Monday, November 26, 2012

ကိုမိုးသီး ၊ ဦးနု ၊ မဟာဗမာ နှင့် ဘင်္ဂါလီကုလား ပြဿနာ အပိုင်း (၂)


by Bo K Nyein on Sunday, November 25, 2012 at 10:44pm ·

ကိုမိုးသီး ရဲ့ (ဆန်) သီအိုရီ
ကိုမိုးသီး ရဲ့ ဗမာ့ဆန်ကို အမေရိကန်က မ၀ယ်ပဲ ထိုင်းဆီ က ၀ယ်တာကြောင့် ဗမာ့ဆန် ထိပ် ကပြုတ်ကျ ခဲ့ရတယ် ဆိုတာဟာ လည်း ဖလွပ်ရွှပ် သီအိုရီ နောက်တစ်ခုပါပဲ။ ခေတ်အဆက်ဆက်က ဗမာခေါင်းဆောင်တွေဟာ လယ်ယာစိုက်ပျိုးရေး ပေါ်လစီချရာမှာ အမှားတွေ လုပ်ခဲ့ကြတယ်။

ဦးနုတို့ ရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်မှာလည်း ပညာတတ်တဲ့ ကောလိပ်ကျောင်းသား ဆိုရှယ်လစ် တွေက Sexy ဖြစ်တဲ့ စက်မှုလက်မှု ထူထောင်ရေးကို အာရုံဆိုက်ခဲ့ကြတယ်။ လယ်ယာစိုက်ပျိုးရေး ကို တော့ ပညာမတတ်တဲ့ ဘုန်းကြီးကျောင်းသား ဆိုရှယ်လစ်တွေ လက်ထဲ ထဲ့ထားကြတယ်။ ဦးနေ၀င်း ရဲ့ မဆလ ခေတ်ရောက်တော့ (ဦးဘငြိမ်) က အားလုံးကို (ဖျက်စီး) ပြစ်လိုက်တယ်။ ယနေ့အချိန်အထိ စိုက်ပျိုးရေး ပေါ်လစီ မှန်မှန်ကန်ကန် မချ နိုင်ကြသေးဖူး။


နအဖ အထွက်မှာ ခရိုနီတွေကို လယ်ယာမြေတွေ ရောင်းချခဲ့တာ Consequence လို့ခေါ်တဲ့ နောက် ဆက် တွဲ ပြဿနာ ကို နက်နက် မစဉ်းစားလို့ ပါ။ မြန်မာနိုင်ငံဟာ လယ်ယာလုပ်စားတဲ့ နိုင်ငံပဲရှိသေးတယ်။ အများစု က လယ်သမားတွေ။ ဒီလူတွေ အလုပ် မရှိ ရင် ၊ ဆူပူမှုတွေ ဖြစ်လာမှာ ဖြစ်တဲ့ အပြင် ဆန် အထွက် ကျ လို့ ငတ်ကုန်ရင် ၊ ကိုယ့် ဒုက္ခ ကိုယ်ရှာ တဲ့ ဘ၀ ရောက်သွားမှာပေါ့။ လယ်ယာစိုက်ပျိုးရေး ကို ပေါ်လစီ နား လည် မဲ့သူတွေ လက်ထဲ ထဲ့ဖို့အချိန် တန်ပြီ လို့ ထင်မိတယ်။
ထိုင်းနိုင်ငံမှာ အစိုးရ က အရှုံးခံ ၊ အနာခံပြီး လယ်သမားတွေ လက်ထဲက စပါးဝယ် တာ အလကား မဟုတ်ဖူး။

စိုက်ပျိုးရေးဆိုတာ ကိုမိုးသီး ထင်သလို ဈေးကွက် တစ်ခုထဲ မဟုတ်ပါ။ စိုက်ပျိုးတဲ့ မြေဧက တွေ ၊ အသုံးပြုတဲ့ စက်ကရိယာ နဲ့ သိပ္ပံ နည်းကျမှုတွေ ၊ fertilizer တွေ ၊ မျိုးစပါးချနိုင်မှု ၊ သုတေသနပြု တီထွင်နိုင်မှု ၊ တသီးစားမှ နှစ်သီးစား ၊ သုံးသီးစား ၊ irrigation ရေပေးနိုင်မှု ၊ လယ်သမား တွေ ငွေလောက်အောင် အမတော်ကြေးပေး ၊ ငွေချေးနိုင်ဖို့ ၊ လုံလုံလောက်လောက် ဆန်စက်တွေ ရှိဖို့ ၊ ထွက်လာတဲ့ ဆန် စပါး တွေကို သို လှောင်နိုင်ဖို့ ၊ အစိုးရ က မျှမျှတတ ၀ယ်နိုင်ဖို့ ၊နောက်ဆုံးမှာမှ ကမ္ဘာ့ဈေးကွက်ကို သိနိုင်ဖို့ ၊ marketing ကျွမ်းတဲ့ လူတွေနဲ့ ဈေးကောင်းကောင်းရအောင် ရောင်းနိုဖို့ အများကြီး လိုအပ်ပါတယ်။

 တနည်းအားဖြင့် Agriculture Industry လို့မြင်ရပါမယ်။

ဗမာ့ဆန် ၊ ထိုင်းဆန် နဲ့ ပြိုင်ဖို့ရာ အဖက်ဖက် က ကြည့်ရပါမယ်။ တနည်းအားဖြင် Agriculture Industry တခုလုံးကို မြင်ရပါမယ်။ ဗမာနိုင်ငံ နဲ့ ထိုးနိုင်ငံ တို့ ရဲ့ စီးပွားရေး အပေါ်ထပ် အဆောက်အအုံ (Infrastructure) ကိုကြည့်ရင် ဗမာနိုင်ငံ က ဦးနေ၀င်း နဲ့ ဦးဘငြိမ် တို့ရဲ့ ကောင်းမှု နဲ့ ဆိုရှယ်လစ် သဏ္ဍန် နဲ့ အရိပ်က မထွက်နိုင်သေးဖူး ။ ဦးနု အစိုးမှာလည်း ဆိုရှယ်လစ် အငွေ့အသက် တွေ ရှိခဲ့တယ်။ ထိုင်းက အရင်းရှင် ပုံသဏ္ဍန် နဲ့ အ စကတည်းက တည်ရှိခဲ့တာ။။ capital market ရှိတယ်။ ဒါကြောင့် economic sector တစ်ခုလုံး ကို industry အဖြစ် အကောင်အထည် ဖေါ်နိုင်တယ်။ ဥပမာ (ငါး) မွေးတာပဲ ဖြစ်ဖြစ် ၊ ပုဇွန်မွေးတာပဲ ဖြစ်ဖြစ် ၊ ကြက်မွေးတာပဲ ဖြစ်ဖြစ် Industry ဖြစ်အောင် စွမ်းဆောင်နိုင်တယ်။ မြန်မာနိုင်ငံမှာ Capital Market မရှိသေးပါ။ ဗမာနိုင်ငံမှာ မွေးမြူရေးကို အောင်မြင်တဲ့ Industry ဖြစ်အောင် မစွမ်းဆောင် နိုင်သေးပါ။ (ဆန်ကလွဲလို့)

