Wednesday, November 28, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၁)


သစ်ထူးလွင်


Posted: 28 Nov 2012 01:53 AM PST
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာ ဖွဲ့စည်းထားတဲ့ မန္တလေး တက္ကသိုလ်ဆရာ ဆရာမများအဖွဲ့က ခေါင်းဆောင်ဆရာတွေ နယ်တက္ကသိုလ်တွေဆီ ပြောင်းရွှေ့ခံရတယ်လို့ အဖွဲ့က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်က မန္တလေးတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်နဲ့ နိုင်ငံခြားဘာသာသင်တက္ကသိုလ် (မန္တလေး) တို့က ဆရာ ဆရာမတွေပါဝင်တဲ့ တက္ကသိုလ် ဆရာဆရာမများအဖွဲ့ဆိုပြီးတော့ ဒီနှစ် ဇွန်လမှာ တရားဝင်မှတ်ပုံတင်လိုက်ပြီး အစိုးရ အလုပ်သမားဦးစီးဌာနကနေ အသိအမှတ်ပြုထားတာလည်း ဖြစ်ပါတယ်။

တက္ကသိုလ်ဆရာများအဖွဲ့က ဥက္ကဋ္ဌ ဒေါက်တာသက်လွင်ကို စစ်တွေတက္ကသိုလ်၊ အတွင်းရေးမှူး ဦးသုတကို ကျိုင်းတုံတက္ကသိုလ်၊ ဒေါ်အေးအေးသန်းကို ရေနံချောင်းဒီဂရီကောလိပ်၊ ဦးနိုင်မင်းထွန်းကို မြစ်ကြီးနားတက္ကသိုလ်၊ ဒေါ်မိမိအောင်နဲ့ ဒေါ်ခင်လှိုင်မြင့်တို့ ၂ ဦးကို ပင်လုံတက္ကသိုလ် ရွှေ့ပြောင်းခဲ့ပြီး ကျန်နေတဲ့ အမှုဆောင်အဖွဲ့ဝင် ဆရာ ဆရာမတွေကိုလည်း နယ်ပြောင်းရွှေ့ခံရဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါဟာ မန္တလေးတက္ကသိုလ် ဆရာ ဆရာမများအဖွဲ့က ခေါင်းဆောင်တွေကို ရည်ရွယ်ချက်ချက်ရှိရှိနဲ့ လုပ်ဆောင်တာလို့ အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သက်နိုင်ဦးက သုံးသပ်ပြောဆိုပါတယ်။

“အဖွဲ့ထဲ ဦးစီးဦးဆောင်လုပ်သွားတဲ့ ဒေါက်တာသက်လွင်ဆိုရင် လစ်လပ်တဲ့နေရာတွေ ရှိတယ် တောင်ကြီးတို့၊ တောင်ငူတို့။ အဲနေရာတွေ မဟုတ်ဘဲ ရခိုင် စစ်တွေတက္ကသိုလ်ပို့တာတော့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ယူဆတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ်က အတွင်းရေးမှူးလုပ်တဲ့ ဦးသုတ(ကထိက အင်္ဂလိပ်စာဌာန) ကဆိုရင် သူမတင်ထားဘူး၊ နှစ်လည်း မပြည့်သေးဘဲနဲ့ ရည်ရွယ်ချက်နဲ့ အဝေးကိုပို့တယ်လို့ ယူဆလို့ ရတယ်။”

ခေါင်းဆောင် ဆရာ ဆရာမတွေကို နယ်အဝေးကို ပို့လိုက်တဲ့အတွက် အဖွဲ့အစည်း ထိခိုက်နိုင်ပုံတွေကို ဒေါက်တာသက်နိုင်ဦးက ဆက်ပြောပါတယ်။

“ဒီအသင်းမှာ ဦးဆောင်ဦးဆောင်ပြုသူတွေကို ထိခိုက်တယ်ဆိုရင် ဒီအသင်းက ပျက်စီးသွားမယ်လေ။ အရှိန်လျော့သွားမယ်။ ဒီလို သူတို့ ယူဆပြီး ရွှေ့တာပါ။ ကျန်ခဲ့တဲ့သူတွေတော့ ရှိတယ်၊ မူဘောင်ထဲ ရွှေ့မရတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်က မြန်မာစာ ဘာသာဗေဒဌာနက ကထိက ဒေါက်တာ တင်နွဲ့ရီဆိုရင် နိုင်ငံခြားဘာသာတက္ကသိုလ်က ရန်ကုန်နဲ့ မန္တလေး ၂ ခုပဲ ရှိတော့ မန္တလေးမှာပဲ ဆက်ထားတယ်။ အဲလိုမျိုးတော့ ရှိတယ်။”

မြန်မာနိုင်ငံမှာ  သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာပြီး အသင်းအပင်းတွေ ဖွဲ့စည်းခွင့်ပြုတဲ့ ဥပဒေထွက်လာပြီးနောက်မှာ အလုပ်သမား အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ ပေါ်ပေါက် လာခဲ့ရာမှ အစိုးရ တက္ကသိုလ် ဆရာဆရာမများ အဖွဲ့အနေနဲ့ ဒုတိယမြောက် အလုပ်သမားအဖွဲ့ ဖွဲ့ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ် ဆရာ ဆရာမများအဖွဲ့အနေနဲ့လည်း ပညာရေးဌာနက အာဏာပိုင်တွေကို ထိပ်တိုက်တွေ့တဲ့ လုပ်ဆောင်မှုမျိုးတွေမရှိဘဲ နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် စွမ်းရည်မြင့် သင်တန်းတွေ လုပ်ဆောင်ပေးနေတာတွေပဲ ရှိတယ်လို့ ဒေါက်တာသက်နိုင်ဦးက ပြောပါတယ်။

by မင်းလွင်  (ဒီဗွီဘီ)

