Friday, November 30, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၁)


သစ်ထူးလွင်


Posted: 30 Nov 2012 06:58 AM PST
လက်ပန်းတောင်းတောင် သပိတ်စခန်းကို အင်အားသုံး အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အပေါ် မန္တလေးမြို့ သံဃာတော်တွေက  အိမ်တော်ရာ ဘုရားဝင်းအတွင်းမှာ ဒီနေ့ကစပြီး ထိုင်သပိတ်  ကန့်ကွက်ရှုတ်ချနေပါတယ်။ မန္တလေးမြို့က သံဃာတော် အပါး ၁၀၀ နဲ့ လူပရိသတ် ၁၀၀ နီးပါးလောက်က အိမ်တော်ရာဝန်းထဲမှာ ဒီနေ့မွန်းလွဲပိုင်းကစပြီး  ထိုင်သပိတ်လုပ်ပြီး ကန့်ကွက်ရှုတ်ချနေတာပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေးသံဃာများ ထိုင်သပိတ် ဆန္ဒဖော်ထုတ် နေကြစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)



Posted: 30 Nov 2012 06:51 AM PST
လာဘ်ပေး လာဘ်ယူမှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ အထောက်အထား အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ဒီနေ့ နိုင်ငံပိုင် သတင်းစာတွေကနေ သတင်း ထုတ်ပြန် လိုက်ပါတယ်။

ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အစိုးရရုံးဌာနတွေမှာ ငွေကြေး ဒါမှမဟုတ် ပစ္စည်း တောင်းဆိုပေးကမ်းမှုတွေ ရှိနေဆဲဖြစ်ပြီး ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ လက်ခံလို့မရတဲ့ ဆိုးဝါးတဲ့ အကျင့်စရိုက်တွေဖြစ်ပြီး  တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် တိုက်ဖျက်အရေးယူ ဆောင်ရွက်သွားရမယ်လို့ ဖော်ပြပါတယ်။

လာဘ်စားမှုတွေကို ပြည်သူတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး၊ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်နဲ့ ဖက်စ်နံပါတ်တွေလည်း သတင်းစာမှာ ဖော်ပြထားပါတယ်။

တိုင်ကြားလိုသူတွေအနေနဲ့ ဘယ်လို အချက်အလက် အထောက်အထားတွေ တင်ပြတိုင်ကြားရမှာလဲလို့ ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီအတွက် အသေးစိတ်ထုတ်ပြန်ဖို့ ပြင်ဆင်နေတုန်းပဲလို့  ပြည်ထဲရေး ၀န်ကြီးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်းကြေညာချက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားလို့ ရ မရ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဘယ်အချက်တွေကို တိုင်ကြားချင်တယ်ဆိုရင် အချက်အလက်တွေရေးလိုက်ပါ။ ပြီးရင် ဖက်စ်နံပါတ်ပေးပါမယ်၊ ဖက်စ်ထိုးပေးလိုက်ပါ။ စစ်ဆေးပြီးရင် အခြေအနေကို ပြန်ကြားပေးပါမယ်။”

တိုင်ကြားသူရဲ့ လုံခြုံရေးအတွက် စီမံထားမှု အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“တိုင်တဲ့သူကိုလည်း ဖော်ထုတ်မှာ မဟုတ်ဘူး။ ဒီလူကတိုင်ပါတယ်လို့လည်း ပြောမှာမဟုတ်ပါဘူး။ မှန်တယ်ဆိုရင် စိစစ်ဖော်ထုတ်မယ်၊ သက်ဆိုင်ရာ ဌာနကို အကြောင်းကြားပြီးတော့ အရေးယူဖို့လုပ်မယ်။ လိုအပ်ရင် အထက်ဌာနကို တင်ပြမယ်။ ဘယ်သူတိုင်တယ်ဆိုတာကိုတော့ ဖော်ထုတ်ဖို့ မရှိပါဘူး။”

လာဘ်ပေးလာဘ်ယူမှုတွေကို အခုလို ၀န်ကြီးဌာနတခုတည်းက အရေးယူဆောင်ရွက်ရုံနဲ့ လုံလောက်မှု ရှိမရှိ၊ တိုင်ကြားသူတွေအတွက် ဥပဒေအရ ဘယ်လိုအကာအကွယ်ပေး ဆောင်ရွက်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေနေ့ ဦးကိုနီက အခုလို ပြောပါတယ်။