ကိုမိုးသီးက ဗာမာတွေ အများ ရဲ့ အကျင့်အတိုင်း ၊ အပေါ်ယံ တစ်လွှာကို ပဲ ကြည့် ၊ generalized လုပ်ပြီး leap to conclusion လို့ခေါ်တဲ့ အဆုံးသတ် ဆုံးဖြတ်ချက် ကို တခါထဲ လွယ်လွယ် ချ ပစ် လိုက်တာ။ အစအဆုံး Full context ကိုကြည့်ဖို့ သတိ (မရ) ကြ ။ အောင်ခြေမှာ ဘာပြဿနာ တွေရှိသလဲဆိုတဲ့ ၊ underlying issues တွေကို ဆန်းစစ်ဖို့ (အသိ) မရှိကြ။ ငါးစာ ကိုပဲ မြင်ကြတယ်။ ငါးမြားချိပ် ကို မမြင်ကြ

အစအဆုံးကြည့် ကြပါ။ အန္တရာယ် ကိုမြင်တတ်ကြပါစေ

စာရေးသူဟာ ကိုမိုးသီး ကို တိုက်ခိုက်လိုတဲ့ သဘော နဲ့ ဒီဆောင်းပါးကို ရေးတာမဟုတ်ရပါ။ ပုဂ္ဂိုလ်ရေး အရ ၊ ခင်မင်မှု မပျက်ပါ။ ကိုမိုးသီး ဟာ စိတ်ကောင်းရှိတဲ့ လူသားတဦး တရိစ္ဆာန် လေးတွေကို ချစ်တတ် တယ် ၊ သစ်ပင် နဲ့ သဘာဝ ကို  တွယ်တာတယ်။ ခင်စရာ ၊ ချစ်စရာ ကောင်းတဲ့ လူသားတဦးပါ။

ပြဿနာတစ်ခု ၊ issue တစ်ခု ၊ အခက်အခဲ တစ်ခု ၊ ကို ကြည့်ရာမှာ အပေါ်ယံကြော ရှပ်တိုက် ကြည့်ပြီး ၊ ပြီးစလွယ် ၊ ခပ်ပေါ့ပေါ့ တွေးတာမျိုး ၊ ဆုံးဖြတ်ချက် ချတာမျိုးကို မဖြစ်စေချင် လို့ ၊ ထင်သာမြင်သာ တဲ့ ကိုမိုးသီး ကို ဥပမာပေး ပြီး ၊ လူငယ်လေးတွေ (သတိ) ချပ်စေချင်လို့ပါ။

ကိုမိုးသီး က ဦးနု ကို ဥပမာ အနေတဲ့ ဆွဲတင်လာတယ်။ စာရေးသူ က ကိုနု ကျောင်းသားခေါင်းဆောင် ဘ၀ က အဖြစ်ကို တင်ပြပြီး ဥပမာ ယူစေချင်တယ်။ ၁၉၃၆ ကျောင်းသား သပိတ်ဟာ ကိုနု နဲ့ ကိုအောင် ဆန်း ကိုကျောင်းထုတ် ရာက (စ) ခဲ့ကြတာ။ ဒါကြောင့် ဒီပွဲ မှာ ကိုနု ၊ ကိုအောင်ဆန်း ၊ ကိုကျော်ငြိမ်း နဲ့ ကိုရာရှစ် တို့ကအဓိက ခေါင်းဆောင်တွေ လာဖြစ်တယ်။ ကိုကျော်ငြိမ်း က သပိတ်ကော်မတီ အတွင်း ရေးမှူး။

ကိုနု ဟာ မိန့်ခွန်းချွေပြီး လူတွေ ထောက်ခံလာအောင် လုပ်တဲ့ နေရာမှာတော်တယ်။ ဒါပေမဲ့ အသေးစိတ် ကိုမနိုင်ဖူး။ ဒါကြောင့် အရာရှိတွေနဲ့ ဆွေးနွေးတာတွေ ၊ operational  ခေါင်းဆောင်မှု ဟာ ကိုအောင်ဆန်း ၊ ကိုကျော်ငြိမ်း နဲ့ ကျနော် (ကိုရာရှစ်) လက်ထဲ ကျရောက်လာရတယ် လို့ ကိုရာရှစ် ပြန်ပြောတာ ကို ရာဇ၀င် ဆရာ မစ္စတာ ဘဒ့်ဝဲ (Richard Butwell) ရဲ့ U Nu of Burma စာအုပ်မှာ ရေးပြခဲ့ ပါတယ်။ (စာမျက်နှာ ၂၅)။

၁၉၃၆ ကျောင်းသားသပိတ် တုန်းက တက္ကသိုလ် ဥပဒေ ကို ပြင်ဖို့ တောင်းဆိုရမယ်။ ဘာတွေ ပြင်ဖို့ တောင်းဆိုမယ်ဆိုတာကို (မသိ) ကြဖူး။ ဒါကို နားလည်အောင် ဖတ်ပြီး (သိ) အောင်လုပ်ဖို့ ၊ု ကိုရာရှစ် ကိုတာဝန်  ပေးခဲ့ကြတယ်။ နယ်လှည့်ပြီး ဆွေးနွေးကြရင်း ဟင်္သတ အရောက်မှာ တဦးတယောက် က တက္ကသိုလ်ဥပဒေ ဘာမှားနေသလဲ ၊ ဘာပြင်သင့်သလဲ မေးတော့ ၊ ဦးနု က ငါ (မသိ) ဖူး ၊ အိပ်နေတဲ့ ကိုရာရှစ် အားလုံးသိတယ်။ ငါမေးကြည့်ပေးမယ် လို့ (အမှန်) အတိုင်းဖြေခဲ့တယ်။ (မဖြီး) ဖူး။ ကိုရာရှစ် က ဦးနု ရဲ့ ပွင့်လင်းရိုးသားမှု ကို အံ့သြ မဆုံးဖြစ်နေတော့ ကိုနု က “we must be Honest”  (ရိုးသား) ရမယ် လို့ ပြောတယ်တဲ့။(စာမျက်နှာ ၂၄)။

