသူများအတွက် စည်းကမ်းချက်များ ထုတ်ထားပေးပါသည်။ ကျွန်မစိုက်ခင်းတွေ ဘေးကနေ ဖြတ်သွားလျှင် မြင်နေရတာပဲ။ ပိုးသတ်ဆေးဖျန်းနေသူတွေ နောက်ကျောမှာ ပုံးကိုကပ်ပြီး ကျောပိုးထားရင်း ဆေးဖျန်းနေသည့်မြင်ကွင်း။ အန္တရာယ် သိပ်ကြီး ပါသည်။ သူတို့ သိချင်လည်းသိမည်။ သိချင်မှလည်း သိမည်။ ဒီနည်းက လောလောဆယ် ၀န်ကိုပေါ့စေသည့် နည်းမို့ သုံးနေ တာလည်း ဖြစ်နိုင်သည်။ 
 အရေပြားတွင် ပိုးသတ်ဆေးစိမ့်ဝင်နှုန်းက တစ်နေရာနဲ့တစ်နေရာ မတူပါ။ လက်မောင်းကနေ စိမ့်ဝင်နှုန်းထက် ၀မ်းဗိုက် နောက်ကျောဆီကနေ စိမ့်ဝင်နှုန်းက နှစ်ဆပိုများသည်။ နဖူးမှာ စိမ့်ဝင်နှုန်းက လေးဆလောက်ပိုများသည်။ နားထဲကနေ စိမ့်ဝင် နှုန်းက ငါးဆလောက်ပိုများသည်။ လိင်အင်္ဂါပတ်ဝန်းကျင် အရေပြားဆီကနေ စိမ့်ဝင်နှုန်းကတော့ အများဆုံးဖြစ်သည်။ ဆယ့်နှစ် ဆလောက်ရှိပါသည်။ အန္တရာယ်ကို သိမှသာ ရှောင်ကြဉ်နိုင်မှာမဟုတ်လား။ အန္တရာယ်ကို သိခွင့်ရှိရပါမည်။ ဒီတော့ ထိုသိခွင့် လေးအတွက်ပဲ ကျွန်မတို့ ပထမဆုံး ကြိုးစားကြရဦးမည်။ သိခွင့်ဆိုတာကို နားလည်ဖို့ ဗဟုသုတတွေတော့ ရှာရမှာပေါ့။ ပညာ လည်း တတ်ဖို့လိုမှာပေါ့။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဆင်းရဲတွင်းမှလွတ်ဖို့ဆိုလျှင် အခြေခံကျန်းမာရေးအသိကို သိဖို့လိုသည်။ အခြေခံပညာမူလတန်းအဆင့်ပဲဖြစ်ဖြစ် အနည်းဆုံး သိဖို့လိုပါသည်။  သိလာလျှင် ဘာဆက်လုပ်ကြလဲ။ သူတို့ဆီမှာတော့ တိုင် ကြားခြင်းဆိုသည့် အမျိုးအစားရှိသည်။ Claim (ကလိမ်းမ်) ပေါ့။ “ဒါတော့ မမှန်ပါဘူး။ ဒီလိုတော့ မလုပ်သင့်ပါဘူး” “ဒါကတော့ လူမှုအသိုင်းအ၀ိုင်းကို ထိခိုက်လာပါတယ်”စသည်ဖြင့် တိုင်ကြားမှုကို လူမှုအဖွဲ့တွေကနေ ဦးဆောင်ပေးသည်။ ဒီမှာတော့ ထိုအလုပ်ကို ဂျာနယ်တွေကပဲ လုပ်နေသလိုပါပဲ။ ဘယ်ဆေးရုံကြီးကဖြင့် လူနာကိုကုသတာ ဘယ်လိုဖြစ်သွားသတဲ့။ ဘယ်မြို့ ဘယ်ရွာမှာတော့ ပိုးသတ်ဆေးများတဲ့ ပန်းဂေါ်ဖီတွေကိုစားမိလို့ မိသားစုလိုက် ဆေးရုံတက်လိုက်ရပါတယ်။ ထိုကဲ့သို့ သတင်း များ။ သတင်းကိုသတင်းအဖြစ် ဖော်ပြတာကတစ်မျိုး။ တိုင်ကြားစေချင်လို့ ပြည်သူလူထုတော့ အခွင့်အရေးတွေ ဟောဒီလို ဆုံးရှုံး နေရပါတယ်ဟု ဖော်ပြတာက တစ်မျိုးပေါ့။
 တိုင်ကြားမှုကို အရေးယူစုံစမ်းပေးဖို့ အဖွဲ့တွေလည်းရှိကြရမည်။ အစားအသောက်နှင့်ပတ်သက်သည့် စစ်ဆေးမှု၊ ရေနှင့် ပတ်သက်သည့် စစ်ဆေးမှုတို့ကို တာဝန်ယူပြုလုပ်ပေးမည့် အစိုးရအဖွဲ့၊ အစိုးရမဟုတ်သော ကြားခံအဖွဲ့စသည်တို့ များများ ရှိလျှင် ပိုကောင်းမည်။ သို့သော် နေပါဦး။ ဆီတို့၊ ဆိုးဆေးတို့၊ အစားအစာတွေကို တိုင်ကြားလို့ရသည်ဆိုလျှင်တောင် မြွေကိုက်ခံ ရတာ၊ မြွေဆိပ်ဖြေဆေးမလုံလောက်တာ၊ ငှက်ဖျားခြင်ကိုက်တာ ငှက်ဖျားရောဂါဖြစ်လို့ ဆေးခန်းသွားပြဖို့ငွေမရှိလို့ ဆေးမြီးတိုဖြင့် ကုသရင်း သေဆုံးရတာ ဒါတွေကို ဘယ်သူ့သွားတိုင်ရမလဲ။ တီဘီရောဂါကူးခံရတာကိုရော ဘယ်သူ့သွားတိုင်ရမှာလဲ။ ဆေးရုံ ဆေးခန်းသို့သွားဖို့ ငွေရှိသည်ဆိုလျှင်တောင် သွားရမည့်လမ်းခရီးက လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းလို့ အချိန်မီမရောက်နိုင်လို့ မသေသင့်ဘဲ သေဆုံးရတာ ဒါတွေကိုရော ဘယ်သူ့သွားတိုင်ရမှာလဲ။ 
 နိုင်ငံသားအခွင့်အရေး အပြည့်မရလျှင်တောင် တစ်ဝက်လောက်ရလျှင်ပဲ အသေအပျောက်တော့ တော်တော် နည်းသွား မှာပဲ ထင်ပါရဲ့။ သေချာတာကတော့ မြန်မာနိုင်ငံကို မရောက်ဖူးသေးသူတွေ အကြားဖြင့်သာ သိနေရသူတွေက မြန်မာနိုင်ငံဟာ အန္တရာယ်ဆိုးကြီး ကျရောက်နေသလိုလို ထင်ကြသည်။ ပြည်တွင်းစစ်တွေဖြစ်၊ ရောဂါတွေဖြစ်၊ လမ်းမှာမတော်တဆ ထိခိုက် ဒဏ်ရာတွေဖြစ်၊ မသွားသင့်သည့် နေရာတစ်ခုလို ထင်ကြသည်။ မြန်မာနိုင်ငံသို့ ပထမဆုံးလာမည့် နိုင်ငံခြားဧည့်သည်တွေက မေးသည့်မေးခွန်းမှာ စစ်တွေ ဖြစ်နေလား။ သူတို့က တီဘီနှင့် ငှက်ဖျားကို သိပ်မကြောက်ကြဘဲ ခွေးရူးတို့၊ မြွေကိုက်ခြင်းတို့ကို ပိုကြောက်ကြသည် ထင်၏။ အေးပေါ့လေ။ ငှက်ဖျားကို ကာကွယ်ဆေးသောက်ပြီးမှ လာလို့ရတာကိုး။ ခွေးရူးနှင့် မြွေကျတော့ ကာကွယ်ဆေးထိုးလို့မရဘဲကိုး။
 တစ်ခါတစ်ခါ ကျွန်မ ငယ်စဉ်က သီချင်းလေးတစ်ပုဒ်ကို သတိရမိသည်။ သီချင်းခေါင်းစဉ်ကိုတော့ အတိအကျ မမှတ်မိပါ။ သည်နွေသည်မိုးသည်ဆောင်း ထင်ပါရဲ့။ ကိုယ့်ဘ၀ ခဏဘယ်သူ ယူပါ့မယ်တဲ့။ ကျွန်မတို့ ပြည်သူလူထုတွေ၏ ဘ၀ကို ခဏလေးဖြစ်ဖြစ်ယူပြီး မျှဝေခံစားကြည့်ကြလျှင် သိနိုင်ပါလိမ့်မည်။ ကျွန်မတို့သည် အန္တရာယ်တောထဲမှာ ရဲရင့်စွာ သို့မဟုတ် ရဲရင့်အောင် မနည်းအားတင်းပြီး နေထိုင်နေကြသူများဆိုတာ ...။
 ရှေ့ဆက်ပြီး အန္တရာယ်တွေနည်းပါးတော့မည်ဟု မျှော်လင့်ရပါသည်။ တလောကတော့မြန်မာနိုင်ငံ၏ အခြေခံ ကျန်းမာ ရေးစောင့်ရှောက်မှုကို မြှင့်တင်ဖို့ ဒုတိယသမ္မတ မိန့်ခွန်းပြောတာလား။ သတင်းစာထဲမှာ ဖတ်လိုက်ရသည်။ ၂၀၁၃၏ ကျန်းမာ ရေး အစီရင်ခံစာတွင်တော့ သေနှုန်းတွေ လျော့ကျလာကောင်းပါရဲ့။
ဂျူး
အောက်တိုဘာလထုတ် 'ကျန်းမာရေး' မဂ္ဂဇင်း တွင် ပါရှိသော စာရေးဆရာမကြီး ဂျူး၏ စာမူကို အပြည့်အစုံဖတ်ရှုလိုသော စာဖတ်ပရိသတ်အတွက် 'ကိုယ့်ဘ၀ခဏဘယ်သူယူပါ့မယ်။' ဆောင်းပါးကို အြ
ပည့်အစုံ ဖော်ပြပေးလိုက်ပါသည်။
ကျွန်မငယ်ငယ်တုန်းက မေမေက ဈေးဝယ်ခိုင်းသည့်အခါ ဘဲဥအလတ်ကွဲလေး နှစ်လုံး၊ သုံးလုံးလောက် ၀ယ်ခဲ့ဟု ပြောတာ မှတ်မိနေပါသည်။

ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း


ဇာ တိ shared Thit Sar's photo.
ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း
“မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလိုပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေ ပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။”
====================================
အမည် - ဒေါက်တာခင်မောင်ညို
ပညာအရည်အချင်း -B.Sc (Chem:) မန္တလေး၊ M.Sc (ရန်ကုန်)၊ Ph.D (Chem:) (ဆဲလ်ဖို့ဒ်တက္ကသိုလ်၊ မန်ချက်စတာ)
ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ ကထိကအဖြစ် ၂၆ နှစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အငြိမ်းစားယူ။

သပိတ်စခန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့် သပိတ်စခန်းများရှိ သံဃာတော်များနှင့် ဒေသခံများ ဒဏ်ရာပြင်းထန်စွာရရှိမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့သည့်ဗုံးများမှာ မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးမဖြစ်နိုင်ဟု အငြင်းပွားနေမှုများအပေါ် ဓာတုဗေဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိ ထားသူ ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး ။ အခုဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူတွေက အရေပြား အချပ်လိုက်ကွာကျပြီး၊ အသားတွေ ချိုင့်ဝင်သွားတယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာ လက်ရှိသုံးနေတဲ့ မီးလောင်ဗုံး၊ မျက်ရည် ယိုဗုံးတွေမှာရော အခုနှိမ်နင်းမှုမှာ ဒဏ်ရာရသလိုမျိုး ရှိခဲ့ဘူးပါသလား။