“ပြည်ထဲရေး ၀န်ကြီးဌာနက လာဘ်လာဘ်ယူကိစ္စတွေကို ဖော်ထုတ်အရေးယူပေးဖို့ တာဝန်ရှိတယ်။ တချိန်တည်းမှာ မှန်မှန်ကန်ကန် သတင်းပေးသူတွေကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေး အာဏာပိုင်ဆိုတာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ အေးချမ်းသာယာရေးကို တာဝန်ယူရတဲ့ အဖွဲ့ဖြစ်တယ်။ လာဘ်ပေးလာဘ်ယူဆိုတာ ဥပဒေချိုးဖောက်တဲ့ ကိစ္စ၊ လာဘ်ပေးလာဘ်ယူမှုကို မဖြစ်အောင် ဟန့်တားဖို့ရော၊ အကာအကွယ်ပေးဖို့ရော ဒါဟာ သူတို့ လုပ်ရမယ့် တာဝန်ပဲ။ တကယ် ထိထိရောက်ရောက် အလုပ်လုပ်တာကို လိုချင်ပါတယ်၊ ထိထိရောက်ရောက်လည်း အရေးယူပေးပါ။ တိုင်တဲ့သူကိုလည်း ကာကွယ်ပေးပါ။ အဲလိုမဟုတ်ဘဲ အပြောပဲ ပြောနေမယ်ဆိုရင် ဒီကိစ္စက တော်တော်တော့ ပြောဖို့ခက်ပါတယ်။ လာဘ်ပေးလာဘ်ယူ အများဆုံးလုပ်နေတာက ဘယ်အ၀န်းအ၀ိုင်းလဲဆိုတာ မေးလိုက်ရင်ကို အဖြေကပေါ်နေပါပြီ။ ဒါက ဆက်စပ်မှုရှိနေပါတယ်။ ဆိုပါတော့. အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းတွေ၊ တရားရေးဆိုင်ရာ ၀န်ထမ်းတွေ၊ လာဘ်စားလို့ရတဲ့နေရာမှာ ရှိနေတဲ့သူတွေ။ တချိန်တည်းမှာ အရေးယူရမယ့်သူတွေကလည်း သူတို့ပဲဖြစ်နေတယ်လေ။ အုပ်ချုပ်ရေးဝန်ထမ်းဆိုတာ အများကြီး. စည်ပင်ရှိမယ်၊ ရဲတပ်ဖွဲ့ရှိမယ်၊ လူဝင်မှုကြီးကြပ်ရေး ရှိမယ်ဗျာ။ နေရာတိုင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို လာဘ်ငွေယူပြီး တလွဲသုံးနိုင်တာပဲ။ ဒါကြောင့် လာဘ်ပေးလာဘ်ယူကိစ္စဟာ တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်လုပ်ရမယ်။ မူဝါဒတွေ ကောင်းကောင်းချမှတ်ပြီး လုပ်ရမယ်။ ဘက်ပေါင်းစုံ တရားရေးနဲ့ အုပ်ချုပ်ရေးပူးပေါင်းပြီး လုပ်ရမယ်။ အဓိကက ထိပ်ပိုင်းက မူဝါဒချမှတ်ပေးသူတွေ ကောင်းကောင်းမွန်မွန် မူဝါဒချမှတ်ပေးပြီး သူတို့ချမှတ်ပေးတဲ့ မူဝါဒ စည်းကမ်းတွေကိုလည်း တိတိကျကျ အောက်လူတွေ လိုက်နာအောင်၊ အပေါ်က ဥပဒေလုပ်ပေးလိုက်မယ်. အောက်ကလူတွေ လိုက်နာတာ မလိုက်နာတာ သူတို့ကိစ္စဆိုပြီးထားမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ ဖြစ်လာမှာမဟုတ်ဘူး။”

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ကတော့ အခုလို လာဘ်ပေးလာဘ်ယူကိစ္စ တိုင်ကြားချက်တွေကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက လက်ခံဆောင်ရွက်ပေးနေတာလို့ တာဝန်ရှိသူက ပြောပါတယ်။

ခေတ်ကာလအချိန်နဲ့ လိုက်လျောညီထွေရှိပြီး နိုင်ငံတကာစံနဲ့ ကိုက်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ လွှတ်တော်မှာရေးဆွဲနေပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းအောင် ဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ အကူအညီ ရယူဖို့ အထူးလိုအပ်တယ်လို့ ပြည်ထဲရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို စောင့်ကြည့်လေ့လာတဲ့   နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transpararency International ကတော့ မြန်မာ၊ မြောက်ကိုရီးယား၊ ဆိုမားလီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို လာဘ်စားမှု အဆိုးရွားဆုံးတိုင်းပြည် တွေအဖြစ် နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

by ရွှေအောင် (ဒီဗွီဘီ)




Posted: 30 Nov 2012 06:48 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့ ၀င်းယူနတီ ဟော်တယ်၌ လက်ပံတောင်းတောင် အရေး သက်ဆိုင် ရာ ဒေသခံများ ၊ တာဝန်ရှိဒေသ အာဏာပိုင်များနှင့် တွေ့ဆုံပြီးတွင် မီဒီယာ များ နှင့်တွေ့ ဆုံကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြု လုပ်ခဲ့ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ ပြန်လည်ထွက်ခွာစဉ် ပြည်သူ များ နှုတ်ဆက်နေစဉ် ။



Posted: 30 Nov 2012 06:10 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၃၀။

လက်ပန်တာင်းတောင် ကြေးနီ စီမံကိန်းအား ရပ်တန့်ပေးရန် တောင်းဆိုမှု များကြောင့် ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ဒဏ်ရာရအောင် ပြုလုပ်ခြင်း စသည့် ကိစ္စများအား နိုင်ငံတော် သမ္မတကြီးမှ တာဝန်ယူ မဖြေရှင်းပါက လက်ရှိ ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုမှု ကို ရန်ကုန်မြို့ (၅၁) လမ်းရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ရုံးရှေ့တွင် မကွေးကျောင်းတိုက် ဆရာတော် ဦးဝါယမမှ ဦးဆောင်၍ နေ့ညနေ လေးနာရီခွဲခန့်၌ ပြုလုပ်ခဲ့ကြသည်။

၎င်းတို့၏ တောင်းဆိုချက်များတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချက်ချင်းရပ်တန့်ပေးရန်၊ ဒဏ်ရာရသူများကို အန္တရာယ် ကင်းရှင်းစွာ တာဝန် ယူ ကုသပေးရန် ၊ တိုက်ခိုက်သောအဖွဲ့အစည်းများကို အရေးယူပေးရန်၊ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူများကို လွှတ်ပေးရန် စသည့် အချက်များ ပါဝင်သည့်ကြေညာချက်ကိုလည်း ထုတ်ပြန်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အောင်သိုက်- မြန်မာ့ခေတ်





Posted: 30 Nov 2012 06:25 AM PST
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးမှ မုံရွာမြို့ ဇောတိကကျောင်း တိုက်ရှိ သံဃာတော်များအား ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ တွင် နေ့ဆွမ်း ကပ်လှူခဲ့ရာတွင် ကျောင်းတိုက် သံဃာတော်များက လက်ခံခဲ့ခြင်း မရှိကြောင်း-----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

လက်ပံတောင်းတောင် အရေးတွင် ထိခိုက် ဒဏ်ရာရ သံဃာတော်များအား သိတဂူ ဆရာတော် ဒေါက်တာ ရှင်ဥာဏိသရ လာရောက် ကြည့်ရှုအားပေးစဉ်




Posted: 29 Nov 2012 10:32 PM PST
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ် စခန်းတွေကို အစိုးရဘက်က အကြမ်းဖက် ဖြိုခွင်းတဲ့အပေါ် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချလိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ  - အောင်နေမျိုး