 ခေါင်းဆောင်ကောင်းဆိုတာ (မဖြီးရဖူး) (အမှန်) အတိုင်း ပြောရဲ ရမယ်။ ကိုမိုးသီး နဲ့ လူငယ်လေးတွေ ဦးနု စီက အတု ယူနိုင်ကြပါစေ။ 

ကိုနု သည်လည်း အသေးစိပ် မနိုင်ဖူး၊ ဒါပေမဲ့ အသေးစိပ် နိုင်တဲ့ လူတော် တွေနဲ့ ၀ိုင်းရံ အားယူထားတယ်။ ဒီလို ၀ိုင်းရံ နိုင်အောင် မိမိ ကလည်း ခေါင်းဆောင် ပီသ မှ ၊ Stand ယူရဲမှ ၊ ဟိုယိမ်းဒီယိမ်း မဖြစ်မှ ၊ လူတော် လူကောင်း တွေ က မိမိ ကို ယုံကြည်ပြီး လာပူးပေါင်း ကြမှာပေါ့။

ပြန် မလာ နဲ့ ဦး ၊ (အမေ) ဖိုးတုတ် နဲ့ ယူသွားပြီ လို့ emotional အရ ပြောပြီး ။ တော်ကြာနေတော့ ဖိုးတုတ်  ရင်ခွင်ထဲ ပြေးဝင် သွားတဲ့ လူ ဆိုရင် ဘယ်သူ ပေါင်းရဲမှာ လဲ။ အေးလွင် လို လူစားပဲ လာပေါင်းမှာပေါ့။

ပြဿနာ ကို ကိုင်တွယ်ရာမှာ 
စာရေးသူ ဟာ (၈၈) က ကိုကိုကြီး ကို မသိ ပါ။
ကိုမိုးသီး ကို ညီအကို လို ခင် မိပါတယ်
ကိုကိုကြီး တို့ က သူတို့ ရဲ့ ဘ၀ ကို ထောင်ထဲမှာ မြှုပ်ခဲ့ကြရတယ်။
ကိုမိုးသီး က အခွင့်အရေး များတဲ့ (ပြည်ပ) မှာ ရှင်သန် ခွင့်ရခဲ့တယ်

ဘင်္ဂါလီ ကုလား တွေ နဲ့ ရခိုင် ပြဿနာ ပေါ်တော့
ကိုကိုကြီး တို့ က ရပ်တည်ချက် ရှိတယ်
ရပ်တည်ချက် မှန်ခဲ့တယ်။ Consistent ဖြစ်တယ်
ကိုမိုးသီး က လေယူရာ တိမ်းလို့ ယိမ်း ရတဲ့ ဘဝ

ကိုကိုကြီး နဲ့ ထောင်ထဲမှာ အနှစ် (၂၀) အတူတူ နေခဲ့တဲ့ သူကိုမေးမိတယ်
ထောင်ထဲမှာ issues တွေကို တစ်ခုချင်းတွေး ပြီး Stand ယူတာပါတဲ့
ကိုကိုကြီး က “ဘ၀တက္ကသိုလ်” (အင်စိန်တောရ) ကျောင်းထွက်
ကိုမိုးသီး က Ivy League ၀င် နံမည်ကျော် Columbia တက္ကသိုလ်ကျောင်းထွက်
“Capacity” ချင်း ယှဉ်လိုက်ကြတော့
နံ့သာ နဲ့ အီး လို ကွာထွက် သွားရပြီ

ဧရာဝတီ ၀က်ဆိုက်မှာ အိုဘားမား မိန့်ခွန်း ကို ကိုမင်းကိုနိုင် သုံးသပ်ချက် နဲ့ ကိုမိုးသီး သုံးသပ်ချက်
တွေ ဖေါ်ပြထားပါတယ် ၊ ယှဉ်သာ ဖတ်ကြည့်ကြပါတော့
ဘယ်ဟာ ဘိန်းမုန့် စားရသလို ၊ ပွတတ ၊ ဟာတာတာ ဆိုတာ
ကိုယ်တိုင် (ခံစား) ကြည့်ကြစေချင်တယ်

လူငယ်လေးတွေကို သင်္ခန်းစာ ယူစေချင်တာက 
လူတွေမှာ (ခံစားမှု) (emotion) နဲ့ (အသိဥါဏ်) (Capacity) ဆိုတာ ရှိပါတယ်
Capacity ဆိုတာ (ဘွဲ့) တခုထဲ နဲ့ မလုံလောက်ပါဖူး။ မပြည့်စုံပါဖူး
Life Experience လို့ခေါ်တဲ့ (ဘ၀) အတွေ့ အကြုံ တွေ လိုအပ်ပါတယ်
Book smart (အသိ) တစ်ခုထဲ နဲ့ မပြည့်စုံနိုင် street smart (အသိ) ပါလိုအပ်ပါတယ်။

လူပိန်း တွေ လုပ်လေ့ ရှိတဲ့ အတိုင်း အပေါ်ယံ ရှပ် မကြည့်ကြပါနဲ့
အလွှာ လိုက် ၊ အလွှာလိုက် ၊ နက်နက်နဲနဲ ကြည့်နိုင်ကြပါစေ။
နက်နက် ကြည့် ၊ ဝေေ၀းကြည် နိုင်ကြပါစေ
လိုအပ်မယ် ထင်ရင် ၊ မသေခြာရင် ၊ research လုပ်ကြည့်ကြပါဦး
အနဲဆုံး Google လုပ်ကြည့် နိုင်ကြပါတယ်။

စိတ်ထဲပေါ်ရာ ကို လွယ်လွယ် Conclusion မဆွဲလိုက်ကြပါနဲ့
အရေးအကြီးဆုံး က ပြဿနာ တစ်ခု ကိုကြည့်ရာမှာ
( ၃) ထပ် ကအမြင် နဲ့ (၁၀) ထပ် အမြင် မတူကြ ပါ
မိမိ အမြင် သာ အမှန် လို့ လှေနံထားထစ် တရားသေ မတွေးစေချင်ပါ။

ဘင်္ဂါလီ ပြဿနာ  
လောလောဆယ် ဘင်္ဂါလီ ပြဿနာ ကိုဆွေးနွေး ရာမှာ
စာရေးသူ လည်း တခါတရံ emotion ပါသွားတတ် ပါတယ်