မန္တလေးတက္ကသိုလ်



Posted: 28 Nov 2012 01:44 AM PST
တစ်နိုင်ငံလုံးရှိ တိုက်ပွဲဝင် သပိတ်စခန်းများ အရေး ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်း ကော်မတီ)နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်သည်။ ကြေညာချက်မှာ သပိတ်စခန်းများကို အကြမ်းဖက် ဖြိုးခွင့်မည့်အစား အေးဆေးစွာ ညှိနှိုင်း အဖြေရှာသော နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း တိုက်တွန်း ဖော်ပြထားပါသည်။

ကြေညာချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Nov 2012 01:24 AM PST
 လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အတွက် ရန်ကုန်မြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ(၆)ဦး ကို နိုဝင်ဘာ(၂၇)ရက်နေ့၌ ကျောက်တံတား ရဲစခန်းမှ တရားစွဲဆိုမှု တစ်ခု ပြုလုပ်ခဲ့သည်။ တရား စွဲဆိုရာတွင် ယခင်က ပုဒ်မ(၁၈)ခွင့်ပြုချက် မတောင်းပဲ စီတန်းလှည့်လည်မှုမှ ရုတ်ချည်းပြောင်းလဲကာ ပုဒ်မ(၅၀၅/ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Nov 2012 01:31 AM PST
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးရဲစခန်းမှ ဒုရဲအုပ် နွေအောင်အပေါ် ၎င်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဇော်ဇော်မှ သမီးဖြစ်သူ မ ×××××(၁၄)နှစ်ကို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် တိုင်ကြားမှုနှင့် ပတ်သက်၍ ဒုရဲအုပ်နွေအောင်အား ၁၃-၁၁-၂ဝ၁၂ ရက်နေ့မှ ၁၂-၁၂-၂ဝ၁၂ရက်နေ့အထိ  ချုပ်နှောင်ထားပြီး၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေးခဲ့သည်။


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Nov 2012 12:40 AM PST
၂၆-၁၁-၂၀၁၂ ရက်နေ့ ည (၉း၀၀)နာရီ ခန့်တွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်မော်ခေါင့်ဆင့်ကျေးရွာနေ NLD အဖွဲ့ဝင် ဦးဌေးမောင်အား ခလရ အမှတ်၅၁၆ တပ်ရင်းမှ ဗိုလ်ကြီးသန်းဝေဖြိုးနှင့် တပ်ကြပ်အောင်သန်းတို့မှ ဦးဌေးမောင်နေအိမ်တွင် လာရောက် ဆွဲခေါ်ယူကာ လက်မောင်း တစ်ယောက် တစ်ဖက်မကာ တပ်စခန်းကုန်းပေါ်သို့ ခေါ်ဆောင်သွားပါသည်။

တပ်စခန်းကုန်းပေါ်သို့  ရောက်သည့်အခါ ခလရ အမှတ်(၅၁၆)မှ ဗိုလ်မှူးရဲဝေစိုးမှ အသက် ၆၀ ကျော်ပြီဖြစ်သော မိမိအဖေအရွယ် ရှိသော ဦးဌေးမောင်အား လက်သီးဖြင့်တအား ထိုးကြိတ်ခဲ့ပါသည်။ သို့ပါ၍ ဦးဌေးမောင်တွင် သွားတစ်ချောင်းကျိုးကာ မျက်နှာတွင်
ဒဏ်ရာပြင်းစွာ ရရှိနေပါသည်။

၎င်းကိစ္စနှင့်ပါတ်သက်၍ အထက်လူကြီးများ အဆင့်ဆင့်သိရှိပြီး ထိရောက်စွာ အရေးယူပေးရန်နှင့် အပြစ်မဲ့ ပြည်သူများအား အနိုင်ကျင့်နေမှုများ မပြုလုပ်ရန် နမ့်စန်မြို့နယ်NLD အဖွဲ့မှ သတင်း ပေးပို့ ထားပါသည်။

by Myanmar News Now




Posted: 28 Nov 2012 12:11 AM PST
ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့တွင် နိုင်ငံသား စီစစ်ရေး ကတ်ပြားများ အသစ်ပြုလုပ်ရာတွင် လည်ကောင်း ၊ပျောက်ဆုံးသူများ အတွက် နိုင်ငံသားကတ်များ ပြန်လည်ပြုလုပ် ပေးရာတွင် လည်ကောင်း နိုင်ငံတော်မှ သတ်မှတ်ထားသော နှုန်းထားများထက် ပိုမိုတောင်းခံ နေကြောင်း သိခဲ့ရသည်။

(၁၅.၁၁.၂၀၁၂)နေ့တွင် ရန်ကုန်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်နေသော မောင်-----မှ မှတ်ပုံတင် ပျောက်သွားသဖြင့် ယခင် မိမိနေထိုင်ရာ အိမ်မဲမြို့သို့  ပြန်လာ၍ နိုင်ငံသား ကတ် ပြန်လည် လျှောက်ထား တင်ပြခဲ့သည်။