Posted: 29 Nov 2012 10:20 PM PST
ရန်ကုန်၊ နိုဝင်ဘာ၃၀။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အောင်ကြွေပြား စက်ရုံရှိ အလုပ်သမား တစ်ဦးအား ယမန်နေ့ ည ကိုးနာရီခန့်တွင် လှော်ကား ရဲစခန်းမှ ရဲသုံးဦးက ရိုက်နှက်သောကြောင့် သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သော ရှေ့နေတစ်ဦးဖြစ်သူ ကိုသူဇော်က မြန်မာ့ခေတ်သို့ ယနေ့ နံနက်တွင် ပြောကြားသည်။

သေဆုံးသူမှာ အောင်ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ အလုပ်အမှုဆောင် ကိုဇေယျာမင်းဖြစ်ပြီး ရိုက်နှက်သူများမှာ
လှော်ကားရဲစခန်းမှ ရဲတပ်သားပြည့်ဖြိုး အပါအ၀င် (၃)ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လှော်ကားရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အထက်သို့ တင်ပြဦးမည်ဟု ပြော ကြားသည်။

အထက်ပါသတင်းနှင့် ပတ်သက်၍ မြန်မာ့ခေတ် မီဒီယာဂရုမှ ဆက်လက် ဖော်ပြသွားပါမည်။

အောင်သိုက် (မြန်မာ့ခေတ်)




Posted: 29 Nov 2012 10:17 PM PST
လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ ယခင် အစိုးရ လက်ထက်တွင် ချုပ်ဆိုခဲ့သော စာချုပ်အား မည်သို့ ချုပ်ဆိုခဲ့ကြောင်း ပြည်သူများ သိခွင့်ရှိ သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ယနေ့ နံနက်တွင် မုံရွာမြို့၌ ပြုလုပ်သော ပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 29 Nov 2012 10:02 PM PST
သွားနှင့်ကြသူများ

”ဦးသန်းဝင်းကြီး ဆုံးပြီတဲ့။ ဝဋ်ကျွတ်တာပေါ့အေ။ နို့မဟုတ်ရင် သူသောက်ဖို့ သားသမီးတွေက ပိုက်ဆံပေးရတာနဲ့၊ ဝတ်ကြီးဝတ် ငယ်ပြုစုရတာနဲ့၊ တာဝန်ပေါ့သွား တာပေါ့’သက်လတ်ပိုင်းအရွယ် အမျိုး သမီးနှစ်ဦး လမ်းပေါ်လျှောက်ရင်း အချင်းချင်းပြောသွားသည့် စကား ဖြစ်သည်။ယင်း အမျိုးသမီးနှစ်ဦးပြော သွားသောဦးသန်းဝင်း သည်

မိုးလင်း မိုးချုပ်အချိန်ကို လစ်မစ်မထားသလို အရက်ကိုလည်း လစ်မစ်မထားဘဲ သောက်တတ်သူ။ အိမ်ထောင်ပျက် ၍ သားသမီး ငါးဦးရှိသည့်အနက် သမီးအကြီးဆုံးနှင့်   နေကာ နိစ္စဓူဝ သူ့အလုပ်မှာအရက်သောက်၊ ကြက်တိုက်၊ နှစ်လုံးထီထိုးနေသူ။ တစ်ခါတစ်ရံ ကျန်းမာရေးမကောင်း လျှင်လည်း သားသမီးများကပင် ဆက်လက် တာ ဝန်ယူဆေးကုပေးရ သူ။မည်သည့် အချိန်က အရက် စသောက်သည်ကို မမေးဖူးသော် လည်း အသက် ၈ဝ ကျော်အရွယ်  သူ၏ မိခင်အိုကြီး ပြောနေကျ စကားက ”သူ့အေ ဖမကောင်းလို့ ငါ့ သားသမီးတွေ ဒီလိုဖြစ်တာ။ သားတွေချည်း ခုနစ်ယောက်မွေး ထားတာအရက်မသောက်တတ် တဲ့သူ မရှိဘူး။ တစ်နေကုန်သောက် နေတဲ့ ကောင်နဲ့ တစ်ခါတစ်ရံ သောက်တဲ့ကောင်ပဲ ကွာတယ်။ သူ့အဖေမဆုံးမဘဲ အလိုလိုက်ခဲ့လို့ ပေါ့”ဟု သားများအပေါ် အလွန် အင်မတန်ချစ်သော အမေအိုကြီးက သားလုပ်သူ များအပေါ် အပြစ်မတင် ဘဲသွားလေသူ ခင်ပွန်းသည်အပေါ် အပြစ်ဆိုစကား ပြောသည်။

အသက် ၅ဝ ကျော်အရွယ် ဦးသန်းဝင်းဆိုသူသည် လွန်ခဲ့ သော တစ်လခန့်ဝန်းကျင်က ဆေး ရုံတက်ဆေးဝါးကုသမှုခံယူကာ အ ရက်ဖြတ်ထားသူ။ ယခုအရက်ပြန်   သောက်ပြီး အသက်နှင့် စတေး လိုက်ပြီ။ရပ်ကွက်ထဲမှ အချို့က အမ နာပ ပြောကြသည်။ ”ဒီလောက် သောက်နေတာ အမှန်ဆို ဒီထက် ပိုပြီး စောသေသင့်တယ်”ဟု မှတ် ချက်ပြုသူများလည်း ရှိသည်။ဦးသန်းဝင်းကို သဂြိုင်္ဟ်သည့် နေ့က သူနှင့်အတူ သောက်ဖော် သောက်ဖက် ယမကာလုလင် လေးငါး ခြောက်ဦး သွားလေသူ အတွက် ဝေ ယျာဝစ္စလာရောက် လုပ်ပေးသည်။ မူးမူးနှင့် ဝမ်းနည်း မျက်ရည်ပင် စို့နေခဲ့သည်။ တစ်ဦး က ပြောသည်။”မင်းက သူများထက် ပို သောက် တာကိုး။ သူများထက်ထူးပြီး   ဆေးရုံတက် အရက်တောင်ဖြတ် လိုက်သေးတယ်။ ဒါကြောင့် မင်း အရင်သေတာ”ဟု မကြာမီ မီး သင်္ဂြိုဟ်ခံရမည့်သူကို ပွတ်သတ် ကြည့်ရှုရင်း တစ်ဦးတည်း ရေရွတ်သည်။