အကြောင်း က မိမိကိုယ် မိမိ ပညာတတ် လို့ ယူဆ နေကြတဲ့
ပညာတတ် အများစု က ဘ၀င် လေးတွေ ဆွဲငြိ ပြီး
လူ့အခွင့်အရေး Human Rights ဖက်က ကြည့်ပြီး
ဘင်္ဂါလီ ကုလားတွေ ဖက်က ရှေ့နေ လိုက်ကြတယ်

မျိုးချစ် စိတ် (ပြ) ရင်ပဲ
နာဇီ တွေ ၊ မျက်ကန်းမျိုးချစ်တွေ ၊ အရိုင်း တွေ ဆိုပြီး စွပ်စွဲ ချင်ကြတယ်။

Social Liberalism ရဲ့ လွှမ်းမိုးမှု ကြောင့်
အရာရာကို Human Rights မျက်စိ နဲ့ ကြည့်ချင်ကြတယ်

ကိုမိုးသီး ငါးစာ ကို သာ မြင်မိပြိး
ငါးမြားချိပ် ကို မမြင်မိ သလို

တရုတ်ဖြူ (KMT) ကို လက်ခံ လိုက်ရင်
တရုတ်နီ တွေ လှမ့်ဝင်လာမဲ့ အန္တရယ် ကိုမမြင်သလို

ဘင်္ဂါလီ တွေကို Human Rights မျက်စိ နဲ့ကြည့်ပြီး
လက်ခံ လိုက်ရင် ၊ နောင် တချိန် မှာ
ဘင်္ဂါလီ တွေ ၀ါးမြို နိုင်တဲ့ အန္တရာယ် ကို မမြင်နိုင်ကြပဲ
လွယ်လွယ် တွေး ၊ လွယ်လွယ် ရေး ကြတယ် လို့ ခံစား ရတယ်

အမှန်ကဝေးဝေး မကြည့်တတ်ကြလို့ ရယ်ပါ။

ဒါကြောင့် … လွက်လွယ် တွေးတတ်တဲ့
စိတ်ကူးယဉ် သမား Utopia ဒါရိုက်တာ ရဲ့
(အင်ဒီရာ ဂန္ဒီ) အတွေးတွေ

ကိုမိုးသီး ရဲ့ (ဖလွပ်ရွှပ် အတွေး) တွေ ရဲ့ အတွေး ကြော မှာမြောပြီး
တိုင်းပြည် အမြိုခံ ရပြီး မှ (နောင်တ) ရရင် ပြန် မပြင်နိုင်တော့ဖူး

ဘင်္ဂါလီ ပြဿနာကိုဖြေရှင်းရာမှာ 
အဆင့် (၂) ဆင့် ခွဲမြင်စေချင်တယ်
ပထမ အဆင့် …. Illegal Immigration … မတရား ခိုးဝင်လာတဲ့ ပြဿနာ
                     ဒီ အဆင့် ကအရေးကြီးတယ်
                     ဒီအဆင့်မှာ နိုင်အောင်ကိုင်နိုင် ရမယ်
                     ဒီ အဆင့် ရဲ့ အဓိက Defence က
                             (၁) Sovereign Rights
                             (၂) Rule of Law  ပဲ

ဒီ (၂) ခု နဲ့ ဘင်္ဂါလီကုလားတွေ လှိမ့်ဝင်လာတာကို (တားဆီး) နိုင်ရမယ်
ဒီအဆင့်မှာ emotion ပြင်းထန်ပြီး ၊ ရိုက်တာ ပုတ်တာ ။ သတ်တာ ဖြတ်တာ ဖြစ်လာခဲ့ရင်
ဘင်္ဂါလီကုလားတွေ က ဖင်ပြဲ အောင် ကမ္ဘာပတ်ပြီး လှည့် ငိုပြကြလိမ့်မယ်
ဒါဆို ဗမာတွေ ရခိုင်တွေ ရှုံးတယ်
Sympathy က ကုလားတွေ ဖက်ရောက်သွားမယ်

ငြိမ်သွားမှ ဥပဒေ ထုတ်ပြီး ၊ Rule of Law နဲ့ ကိုင်ရမယ်။
ဒါကြောင့် ဖြစ်လာနိုင်တဲ့ အန္တရယ် ကိုမြင် တတ်ဖို့  ပဲ လိုတယ်

အန္တရယ် ကို (သိ) ပြီးရင် ၊ အသံ မထွက်ဖို့ လိုတယ်

ဒေါ်စု ပြောတဲ့ Rule of Law နဲ့  Illegal Immigration ဆိုတာကို ရှေ့တင်လာရင်
အမေရိကန်ရော ၊ Human Rights သမားတွေ ပါ ငြင်း လို့ မရပါဖူး

ဘင်္ဂါလီ တွေ Autonomous Region or State မတောင်းနိုင်အောင်
ဥပဒေ နဲ့ တားဖို့ လိုတယ်။

ဘင်္ဂါလီ ကုလားပြဿနာ ကို ကိုင်တွယ်ရာမှာ  
ဥါဏ် ရှိဖို့ လိုအပ်ပါတယ်။

သိမ်သိမ်မွေ့မွေ့ ကိုင်တတ်ကြဖို့ လိုပါတယ်။
သမ္မတကြီး ဦးသိန်းစိန် တို့ ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ အဆင့်မှာ

စိတ်လိုက်မာန်ပါ လုပ်၍ မရပါ
တာဝန်ယူရတဲ့ အဆင့် ရောက်ရင် ၊ ဆဲ လို့ ဆို လို့ မရတော့ပါ
ရာဇ ပရိရာယ် ဆိုတာ ပါလာပါတယ်

ဦးသိန်းစိန် နဲ့ ဒေါ်စု တို့ကို နားလည်ပေးစေချင် ပါတယ် 

ရခိုင်မျိုးချစ် နဲ့ တိုင်းပြည် မျိုးချစ် တွေကို တောင်းပန်ချင် တာရှိပါတယ်

စိတ်အလို မလိုက်ကြနဲ့ …
Emotional မဖြစ်ကြပါ နဲ့
အထူးသဖြင့် သတ်တာ ဖြတ်တာတွေ မဖြစ်ရအောင် ၀ိုင်းထိန်းပေးကြပါ။
ရခိုင်တွေ ဘင်္ဂါလီ တွေကို ဆန့်ကျင်ရုံ နဲ့ မလုံလောက်
ရေရှည် ဗျူဟာ နဲ့ Stand ရှိဖို့လိုပါတယ်