ဖြေ ။ နိုင်ငံတကာမှာတော့ အခုလို နှိမ်နင်းလို့ ဒီလိုဆိုးဆိုးရွားရွား ဒဏ်ရာရတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အခု သုံးစွဲခဲ့တဲ့ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးလို့ ဆိုပေမဲ့ အများစုက မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးလို့ မယူဆကြဘူး။ မျက်ရည် ယိုဗုံး၊ မီးခိုးဗုံးဆိုလည်း အင်မတန်ပြင်းတဲ့ ဗုံးအမျိုး အစား ဖြစ်ရမယ် ကြောက်ဖို့လည်း ကောင်းတယ်။ လူသေစေနိုင်တဲ့အထိ လည်း ပြင်းထန် တာ တွေ့ရတယ်။ ဗီယက်နမ်၊ အမေရိကန်စစ်ဖြစ်တော့ အမေရိကန်လေတပ်က ဟိုချီမင်းမြို့
တော်နားက ထရန်ဘန်းရွာပေါ်မှာ မီးလောင်ဗုံးတွေ ကြဲချခဲ့တယ်။ ဒီလိုဗုံးကြဲတော့ မီးလောင် ဒဏ်ရာနဲ့ အဝတ်ဗလာပြေးလာတဲ့ ကလေးဓာတ်ပုံဟာ သမိုင်းဝင်ဓာတ်ပုံ ဖြစ်လာပါတယ်။ ပထမ ကမ္ဘာစစ်မှာကတည်းက သုံးလာခဲ့တဲ့ မီးလောင်ဗုံး၊ မျက်ရည်ယိုဗုံးထိလို့ ဆိုးရွားတဲ့ ထိခိုက် မှုဖြစ်တာ ဒါပထမဆုံးလို့တောင် ပြောလို့ရနိုင်တယ်။

မေး ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ ဘယ်လိုမျိုးဗုံးတွေကို သုံးလေ့ရှိပါသလဲ။

ဖြေ ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေကို သုံးလေ့ရှိ ပါတယ်။ မျက်ရည်ယိုဗုံးမှာက စီအန်နဲ့စီအက်စ်ဆိုပြီး ၂ မျိုးရှိပါတယ်။ မျက်ရည်ယိုတဲ့ဗုံးတွေကို အများအားဖြင့် ဆန္ဒပြမှု၊ ပြန်ပေးလို အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့အခါမှာ သုံးလေ့ရှိပြီး၊ လက်ရှိအသုံးပြုတဲ့ မျက်ရည်ယိုဗုံး ၂ မျိုးမှာတော့ အဆိပ်ဖြစ်မှုနည်းပြီး လူထိခိုက် ရင် ဆေးထုတ် လို့ရတဲ့ စီအန်ကို နိုင်ငံတကာမှာ ပိုသုံးလေ့ရှိပါတယ်။ မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလို ပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလ မှာ မီးလောင်လေ့ရှိပါတယ်။

မေး ။ နိုင်ငံတကာကလည်း သပိတ်စခန်းမှာရှိနေတဲ့ ဆန္ဒပြသူတွေကို စောင့်ကြည့်နေချိန်မှာ ဆိုး ရွား တဲ့ နှိမ်နင်းမှုလုပ်လိုက်တာ လက်ရှိပြောင်းလဲမှုတွေကို ဘယ်လိုဖြစ်လာစေနိုင်ပါသလဲ။

ဖြေ ။ အစိုးရအနေနဲ့ သူသုံးတဲ့ ဗုံးအမျိုးအစားကို တရားဝင် ထုတ်ပြန်ပေးသင့်တဲ့အပြင် အပြည်ပြည် ဆိုင်ရာ စုံစမ်းရေးအဖွဲ့တွေ ဝင်ရောက်စစ်ဆေးခွင့် ပေးသင့်တယ်။ နောက်ပြီး လက်ပံတောင်းတောင် ပြဿနာကိုလည်း နိုင်ငံတကာစံနှုန်းတွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေ စစ်တမ်းလုပ်ခဲ့တာမျိုးရှိလား ပြန်စစ်ဆေးသင့်တယ်။

မေး ။ ဓာတုဗေဒလက်နက်လို့ ယူဆရတဲ့ အရာတွေနဲ့ နှိမ်နင်းခဲ့တယ်။ ဒီအတွက် ဒဏ်ရာရ တဲ့သူ
တွေမှာ ဘယ်လိုဆင့်ပွား ရောဂါမျိုးတွေ ဆက်ဖြစ်နိုင်ပါသလဲ။

မေး ။ အတိအကျလေ့လာထားမှုက နိုင်ငံတကာမှာတောင် မရှိသေးတဲ့အတွက် မပြောနိုင်သေး ပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ဒဏ်ရာရတဲ့သူတွေက အဆုတ်ထိခိုက်နိုင်သလို လူတွေ မှာ ရောဂါပိုး မွှားမဝင်နိုင်ဖို့ ကာကွယ်ပေးထားတဲ့ အရေပြား ပျက်စီးသွားတဲ့အတွက် ရောဂါအမျိုးမျိုး အလွယ် တကူ ကူးစက်ခံရနိုင်ပါတယ်။

မေး ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။

ဖြေ ။ ဒီလိုမျိုး ပြသနာတွေက မြန်မာနိုင်ငံမှာ ထပ်ဖြစ်လာဦးမှာပါ။ ပွင့်လင်းမြင်သာမှုမရှိ ဘဲ ပြည်သူ့ အကျိုးဆိုပြီး အရမ်းကာရော လျှောက်လုပ်နေရင် အကုန်လုံး ပျက်စီးကုန် မှာပေါ့။ မြန်မာနိုင်ငံ မှာရှိတဲ့ မြေတွေရဲ့ ၅၄% က အဖိုးတန်သတ္ထု ထွက်နေတယ်လေ။ မဆင်မခြင်လျှောက်တူးရင် အကုန်လုံး အချိုင့်အပေါက်တွေဖြစ်ပြီး မြန်မာနိုင်ငံ ဒုက္ခရောက်သွားမှာပေါ့။ ဒီဖြစ်ရပ်ကို နမူနာ ယူပြီး နောက်လုပ်မဲ့ စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှု ရှိမရှိ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကိုချပြပြီး လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

“မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလိုပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေ ပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူ
ချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။”
====================================
အမည် - ဒေါက်တာခင်မောင်ညို
ပညာအရည်အချင်း -B.Sc (Chem:) မန္တလေး၊ M.Sc (ရန်ကုန်)၊ Ph.D (Chem:) (ဆဲလ်ဖို့ဒ်တက္ကသိုလ်၊ မန်ချက်စတာ) ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ ကထိကအဖြစ် ၂၆ နှစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အငြိမ်းစားယူ။

ဘောင်အတွင်းက လူ (ဘောင်တွေကို ချိန်ညှိခြင်း)


by Shwe Eaim Si on Friday, November 30, 2012 at 10:23am ·

By..FOOLWRITER   Jan 16, '11 11:36 AM for everyone

လူတွေက ဘောင်ခတ်နေကြသည်။ တစ်ပါးသူက ဘောင်ခတ်သည်ထက် ကိုယ့်ကိုယ်ကို ဘောင်ခတ်သည်က များသည်။ မိမိကိုယ်ကိုယ် အကန့်အသတ် ၊ ဘောင်တွေနှင့် စဉ်းစားကြသည်။ ဆုံးဖြတ်ကြသည်။ မှန်သည်ဟု မဆိုနိုင်သလို မှားသည်ဟုလည်း မပြောနိုင်ပါ။

မုံရွာကြေးနီစီမံကိန်း မရပ်တန့်ဖို့ တရုတ်သံရုံး ပြောပြီ


by General Knowledge on Friday, November 30, 2012 at 9:38am ·

Friday, November 30, 2012    Sithu Linn
 -

မုံရွာကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ လက်ပံတောင်းတောင်ဒေသ နဲ့ တခြားဒေသတွေမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရုပ်ဆိုးတဲ့ နှိမ်နင်းမှုများ  လက်ပံတောင်းတောင် သပိတ်စခန်းတွေမှာ ပေါ်ပေါက်လာတဲ့ နောက်တနေ့မှာပဲ ရန်ကုန်မြို့တရုတ်သံရုံးက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်ပါတယ်။

ဦးပိုင်လူ များ မမြင်ချင်


by Nyein Chan Aye on Friday, November 30, 2012 at 1:43am 


လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း ဆန့်ကျင် ဆန္ဒပြနေတဲ့ ဒေသခံတွေရဲ့ သပိတ်စခန်းတွေကို ဗိုလ်သိန်းစိန်ရဲ့ စစ်တပိုင်း အစိုးရ က အကြမ်းဖက်ဖြိုခွဲတဲ့ သတင်းဒီနေ့ပဲ ဖတ်ရတယ်။ ဒီအချိန်ဟာ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင် တွေ ဗမာ့ နိုင်ငံရေး စစ်တမ်း ထုတ် ကောင်းကောင်း ဝေဖန်ထောက်ပြသင့်တဲ့ အချိန်ဖြစ်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၁)


သစ်ထူးလွင်


Thursday, November 29, 2012

ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ် ဈေးကွက် ကြီးမားလာ


by Shwe Eaim Si on Monday, November 26, 2012 at 7:30pm ·


Monday, 01 February 2010 13:07 ဧရာဝတီ

ဆယ်တန်း စာမေးပွဲတွင် စာကူးဖြေသူ များအတွက် အထူးစီမံ ထုတ်လုပ်ထားသော စာအုပ်ငယ် ဈေးကွက် သည် ရန်ကုန်တွင် တနှစ်ထက် တနှစ် ပိုမို ကြီးမားလာသည်။ ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲ ကျင်းပ ရန် ရက်ပေါင်း ၄၀ ခန့်သာ လိုသည့်အချိန်တွင် ထိုစာအုပ်ငယ်များ အလွန် အရောင်းသွက်နေသည်ဟု ခိုးကူး စာရွက်စာတမ်း ရောင်းချသူများက ပြောသည်။

တကယ်မွှေးမှာလား ကံ့ကော်မြေ


Cloud Cuckoo Land shared 7Day News Journal's photo.
တကယ်မွှေးမှာလား ကံ့ကော်မြေ

ရေးသားသူ- ဥက္ကာကိုကို

“ကန်ရေပြင် မြေနီလမ်း ..တို့နဲ့ဝေး ..စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး .. ယုံပါကွာ အချစ်ဆုံးမင်းကို . တို့တော့ သတိရ နေမှာပါ ...”

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ကျောင်းဖွင့်ချိန် ဇွန်လများမှာ မိုးစက်များခပ်ဖွဲဖွဲရွာနေပေလိမ့်မည်။ စိန်ပန်းတွေလည်း ရဲရဲပွင့်နေလိမ့်မည်။ တရုတ်စကားပွင့်တွေလည်း ဖူးပွင့်နေပေလိမ့်မည်။ အဓိပတိလမ်းမကြီးတစ်လျှောက် ထီးရောင်စုံကိုယ်စီဖြင့် အဆင်အသွေးစုံ ကျောင်းသား၊ ကျောင်းသူများ ပျားပန်းခတ်နေလိမ့်မည်။ သည်လမ်း မကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ခြေချခဲ့ကြပါလိမ့်မည်။