မိမိပျောက်ဆုံးသွားသော နိုင်ငံသားကတ် နံပါတ်များ ပြောပြ၍ မိမိယခင်က အိမ်မဲမြို့တွင် အခြေချနေထိုင်သူ ဖြစ်ကြောင်းကို အိမ်မဲမြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ဦးစီး ဦးမောင်မောင်နိုင်အား ရှင်းပြပြောဆိုခဲ့သည်။ သို့ရာတွင် လက်ထောက်ဦးစီး ဦးမောင်မောင်နိုင်မှ၎င်း၏ အမှုတွဲဟောင်းမှာ ကာလကြာပြီဖြစ်၍ရှာဖွေရန် ခက်ခဲကြောင်းပြောဆိုခဲ့သည်။

ထို့နောက်ဦးစီးမှူးနှင့် ဝင်ရောက် တွေ့ဆုံရန် တိုက်တွန်း ပြောကြားခဲ့သည်။ (လ.၀.ကဦးစီးအရာရှိမှ အိမ်မဲမြို့တွင် လက်ရှိနေထိုင်သူမဟုတ်သဖြင့် အိမ်ထောင်စုဇယား ပြန်လည်ရှာဖွေရမည်။ အချိန်ကြာနိုင်ကြောင်း ပြောခဲ့သည်။

မိမိမှာ နောက်တစ်ရက်ကြာလျှင် ပြန်ရမည်ဖြစ်ကြောင်း အလုပ်မှာခွင့်အကြာကြီးယူ၍ မရကြောင်းကို လက်ထောက်ဦးစီး ဦးမောင်မောင်နိုင်ကို ပြောပြရာဦးမောင်မောင်နိုင်မှ အမြန်လိုချင်လျှင် ဆောင်ရွက်ပေးမည် ငွေကျပ်နှစ်သောင်းပေးရမည်ဟု ပြောသဖြင့် သဘောတူလိုက်ရကြောင်း သိခဲ့ရသည်။

နိုင်ငံသားစီစစ်ရေး ကတ်ပြားထွက်လာသော အခါလက်ထောက်ဦးစီး ဦးမောင်မောင်နိုင်မှ ၎င်းတောင်းခဲ့သော ငွေကြေးမှာ ဦးစီးမှူးကိုလည်း ခွဲဝေပေးရသဖြင့် တောင်းသော ငွေကြေး နည်းသွားသည် နောက်ထပ် ငါးထောင်ထပ်ပေးရန် ပြောသဖြင့် မှတ်ပုံတင် လက်ထဲရောက်ခါနီးဖြစ်၍ ထပ်မံပေးခဲ့ရကြောင်း သိခဲ့ရသည်။

“နိုင်ငံတော်လစာစားပြီးနိုင်ငံသားမှတ်ပုံတင်အား မိမိစိတ်ကြိုက်ဈေး ခေါ်ရောင်းစားသလို နိုင်ငံ့တာဝန် ထမ်းဆောင်နေသော ၀န်ထမ်းကောင်းနှင့် ဆုံတွေ့ခဲ့ရတာ စိတ်မကောင်းဘူးဗျာ။ အောက်ခြေ ၀န်ထမ်းနဲ့ ပြောရတာအဆင်မပြေလို့ ဦးစီးအရာရှိ ၀င်တွေ့တော့လည်း သိပ်မထူးပါဘူး။ မျက်ဖြူဆိုက်လေ၊ဆရာကြိုက်လေဖြစ်တာပါဘဲ ကျွန်တော်တို့ကလည်း တစ်ခြားမြို့မှာအလုပ်လုပ်ပြီး အချိန်မရတဲ့လူတွေဆိုတော့တောင်းသလောက်ပေးခဲ့ရပါတယ်”ဟုမောင်တင်အောင်မှပြောကြားခဲ့သည်။

အိမ်မဲမြို့ရှိ အခြားကျေးရွာများတွင် နိုင်ငံတော်မှစီမံချက်နှင့် လုပ်ပေးသောအခါမှလွဲ၍ မှတ်ပုံတင်ကိုအရေးတကြီးလိုအပ်ပါက နှစ်သောင်းခွဲမှ သုံးသောင်းအထိပေး၍ နိုင်ငံသား မှတ်ပုံတင်ကတ်ပြားလုပ်ယူရကြောင်း သိခဲ့ရပါသည်။

လင်းရောင်ရှင်(အိမ်မဲ)
by Myanmar News Now

အိမ်မဲမြို့လူဝင်မှုကြီးကြပ်ရေးရုံး။



Posted: 27 Nov 2012 11:39 PM PST
မုံရွာခရိုင် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်မှ လာမည့် နိုဝင်ဘာလ (၂၉) ရက်နေ့၌ သွားရောက်၍ လူထုတင်ပြ သည်များအား သွားရောက် နားထောင် မည်ဖြစ်သည်။ “လက်ပံတောင်း တောင် စီမံကိန်း မှာ ပြည်သူလူထုက လူထုဘ၀တွေ ဆုံးရှုံးနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဝမ်ပေါင်ရုံး အတွင်းမှ လုံခြုံရေး တပ်ဖွဲ့ဝင် အချို့အား နိုဝင်ဘာ(၂၈)နံနက်ပိုင်းတွင် တွေ့ရစဉ်(ဓာတ်ပုံ-Aung Nay Myo - facebook )