သစ္စာဖေါက် 
ခေတ်အဆက်ဆက် သစ္စာဖေါက် ဆိုတာ ရှိကြတာပဲ
ကုလားငဇင်ကာ ဒီဖရစ်တို ကို သစ္စာခံပြီး
တိုင်းပြည် နဲ့ လူမျိုးကို သစ္စာဖေါက် ခဲ့တဲ့
နတ်သျှင်နောင် ကို ဒို့ဗမာ တွေ ကားစင်တင်ပြီး
စအို မှာ သပ်လျှိုပြီး ကြပ်ကင် ခဲ့ကြတယ် မဟုတ်လား (မှတ်မိသလောက်)

ပါလက်စတိုင်း တွေ သစ္စာဖေါက်တွေကို သတ်ပြီး
မော်တော်ဆိုင်ကယ် နဲ့ လှည့်ပတ်ပြခဲ့ကြတယ် မဟုတ်လား

စာရေးသူ ရဲ့ မိတ်ဆွေကြီး လည်း
Long Live Rohingyar အော် အော် နေတဲ့
မျောက်သစ်ကိုင်း လွပ် ဖြစ်ခဲ့ရတဲ့ ၊ ဘင်္ဂါလီကြေးစားလို
မျောက်ကြီး ဖင်ခေါင်းကျယ် မဖြစ်သွား ပါစေနဲ့
သစ္စာဖေါက် အဖြစ် ဘ၀ မဆုံးပါစေ နဲ့လို့ ဆုတောင်းရုံက ပို မတတ်နိုင်ပါ
လူတိုင်း ကိုယ့် ရာဇ၀င် ကို ကိုယ် ကိုယ်တိုင် ရေးရတာပဲ

ကုလားဆိုရာမှာ 
မြန်မာနိုင်ငံ မှာ တရားဝင် သတ်မှတ်ထားတဲ့
ကုလား (၄) မျိုးရှိပါတယ်။ (စာရေသူ နားလည်သလောက်)
(၁) ဘင်္ဂါလီ ကုလား
(၂) ဟိန္ဒူ ကုလား
(၃) ဘောင်းထုပ် နဲ့ Singh ကုလား
(၄) ဂေါ်ရဂါး ကုလား

စာရေးသူ က ကုလား လို့ဆိုရာမှာ ၊ ဘင်္ဂါလီကုလား လို့ နားလည်ပေးပါ

ကျန်တဲ့ ကုလား တွေဟာ မြန်မာနိုင်ငံ ကို ဒုက္ခ မပေးကြပါ။

တခါတခါ …. စာရေးသူ လည်း ခံစားမှု နောက် လိုက်တာ ရှိပါတယ်။
တိုင်းပြည် အပေါ် ကျရောက်နိုင်တဲ့ အန္တရယ်ကို မြင် နေရတဲ့ အတွက်
အစိုးရိမ် လွန်တာတွေ့ ရှိတတ်ပါတယ်

စာရှု သူများ နားလည်ပေးစေချင်ပါတယ်

ထပ်ပြော ..ပါရစေ.
ဘင်္ဂါလီ ကိစ္စ ၊ ကမ္ဘာမှာ (သတင်း) မဖြစ်အောင် စိတ်ထိန်းကြစေချင်ပါတယ်

ဘင်္ဂါလီ ပြဿနာ ကို Illegal Immigration အဖြစ်
Rule of Law နဲ့ ဥပဒေ နဲ့ ကိုင် ရပါမယ်။

ဒေါ်စု က (ဟီးရိုး) နိုင်ငံရေးတဲ့
စာရေးသူ က တော့ (ပေါ်ပြူလာ) နိုင်ငံရေး လို့ခေါ်ချင်ပါတယ်

ဘာဘူကြီး နဲ့ အရာကြီး အတူတူလို့ ပဲ ထင်ပါတယ်။

ကိုမိုးသီး ရဲ့ အိုဘားမားကို ထောက်ခံစေချင်တဲ့
စေတနာ ကို အပြစ်ပြော လို့ မရ ပါ။

ဦးနု ကို ဥပမာပေး ၊  ဝေဖန်သုံးသပ်ရာ မှာသာ
သတိ စေချင်တာကို စာဖတ်သူများ နားလည်ပေးပါ။

လူငယ်လေးတွေ အမြင်တိုး ၊ သတိရှိ
တိုင်းပြည်ချစ်တတ် ကြပါစေ

သစ္စာဖေါက် တွေ ကျဆုံးပါစေသား

ဘိုဘိုကျော်ငြိမ်း
ခေတ္တ ဇင်းမယ်
နိုင်ဝင်ဘာလ ၂၆ ရက် ၂၀၁၂
*******************
စာအုပ် အညွှန်း နှင့် မှတ်ချက်
မကြာခင်သေး တဲ့ ရက်ပိုင်းတွေက လူငယ်တစ်ယောက် က ဦးနု ဟာ အမေရိကန် ရော တရုတ် ကိုပါပေါင်းတယ်။ ဒါကြောင့် နှစ်ဖက်ချွန် ဆိုတာပြီး ဝေဖန်လာတယ်။ ၀န်ကြီးချုပ်ဆိုတာ နိုင်ငံတိုင်းနဲ့ တဲ့ အောင်ပေါင်းသင့်တယ်။ ဒါ သူ့ အလုပ် လို့ တိုတိုပဲ ပြန်ပြောမိတယ်။
လူငယ်လေးတွေ ဦးနု ကို အသေအချာ မလေ့လာ ပဲ ဝေဖန်တာ စိတ်မကောင်းဖြစ်မိတယ်။
ဦးနု မှာ မှားခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြီးရင် မြန်မာနိုင်ငံ ရဲ့ လွပ်လပ်ရေး တိုက်ပွဲ မှာ ဦးနု ဟာ အရေးအပါ ဆုံး ခေါင်းဆောင်ပဲ။ သူ့ကျေးဇူးတွေ ကို မမေ့စေချင်ပါ။
ဖဆပလ ကွဲတာ အဓိက က ဦးကျော်ငြိမ်း နဲ့ ဦးနု ကွဲတာပဲ။ ဒါ အာဏါကြောင့်။ (ဦးကျော်ငြိမ်း နဲ့ ဦးနု) ဆောင်းပါး  မှာရေး ပြပြီးပါပြီ။ ဒါပေမဲ့ ဦးနု နဲ့ ဦးကျော်ငြိမ်း အခင်အမင် မပျက်။ အပြန်အလှန်လေးစားမှု မပျက် ခဲ့ကြပါ။ ဦးကျော်ငြိမ်း က ဦးနု ကို အကိုကြီး တစ်ယောက်လို သေတဲ့အထိ ချစ်ခင်လျှက်ပါ။ ထို့နည်း တူ  ဦးနု က ဦးကျော်ငြိမ်း ကို ညီငယ်တစ်ယောက် လို ချစ်ခဲ့ပါတယ်။
လူငယ်လေးတွေကို ဦးနု အကြောင်း လေးလေးနက်နက် လေ့လာပြီ မှ ဝေဖန်ကြပါ လို့ဆိုချင်ပါတယ်။ ဦးနု မှာ အတုယူစရာ ခေါင်းဆောင် ကောင်းအရေအချင်း တွေ အများကြီး ရှိလို့ပါ
ဦးနု အကြောင်း လေ့လာချင်ရင်
(1)  U Nu of Burma by Richard Butwell
(2)  The Union of Burma by Hugh Tinker
(3)  Breakthrough in Burma by Dr Ba Maw
(4)  တာတေစနေသား (ဦးနု)
(5)  (၅) နှစ် ရာသီ ဗမာပြည် - (ဦးနု)
(6)  ကျော်ငြိမ်း - ဦးသိန်းဖေ(့မြင့်)
တို့ကို အနဲဆုံး အရင် ဖတ်ကြည့်စေချင်တယ်။
************************