”အရက်ဖြတ်မယ်ဆိုလို့ ပိုက်ဆံရှာပေးပြီး ဆေးရုံတက် အရက် ဖြတ်ခိုင်းလိုက်တာ။နောက်သူ့ကျန်း မာရေးကြောင့် ဖြတ်ချင်တယ် ပြော တော့ဖြတ်ခိုင်းလိုက်တာ။ ဆေးရုံက ဆင်းပြီး အစားတွေ ပုံမှန်ပြန်စားလို့ စိုစိုပြည်ပြည်တောင် ဖြစ်လာပြီ။မသေခင်နှစ်ရက်လောက်က ကြက်သွားတိုက်တယ်တဲ့။ နှစ်လုံးထီ နှစ်ရာဖိုးပေါက်တာကို ရတဲ့ပိုက်ဆံနဲ့ ကြက်သွားတိုက်တာ ရှုံးလို့ဆိုပြီး သူ့ကြက်ကို စိတ်တွေတိုပြီး အရက် သွားပြန် သောက်လိုက်တာ။ ရင်ကျပ်ရောဂါအခံကလည်း ရှိတော့ အသက်ရှုတွေကျပ်ပြီးဆေးရုံသွား ရင်းနဲ့လမ်းမှာသေတာ”ဟု သေဆုံး သူဦးသန်းဝင်း၏ နာရေးလိုက်ပါပို့ ဆောင်သူ တစ်ဦးကို ကျန်ရစ်သူ သမီးလတ်က မျက်ရည်စက်လက် ဖြင့် သုသာန်ခန်းမအတွင်း၌ ရှင်းပြ နေသည်။ထိုနေ့က သုသာန်သို့ လိုက် ပါပို့ဆောင်သူ အချို့က အရက်၏ ဆိုးကျိုးကို ကိုယ့်တွေ့အဖြစ်အပျက် များနှင့် ယှဉ်၍ ပြောသွား ကြသူ အတော်များများ တွေ့ ခဲ့ရသည်။ သူတို့ထဲက အချို့က မွန်းလွဲ ၁ နာရီခန့်ပင် ရှိသေးသည်။ ပေါက် ဖော်ရနံ့ကလေးသင်းလို့နေသည်။

ယမကာနှင့် ရွှေမြန်မာ

မြန်မာနိုင်ငံတွင် အရက်ဆိုင်၊ ဘီယာဆိုင်မရှိသည့် အရပ်ဒေသဟူ ၍ မရှိဟုထင်သည်။ တစ်နိုင်ငံလုံး နီးပါး ခရီးသွားခဲ့သည့် အတွေ့ အကြုံအရ မကြာသော ကာလေ လး အတွင်းတွင် ဘီယာဆိုင်ယဉ်ကျေး မှုတစ်ရပ် ပေါ်ပေါက်လာခြင်း လောဟုဆိုရလောက်အောင်ပင် ရောက် လေရာ အရပ်တိုင်း၌ အရက်၊ ဘီယာ၊ ယမကာဆိုင်   မြောက်မြား စွာ ပေါ်ပေါက်လာသည်။ ဘုရားပွဲ ဈေးတွင်လည်း ရှိသည်။ စာသင် ကျောင်းနှင့် တက္ကသိုလ်များ ဝန်း ကျင်တွင် မပြတ်။ နိယာမ သဘော အရ ဝယ်လိုအားနှ င့် ရောင်းလိုအား၏ မျှချေပင်။

 မြို့ပြများသည်ပြောပြစရာပင် မလိုတော့။အထူးသဖြင့် ရန်ကုန် မြို့ကြီး၌ အရက်၊ ဘီယာ၊ ယမကာ ဆိုင်များစွာသည် နှစ်လိုဖွယ် အထူး ကောင်းသော ဝန်ဆောင်မှု များဖြင့် အနာဂတ်မြန်မာ့သားကောင်းများ ကို ယဉ်ကျေးမှုတစ်ရပ်ဆီ တိုးပို့ နေသည့် အလား။ထိုအထဲတွင် ယမကာ ထုတ်လုပ် ဖြန့်ဖြူးသူများ၏ စွဲမက်ဖွယ် အရောင်းမြှင့် တင်ရေး (ကံစမ်းမဲ)အစီအစဉ်များကပါ ရင် ခုန်စရာကောင်းလောက်သည်အထိ ဆွဲဆောင်နေသည် ”ရပ်ကွက်ထဲမှာ ကျန်းမာရေး မကောင်းလို့ ပါရာစီတမော့လ် ဝယ်   သောက်ဖို့ခက်ရင် ခက်မယ်။ လူ တစ်ယောက်ရဲ့ ကျန်းမာရေး အတွက် ဆေးခန်းတို့၊ ဆေးဆိုင်တို့ ရှားတယ်။ အရက်ဘီယာဆိုင်က တိုးတိုးဆိုင်ရော ကျယ်ကျယ် ဆိုင်   ရော ရပ်ကွက်တိုင်းမှာဆိုင်တွေ အများကြီးရှိတယ်။ စတိုးဆိုင်တိုင်း နီးပါးပါ အရက်၊ ဘီယာ အလွယ် တကူဝယ်လို့ရတယ်”ဟု ရန်ကုန် မြို့ ဒဂုံတောင်မြို့နယ်နေသူ အ သက် ၆ဝ ကျော်အရွယ် တစ်ဦးက ပြောသည်။