Posted: 27 Nov 2012 11:18 PM PST
ဒီန့မနက် (၁၀း၀၀) နာရီမှာ မီဒီယာများကို ရဲတပ်ဖွဲ့ တာဝန်ရှိ သူများက တရုတ်ဝမ်ပေါင် ကုမ္မဏီရှေ့မှာ သတင်း မရိုက်ကူးရန်၊ ဒီနေရာဟာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေဖြစ်တာကို သတိပေး လိုက်ကြောင်း၊ သပိတ် အဖွဲ့တွေကိုလည်း သပိတ်ခွဲကြရန် ကြေငြာ သွားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ






Posted: 27 Nov 2012 11:10 PM PST
ရခိုင် ပြည်နယ်မှာ အောက်တိုဘာလက ပေါ်ပေါက် ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူတွေ အတွင်း စစ်တွေကို ထွက်ပြေး လာကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို အစိုးရက သူတို့ နေထိုင်ခဲ့တဲ့ မြို့နယ်တွေကို ပြန်ပို့ စီစဉ်နေ ပါတယ်။ အကြမ်းဖက်မူတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေက မူဆလင် ဒုက္ခသည် တွေဟာ စက်လှေတွေနဲ့ ထွက်ပြေးလာကြပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်တွေမြို့နယ် အတွင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ နေကြ သူများ



Posted: 27 Nov 2012 10:49 PM PST
ရန်ကုန်၊ နိုဝင်ဘာ ၂၈။

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက် နှင့် ဥယျာဉ်လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စု လွှတ် တော်မှ ခွင့်ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။

“ခွင့်ပြုပြီးသား ငွေက ကျပ်သန်းပေါင်း ၃၅၁ ဒသမ ၀၁၀ သန်းပါ၊ ထပ်မံတောင်းခံတာက အငြိမ်းစား ပုဂ္ဂိုလ်ကြီး တွေအတွက် ၁၆၉ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေအတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစုပေါင်း ၁၉၇ ဒသမ ၀၅၂ သန်းပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

၂၀၁၂ - ၂၀၁၃ ခုနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် အငြိမ်းစားပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင် လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ်လုပ်သား ၄၁၇ ဦးအတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အိမ်လုပ်သားတစ်ဦးလျှင် ကျပ်သုံးသောင်း ခံစားခွင့်ပြုထားသဖြင့် ဆောက် လုပ်ရေး ၀န်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ငွေရရှိသူများမှာ နိုင်ငံတော်အကြီးအကဲဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေ ပြည်တော် ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ဖြစ်ကြောင်း လွှတ်တော်သို့ တောင်းခံ သော စာရင်းတွင် ဖော်ပြထားသည်။

နိုင်ငံတော် အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တွင် ထမင်းချက်ငါးဦး၊ အိမ်အကူ ငါး ဦး နှင့် ဥယျာဉ်လုပ်သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ ၅၄ သိန်း တောင်းခံထားပြီး အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးအိမ်တွင် အိမ်လုပ်သား ၄ ဦးစီဖြင့် တစ် နှစ်စာ ၄၃ သိန်းနှစ်သောင်း တောင်းခံထားသည်။

နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးခင်ညွန့်မှာမူ ယခုထုတ်ပြန်သော စာရင်းတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိသလို ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်လည်း မပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၂ ဦးမှာ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး ၃၁ ဦး၊ ခုံရုံး ဥက္ကဋ္ဌ၊ ကော်မရှင်ဥက္ကဋ္ဌ၊ တရားလွှတ်တော်ချုပ်တရားသူကြီး ခြောက်ဦး၊ ခုံရုံးအဖွဲ့ဝင် ရှစ်ဦး၊ ကော်မရှင် အဖွဲ့ဝင် ခြောက်ဦး၊ ဒုတိယ၀န်ကြီး ၄၁ ဦးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ငါးဦးတို့ဖြစ်သည်။

နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးမှာ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ ၀န်ကြီး ဦးသောင်း (သိပ္ပံနှင့် နည်းပညာ)၊ ဦးဌေးဦး(လယ်/ဆည်)၊ ဦးတင်ထွဋ်(သမ)၊ ဦးအောင်သောင်း(စက်မှု)၊ အပါ အ၀င် ဦးမောင်ဦး၊ ဦးစိုးသာ၊ ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးမောင်မောင်သိန်း၊ ဦးစိုး သာ၊ ဒေါက်တာ ကျော်မြင့်၊ဒေါက်တာချမ်းငြိမ်းနှင့် ဦးအောင်သိန်းလင်းတို့ ဖြစ်ကြပြီး အများစုမှာ လက်ရှိအချိန်၌ လွှတ်တော်ထဲတွင် ရောက်ရှိနေကြသည်။