ပြီးတော့ ရန်ကုန်တက္ကသိုလ် ရင်ခွင်ကို ခိုလှုံဖူးသူတို့ ဘယ်တော့မှမေ့မရနိုင်သည့် သစ်ပုပ်ပင်ကြီး၊ အဓိပတိလမ်းကို ၀င်ဝင်ချင်း ဘယ်ဘက်က မန္တလေးဆောင်ကြီး၊ ညာဘက်က ဗိုလ်အောင်ကျော် ကျောက်တိုင်ပုလေး၊ ဂျပ်ဆင်ဘုရားကျောင်း၊ ရွှေဘိုဆောင်၊ နာမည်ကျော်မာလာဆောင်၊ အင်းလျားဆောင်၊ ကိုအောင်ဆန်းနေဖူးသော ပဲခူးဆောင်စသည့် အဆောင်များအားလုံး၏ ပင်မဖြစ်သော ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၊ တက္ကသိုလ်စာကြည့်တိုက်ကြီး .. ပြီးတော့ .. ကံ့ကော်ပင်တွေ၊ ပိတောက်ပင်တွေ၊ တရုတ်စကားပွင့်လေးတွေ၊ သစ်တိုပင်လမ်းကလေး၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ ယမ်းဘီလူးဆိုင်၊ အင်းလျားကန်ပေါင်။

ရန်ကုန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့အတွက် ဂုဏ်ယူစရာအထိမ်းအမှတ်နေရာများစွာက ခေတ်အဆက်ဆက် ရှင်သန်နေဆဲဖြစ်သည်။ ယခင်က တက္ကသိုလ်ကြီးထဲ ခြေချဖူးသူတို့ ၏ သတင်းစကားများ၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် စာရေးဆရာကြီးများ၏ ရေးသားဖော်ပြ ချက်များကိုသာ  ယနေ့မှာတော့  ခေတ်လူငယ်တို့အတွက် ပုံပြင်တစ်ပုဒ်နှယ် ကြားသိခဲ့ရသည်။

တက္ကသိုလ်ကြီးအကြောင်း မည်သည့်အချိန်မှာပင် ကြားရစေတော့ ချက်ချင်းပင်ပြေးကြည့်၊ ပြေးတက်လိုက်ချင်သည့်စိတ်ကလည်း တဖွားဖွားပေါ်လာတတ်စမြဲ၊ သို့ သော် ရန်ကုန်တက္ကသိုလ်ကြီး ကိုယ်တိုင်ပင် သူ့ရင်သွေးများနှင့်ဝေးကွာခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။
အမိရင်ခွင်မှ အမှတ်တရများကိုတော့ ဘယ်သောအခါမျှ မမေ့နိုင်ကြ။ 

အဓိပတိလမ်းထက်က ရွက်ကြွေများ 
“ကြင်နာသူရဲ့ ကံ့ကော်တန်း .. ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း ... ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ ... တို့တော့သတိရနေမှာပါ”
ရန်ကုန်တက္ကသိုလ်ပင်မဂိတ်ပေါက်မှ လှမ်းဝင်လိုက်သည်နှင့် အဓိပတိလမ်းမကြီးက ခန့်ထည်စွာ ဆီးကြိုပါလိမ့်မည်။ ယခုအခါ ပြန်လည်ပြင်ဆင်ထားသည့် အဓိပတိလမ်းသည် ၀ဲယာတစ်ဖက် တစ်ချက်၌ မီးတိုင်သစ်များ၊ ပိုးထားသော ကတ္တရာသစ်များ၊ ပလက်
ဖောင်းသစ်များ၊ မြက်ခင်းသစ်များဖြင့် ကြည့်ကောင်းနေပေသည်။ ၀င်ဝင်ချင်း ညာဘက်သို့ လှည့်ကြည့်ပါက ဗိုလ်အောင်ကျော်အထိမ်းအမှတ်   ကျောက်တိုင်ငယ်လေး တွေ့ရပါမည်။ 

ဘယ်ဘက်သို့ လှမ်းကြည့်ပါက New Hall ဟုခေါ်ဆိုခဲ့ကြသော မန္တလေးဆောင်၊  အမရဆောင်၊ ရာမညဆောင်၊ တောင်ငူဆောင်စသည်တို့ကို တွေ့ရမည် ဖြစ်သည်။ အဓိပတိလမ်းမတစ်လျှောက်တွင် ငွေစာရင်းရုံး၊ ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ တက္ကသိုလ် စာကြည့်တိုက်နှင့် သိပ္ပံ၊ ၀ိဇ္ဇာစာ သင်ဆောင်များရှိကြသည်။

ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်ဖွဲ့စည်းပုံအတိုင်း တည်ထောင်ထားသော ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးသည် ယနေ့ထက်တိုင်ပင်   သစ်ရွက်ခြောက်များ တဖွဲဖွဲကြွေကျဆဲဖြစ် သည်။ သူ့ရင်ခွင်ပေါ် နင်းဖြတ်လာမည့် ကျောင်းသား၊ ကျောင်းသူတို့၏ ခြေသံများကိုလည်း နားစွင့် နေဆဲဖြစ်ပါသည်။ 

အထီးကျန်သော်လည်း အကျည်း မတန်သည့် ကျောင်းဆောင်များ
ရန်ကုန်ကောလိပ်အဆောက်အအုံများကို ၁၉၀၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၂၀၊ ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ 

သထုံ၊ ပဲခူး၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်းကျောင်းဆောင်များသည် Central Hall ပင်မကျောင်းဆောင်များဖြစ်ပြီး ၁၉၂၈ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည်။ ပြည်၊ တကောင်းနှင့် ပုဂံဆောင်များကို ၁၉၂၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၀ိဇ္ဇာနှင့်သိပ္ပံစာသင်ဆောင်များ အပါအ၀င် ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ သီရိဆောင်များကို ၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ 

New Hall ဟုခေါ်သည့် မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူဆောင်များ၊ မာလာဆောင်၊ ရတနာဆောင်၊ အင်းလျားဆောင်တို့ကို လွတ်လပ်ရေးခေတ်ဦးကျမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သထုံလမ်းဘက်တွင် ပညာရေးကျောင်းသူများ နေထိုင်သည့် တီတီစီကျောင်းဆောင် (နှင်းဆီကုန်း) လည်းရှိသည်။

