Monday, November 26, 2012

*** စာများများ ဖတ်ပါ *** or [ စကားလက်ဆောင် ]


by Blossom Taw on Monday, November 26, 2012 at 10:58am 


ချစ်တဲ. မောင်နှမများအတွက် ဒီရက်ထဲမှာ ဖတ်နေတဲ. စာအုပ်လေးတအုပ်ထဲမှ တန်ဖိုးမဖြတ်နိုင်သော စာပေလေးများကို လက်ဆောင်ပေးလိုက်ပါတယ်နော်။ မှတ်သား နာယူနိုင်ကြပါစေနော် ။

၁။  စာဖတ်ခြင်းဖြင်. အသိအမြင်ကျယ်ပါစေ ။

 ***  ပြတင်းပေါက်ကိုဖွင်.ထားပါ ...***  စာမတတ်သူက ပြတင်းပေါက်မပါတဲ. အိမ်နဲ.တူတယ်တဲ. ။ အလင်းမ၀င်  လေကောင်းမရ။ စာတတ်ပြီး စာမဖတ်သူက  ပြတင်းပေါက်ပါပြီး ပြတင်းပေါက်မဖွင်.ဘဲ  ပိတ်ထားတဲ.အိမ်နဲ.  တူတယ်တဲ. ။ အလင်းမ၀င် လေကောင်း မရတာ  အတူတူပါဘဲ။

စာမတတ်  စာလည်းဖတ်သူကတော. ပြတင်းပေါက်ရှိပြီး  ပြတင်းပေါက်ကို ဖွင်.ထားတဲ.အိမ်မှာ  အလင်းရောင်နဲ. လေကောင်းရသလို  အသိအမြင် ညာဏ်ပညာ  အလင်းရတယ်။  စာနည်းနည်းဖတ်ရင်
အသိအမြင် နည်းနည်း ကျယ်တယ်။ စာများများဖတ်ရင်အသိအမြင်အများကြီးကျယ်တယ်

*** အခွင်.သာတိုင်း စာဖတ်ပါ ***

တိုးတက်တဲ.သူတွေက အချိန်ကိုအကျိုးမဲ.  အကုန်မခံဘူး။ရထားစောင်.ရင်း  ကားစောင်.ရင်း စာဖတ်တယ်။ သင်္ဘောစီးရင်း စာဖတ်တယ်။ အစည်းအဝေးမစသေးရင် စာဖတ်တယ် ။သွားလေရာလက်ဆွဲအိပ်ထဲမှာစာအုပ်ပါတယ်။ သွားရင်း လာရင်း နေရင်း ထိုင်ရင်း အခွင်.သာတာနဲ.စာဖတ်ပါ  အသိပညာတွေတိုးစေပါတယ် တော်သူတွေက တော် ထက်သူတွေက ထက်အောင်ကြိုးစားနေကြပါတယ်။

*** စာဖတ်ခြင်းဖြင်.မြှင်.တင်ပါ ***

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ ဘယ်နေရာဖြစ်ဖြစ်  ရွာသိမ် ရွာငယ်လေးရဲ.  အစွန်အဖျား  တဲအိမ်လေးမှာ  ဖြစ်ပါစေ  စာအများကြီးဖတ်ရင် နောက်ကျမကျန်ခဲ.ပါဘူး ။ကမ္ဘာနဲ.အညီ  ခေါတ်မှီတိုးတက်နေပါလိမ်.မယ် ။ စာဖတ်ခြင်းဖြင်.  မိမိကိုယ်ကို မြင်.တင်ပါ။

စာဖတ်ဝါသနာကြီးပြီးစာအများကြီးဖတ်တဲ.  ( အေဘရာဟင်လင်ကွန်း ) ဟာသစ်တောထဲရှိ  သစ်လုံးအိမ်မှာ နေတဲ.သစ်ခုတ်သမားဘ၀ကနေ အမေရိကန်နိုင်ငံရဲ.
သမ္မတကြီးအဖြစ်နဲ. အိမ်ဖြူတော်ကိုရောက်ခဲ.တယ် ။

မြန်မာနိုင်ငံမှာလည်း ၀န်ဇင်းရွာသား  ( စာတိုငညို ) လို.ခေါ်ရလောက်အောင်စာဖတ်ဝါသနာကြီးတဲ.လယ်သမားမောင်ညိုဟာ  စာအများကြီးဖတ်ခြင်းကြောင်.  ထွန်းတုံးပေါ်ကနေ  နန်းတော်ပေါ်ရောက်ပြီး ပညာရှိအမတ်ကြီး ၀န်ဇင်းမင်းရာဇာအမည်နဲ.  ပညာရှိအမတ်ကြီးဝန်ဇင် မင်းရာဇာအမည်နဲ. မင်းသုံးဆက်တိုင် ချီးမြှောက်ခံရတယ်။


*** စာဖတ်ခြင်းနှင်. အသိအလိမ္မာ ညာဏ်ပညာ ***
 
စာများများဖတ်သူတိုင်းဟာ အသိပညာ ဗဟုသုတကြွယ်ဝပါတယ် ။  စဥင်္းစားဆင်ခြင်တုံတရား အားကောင်းတယ် ။  အမှန်အမှား ဝေဖန်ပိုင်းခြားနိုင်စွမ်း ကြီးမားတယ် ။
အမှားကိုရှောင် အမှန်ကိုဆောင်နိုင်ရင် လူလိမ္မာဘဲ ။ လောကမှာ ဘယ်သူ.ဘယ်သူကိုမှ ထာဝရ မစောင်.ရှောက်နိုင်ဘူး ။ ကိုယ်တိုင် အသိအလိမ္မာနဲ.  ကိုယ်.ဘာသာစောင်.ရှောက်မှ  ဘ၀လုံခြုံမှာပါ။

စာဖတ်ခြင်းဟာ အသိအလိမ္မာ ညာဏ်ပညာ ကြီးမြင်.တာနဲ.အမျှ ဘ၀အောင်မြင် တိုးတက်ရေး အတွက် ကြိုးပန်းမှု.ကိုလည်း ကြီးစွာအထောက်အကူပြုပါတယ်။ ကြီးပွားအောင်မြင်ပြီးရင်လဲ မပြိုမလဲအောင် ထိန်းသိမ်းနိုင်စွမ်းရှိတယ်  ။မတော်တဆ မမျှော်လင်.တဲ.အကြောင်း တခုခုကြောင်. ပြိုလဲကျရင်တောင် ပြန်ထနိုင်တဲ. စွမ်းရည်ရှိတယ်။

*** စာများများ ဖတ်ပါ ***

စာဖတ်တာကိုအကျင်.ပါနေအောင်လုပ်ပါ ။ အခွင်.သာတိုင်း စာဖတ်ပါ ။ စာအများကြီးဖတ်ပြီး ညာဏ်ပညာကြီးမြင်ပါစေ လူတော်လူကောင်းဖြစ်ပြီးဘ၀အောင်မြင်ပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...