အခြားပုဂ္ဂိုလ်များမှာ ယခင်နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သည့်ပုဂ်္ဂိုလ်တစ်ဦး၊ ဒုတိယ ဗိုလ် ချုပ်ကြီး တင်ဦး၏ ဇနီး၊ ရန်ကုန်မြို့ တော်ဝန်ဟောင်း ဦးကိုလေး၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)များဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးကျော်ဝင်း၊ ဦးသိန်းထွန်းနှင့် ဗိုလ်မှူးချုပ်အေဘယ်၊ ၀န်ထမ်းရွေး ချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်စောထွန်း၊ ဗိုလ်ချုပ်စောလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ရှိန်၊ ဦးသောင်းညွန့်နှင့် ယခင်န၀တအဖွဲ့ဝင်ဟောင်း ဦးမျိုးညွှန့်၊ ဦးကျော်ဘ၊ ဦးသိန်းဝင်း၊ ၀န်ကြီးဦးသန်းညွန့်၊ ဦးသောင်းညွန့်၊ ဦးခင် မောင်ရင်၊ ဦးအုန်းကျော်နှင့် ဦးအောင်ရဲကျော်၊ ဗိုလ်မှူးချုပ်လွန်းမောင်၏ ဇနီးနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခင်နှင့် ဦးတင်ထွန်းတို့ဖြစ်ကြသည်။

၎င်းတို့မှာ အိမ်အကူနှင့် ဥယျာဉ်လုပ်သား တစ်ဦးစီ ရရှိကြသည်။ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများအတွက် သာမန် အသုံးစရိတ်အဖြစ် ဖြည့်စွက်တောင်းခံငွေ ၁၆၉ ဒသမ ၅၆ သန်းကို လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

“အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရဦးတင်အောင်မြင့်ဦးကို ရှစ်လစာနေအိမ်စရိတ် ကျပ် ၁၆သန်းနဲ့ တိုင်းရင်း သားလူမျိုးရေးရာ ၀န်ကြီးတွေအတွက် နေအိမ်ငှားရမ်းခ ၇ ဒသမ ၈၃၀ သန်းလည်းပါ, ပါတယ်”ဟု ဦးမင်းသူက ဆိုသည်။

ထောက်ပံ့ကြေး တောင်းခံသောစာရင်းတွင်သမ္မတနှင့် ဒုတိယသမ္မတများ မပါဝင်ရခြင်းမှာ ၂၀၀၈အခြေခံ ဥပဒေ အရ သီးခြားခံစား ပိုင်ခွင့် ရပိုင်ခွင့်များ ရရှိထားသောကြောင့်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အငြိမ်းစား ၀န်ထမ်းများကို အငြိမ်းစားပင်စင်လစာငွေ အကျိုးခံစားခွင့် ပေးသင့်သော်လည်း “နှစ်သီးစားတွေ ကိုတော့ ထိထိရောက် ရောက်စိစစ်သင့်တယ်၊ နိုင်ငံတော်ရဲ့ အကျိုးခံစားခွင့်တွေကို အမျိုးမျိုးရယူနေတဲ့ အခြေ အနေမျိုးကတော့ မဖြစ်သင့်ဘူး၊ နိုင်ငံတကာမှာက ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ကြတာ၊ ကိုယ် ဆောင်ရွက် တဲ့ အပေါ်မှာ အကျိုးခံစားခွင့်ယူတယ်၊ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို ဘယ်တော့မှ အလွယ်မသုံးဘူးဆိုတဲ့ စိတ် တွေ ရှိတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဘတ်ဂျက်ကျွမ်းကျင်မှု နည်းပါးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှတ်တော်ကော်မတီအလိုက် စောင့်ကြည့်လျက်ရှိသောကြောင့် စွက်ဖက်၍မရခြင်း၊ သုံးသင့်သုံးထိုက်သည်ဟု ယူဆ၍ လွှတ်ပေးကြခြင်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင်မှ ငွေလုံးငွေရင်း၊ သာမန်အသုံးစရိတ်များကို စိစစ် ရမည်ဟု ဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည့် အနေအထားမျိုး မလုပ်ဆောင်လို သောကြောင့် မတင်ပြကြခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမင်းသူကပြောသည်။

“တစ်ခါတလေကိုယ်မလုပ် လိုက်နိုင်တဲ့အပေါ်မှာ ပြည်သူ့အပေါ်တာဝန်မကျေသလိုခံစားရတယ်” ဟု ၎င်းကဆို သည်။
အငြိမ်းစား ပုဂ္ဂိုလ်များကို ပင်စင်လစာငွေ၊ အပိုထောက်ပံ့ကြေးများ ပေးရာတွင် အပိုင်းနှစ်ပိုင်းခွဲခြား၍ ပြောရမည် ဟု ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသော တိုင်းအဆင့်အရာရှိတစ်ဦးကပြောသည်။

“နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ပြီး လစာနဲ့ပဲ ရပ်တည်ခဲ့တဲ့သူတွေရဲ့ ဘ၀က အင်မတန်မှ စုတ်ပြတ် သတ်ပါတယ်၊ အဲဒီလိုအငြိမ်းစားတွေကိုပေးသင့်တယ်၊ တချို့ကျတော့ အငြိမ်းစားသာယူသွားတာ ထားစရာမရှိ အောင်ဖြစ်နေတဲ့ သူတွေလည်းရှိတယ်၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ဆိုးမွေတွေလေ” ဟု အမည်မဖော်လို သော ၎င်းအစိုးရအရာရှိက ဆိုသည်။