Moethee Zun

ဦးနုအမှားမျိုး ဦးသိန်းစိန် မလုပ်မိဖို့ 

အမေရိကန် သမတ တဦးမြန်မာ ပြည်ကိုသွားရောက်လည်တာဟာ အေဒီ ၁၀၄၄ ခုနစ် ပထမ မြန်မာနိင်ငံကိုစတင်တည်ထောင်ကတည်းက ဒါဟာ မြန်မာသမိုင်းမှာ ဒါဟာပထမဆုံးဖြစ်ပါတယ်။

သမိုင်းအဆက်ဆက် မြန်မာနိင်ငံရေး အခွင့်ထူးခံများ (Myanmar Elite ) များက အမေရိကန် ဆိုတာ သူရဲသဘက်တကောင်လို ၊ ဂုတ်သွေ

းစုတ် အရင်းရှင်နယ်ချဲ့ များသဖွယ် လူထုကို အဆက်မပြတ် မှိုင်းတိုက်ခဲ့ကြတယ်။ သို့ ရာတွင် အဆိုပါ အုပ်စိုးသူများ သူတို့ သားသမီးများဟာ
အမေရိကန် နိင်ငံမှာ အခွင့်အရေးများ ရယူခဲ့ကြပါတယ်။
လူထုတွေကိုတော့အမေရိကန် မကောင်းကြောင်းပြောပြီး သူတို့ ကကြတော့
အမေရိကန် ကိုသွားကြတာဟာ မကောင်းပါ။
အမေရိကန် နိင်ငံဟာ Perfect Nation မဟုတ်ပါ။ ခြောက်ပြစ်ကင်းသဲလင်းစင်နိင်ငံတော့မဟုတ်ပါ။ ဒါပေမဲ့
ကမ္ဘာပေါ်မှာအမေရိကန် ဟာ မြန်မာ လူမျိုးတွေအတွက် အကူညီဆုံးနိင်ငံ
ဖြစ်နေတယ်။ အမေရိကန် ဟာ နိင်ငံရေး၊စီးပွားရေး၊ပညားရေး နဲ့ အနုပညာ
တွေမှာအအောင်မြင်ဆုံးနိင်ငံတခုဖြစ်နေပါတယ်။
ကျနော်တို့ လေ့လာစရာတွေမကုန်နိင်အောင်ရှိနေတဲ့နိင်ငံကြီးတခုဖြစ်ပါတယ်။

၁၉ ၈၈ ခုနစ်အရေးတော်ပုံကြီး ပြီးနောက်ပိုင်း ၈၈ ကျောင်းသားများရဲ့ ကျေးဇူးကြောင့် ဆင်းရဲသားလူတန်းစားပေါင်းစုံ တို့ ဟာ အမေရိကန် နိင်ငံကိုဒုက္ခသည်အဖြစ်ပြောင်းရွှေ့ နေထိုင်ခွင့်ရခဲ့ကြပြီး ကောင်းမွန် တဲ့ဘ၀တွေကိုတည်ဆောက်ခွင့်ကမ္ဘာကြီးရဲ့ အပြောင်းလဲတွေကို မြင်ခွင့်လေ့လာခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

အမေရိကန် သမတအိုဘားမားကိုလှည်းနေလှေအောင်းမြင်းဇောင်းပါမကျန်
သွားရောက်ကြိုဆိုကြဖို့ တိုက်တွန်းလိုပါတယ်။

+

အမေရိကန် သမတ မြန်မာပြည်ကိုသွားတာဟာ အစိုးရအတွက်ရော
ပြည်သူအတွက်ပါကောင်းတယ်။

ဦးနု အမှားကိုရှောင်

၁၉ ၅၀ ၉၀န်းကျင်က အမေရိကန်
ဒုတိယသမတ နစ်ဆင်မြန်မာပြည်ကို လာလည်ခဲ့ဘူးတယ်။ တရုပ်နီအစိုးရ ( ကွန်မြူနစ်) အာဏာရသွားတဲ့အခါမှာ တရုပ်ဖြူ ( ဒီမိုကရက်) တွေကို
အကူညီပေးခြင်တယ်။ တရုပ်ဖြူက မြန်မာနယ်ထဲကိုတပ်ဆုတ်လာတယ်။
မြန်မာကိုခြေကုတ်ယူပြီး တရုပ်ဖြူကို ပြန်တိုက်နိင်ဖို့ လိုတယ်လို့ အမေရိကန်
ခေါင်းဆောင်တွေစဉ်းစားတယ်။ အပြန်အလှန်အားဖြင့်အမေရိကန် က
မြန်မာ ပြည်ကကိုနည်းပညာနဲ့ ကုန်သွယ်ရေးအခွင့်အလန်းတွေကူညီမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒါကို နစ်ဆင်ကဦးနုကိုလာဆွေးနွေးတာဖြစ်ပါတယ်။ ဒါကို ဦးနုက
တရုပ်ဖြူကို မျက်နှာသာပေးခဲ့တယ်။ အမေရိကန်ရဲ့  ကမ်းလှမ်းချက်ကိုပယ်ချခဲ့တယ်။ အမေရိကန် က ထိုင်းဖက်ကို လှည့်သွားခဲ့တယ်။ ထိုင်းကလက်ခံခဲ့တယ်။ ထိုင်းက အမေရိကန် နဲ့ဆက်ဆံရေးပိုနီးစပ်သွားတယ်။