ဘဏ္ဍာရှာတဲ့ ယမကာ

အရက်၊ ဘီယာ၊ ယမကာ ဆိုင် များအတွက် လိုင်စင်သက်တမ်း ကို တစ်နှစ်လျှင် တစ်ကြိမ် လိုင်စင် သက်တမ်းတိုးပေးပြီး ယစ်မျိုးနှင့် အခွန်ဌာန၏ ၂ဝ၁၁ ခုနှစ်အတွက် ယစ်မျိုးလိုင်စင် ချထားပေးမှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၈၉၆၉ ခု၊မန္တလေးတိုင်းဒေသကြီးတွင် ၇၂၂၉ ခု၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၅၁ဝ၅ ခု၊ စစ်ကိုင်းတိုင်းဒေ သ ကြီးတွင် ၃၃၃၁ ခု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၉၂၃ ခု၊ ပဲခူးတိုင်းဒေ သကြီးတွင် ၄၉၉၆ ခု၊ မကွေးတိုင်း ဒေသကြီးတွင် ၃၃၇ဝ ခု၊ ကချင် ပြည်နယ်တွင် ၈၆၂ ခု၊

ကယားပြည် နယ်တွင် ၂၃၉ ခု၊ ကရင်ပြည်နယ် တွင် ၆၂၅ ခု၊ ချင်းပြည်နယ်တွင်  ၂၁၃ ခု၊ မွန်ပြည်နယ်တွင် ၂ဝ၂၅ ခု၊ ရခိုင်ပြည်နယ်တွင် ၁ဝ၅၇ ခုနှင့် ရှမ်းပြည်နယ်တွင် ၂၃၅၉ ခုစသည် ဖြင့် ပြည်နယ်နှင့်တိုင်း ၁၄ ခု၌ ၄၁၃ဝ၁ ခုရှိကြောင်း ယစ်မျိုးနှင့်အခွန်ဌာန၏စာရင်းဇယားအရ သိရ သည်။ထို့အပြင် ၂ဝ၁ဝ ပြည့်နှစ်က တစ်နိုင်ငံလုံး၌ ချထားပေးခဲ့သော ယစ်မျိုးလိုင်စင် ၃၉၅ဝ၂ ခုရှိခဲ့ရာ ယင်းနှစ်အတွင်း တစ်နိုင်ငံလုံးရှိ အရက်၊ ဘီယာ၊ ယစ်မျိုးစုံဆိုင်များ  အခွန်ရရှိမှုမှာ ကျပ်သန်းပေါင်း ၆၈၆၂ ဒသမ ၇၇၉ သန်းရရှိခဲ့ ကြောင်း သိရသည်။ယင်းသည် ၄င်းနှစ်အတွင်း အခွန်ရရှိမှု လျာ ထားချက်ထက် ကျပ်သန်းပေါင်း ၈ဝဝ ကျော်ပင် အခွန်ဝင်ငွေတိုးရခဲ့ သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၂ ခုနှစ်၌ ယစ်မျိုးလိုင်စင် အရက်၊ ဘီယာ၊ ယမကာသောက် သုံးနိုင်သောဆိုင် ၇၈ဝ၉ ဆိုင် လိုင်စင်ချထားပေးခဲ့ပြီး သောက်သုံး မဟုတ်ေ သာ ဖြန့်ဖြူးရောင်းချဆိုင် ၁၄၃၂ ဆိုင်၊ လိုင်စင်ချပေးခဲ့ကြောင်း သိရသည်။ယင်းစာရင်းအရ ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန်၌အရက်၊ ဘီယာ၊ ယမကာဆိုင်လိုင်စင် ၉၂၄၁ ခုရှိရာ ၂ဝ၁၁ ခုနှစ်ထက်များစွာ ပိုလာခြင်း ဖြစ်သည်။

မရှိလို့ရယ်တဲ့မှ မဖြစ်

ယင်းစာရင်း ဇယားတို့သည် တရားဝင်လိုင်စင်ဖြင့် အခွန်ထမ်း ဆိုင်များဖြစ်ရာ လိုင်စင်မဲ့ တရား မဝင် ပုန်းဆိုင်များပါ အချိုး တစ်ခု ခုနှင့် ချကြည့်ပါက ရန်ကုန်မြို့အပါ အဝင်မြန်မာနိုင်ငံ၏အရက်၊ ဘီယာ၊ ယမကာဆိုင်များမှာ မရှိမဖြစ် စား သောက်ကုန် ဆန်ပြီးလျှင် အကြီး ဆုံးဈေးကွက်ဖြစ်နိုင်စရာ ရှိသည်ဟု အချို့က ဆိုသည်။ ”ကျွန်ေ တ်ာတို့မြို့မှာ အရက် ဆိုင်က တအားပေါတာ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကထက်စာရင် အ နည်းဆုံးနှစ်ဆလောက်ကို တိုးလာ တာ။ အဖြူဆိုင်၊အနီဆိုင်တွေရော၊ ခိုးေ ရာင်းတာတွေရော စုံနေတာပဲ”ဟု ပခုက္ကူမြို့မှ ကိုဇော်က ပြော သည်။တိကျသေချာ ရေရာသည့် စစ်တမ်းများ ပြုလုပ်မထားသော် လည်းအရက်ဘီယာ၊ ယမကာဆိုင် အထိုင်များသူများမှာ လူငယ်ထုက အများဆုံးဖြစ်သည်။ တစ်ချိန်က လူငယ် အတော်များများ၏ ညနေ ဆည်းဆာ လက်ဖက်ရည်ဆိုင်ယဉ် ကျေးမှုသည်ဘီယာဆိုင် ထိုင် ယဉ် ကျေးမှုအဖြစ် ပြောင်းလဲသွားသည် ဟု လူအတော်များများက ကောက် ချက်ချသည်။ယင်းကို လူငယ်တစ်ဦး ၏အမြင်က စိတ်ဝင်စားစရာကောင်း သလို၊ စဉ်းစားစ ရာကောင်းသည်။ ”အဓိက ကျွန်တော်ထင်တာ က အနာဂတ်ပျောက်နေကြတယ် လို့ထင်တယ်။ ကျောင်းတက်တယ်၊ ဘွဲ့ရတယ်။ ပြီးတော့ ဘယ်မှာလဲသင့်တင့်တဲ့ အ လုပ်။ အချိန်တန် တော့ မိဘလက်ငုပ် လက်ရင်း အလုပ်ပဲ လုပ်ရတာဆိုတော့ မိဘ လုပ်ငန်းကလည်း မငတ်အောင်ပဲ လုပ်နေရတဲ့ လုပ်ငန်းဆိုတော့ ဘာ တိုးတက်မှုမှမရှိ ဘူး”ဟု လူငယ် တစ်ဦးက သူ၏အမြင်ကို ပြောပြ သည်။ထွက်ပေါက်တစ်ခု အတွက်  အကြောင်းပြချက်က လုံလောက်ခြင်း မလုံလောက်ခြင်း ဆိုသည်ထက် ဆည်းဆာရိပ် ယမကာဆိုင်များ တွင် လူငယ်အများစု ပျော်မွေ့သည် က အမှန်ပင်။

