Wednesday, November 28, 2012

မျက်ဝန်းမှတစ်ဆင့် သိနိုင်သော သူ့အကြောင်း


By Good Health Originally posted 17/08/2012 13:40PM
မျက်ဝန်းဆိုတာ စိတ်ရဲ့ ပြတင်းပေါက်ဆိုတဲ့ ရှေးဆိုရိုးတစ်ခု ရှိပါတယ်။ ရှေးဟောင်း တရုတ်အနုပညာ အရ မျက်နှာဖတ်သူတွေက မျက်ဝန်းပုံသဏ္ဌာန်ကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနိုင်တယ်လို့ ဆိုကြပါတယ်။
ကြီးမားသော မျက်ဝန်းရှိလျှင်
ပင်ကိုအရ ကြီးမားတဲ့ မျက်ဝန်းရှိသူတွေဟာ ပွင့်ပွင့်လင်းလင်း ပေါင်းဖော်ခင်မင်တတ်တဲ့ သဘောသဘာဝ ရှိကြပါတယ်။ ကျယ်ပြန်တဲ့ ရှုမြင်သုံးသပ်ပုံမျိုးနဲ့ ဘဝကို ကြည့်ရတာ သဘောကျပြီး ဘဝမှာ သဘောကျစရာတွေ က အများကြီးလို့ ခံယူထားပါတယ်။ အရေးမပါတဲ့ အသေးအမွှားကိစ္စတွေကို ဘေးချိတ်ထားတတ်ပြီး လုပ်စရာရှိတာတွေကို ထိန်းချုပ်လုပ်တတ်သူပါ။


သေးငယ်သော မျက်ဝန်းရှိလျှင်
မျက်ဝန်းသေးသေးတွေ ရှိတဲ့ သူတွေဟာ သူတို့အာရုံစိုက်တဲ့ အလုပ်အပေါ် အသေးစိတ် စူးစိုက်ပြီး လုပ်ဆောင်နိုင်တဲ့ အရည်အချင်း ရှိသူတွေပါ။ အထူးသဖြင့် ဆရာမ၊ သုတေ သနပညာရှင်၊ ဘာသာရပ်တစ်ခုခု ကျွမ်းကျင် သူ စတဲ့ အထူးသီးသန့် တတ်ကျွမ်းမှုတွေ ရှိနေကြပါတယ်။ လူစိမ်းတွေနဲ့ ပွင့်ပွင့် လင်းလင်း ပြောဆိုဆက်ဆံဖို့ ခက်ခဲတတ် တာကြောင့် ဒီမျက်ဝန်းပိုင်ရှင်တွေရဲ့ အကြောင်းကို အကဲခတ်လေ့လာနိုင်ဖို့ ခက်ခဲပါတယ်။ မျက်စိ သေးငယ်တဲ့သူတွေက ပုံမှန်လုပ်ငန်းဆောင်တာတွေကိုချည်း လုပ်ရတာကို သဘောမကျတတ်ပါဘူး။

မျက်ဝန်းနှစ်ဖက်ကြား ကွာဟမှု များနေလျှင်
မျက်ဝန်းနှစ်ခုကြား ကျယ်နေရင် သဘော ထားကြီးပြီး လူတကာနဲ့ လိုက်လျောညီထွေ ပေါင်းသင်းတတ်တယ်လို့ ဆိုကြပါတယ်။ သူတို့က ဘယ်လိုအကြောင်းအရာမဆို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရတာကို သဘောကျတတ်ပါတယ်။ အကြောင်းကတော့ မတူညီတဲ့ စိတ်ကူးတွေနဲ့ ရှုထောင့်တွေကို စိတ်ဝင်စားသူဖြစ်လို့ပါ။

မျက်ဝန်းနှစ်ဖက်ကြား ကွာဟမှု ကျဉ်းနေလျှင်
မျက်ဝန်းနှစ်ဖက်ရဲ့ အတွင်းထောင့်နေရာ ကြားက အလွန်ကျဉ်းနေတဲ့ မျက်ဝန်း ပိုင်ရှင်ဖြစ်ရင် ဘဝမှာ အလွန်အသေးစိတ် ကျတဲ့ အရာတွေအထိ ကြည့်မြင်တတ်တာ ကြောင့် “ဇီဇာကြောင်သူ” လို့ အများက ထင်တတ်ကြပါတယ်။ ဒီမျက်ဝန်းပိုင်ရှင်တွေ က အရာရာကို အစွဲအလမ်းကြီးစွာ ထပ်ခါ တလဲလဲ လုပ်တတ်သလို နေ့စဉ် တူညီတဲ့ သမားရိုးကျ ဘဝကို ဖြတ်သန်းရတာ သဘောကျတတ်ပါတယ်။

မျက်တွင်းနက်ပြီး စူးရှသော မျက်ဝန်းပိုင်ရှင်ဖြစ်လျှင်
စူးရှပြီး နက်တဲ့ မျက်ဝန်းမျိုး ရှိရင် အလွန်ကို လျှို့ဝှက်တတ်ပြီး သူ့ကိုယ်ရေးကိုယ်တာ အကြောင်းကို တခြားသူတွေဆီ ပြောပြဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ အရာရာတိုင်းကို လျှို့ဝှက်ထားတတ်သလို သူ့အကြောင်းကိုလည်း သူ့ရင်ထဲမှာပဲ သိုလှောင်ထားတတ်ပါတယ်။

မျက်စိပြူးထွက်နေလျှင်
အပြင်ကို ပြူးထွက်နေတဲ့ မျက်ဝန်းပိုင်ရှင်တွေက ကမ္ဘာလောကကြီးနဲ့ ပတ်သက်ပြီး စူးစမ်းလိုစိတ် အပြည့်ရှိပြီး တခြားအကြောင်းအရာတွေ သိချင်တဲ့စိတ် ပြင်းပြနေတတ်ပါတယ်။ ဒါပေမဲ့ အလွယ်တကူ ငြီးငွေ့လွယ်တာကြောင့် အလုပ်တစ်ခုခုကို စနစ်တကျလုပ်ဖို့တော့ ခက်ခဲတတ်ပါတယ်။

ကြောင်မျက်လုံးနှင့် တူလျှင်
ကြောင်မျက်လုံးလို ဖြစ်နေရင် အကောင်းမြင်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဘဝကနေ လိုချင်တာတွေ များသလို အဲဒီအရာတွေအတွက် တောင်းဆိုရမှာကိုလည်း ဘယ်တော့မှ မကြောက်ရွံ့တတ်ပါဘူး။


မျက်စိက အောက်ဘက်သို့ စောင်းနေလျှင်
မျက်စိက အောက်ဘက်ကို စွေနေရင် အဆိုးမြင်တတ်တဲ့ စိတ်ရှိသူပါ။ တခြားသူတွေကို အကောင်းမြင်နိုင်ဖို့ ခက်တတ်ပါတယ်။


မျက်စိ တစ်ဖက်နှင့် တစ်ဖက်မညီလျှင်
မျက်စိ တစ်ဖက်က တခြားတစ်ဖက်ထက် ပိုမြင့်နေရင် ဘဝကို ပုံမှန်မဟုတ်တဲ့ အစဉ်အလာကို ဆန့်ကျင်တဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်တတ်ပါတယ်။ မတူထူးခြားတဲ့အမြင်နဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်စွမ်း ရှိသူပါ။

ကြယ်စင်Ref:  Good Health Originally Source: http://news.yatanarpon.com.mm/cp/goodhealth/article-64974

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...