တရုပ်နီကိုပိုအားကိုးတဲ့ ဦးနုအစိုးရကို အမေရိကန် က ပညာပေးခဲ့ပါတယ်။
ဒါကတော့ မြန်မာ ပြည်က အမေရိကန်ဈေးကွက်မှာ တင်ပို့ နေတဲ့ဆန်တွေကို ရပ်ဆိုင်းလိုက်တယ်။ ထိုင်းကို ပေးလိုက်ပါတယ်။
ကနေ့ ကျနော်တို့ အမေရိကန် ဆန်ဈေးကွက်မှာထိုင်းဆန်ကဘယ်လောက်လွမ်းမိုးထားသလဲဆိုတာ
အမေရိကန် ရောက်မြန်မာတိုင်းသိပါတယ်။

၁၉ ၄၂ ခုနစ်လောက်ကတည်း မြန်မာဆန်ဟာ အမေရိကန် ဈေးကွက်ိုလွမ်မိုးထားခဲ့တာပါ။ အမေရိကန် ဆန်ဈေးကွက်ကနေ မြန်မာ ရောင်းချခွင့်မရခဲ့တဲ့အတွက်ထိုင်းနိင်ငံက အကျိုးရှိသွားတာဖြစ်ပါတယ်။

ဦးနုဒီလိုဘာကြောင့်ဆုံးဖြတ်သလဲ အဖြေကရှင်းတယ်။ မြန်မာခေါင်းဆောင်ေ တွက Idealism သိပ်ဖြစ်လွန်းတယ်။ မြန်မာခေါင်းဆောင်တွေက တရုပ်နဲ့တွေရင် သမိုင်းတူတယ်။ ယဉ်ကျေးမှုတူတယ်နဲ့အမျိုးစပ်လေ့ရှိတယ်။
လူဖြူတွေကို မုန်းကြတယ်။ တကယ်က ဒီခေါင်းဆောင်တွေမှာ စိတ်ပညာအရပြောရရင် သိပ်ငယ်စိတ်ဝင်တာပါ။ (Inferiority Complex )
လူဖြူကြောက်ရောဂါ ၀င်နေတာပါ။ ဒီကြောက်စိတ်ကို သူတို့ က အမျိုးသားရေးဆိုတာနဲ့ဖုံးကွယ်တာပါ။ မြန်မာ အီလိဒ် တွေမှာ ဒီကြောက်စိတ်ရှိတယ်။ လူထုမှာမရှိဘူး။

ဦးနုဟာ အာဏာလမ်းကြောင်းကနေ အဆုံးသတ်သွားရတာဟာ
ဦးနေ၀င်းအာဏာသိမ်းလို့  လို့ ယျေဘူယျပြောလို့ရတယ်။
ဒါပေမဲ့ ဦးနုနိင်ငံရေးအာဏာက နိဂုံးချုပ်ရတာဟာ ၁၉ ၅၀ ၀န်းကျင်က အမေရိကန် ဒုတိယသမတ မြန်မာပြည်လာစဉ်က မဟာမိတ်ကောင်းမွန်စွာ
မဖွဲ့ စည်းနိင်လိုက်တာဟာအဓိကအမှားဖြစ်တယ်။

(အရောင်းအ၀ယ်- Trade )

အခု အိုဘားမားပြန်မာပြည်လာတာဟာ နှစ်ဦးနှစ်ဖက် လိုခြင်တာတွေရှိနေပါတယ်။

အမေရိကန် က မြန်မာပြည်က ဘာကိုလိုခြင်သလဲ
မြန်မာက အမေရိကန် စီက ဘာလိုခြင်သလဲ ။
လိုခြင်တာကို Trade လုပ်ရမဲ့အချိန်ဖြစ်ပါတယ်။

အမေရိကန်တွေက မြန်မာ အစိုးရဆီကလိုခြင်တဲ့အရာက
၂၀၀၈ အခြေခံဥပဒေပြောင်းဖို့ ၊ ဒေါ်စုကိုအာဏာလွဲဖို့ မလွဲဖို့ မဟုတ်ပါဘူး။
အနည်းဆုံးသူတို့ လိုခြင်တာက Social Justice ၊ Social Equality and Social Responsible ဖြစ်ပါတယ်။

ဦးသိန်းစိန်က ဘာလိုခြင်သလဲ။ သူဘဲသိမယ်။ ဦးသိန်းစိန်အကြံပေးတွေကရောဘာလိုခြင်သလဲ။
သူတို့ ပဲသိမယ်။

အတုလော၊အစစ်လော။
(Fake or Authentic)

ဦးသိန်းစိန် ဟာ ဒီအချိန်ဟာ အကောင်းဆုံး လုပ်ပြဖို့ အချိန်ဖြစ်တယ်။
လောလောဆယ်မှာတော့ အိုဘားမားလာတာဟာ ဒီနေ့  မြန်မာပြည်ဟာ အပြောင်းလဲတွေဟာ တကယ်လား၊ ဟန်ဆောင်နေတာလား။ အစစ်လား၊အတုလားဆိုတာကို လာကြည့်တာပါ။ တပိုင်းမှာလဲ ဦးသိန်းစိန် အစိုးရအနေနဲ့  လွန်ခဲ့တဲ့ ၁နှစ်လောက်က အပြောင်းလဲတွေကို အမှတ်ပေးတဲ့သဘောလဲရှိပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်သမတာ ဟာသင်္ကာမကင်ဖြစ်နေပုံရသေးတယ်။

ဒါကတော့တွက်ရလို့ ရပါတယ်။

တစ်။ နေပြည်တော်ကိုမသွားတာ။ ရန်ကုန် မှာပဲနေပြီး နေခြင်းပြန်တာ။
နှစ်။ ရန်ကုန်တက္ကသိုလ်မှာ သွားပြီးစကားပြောတာ။ ရန်ကုန်တက္ကသိုလ်ဆိုတာက တော်လှန်းရေးတို့ ရဲ့ မွေးသမိခင်ကြီး ( Mother of All Revolution ) သမတက ရန်ကုန်တက္ကသိုလ်ကိုသွားတယ်ဆိုတာက မြန်မာပြည်ရဲ့ အပြောင်းလဲကို အသိမှတ်ပြုခဲ့တယ်ဆိုတာကို ပြသနေကိုး။

အချိန် ( Time)