လက်ရှိရန်ကုန်တက္ကသိုလ် နယ်မြေကြီးကို ၁၉၁၈ ခုနှစ် ဇွန်လမှစတင်ကာ  ဧက  ၇၀၀ နှင့် ၈၀၀  အကြား ကျယ်ဝန်းသည့် သရက်နှင့် မရမ်းခြံများကို ခုတ်ထွင်ရှင်းလင်း၍  ရန်ကုန်တက္ကသိုလ် အဆောက်အအုံများ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်ခေတ်လက်ရာ အဆောက်အအုံနီနီကြီးများ၏ အခန်းငယ်များထဲမှ စာအံသံများ ထွက်ပေါ်ခဲ့ဖူးသည်။ ဂစ်တာသံများ၊ ပျော်ရွှင်စွာရယ်မောသံများ ပေါ်ထွက်ခဲ့ဖူးသည်။ တေးသီချင်းများဖြင့် အဆောင်သူတို့ အိပ်မက်တွေ လှပခဲ့ကြသည်။

ထင်ရှားသည့်နိုင်ငံ့ခေါင်းဆောင်အချို့သည် ထိုအဆောင်များထဲမှပင် ပေါ်ထွက်လာကြသည်။ အနုပညာရှင်များစွာသည် ထိုအဆောင်များထဲမှာ   သန္ဓေတည်ခဲ့ကြသည်။ စာပေပညာရှင်များသည် ထိုအဆောင်များထဲမှာ ဉာဏ်ကွန့်မြူးခဲ့ကြသည်။ ပဲခူးဆောင်မှ ကိုအောင်ဆန်းနေထိုင်ခဲ့သည့် အခန်းငယ်လေးကို တန်ဖိုးထားခဲ့ကြသည်။

မည်သို့မျှ မေ့ပျောက်မရနိုင်သော အဆောင်ဟောင်းကြီးများထဲမှာ ကြီးမားသော သမိုင်းကြောင်းတွေ ရှိသည်။ မြန်မာတစ်နိုင်ငံလုံး၏ အနာဂတ်အဆုံးအဖြတ်သည် ထိုအဆောင်ဟောင်းကြီးများထဲမှ ပေါ်ထွက်လာဖူးသည်။ ယခင်က စည်ကားသိုက်မြိုက်ခဲ့ဖူးသည့် အ ဆောင်ဟောင်းကြီးများသည် ယခုအခါ  ခြောက်သွေ့နွမ်းလျနေပါသည်။ လူတွေကလည်း နေထိုင်သည်ဆိုရုံ၊ ရှိသည်ဆိုရုံမျှ။

ထိုသို့နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သော်လည်း အဆောင်များအားလုံး အကျည်းမတန်သေးပါ။ ခန့်ညားထည်ဝါလျက်ပင် ရှိပါသည်။ လက်ရှိတွင် ရန်ကုန်တက္ကသိုလ်ရှိ အဆောင်များကို ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

သမိုင်းကြောင်းကို ငုံ့ကြည့်နေသော  သစ်ပုပ်ပင်ကြီး
အဓိပတိလမ်းမထက်မှာ ရန်ကုန်တက္ကသိုလ်စတည်စဉ်ကတည်းက ရှိနေခဲ့သည့် သစ်ပုပ်ပင်ကြီးကို တွေ့ရပါမည်။ မလှမ်းမကမ်းမှာ     ဘွဲ့နှင်းသဘင်ကြီးက ထည်ဝါစွာ ရပ်တည်လျက်ရှိသည်။ နှစ်ပေါင်းတစ်ရာကျော်လာပြီဖြစ်သည့် သစ်ပုပ်ပင်အိုကြီးသည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံဆဲ။

တက္ကသိုလ်နယ်မြေမှ ကျောင်းသားကျောင်းသူတိုင်းသည် သစ်ပုပ်ပင်ကြီးနှင့် ထိတွေ့ရင်းနှီးခဲ့ကြသည်။ သူ့အရိပ်အောက်မှာ ခိုဝင်ခဲ့ကြသည်။ သူ့ပင်စည်မှာ စာထွင်း၍ တစ်သက်တာ အမှတ်တရများ ရေးခြစ်ခဲ့ကြသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းရှိ သက်တမ်းရင့်သစ်ပင်ကြီးများစွာ ပြိုလဲခဲ့ရသည်။ ထိုစဉ်က ကျောင်း သားဟောင်းများသာမက ပြည်သူအများက သူတို့ချစ်သော သစ်ပုပ်ပင်ကြီးကို စိုးရိမ်တကြီးဖြစ်ခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်နှင့် တွဲမြင်ရသည့် ကြီးမားသော ဂုဏ်ပုဒ်တစ်ရပ်ကြောင့် သစ်ပုပ်ပင်ကြီး အဆုံးသတ်သွားမှာကို စိုးထိတ်ခဲ့ ကြသည်။ သစ်ပုပ်ပင်ကြီးရှိနေဆဲပါ။  ကြံ့ကြံ့ခံ၍ နာဂစ်ကို ဖြတ်သန်းနိုင်ခဲ့သည်။

ဂျပ်ဆင်အိုနှင့်ဓမ္မာရုံ
အမေရိကန် ဘက်ပတစ် သူနာပြုအဖွဲ့ ထူထောင်သော ဘက်ပတစ်ကောလိပ်သည် ၁၈၉၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။ အဆိုပါကောလိပ်ကို    ယုဒသန်ကောလိပ်ဟူ၍ ၁၉၁၈ ခုနှစ်တွင် အမည်ပြောင်းလဲခဲ့သည်။ ယုဒသန်ဘုရားကျောင်းကိုလည်း တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ဂျပ်ဆင်ခန်းမ၊ ဂျပ်ဆင်ဘုရားကျောင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၂၀ ရန်ကုန် တက္ကသိုလ် အက်ဥပဒေအရ ရန်ကုန်ကောလိပ်နှစ်ခုကိုပေါင်းစည်းကာ ရန်ကုန်တက္ကသိုလ်ဟူ၍ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