အမြူကောင်းသည့် ယစ်ရွှေရည်

ထိုသို့ ပျော်မွေ့လာအောင် ဆွဲဆောင်မှုတွေက ပြည့်လို့နေ သည်။ ထုတ်လုပ်ရောင်းချသူက ကံစမ်းမဲနှင့် ဆွယ်သည်။ မြို့ပြ၏ စားသောက်ဆိုင်ဆိုသော ယမကာ ပေါင်း စုံရသည့် နေရာများသည်ဆန့် ကျင်ဘက်လိင်နှင့် စင်တင်တေးဂီတ များကယစ်ရွှေရည်ဝင်နေသော သူများကို အမြင့်ဆုံးဆွဲခေါ်သွား သည်။ ထိုအချိန်မျိုးတွင် တတ် နိုင် သူကတတ်နိုင်သလောက် အနှိပ် ခန်း၊ကေတီဗီ၊ နိုက်ကလပ်မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်း ချက်မှ မပါဘဲ ယစ်ရွှေရည်က ပို့ ဆောင်ပေးသည်။ ”ပြောင်းလာတဲ့   ခေတ်ကြောင့် ထင်တယ်ဗျ။ အဓိကအချက်က နေ ရာတိုင်းမှာ ရနိုင်လို့လည်း ပါတယ်။ ကျွန်တော်နေတဲ့လမ်းထဲမှာကို နှစ် ဆိုင် ရှိတယ်။ အရက်ကလည်း ဈေးပေါတယ်။ ပိုက်ဆံတစ်ထောင် လောက်ရှိရင်တောင် သောက်လို့ ရနေပြီလေ။ကျွန်တော်အတည် အခန့် အလုပ်တစ်ခုလောက်လုပ် နေတယ်ဆိုရင်တော့ သိပ်သောက် ဖြစ်မှာမဟုတ် ဘူး။ အလုပ်ရှားတာ လည်းတစ်ခုလို့ထင်တယ်”ဟုဘွဲ့ရ ကျောင်းပြီး နှစ်နှစ်ကျော်သည်အထိ အလုပ်အကိုင်မည်မည်ရရ မရှိသော အသက် ၂၄ နှစ်အရွယ် လူငယ် တစ်ဦး က ဆိုသည်။ သူနှင့်အတူ ရွယ်တူလူငယ် ငါးဦးသည် အရက်ဖြူကို ရေရော သောက်သောက်နေရင်း သူတို့အား လုံး အဓိပ္ပာယ်မဲ့စကားတို့ တစ်ကိုယ် တစ်မျိုး မရိုးအောင် ဆိုလျက်။ အချိန်က ည ၁ဝ နာရီ။ ရန်ကုန် မြို့၏ အချက်အချာကျသော ကမ်းနားလမ်းတစ်နေရာမှအရက် ဖြူဆိုင် တစ်ဆိုင်တွင် ကြိုက်လို့ သောက်ခြင်းဆိုသည်ထက် အလုပ် အ ကိုင် မည်မည်ရရ မရှိ။ စိတ် ညစ်တိုင်း စုဖွဲ့သောက်တတ်သည် ဟု ဆိုကြသည်။

ဒုစရိုက်မှုများဆီသို့

ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်း ရန်ကုန်မြို့တွင် အုပ်စုဖွဲ့ ရမ်းကား မှုများ ရှေ့ဆင့်နောက်ဆင့်ပေါ်ပေါက် ခဲ့သည်။ မူးရူးရမ်းကားသူ ဘယ် နှဦးပါသည် အတိအကျမသိေ သာ် လည်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရား ဝင်ပြောပြချက်အရ အမှုအခင်းများ တွင်အရက်သောက်ပြီး ခိုက်ရန်ပွား မှုနှင့် အခြားသော ဆိုးကျိုးများက ရာခိုင်နှုန်းပိုများသည် ဟုဆိုသည်။ ”အရက်မူးလာတဲ့ သူတစ်ဦး က ခိုက်ရန်ဖြစ်ပွားဖို့ ဝန်မလေးဘူး။ စိတ်ကထွေနေတော့ နည်းနည်းမူး လာရင် ထွက်ပေါက်ရှာချင်ကြတာ ပဲ။ ပြီးတော့ မူးရင် တခြားဖြစ်နိုင်စရာ တွေအများကြီးပဲ။ ဆိုင်ကယ်မှောက် တယ်။ ကားတိုက်တယ်။ အဓိက ဇာစ်မြစ်ကအရက်ဆိုင်တွေများလာ တာပဲ”ဟု လူငယ်တစ်ဦးက သူ၏ အမြင်ကို   ပြောပြသည်။