အမေရိကန် သမတ လာတော့ အမေရိကန် တွေစိတ်နေစိတ်ထားကို
သိထားဖို့ လိုပါတယ်။ အမေရိကန် တွေဟာ ဘောလုံးပွဲ ( Football ) ကိုမကြိုက်ဘူး။ မကြည့်ဘူး။ မသိဘူး။ အိုလံပစ်မှာသူတို့ အသင်းနိင်သလား
ရှုံးသလား၊ သွားကန် သလား သွားမကန် ဘူးလားသူတို့ မသိဘူး။ ဒါပေသိ
အမေရိကန် တွေဟာ ဘစ်စကက်ဘောလ်ကို သိပ်ကြိုက်တယ်။
ဘာကြောင့် လဲ ။ ဘောလုံးဟာဂိုးတဂိုးရဖို့ သိပ်ကြာတယ်။
ဘစ်စကက်ဘောဟာ ဂိုးရဖို့ သိပ်မြန်တယ်။ ဘောလုံးက တပွဲမှာ ဂိုးအရေတွက်ဟာ အလွန်ဆုံးမှာ ၆ ဂိုး ၇ ဂိုးပေါ့။ ဘစ်စကက်ဘောက ဂိုးအရေအတွက် ၄၀ ကျော် ၅၀ ရကြတယ်။

ဒီတော့ အမေရိကန် တွေဟာ မြန်တာကိုကြိုက်တယ်။ များများရတာကိုကြိုက်တယ်။ ကလေးဆန်တယ်လို့ ခင်ဗျားပြောလို့ ရပါတယ်။
အမေရိကန်တွေဟာ ကလေးတော့ကလေး ဒါပမဲ့ ဧရာမ ကလေးကြီးဖြစ်နေတယ်။ ကိုယ်ကိုဒုက္ခကောင်းကောင်းပေးနိင်တဲ့ချာတိတ်ကြီးဖြစ်နေတယ်။ သတိထားရမယ်။

ဒါကြောင့်မြန်မာပြည်က အပြောင်းလဲကိုအချိန်ဆွဲနေတာကို သိပ်မကြိုက်ဘူး။
အချိန်မဆွဲ နဲ့  မြန်မြန်ပြောင်းနိင်လေ ဦးသိန်းစိန်အမှတ်ရလေ။
လူထု တွေအတွက်ကောင်းလေးပဲလို့ အကြံပေးချင်တယ်။

အမေကယ်ပါ
အဘကယ်ပါ။

အမေရိကန် တွေဟာ အကြပ်ရိုက်နေပြီ။ ဗိုက်နာနေတယ်။ စီးပွားပျက်နေတယ်။ တရုပ် နဲ့အမေရိကန်ကိုလဲ ချိန်ခွင်ညှာညိထားလိုက်မယ်
စတဲ့ စဉ်းစားချက်တွေကလဲ အမေရိကန်အတွက် မထိခိုက်နိင်ပါဘူး။ ဒီလိုစဉ်းစားလိုက်ရင်တော့ ကိုယ်အတွက်ပဲထိခိုက်နိင်တယ်။
ဒါတွေက သူပြသနာ။ သူပြသာနာကိုသူရှင်းနိင်တယ်။ ရှင်းနိင်တဲ့အနေထားသူမှာရှိနေတယ်။ ဘာဖြစ်လိုလဲဆိုတော့တရုပ်ကို ရင်ဆိုင်ဖို့ အမေရိကန်ဟာ အရှေ့ အာရှ တခုလုံးသူအိပ်ထဲမှာရှိနေတယ်။
တရုပ်ကို ၀င်ဖို့ လက်တကမ်းအတွင်းမှာရှိတယ်။ လီဒိုလမ်းမထက်တရုပ်ရဲ့မဟာဗျုဟာတွေကိုထိမ်းချုပ်နိင်တဲ့လမ်းကြောင်းတွေသူမှာရှိနေတယ်။ တရုပ်အသက်သွေးကြောဖြစ်တဲ့စွမ်းအင်ကိုထိမ်းချုပ်နိင်ဖို့
အရှေ့ အလယ်ပိုင်းဟာသူလက်ထဲမှာပဲဖြစ်နေတယ်။

အမေရိကန် သမတရွေးကောက်ပွဲမှာ သမတလောင်းနှစ်ဦးစလုံးက
အမေရိကန် တွေကိုအန္တရယ်ပေးနိင်တဲ့သူဟာ ဘယ်သူတွေလဲလို့ 
တွက်ထားကြတယ်။ အိုဘားမားကရုရှားလို့ မြင်တယ်။ မစ်ရောနီက နယူးကလီးယားအီရန်လို့ တွက်တယ်။ ဒါကြောင့် အမေရိကန်အတွက် တရုပ်ဟာ မမှုလောက်သေးဘူးလို့ ယူဆလို့ ရတယ်။

ကမ္ဘာဆူပါပါတွေဟာချန်ပီယံရွှေခါပတ်ကိုအနည်းဆုံးနှစ်ပေါင်း ၂၀၀ ကျော်ထိမ်းသိမ်းသွားကြတဲ့သမိုင်းကြောင်းရှိတယ်။ ( ရောမ၊မွန်ဂို၊အော်တိုမန်၊ ဗြတိသျ အင်ပါယာ) ။ အမေရိကန် ကမ္ဘာချန်ပီယံရွှေခါးပတ်ကို ရထားတာ ၂၄ နှစ်မျှသာရှိသေးတယ်။
ဟုတ်ပါတယ်။ အမေရိကန် စီးပွားရေးဟာ Recession ထဲရောက်နေတယ်။
ဒါပေမဲ့ ဒါဟာအမေရိကန် အတွက် ဘာမှာမဖြစ်နိင်သေးဘူး။ သူပြသနာတွေ
သူရှင်းနိင်စွမ်းရှိနေတယ်။

ကိုယ် က ကိုယ်ပြသနာကိုကိုယ်ဖါသာကိုယ်မရှင်းနိင်ဘူး။ အမေကယ်ပါ၊အဘကယ်ပါ အခြေအနေမှာရှိတယ်။

သားရွှေအိုထမ်း

တစ်။ ဦးသိန်းစိန်ဟာ ဦးနု ၊ ဦးနေ၀င်းနဲ့ဦးသန်းရွှေအမှားမျိုး မလုပ်ဖို့ ။

နှစ်။ အမေရိကန် နဲ့  နိင်ငံရေး၊စီးပွားရေး နဲ့ ဒေသဆိုင်ရာလုံခြုံရေးတွေမှာပူးပေါင်းဆောင်ရွက် ဖို့  ပါပဲ။
သုံး ။ ဦးသိန်းစိန် အနေနဲ့ ဦးနုလိုအမှားမျိုး ထပ်မလုပ်မိဖို့ ။

ဦးသိန်းစိန်အတွက် သားရွှေအိုထမ်း တဲ့ကိန်း ဆိုက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...