ဂျပ်ဆင်ဘုရားရှိခိုးကျောင်းမှာ ယနေ့ထက်တိုင် တနင်္ဂနွေနေ့တိုင်း လူစည်ကားဆဲဖြစ်သည်။ အမေရိကန်အဖွဲ့က ဂျပ်ဆင်ဘုရားရှိခိုးကျောင်းကို တည်ဆောက်ခဲ့ကြသလို မြန်မာကျောင်းသားကြီးများကလည်း တက္ကသိုလ်ရိပ်သာလမ်းနှင့် လှည်းတန်းမီးပွိုင့်အနီး၌ တက္ကသိုလ်ဓမ္မာရုံကြီးကို  ၁၉၃၁-၃၂ ခုနှစ်တွင် တည်ဆောက်ပြုပြင်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းက ခရစ်ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာ ဓမ္ဓာရုံကြီးတို့ နှစ်ခုစလုံးသည် ယခုအခါ အိုမင်းလာကြပြီဖြစ်သည်။ သမိုင်းဝင် နေရာများအဖြစ် တည်ရှိနေကြပြီဖြစ်သည်။ ဂျပ်ဆင်ဘုရားကျောင်းထိပ်မှာ လရိပ်ကတော့ သာဆဲပင်။

ဇာတ်လိုက်ကျော်အင်းလျားနှင့် အတိတ်ဆိုးတံတားဖြူ
“အိမ်ပြန်ချိန် .. တို့ခွဲ .. တစ်လမ်းစီမို့ .. ပြန်လည်ဆုံဆည်းကြနိုင်ဖို့ .. ကံကိုသာ မျှော်လင့်ရင်းအဝေးက .. တို့ သတိရနေမှာပါ ..””
ရေပြင်သည် လေအသော့တွင် လှိုင်းကြက်ခွပ်လေးများ လှုပ်ကာလှုပ်ကာဖြင့် အမြင်တင့်နေဆဲ။ တက္ကသိုလ် ကျောင်းသားနှင့် တက္ကသိုလ်ကျောင်းသူတို့၏ ချစ်သူ့နယ်မြေဖြစ်သော အင်းလျားကန်ပေါင်သည် တစ်သက်တာ လက်တွဲရမည့် အိမ်ထောင်ဖက်ကို ရွေးချယ်ပေးလိုက်လေ့ရှိသည်။ အင်းလျားကန်ပေါင်ထက်မှ ကျောင်းသား၊ ကျောင်းသူတို့၏ ခြေရာများမှာလည်း မေ့ပျောက်မရသည့် အမှတ်တရများထဲမှ တစ်ခုပင်ဖြစ်သည်။ အင်းလျားကန်ပေါင်အောက်ဘက် ပြည်လမ်းပေါ်မှ တံတားဖြူမှတ်တိုင်ကတော့စနစ်ဆိုးအောက်မှာ သွေးစက်တို့ဖုံးလွှမ်း၍ တံတားနီအဖြစ် အတိတ်ဆိုးတွင်ရစ်ခဲ့ရသည်။ ၁၉၈၈ မတ်လ ၁၆ ရက် (တံတားနီအရေးအခင်းနေ့)ကို တံတားဖြူမှတ်တိုင်နှင့် အင်းလျားရေပြင်ကြီးက ဘယ်တော့မှမမေ့။

အစဉ်အလာကြီးသော တက္ကသိုလ်
တစ်ချိန်က ရန်ကုန်တက္ကသိုလ်သည် ပညာရေးနှင့်ပတ်သက်လျှင် အရှေ့တောင်အာရှတွင် အစဉ်အလာကြီးမားခဲ့သည်။ ၁၉၆၀ မတိုင်မီအထိ နိုင်ငံရပ်ခြား အချို့မှ ကျောင်းသားကျောင်းသူများသည် ရန်ကုန်တက္ကသိုလ်တွင် လာရောက်ပညာသင်ကြားခဲ့ကြရသည်။

ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဒေါက်တာလုစ်၊ ကျောင်းအုပ်ကြီး ဦးဖေမောင်တင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတိုက်စိုး၊ ဒေါက်တာ သန်းထွန်း၊  ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်၊ ဒေါက်တာသာလှ၊ ဒေါက်တာညီညီ၊ ဒေါက်တာမောင်မောင်ခတို့အပြင် အင်္ဂလိပ်စာဌာနမှဆရာကြီးဦးမျိုးမင်း၊ ဦးခင်မောင်လတ်၊ ဒဿနိကဗေဒပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၊ ယခုနိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့် (စီးပွားရေးတက္ကသိုလ်) တို့အထိ ပေါ်ထွန်းခဲ့ကြသည်။

အပြောင်းအလဲများရဲ့အစ၊ ကျောင်းသားသမဂ္ဂနဲ့ တိုက်ပွဲခေါ်သံ
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ဒီဇင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ဖွင့်ချင်းပင် ဆောက်နှင့်ထွင်းသလိုဖြစ်ခဲ့ရသည်။ ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်နှင့်အတူ ပေါ်ထွက်လာခဲ့သည့် ကိုလိုနီနယ်ချဲ့အစိုးရ၏ ၁၉၂၀  ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်သောအားဖြင့် ကျောင်းသား ၂၆ ဦး ခေါင်းဆောင်၍ ပထမကျောင်းသားသပိတ်ကြီးကို ၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့ (တန်
ဆောင်မုန်းလဆုတ် ၁၀ ရက်) တွင် စတင်ဆင်နွှဲခဲ့ကြသည်။ ထိုသပိတ်ကြီး၏ နောက်ဆက်တွဲအဖြစ် ယနေ့နိုင်ငံတော်က သတ်မှတ်ထား
သော အမျိုးသားနေ့အဖြစ် ပေါ်ပေါက်လာခဲ့သည်။

၁၉၃၈ ဒီဇင်ဘာလ ၂၀ ရက် ဒုတိယကျောင်းသားသပိတ်တွင် အတွင်းဝန်များရုံးကို ကျောင်းသားများ ၀ိုင်းဝန်းဆန္ဒပြခဲ့ကြရာမှ မြင်းစီးပုလိပ်များ၏ ရိုက်နှက်မှုကြောင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရသည်။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုသိန်းတင် (ညိုမြ)၊ ကိုကျော်ငြိမ်းတို့သည် ကျောင်းသားသမဂ္ဂကို ဦးဆောင်၍ နယ်ချဲ့အား ဆန့်ကျင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး ခေတ်တွင်လည်း ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားခေါင်းဆောင်အသီးသီးသည် ကျောင်းသားအခွင့်အရေးသာမက ပြည် တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတို့တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြစမြဲ။