 ထက်နိုင်ဇော် -Venus News Weekly

Posted: 27 Nov 2012 10:31 PM PST
နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် The Hot News  (Vol-3,No-118)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 27 Nov 2012 08:06 PM PST
သတိပေး တားဆီးမှု တွေ ရှိနေတဲ့ ကြားက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြ သပိတ်သမား တွေက ဆက်ပြီး သပိတ်မှောက်မယ်လို့ ပြောပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနက အင်္ဂါ နေ့ ညနေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကြေးနီ စီမံကိန်း အကျိုး သက်ရောက်မှုနဲ့ လူထု သဘောထား တွေကို---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး သပိတ်မှောက်(ဓာတ်ပုံ မုံရွာ ဗကသ)




Posted: 27 Nov 2012 08:07 PM PST
အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီရဲ့ အာဏာ တိုးချဲ့ ယူလိုက်တဲ့ အမိန့်ကို စိတ်ဆိုး ဒေါသထွက်နေကြတဲ့ အီဂျစ် နိုင်ငံသားတွေ ထောင်သောင်းချီ ပြီး ကိုင်ရို မြို့တော် တာရီယာ ရင်ပြင်မှာ စုဝေး ဆန္ဒပြ ခဲ့ကြပါတယ်။ သူတို့က သမ္မတ မော်စီဟာ အာဏာရှင် ဆန်လာတယ်လို့ ပြောပြီး ဆန္ဒပြနေကြတာပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထောင်သောင်းချီ ပြီး ကိုင်ရို ရင်ပြင်မှာ စုဝေး



Posted: 27 Nov 2012 07:45 PM PST
စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ လစ်ဗျား နိုင်ငံ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက် ခံရမှု နဲ့ ပတ်သက်ပြီး ဆီးနိတ် လွှတ်တော်က ရီပတ်ဘလစ်ကန် အမတ် တွေနဲ့ ရင်ဆိုင်ရာမှာ ကုလ သမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် အရေးနိမ့် သွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု ကြောင့် လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်နဲ့ လူ ၃ ယောက် သေဆုံးခဲ့ရ ပါတယ်။

ဘန်ဂါဇီ ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု မတိုင်ခင်က ဆန္ဒပြမှု ဖြစ်ပွားတယ် လို့ သူ ပြောခဲ့တာ မမှန်ကန်ကြောင်း၊ ထောက်လှမ်းရေး စစ်ဆေးချက် တွေမှာ ပါသလို ကြိုတင် ကြံစည် ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း ဆူဆန် ရိုက်စ်က ဆီးနိတ် လွှတ်တော်မှာ ဝန်ခံ ပြောကြား လိုက်ပါတယ်။

ဒီလို ပြောခဲ့တာဟာ အမေရိကန် လူထုကို တမင် လမ်းလွဲအောင် လုပ်တာ မဟုတ်ဘူးလို့ သူက ငြင်းဆန်ပါတယ်။

နောက်နှစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အနားယူရင် ဆက်ခံဖို့ မစ္စ ရိုက်စ်ကို အဆိုပြုလာရင် တားမြစ်မယ်လို့ သူ့ကို မယုံကြည်တဲ့ ဆီးနိတ် လွှတ်တော် အမတ် တွေ က ပြောကြား ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အမေရိကန် လူထုကို လမ်းလွဲအောင် မလုပ်



Posted: 27 Nov 2012 07:38 PM PST
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Idlib မြို့အနီးက သံလွင်ဆီ ထုတ်လုပ်တဲ့ စက်ရုံတခုအနီး အစိုးရက လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာက လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ နောက်ထပ် လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ပြောခဲ့ကြတာပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Nov 2012 07:33 PM PST
လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ဖွင့်ထားသည့် သပိတ် စခန်းများ အနက်မှ တခု။
လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် သပိတ်စခန်း တွေကို ည ၁၂ နာရီ ကျော် ရင် အဆုံးသတ် ပေးဖို့ အာဏာပိုင်တွေ ဘက်က ကြေညာပြီးတဲ့ နောက်မှာတော့ လက်ပန်း တောင်းတောင် ကျော်ရွာဘက်က သံဃာ အများစုရှိတဲ့ သပိတ်စခန်းမှာ ရဲတပ်ရင်းတွေနဲ့ သံဃာတွေ ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဲတပ်ရင်းတွေ ဘက်က ခေတ္တနောက် ဆုတ်သွားခဲ့တယ်လို့ စုံစမ်း သိရှိရ ပါတယ်။ လက်ပန်းတောင်းတောင် ဒေသရဲ့ နောက်ဆုံး အခြေ အနေကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေက သံဃာတွေနဲ့ အာဏာပိုင်တွေဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ ညဦးပိုင်းက တင်းမာမှုတွေ ရှိနေခဲ့တာပါ။ သပိတ်စခန်း ထဲက မြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပံ္ပ ကျောင်းသားများကွန်ယက်က  ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုသော်ဇင်ပြောပြတာက-