ရှေ့ကသွား နောက်ကလိုက်

ထို့အပြင် ယမကာ၏ နှစ်လို ဖွယ်မရှိသော အခြားစာမျက်နှာ တစ်ခုလည်းရှိသေးသည်။ အများ သတိမထားကြဘဲ အကြွေစောခဲ့ သူများ။ မကြာသောအချိန်က   ပြည်   ထောင်စုဝန်ကြီးတစ်ဦးက ပြောဖူး သည်။ မြန်မာနိုင်ငံတွင် အရက်တု များတင်သွင်းရောင်းချခြင်းနှင့် စံချိန်မမီဓာတုပစ္စည်းများဖြင့် ထုတ် လုပ်ရောင်းချသော အရက် များ သောက်နေ၍ ကျန်းမာရေးထိခိုက်မှု များရှိကြောင်း လူသိရှင်ကြား ပြော ကြားခဲ့သည်။ ယမကာ လုလင်များ အတွက် အချက်ပေးခေါင်းလောင်း ပင်။”မနက် ၇နာရီထိုး တာနဲ့ တစ်ပိုင်းလောက် သောက်လိုက်ရ မှ။ ဒါမှ အလုပ်သွားဖို့အဆင်သင့် ဖြစ်တာ။ တစ်ရက် လေးကြိမ် လောက်သောက်တယ်။ ကျွန်တော် အရက်ကို အမြဲတမ်းသော က်ပေ မယ့်တွေ့ရာဆိုင်မှာတော့ မသောက် ဘူး။ အရက်ထဲမှာဘီအီးကသစ္စာ အရှိဆုံးလေ။ ဒါကြောင့် ဘီအီးပဲ သောက်တယ်။ ဘာလို့ လဲဆိုတော့ စိတ်နာလို့။ ကျွန်တော့် အဖေ အ သက် ၃၅ နှစ်နဲ့ သေသွားတာ ဘီအီးပဲ သောက်ပြီး သေတာ။ အရမ်းသောက်ပြီး သွားဖြတ်လိုက် တာ ခံနိုင်ရည်မရှိတော့ သေတာပဲ”ဟု အသက် ၂၇ နှစ်အရွယ်
တိုး ကြောင်ကလေး-ရန်ကုန်မြို့ပတ်ရ ထားပေါ် ရေခဲချောင်းရောင်းနေသူ   ကိုဝင်းမြင့်အောင်က ပြောသည်။

ချာချာလည် ယမကာရယ်

ရန်ကုန်မြို့ ရွာသာကြီးရှိ စိတ် ကျန်းမာရေးဆေးရုံကြီးတွင် အရက် ကြောင့်ဖြစ်သော စိတ်ရောဂါမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာ ကြောင်း ဆေးရုံ၏ စာရင်းဇယား များ အရ သိရသည်။ အရက်သောက်ခြင်း ကြောင့် စိတ်ရောဂါဝေဒနာ ခံစားရ သူကအခြားစိတ်ရောဂါ ဝေဒနာ ရှင်နဲ့ နှိုင်းယှဉ်ကသုံးပုံတစ် ပုံရှိ သည်ဟုဆိုသည်။ အဆို ပါ ဆေးရုံ ကြီးတွင် ၂ဝ၁၁ ခုနှစ်အတွင်း လာရောက်အရက်ဖြတ်သူ ၂၆၄၁ ဦးရှိခဲ့ရာ ၂ဝ၁ဝ ခုနှစ် ထက်ပိုများခဲ့ ကြောင်း၊ ယခု ၂ဝ၁၂ ခုနှစ် စက် တင်ဘာလအထိ ၁၉၇၃ ဦးရှိ ကြောင်းသိရသည်။”ဘယ်အရက်ကမှ ပိုထိခိုက် စေတာမရှိပါဘူး။ အရက်မှန်သမျှ အကုန်ထိခိုက်စေတာပဲ။ ဘီယာနဲ့ အရက်လည်း အတူတူပါပဲ။ ချက်အ ရက်ကေ တာ့ရောတာတွေက မသန့် ရှင်းဘူး။ အဆိပ်အတောက် ဖြစ်စေ တာ များတယ်။ ပိုထိခိုက်နိုင်တာ ပေါ့”ဟုရွာသာကြီး စိတ်ကျန်းမာ ရေးဆေးရုံကြီးမှ ဆရာဝန်တစ်ဦး က ပြောသည်။ယစ်မျိုးစီမံခန့်ခွဲ အခွန်ကောက် သူများက အရက်သေစာ သောက် စားခြင်း အလေ့အထ ပြန့်ပွားမှုမ ရှိစေရန်၊ တရားမဝင် ထုတ်လုပ်ဖြန့် ဖြူးရောင်းချခြင်း မရှိစေရန် အခွန်ကို တိုးမြှင့်နိုင်သမျှ တိုးမြှင့်ကောက် ခံရန်၊ ပြည်ပမှ တင်သွင်းအရက် လျှော့ချရန်စသည်ဖြင့် အမျိုး မျိုးသော စည်းကမ်းချက်များ ထုတ် ထားသည်။ မြို့နယ် တစ်ခုလျှင် ယစ်မျိုးလိုင်စင် မည်ရွေ့မည်မျှ ချ ထားပေးမည်ဆိုခြင်း ကန့်သတ် မထားသော်လည်း တစ်ဆိုင်နှင့် တစ်ဆိုင် အကွာအဝေးသာ သတ် မှတ်ထားသည်။ ထိုအကွာအဝေး လိုက်နာမှုရှိမရှိကို ရန်ကုန်မြို့၏ လူစည်ကားရာ စားသောက်ဆိုင် ညဈေးတန်းက သက်သေခံနေ သည်။ တစ်နှစ်ထက်တစ်နှစ် ယစ် မျိုးလိုင်စင် လျှောက် ထားမှုတိုးမြင့် လာခြင်းက ငြင်းမရ။