ဤသို့ဖြင့် ၁၉၆၂ ခုနှစ်၊ ဇူလိုင် လ ၇ ရက်တွင် စစ်အာဏာရှင် နေ၀င်း၏ တပ်များက သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးရုံသာမက ပစ်ခတ်မှုကြောင့်  ကျောင်းသားကျောင်းသူပေါင်း ရာနှင့်ချီကျဆုံးခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းနှင့် ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံတို့တွင် ကျောင်းသားများရက်စက်စွာ သတ်ဖြတ်ခံကြရသော်လည်း ဦးကားမညွတ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လုံထိန်းများ၏ လက်ချက်ဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။ ထိုမှစ၍ ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး  ၁၉၉၆ တွင် ကျောင်းသားသပိတ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင်  ရန်ကုန်တက္ကသိုလ်ကိုပိတ်ပစ်ခဲ့ပြီး တက္ကသိုလ်သစ်များကို ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ၏ အပြင်ဘက်သို့တိုင် ပြောင်းရွှေ့တည်ဆောက်ကာ ကျောင်းသားကျောင်းသူများကို ဝေးလံစွာ တက်ရောက်စေခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။

ကျောင်းသားများသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သံဃာ့အရေးအခင်းကြီးတွင်လည်း သံဃာထုနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ ကြသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲများနှင့် ကြီးမားသော လှုပ်ရှားမှုတိုင်းတွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများကတိုင်းပြည်အတွက် အမြဲဦးဆောင် ပါဝင်ခဲ့ကြလေသည်။

ရန်ကုန်တက္ကသိုလ် ပြန်လည်အသက်ဝင်လာတော့မည်လော
“လိုင်ဘရီလေးလည်း တို့နဲ့ ဝေး .. အာစီလေးလည်း သတိရမိတယ် .. ရင်မှာလွမ်းလို့ ကျတဲ့ မျက်ရည် .. ဂျပ်ဆင်အိုကလေး .. ဘယ်မမေ့ဘူး...”
နှစ်များစွာကြာအောင် စွန့်ပစ်ခြင်းခံထားရသည့် ရန်ကုန်တက္ကသိုလ်နယ်မြေသည် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ပြန်လည်အသက်ဝင်လာတော့မည့် သဏ္ဍာန်ကို ခပ်ရေးရေးတွေ့လာရသည်။  အမေရိကန် သမ္မတဘားရက်အိုဘားမား၏  နိုဝင်ဘာ ၁၉ ရက် ခရီးစဉ်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအတွင်း မိန့်ခွန်းပြောကြားပြီးနောက် ရန်ကုန်တက္ကသိုလ်အား ပြည်တွင်းပြည်ပမှ ပြန်လည်အာရုံစိုက်မိလာကြခြင်းသည် တက္ကသိုလ်နယ်မြေ၏    ပြန်လည်ရှင်သန်မှုအတွက် ရောင်နီဦးတစ်ရပ်ပင်ဖြစ်ပါသည်။

ပြင်ဆင်မှုများပြုလုပ်လာသည့် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ ဖွင့်လှစ်နေဆဲဖြစ်
သော်လည်း အများစုသော ကျောင်းဆောင်များကတော့   သော့ခတ်ထားဆဲ။

ထိုကျောင်းဆောင်များသည် တိုင်းပြည်အနာဂတ်ကို ဖန်တီးမည့် ကျောင်းသား၊ ကျောင်းသူများကို စောင့်ကြိုနေပါသည်။ အဓိပတိလမ်းကြီး သည်လည်းကောင်း၊ သစ်ပုပ်ပင်ကြီးသည်လည်းကောင်း၊ ဂျပ်ဆင်အိုကြီးသည်လည်းကောင်း၊ ဘွဲ့နှင်းသဘင်ကြီးသည်လည်းကောင်း တစ်ချိန်က အရှေ့တောင်အာရှတွင် လက်မထောင်နိုင်ခဲ့သည့် ပညာရေးစနစ်တစ်ရပ်နှင့် ပညာရည်နို့သောက်စို့ကြမည့် ရင်သွေးများကို မျှော်လင့်ကြိုဆို နေပါသည်။

ကံ့ကော်ပန်းများ ပင်လုံးကျွတ် ဝေေ၀ဆာဆာပွင့်လာမည့် တစ်နေ့တွင် အဓိပတိလမ်းမကြီးပေါ်၌ တက်ကြွသော ခြေသံများနှင့် ချိုလွင်လတ်ဆတ်သော ရယ်သံများ ပျံ့လွင့်လာပါလိမ့်ဦးမည်။ ယခုတော့ လေတစ်ချက်ဝှေ့လိုက်တိုင်း ရွက်ခြောက်များ တရှဲရှဲ အော်မြည်၍ တဖွေ့ဖွေ့ တဖွဲဖွဲ ကြွေကျ နေဆဲ .....။

မှတ်ချက်-တို့သတိရနေမှာပါသီချင်းကို လူမောင်(ဆေး-၁)ရေးဖွဲ့ခြင်းဖြစ်ပါသည်။
ရေးသားသူ- ဥက္ကာကိုကို

“ကန်ရေပြင် မြေနီလမ်း ..တို့နဲ့ဝေး ..စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး .. ယုံပါကွာ အချစ်ဆုံးမင်းကို . တို့တော့ သတိရ 
နေမှာပါ ...”

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ကျောင်းဖွင့်ချိန် ဇွန်လများမှာ မိုးစက်များခပ်ဖွဲဖွဲရွာနေပေလိမ့်မည်။ စိန်ပန်းတွေလည်း ရဲရဲပွင့်နေလိမ့်မည်။ တရုတ်စကားပွင့်တွေလည်း ဖူးပွင့်နေပေလိမ့်မည်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...