“သူတို့က ကျနော်တို့ရဲ့ အင်အားအနည်းဆုံးဖြစ်တဲ့ ကျော်ရွာဘေးဘက်ကနေပြီးတော့ ထိုးဖောက် ဝင်ရောက်လာတယ်။ ရဲအင်အား ၁၀၀ လောက်ရှိတယ်။ တုတ်တွေ၊ ဒိုင်းတွေနဲ့ပေါ့နော်။ အဲဒီဂိတ်မှာက ဘုန်းကြီးတွေချည့်ပဲရှိတယ်။ သံဃာတွေအကုန်လုံးက တန်းစီထိုင်လိုက်ကြပြီးတော့ သူတို့ မေတ္တာ သုတ်တွေရွတ်တယ်။ ပရိတ်တွေရွတ်တယ်။ ရွတ်ပီးတော့ သူတို့က လုံးဝ မဖယ်ပေးဘူး။ သူတို့ဘေး နားက ကွေ့ပြီးတော့ သွား၊ မသွားရင်လည်း သူတို့ကို ရိုက်ပြီးတော့ သွားရင်သွား ဆိုတဲ့ ပုံစံမျိုး လုပ်နေတယ်။ တခုပဲစိုးရိမ်တယ်။ သူတို့ ရဲတပ်ရင်းအနေနဲ့ တပ် ဆုတ်ပြီးတော့ စစ်တပ်အနေနဲ့ ဝင်လာ မလားဆိုပြီး စိုးရိမ်တာတခု ရှိတယ်။ သူတို့ကလည်း ရများရမလားဆိုပြီး ခြိမ်းခြောက်ကြည့် တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ ရွာလေးရွာထဲက ဇီးတော ချမ်းမြ ၀တ်ီကျောင်းတိုက်က ဆရာတော် ဦးအာလောက-ကတော့ ၁၂ နာရီကျော်မှာ ရဲတပ်ရင်းတွေ ပြန်ဆုတ် သွားတဲ့ သဘောမျိုး တွေ့ရကြောင်း အခုလို ပြောပြပါတယ်။

“အခုလောလောဆယ်တော့ သပိတ်စခန်းတွေ အားလုံး ငြိမ်သွားတယ်ဗျ။ ၁၂ နာရီလည်း ကျော် သွားပြီ။ ၁၁ နာရီ မကျော်ခင်ကတော့ လော်စပီကာတွေနဲ့အော်တာပေါ့ဗျာ။ ၁၂ နာရီအတွင်းမှာ ထွက်ခွာပေးဖို့၊ လူစုခွဲဖို့ လာပြီး လော်စပီကာနဲ့ အော်သွားတယ်ဗျ။ ကျော်ရွာဘက်က ဂိတ်မှာတော့ သူတို့ရဲအင်အားနဲ့ သံဃာတွေနဲ့ ထိပ်တိုက်တိုးပြီးတော့ လာတိုးတယ်ပေါ့ဗျာ။ ဝမ်ပေါင်ရှိတဲ့ ဘက် ကိုတော့ သူတို့ လော်စပီကာနဲ့ အော်နေတယ်ဗျ။ ၁၂ နာရီနောက်ပိုင်းမှာတော့ လှုပ်ရှားမှုအားလုံး ငြိမ်သက်သွားပါတယ်။ ရဲတွေက လောလောဆယ်တော့ မမြင်ရဘူးဗျ။ တချို့နေရာမှာတော့ ခြုံပုတ်တွေ ဘာတွေထဲတော့ တွေ့ရတယ်လို့ ပြောကြတယ်။ နောက်ဆုတ်သွားတယ်ဆိုပြီး အကြံထုတ်တယ်နဲ့ တူပါတယ်ဗျာ။ ဒီလို အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့တော့ဗျာ-တောနေလူတန်းစားတွေကို မလုပ်ဖို့ရန် ဦးဇင်းတို့လည်း ပြောချင်ပါတယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေမှာ ဖွင့်ထားတဲ့ သပိတ်စခန်းတွေကို  ၂၇ ရက် နေ့ည ၁၂ နာရီမှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့နဲ့ ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး မြန်မာ့ အသံကနေ ၂၇ ရက်နေ့ည ၈ နာရီ သတင်းမှာ ထုတ်ပြန်ကြေညာသွားပါတယ်။ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီရှေ့က ပင်မ သပိတ်စခန်းမှာ တာဝန်ယူနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုသောင်းထိုက် ကလည်း နောက်ဆုံးအခြေအနေတွေကို ပြောပြပါတယ်။

“တောင်ကြားထဲမှာရှိတဲ့ စခန်းကတော့ ဘယ်လိုမှ ဆုတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့  အဲဒီစခန်းရှိတဲ့ အတွက် အပေါ်က သူတို့ လုပ်ငန်းခွင် လုပ်လို့မရအောင် တားနေတာဆိုတော့ အဲဒီစခန်းကို လုံးဝ အကျခံလို့ မရဘူး။ အဲဒါကြောင့် အဲဒီစခန်းကတော့ အမာခံ ထားရမယ်။ နောက် ဒီစခန်းကလည်း ပင်မစခန်းဖြစ်တဲ့အတွက် နောက်ကို ဆုတ်လို့ မရဘူး။ အပေါ်ကစခန်းမရှိရင် သူတို့ လုပ်ငန်း ပြန် လည်ပတ်လို့ ရတယ်လေ။ အဲဒါကြောင့် သူတို့က အပေါ်ကစခန်းကိုပဲ အဓိကထားပြီး မဲနေတာပေါ့။ အပေါ်စခန်းကို လိုချင်နေတာပေါ့။ ရဲအင်အားက ပထမနေ့က ခန့်မှန်းခြေကတော့ ၅၀၀ လောက် ရှိတယ်။ ဒီနေ့မှာတော့ မသိနိုင်ဘူးလေ။ ကင်းပုန်းတွေ ဘာတွေလည်းယူထားတယ်။ သုံးရက်ရှိပြီ ဆက်တိုက် ရဲအင်အား တနေ့ကို ကား နှစ်စီး၊ နှစ်စီးနဲ့ ပုံမှန်ပို့ပေးနေတယ်။ ဒီတောင်ကြားထဲကိုပေါ့။