အတုမှ အစစ်ဆီသို့ များမကြာမီ

အဖြူအစိမ်းဝတ် ကျောင်းသားငယ်နှစ်ဦး နာမည်ကြီးတံဆိပ် ဘီယာဘူး ကိုယ်စီကိုင်ပြီး ချီးယား လုပ်နေသည့် မြင်ကွင်းက မြင်ရသူအတွက် အထူးအဆန်းဖြစ်လို့   နေသည်။ သို့ရာတွင် သူ၏ဘေးပတ်ဝန်းကျင် ရှိသူအချို့က မထူးဆန်းသလို ဖြစ်နေခြင်းအကြောင်းအရင်း ကို တွေးမရ။ မနေနိုင်လွန်း၍ အနီးကပ်မေးမြန်းကြည့်ရာမှ အချိုရည် ဘူးများ ဖြစ်နေခြင်းပင်။ ဘီယာ ကုမ္ပဏီတစ်ခုက ထုပ်ပိုးမှုပုံစံ ခြားနားမှုမရှိသော အသွင်အပြင်နှင့် ထုတ်လုပ်ထားသော အားဖြည့်အချို ရည်တစ်မျိုး။”ကလေးေ တွက ဒါကိုပဲ လာ လာဝယ်နေကြတော့ ကျွန်တော် လည်း တင်ရောင်းရတာပဲ။ သူတို့က လူကြီးတွေကို အတုခိုးပြီး ဘီယာသောက်သလို ပုံစံမျိုး ဂိုက်ဖမ်းနေကြတာ”ဟု လှိုင်သာယာမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။လူ့သဘာဝအရ ကောင်းသော အမှုပြုခြင်းသာ တွေဝေတုံ့ဆိုင်း နေနိုင်သည်။ မကောင်းမှုအတွက် အတုခိုးမြန်သည်။ ရှေ့သွားနောက် လိုက်ညီသည်။ ဒါသည် လောကနိယာမ။ ဦးသန်းဝင်းသင်္ဂြိုဟ်သည့်နေ့က သောက်ဖော် သောက်ဖက် ယမကာ လုလင်တစ်သိုက် ပြောသွားတာတစ်ခု ရှိသည်။ ”တို့ဒီညနေ သန်းဝင်းအတွက်ပါ ပိုသောက်ကြတာပေါ့ကွာ”တဲ့။

မိုးမြင့်မြတ် ရေးဖွဲ့သည်။

သတင်းအချက်အလက်

ကျော်ရဲလင်း၊ ညွန့်ဝင်း၊ မြတ်စုငြိမ်း
by Popular Myanmar News Journal

Posted: 29 Nov 2012 09:57 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက်ပိုင် မုံရွာမြို့ဟောပြောပွဲ မြင်ကွင်းများ

ဓါတ်ပုံ - Aung Nay Myo














Posted: 29 Nov 2012 09:36 PM PST
ယင်းထုတ်ပြန်ချက်တွင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော ရွှေ့ပြောင်းမှု လျော်ကြေးငွေ ကိစ္စ၊ သဘာဝပတ်ဝန်း ကျင် ကာကွယ်ရေး ဆိုင်ရာကိစ္စနှင့် အကျိုးမြတ် ခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များသည် နှစ်ဖက်စလုံး ညှိနှိုင်း ဆွေးနွေး သဘောတူပြီး ဖြစ်ကာ မြန်မာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်းရှိ ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများကို အခြေခံလေးစား လိုက်နာပြီး မုံရွာ ကြေးနီစီမံကိန်း ချောချောမွေ့မွေ့ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ပြည်တွင်းရှိ အလွှာအသီးသီးမှ ပြည်သူများ အနေဖြင့် အခြေ အနေ ကောင်းများ ဖန်တီးပေးပါရန် မေတ္တာရပ်ခံကြောင်း တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ယနေ့သတင်း ထုတ်ပြန်သည်။




Posted: 29 Nov 2012 09:25 PM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့  ဟောပြောပွဲ မြင်ကွင်းများ
ဒီချူပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ကိစ္စနှင့် ပက်သတ်၍ ဒုတိယနေ့ မိန့်ခွန်းအဖြစ် ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ဟောပြော


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့် တွင် ချင်းတွင်းမြစ် အတွင်း ၊ မုံရွာဘက်ခြမ်း သဲသောင်ပြင်
( ရွှေလွန်းပျံ ကူးတို့ဆိပ်)တွင် နာရီဝက်ကျော်အကြာ ဟောပြော သွားကြောင်း သိရသည် ။

အဆိုပါဟောပြောပွဲတွင် ဒေသခံများအနေဖြင့် အချိန်မှီ ရောက်လာသူနည်းပါးသော ကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာရှိကြောင်း ရန်ကုန်မဒီယာ သတင်းထောက်မှ ပေးပို့သည်။

“ အချိန်ကစောတာလဲပါတယ် တစ်ချို့က ဟောပြောပွဲ မလုပ်ဖြစ်ဘူးလို့ လဲ ထင်သွားကြတယ် ဒါကြောင့်မို့ လူတော်တော် နည်းတယ် မိနစ်၄၀ လောက်သာ ကြတော့ ပွဲပြီးတဲ့ အထိ လူတွေကလာနေတုန်းပဲ” ဟု မုံရွာမြို့ခံ ကုန်သည် တစ်ဦးက ရန်ကုန်မီဒီယာဂရု သို့ ဆက်သွယ် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဟောပြောပွဲ အပြီးနံနက် ၉ နာရီ ၅၀ ကျော်ခန့်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ် သို့ပြန်သွားပြီး လက်ပံတောင်းတောင် စီမံကိန်းနှင့် ပက်သတ်၍ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်တွေဆုံညှိနှိုင်းမည်ဟု သိရသည်။

“အမေစုက ဟောပြောပွဲမှာ လက်ပံတောင်းကိစ္စနှင့် ပက်သတ် လို့ အခုလို ဖြေရှင်းပုံဟာ မလိုအပ်ဘူးလို့ပြောသွားတယ် ဒီကိစ္စနှင့်ပက်သတ်ပြီး အာဏာပိုင်တွေကိုတွေ့မယ်၊ လက်ပံတောင်းဒေသခံတွေကို တွေ့မယ်၊ စီမံကိန်းနယ်မြေ အနီးက ၂၆ ရွာက ကိုယ်စားလှယ်တွေကိုတွေမယ် လို့ ပြောကြားသွားတယ်” ဟုမုံရွာမြို့ ရှိ သီးနှံစုံ ပွဲရုံတစ်ခုမှ မန်နေဂျာကပြောကြားသည်။

အခုနောက်ဆုံးရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစု ကြည်သည် ၀င်းယူနတီ ဟိုတယ်တွင် သက်ဆိုင် ရာ အဖွဲ့အစည်းများ နှင့် တွေ့ဆုံရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်းသိရသည်။

တည်ကြည်အေး - Yangon Media Group


Posted: 29 Nov 2012 09:18 PM PST

...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...