Wednesday, November 28, 2012

ကထိန်အာနိသင် ၅ - ပါး။


ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့သည် (၅) ပါးဖြစ် ကုန်၏။ ခင်းပြီးကထိန် မနှုတ်မချင်း ကာလတိုင်အောင်လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှ တပေါင်းလပြည့်အထိ (၅
) လတိုင်တိုင် ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန် ခင်းသည့် ရဟန်း၊ ကထိန်အနုမောဒနာပြုသည့် ရဟန်းများ ရရှိကြလေကုန်၏။
ကထိန်အာနိသင် ၅-ပါးမှာ -

၁။ အနာမန္တစာရ။
ပင့်ဖိတ်ထားသော ဆွမ်းစားရှိပါလျက် ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ အရပ်တစ်ပါးသို့ သွားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။

၂။ အသမာဒါနစာရ။
တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည် ကို ထားလိုရာအရပ်၌ ထားကာသွားသော်လည်း အာပတ်မသင့်ခြင်းအကျိုး ကို ရဟန်းများ ရရှိကြပေသည်။

၃။ ဂဏဘောဇန။
၎-ပါး၊ ၄-ပါးထက်ပိုလွန်သော ရဟန်းတော်တို့ကို ထမင်းစားလာခဲ့ပါ, ဟင်းစား လာခဲ့ပါ, မုန့်စားလာခဲ့ပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်းဘောဇဉ်များကို စားလိုက လိုက်၍စားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။

၎။ ယာဝဒတ္တစီဝရ။
များစွာသော သင်္ကန်းတို့ကို အဓိဋ္ဌာန်မတင်၊ ၀ိကပ္ပနာမပြုပါဘဲ သီတင်းကျွတ် လပြည့်ကျော် ၁-ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ၅-လအထိ သိမ်းဆည်းထားပါသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။

၅။ ယောစတတ္ထစီဝရုပ္ပါဒ။
ကထိန်ခင်းပြီးသည်မှနောက်၌ ကထိန်ခင်းသောကျောင်းတိုက်သို့ တစ်ပါးသောကျောင်းတိုက်က သံဃာတော်များ လာရောက်နေထိုင်ကြ ရာတွင် သံဃာအားလုံးအတွက် သင်္ကန်းလှူဒါန်းပါသော်လည်း
မူလကထိန် ခင်းထားသောကျောင်းတိုက်မှ သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်းအကျိုးကိုလည်း ရရှိပေသည်။

ဗုဒ္ဓဘုရားရှင်သည် ကထိန်သင်္ကန်းကို အလှူခံရာ၌ ရဟန်းတော်များကို ချီးမြှောက်၍ မိန့်ကြားတော်မူပါသည်။
"ချစ်သားရဟန်းတို့ - ကထိန်သင်္ကန်းကိုလည်း ခံယူကြစေ။ ကထိန်အကျိုး တရား ၅-ပါးကိုလည်း ၁-လမှ ၅-လအထိ ရရှိကြစေ"ဟု ချီးမြှောက်မိန့်ကြား
တော်မူသောကြောင့် ကထိန်သင်္ကန်းအလှူသည် မွန်မြတ်လှပေသည်။

တစ်နှစ်မှတစ်ကြိမ်၊ တစ်ကြိမ်မှာလည်း တစ်လအတွင်းသာ၊ တစ်လအတွင်း မှာလည်း တစ်ရက်ဖြင့်သာ အပြီးခင်းရသောကြောင့် မွန်မြတ်လှသည်ဟု ဆိုရပေသည်။

ဤကဲ့သို့ အပြစ်ကင်း၍ မြတ်စွာဘုရားကိုယ်တော်တိုင် ချီးမြှောက်သော သင်္ကန်းကို လှူဒါန်းရသောကြောင့် ၀မ်းမြောက်ဝမ်းသာဖြစ်ဖွယ်ရာ
ကောင်းလှပါပေသည်။

( မြတ်မင်္ဂလာစာစောင်မှ )

အေးချမ်းမွန်မှ 3 Treasures: Buddha, Dhamma & Sangha တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :3 Treasures: Buddha, Dhamma & Sangha
3

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...