တောင်ကြားထဲမှာရှိတဲ့ လယ်တီကျောင်းကိုတော့ သူတို့ ရဲအင်အားနဲ့ ဝိုင်းထားတယ်ပေါ့။ လက်ပန်းတောင်းတောင်မှာရှိတဲ့ ဒေသခံတွေက စီမံကိန်းကြီး မရပ်သေးသရွေ့ကတော့ သူတို့ နောက်ဆုတ်မှာ မဟုတ်ဘူး၊ သပိတ်စခန်းတွေကိုလည်း သူတို့ စွန့်ခွာသွားမှာ မဟုတ်ဘူး။”

၂၆ ရက်နေ့က ရန်ကုန်၊ ဆူလေစေတီအနီးမှာ ဆန္ဒပြခဲ့ကြတဲ့ ဗကသများအဖွဲ့ချုပ် က ကျောင်းသားတွေနဲ့ ကွန်ယက်အသီးသီးက လူငယ် ၆ ဦးကို ပုဒ်မ ၁၈၊ ခွင့်ပြုမိန့်မရပဲဆန္ဒပြမှု၊ ပုဒ်မ ၅၀၅ (ခ) ဆူပူမှုနဲ့ အင်းစိန်းထောင်ကို ပို့လိုက်ပြီးတဲ့နောက်မှာ ဗကသများအဖွဲချုပ်နဲ့ ကွန်ယက် က ကျောင်းသားတွေဟာ ဒုတိယနေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပန်းတောင်းတောင် စီမံကိန်းကို သွားကြည့် ဖို့ ရှိနေခဲ့တာပါ။ ဆရာတော် ဦးအာလောက- ကတော့ နစ်နာမှုတွေရှိနေတဲ့ လူထုဘက်က ရပ်တည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြား လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သောအားဖြင့် ဒီမှာ တောသူတောင်သားတွေ အင်မတန်မှ ဒုက္ခရောက်နေတဲ့အချိန်မှာ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုခေါင်းဆောင် ဆိုသည့် အတိုင်း လူထုဘက်ကနေပြီးတော့ ကာကွယ်တားဆီးပေးဖို့ ဦးဇင်းတို့အနေနဲ့ ပြောချင်ပါတယ်။ ညှိနှိုင်းတိုင်ပင် ဆွေးနွေးဖို့ဆိုရင်တော့ လုံးဝ မဖြစ်နိုင်တဲ့အရာပဲ ဖြစ်ပါလိမ့်မယ်။ ညှိနှိုင်းလို့ မဖြစ်နိုင်တဲ့ အကြောင်းရင်းက ဒါဟာ လယ်ယာတွေ ဆုံးရှုံးတယ်ဆိုကတည်းက ဒါဟာ အင်မတန်မှ ထိခိုက်နိုင် ပါတယ်ဗျာ။ ဘိုးဘွားစဉ်ဆက်ကနေ လုပ်ကိုင်လာတဲ့ တောင်သူ လယ်ယာတွေကို အခုလူတွေ လက်ထက်ကျမှ ဆုံးရှုံးရမယ်ဆိုရင် အင်မတန်မှ ထိခိုက် နစ်နာပါတယ်။”

လက်ပန်းတောင်းစိမံကိန်းကို ရပ်ဖိုအတွက် ဒေသခံတွေက ဆနပြခွင့်ကို ပြိးခဲ့၎လကျော်ကစပြိး ၈ကြိမ်ထက်မနည်းတင်ပြခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး တင်းကြပ်ထားခဲ့ပြီး ခွင်ပြုမိန့်တောင်းခံတာတွေကို ပယ်ချခဲ့ပါတယ်။ သြဂုတ်လနောက်ပိုင်းမှာ သိမ်းဆည်းခံရတဲ့ လယ်မြေ ဧက ၇,၈၀၀ ကျော်နဲ့ ရွေပြောင်းခံရတဲံ့ရွာ်တွေအတွက် ဒေသခံတွေက နည်းအမျိုးမျိုး ဆန္ဒဖော်ထုတ် ခဲ့ကြတာပါ။

စီမံကိန်းလုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမိတက်နဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ကတော့ စီမံကိန်းဟာ ရပ်တန့်လို့ မရတဲ့ အကြောင်း သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ပြောခဲ့ပါတယ်။ ဒီ အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကတော့ စီမံကိန်းကိုရပ်ပစ်ဖို့ ဒေသခံတွေနဲ့ သံဃာတော်တွေ၊ ကျောင်းသားတွေဟာ သပိတ်စခန်း ၆ ခု ဖွင့်လိုက်ခဲ့ကြတာ ဖြစ်ပါတယ်ရှင်။

 မအေးအေးမာ (ဗွီအိုအေ)

Posted: 27 Nov 2012 07:27 PM PST
အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘော တူညီချက်နဲ့ ရမည်းသင်းမြ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...