Thursday, November 29, 2012

တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ကိုသာ ပထမဦးစားပေး အနေဖြင့် တွေ့မြင်ခံစားလိုပါသည်


by Naung Taw Lay on Thursday, November 29, 2012 at 9:05am ·

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလိုလားတာက ပြည်သူတစ်ဦးရဲ့ ဒုတိယဆန္ဒပါ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ကိုသာ ပထမဦးစားပေး အနေဖြင့် တွေ့မြင်ခံစားလိုပါသည် 

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုခံနေရတဲ့အခုလို အခြေအနေ မျိုးမှာ လက်ပံတောင်း တောင်စီမံကိန်းနှင့်ပတ်သက်၍ ယခုလိုဖြစ်ပွားခြင်းကြောင့် နိုင်ငံရဲ့ Image နဲ့ အုပ်ချုပ်သူ အစိုးရအဖွဲ့ရဲ့ Image ကိုအများကြီး ထိခိုက်စေပါသည်။လက်ရှိရှေ့တိုးဆောင်ရွက်နေ သည့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များဆောင်ရွက် နေမှုများကိုလည်း ရပ်တန့်စေပြီး ပြည်သူ့အစိုးရ အဖြစ်ရပ်တည်နေရာမှဘက်ပြောင်း သွားစေနိုင်တဲ့ အတွက် အထူးသတိပြုစရာကောင်းလှပါသည်။ ယခင်အစိုးရ လက်ထက်က နိုင်ငံတကာ နဲ့ စီမံကိန်းများဆက်သွယ် ဆောင်ရွက်မှုများကို လက်ရှိဒီမိုကရေစီအစိုးရက အမွေခံ ဆောင်ရွက်နေရသည့် အချိန်တွင် လုပ်ဆောင်ချက် တိုင်းသည် ခက်ခဲမည်ကို နားလည်ပါသည်။
ထို့ကြောင့် ပြဿနာတိုင်းအား သိမ်မွေ့ညင်သာစွာ ကိုင်တွယ်မှသာ အားလုံးအတွက်အဆင်ပြေမည်ဖြစ်ပါသည်။ လုပ်ဆောင်ချက်တိုင်းသည် အတိမ်းအစောင်းမခံသလို အစိုးရ အဖွဲ့ဝင် ၀န်ကြီးများရဲ့ တချို့သောပြောကြားချက်တွေကြောင့်လည်း ပြဿနာကို ပိုမိုကြီး ထွားသွားစေနိုင် သည့်အတွက် တချို့သော ပြောဆိုချက်များကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသင့်သည်ဟု ထင်မြင်မိပါသည်။

(အောက်ပါ ရေးသားချက်အပေါ် လူမှု ကွန်ယက်ပေါ်မှ နိုင်ငံရေး ဝေဖန်ရှုံချမှုများသည် အစိုးရကိုသာ ပြောဆိုနေကြခြင်းမဟုတ်ဘဲ နိုင်ငံရေး နယ်ပယ်အတွင်းမှ ချီးထုပ်များအားလုံးကို အကန့်အသတ် မရှိ ဝေဖန်နေကြခြင်း (ပြတ်ပြတ်သားသားပြောဆိုနေကြခြင်း) သာဖြစ်၍ အစိုးရ၏ ယခုလို လုပ်ရပ်အပေါ် အကန့်အသတ်မရှိ လူမှုကွန်ယက်ပေါ်မှ ဝေဖန်ရှုံချသည့် အပြင် အပြောင်းအလဲ တစ်ရပ်အဖြစ် ပြည်သူ့အစိုးရဟု အားအားယားယား ကြွေးကြော်တတ်သူများကို ပြည်သူ့အစိုးရက ပြည်သူအပေါ်မှာ ယခုလိုအကြမ်းဖက်ခြင်း အတွက် ကိုယ်ထိလက်ရောက် ပူးပေါင်းဆောင်ရွက်၍ ရှုံချ ဖြုတ်ချ သည်အထိ ပင်ဆောင်ရွက်သင့်ပါသည်။)

ထို့အပြင် တချို့သော မီဒီယာသမားများ၊ လူမှုကွန်ယက် နည်းစနစ်များ ကိုသုံးစွဲနေကြတဲ့ သုံးစွဲသူတို့ရဲ့ ထင်မြင်ချက်များ၊ လှုံ့ဆော်မှုများကလည်း ပြဿနာကို ပိုမိုကြီးထွားလာနိုင်ပြီး အမှန်တကယ် ဖြေရှင်း ဆောင်ရွက်ရမယ့် လမ်းကြောင်း များ၊ နည်းလမ်းများအား ကွယ်ပျောက်စေနိုင်သဖြင့် မီဒီယာများနှင့် လူမှု ကွန်ယက်နည်းပညာများကိုသုံးစွဲနေသည့် ပြည်သူများကထိန်းထိန်းသိမ်းသိမ်းဖြင့် မိမိတို့ထင်မြင်ယူဆချက်များကို ပြောဆိုရေးသားသင့်သည် ဟုထင်မြင်မိပါသည်။ ကိုယ့်တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့သည် ထိုတိုင်းပြည်အတွင်းမှာနေထိုင်ကြတဲ့ပြည်သူများရဲ့အဓိကလိုလားသောဆန္ဒဖြစ်တဲ့အတွက် ပြည်သူများ၊ အထူးသဖြင့် ပြည်သူများ ရှေ့သို့ သတင်း အချက်အလက်များချပြပေးနေသော မီဒီယာများက တတ်နိုင်သည့် ဘက်မှ အေးချမ်းတည်ငြိမ်အောင် သာ ၀ိုင်းဝန်း ဆောင်ရွက်သင့်သလို အာဏာပိုင်အဖွဲ့အစည်းများကလည်း ပြဿနာတစ်ရပ်၊ ဖြစ်ရပ်တစ်ခု ကိုငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်ခြင်းမျိုးကို ပြည်သူတစ်ဦး အနေဖြင့် လိုလား မိပါသည်။

(အောက်ပါ ရေးသားချက်များနှင့် ပတ်သက်၍ လွှတ်တော်သည် ပြဿနာရပ်တိုင်းအတွက် ကော်မတီများဖွဲ့စည်းသည်။ ဗေထိ ဆိုကတည်းကပင် ဖြစ်သည်။ လွှတ်တော် ပြင်ပ နိုင်ငံရေးအင်အားစုများကို နေရာမပေးနိုင်ဘဲ ဖြစ်ဖြစ်သမျှ အရေးကိစ္စ လွှတ်တော်မှ ကော်မတီများ၏ အကူအညီကို ပြည်သူများမှ စောင့်စိုင်းသော်လည်း အချည်းနှီး အလဟသ ဖြစ်ရခြင်း အပေါ်ကိုမူ ထည့်သွင်းထောက်ပြ ပြောဆိုသင့်ပါသည်။ လယ်သမားအရေး ကော်မရှင်သည် ၀ါဝါ၀င်းရှေ့တွင် တစ်လခန့် ဆန္ဒပြနေသူများ (သူတောင်းစား သဖွယ်ဖြစ်နေသည်ကို လျစ်လျှူရှုနိုင်ခြင်း)သည်ပင် တိုင်းပြည်အရေး လစာရိက္ခာစား၍ နေရာမပျောက်ရေးလောက်သာ အလုပ်လုပ်နေသည်ဟု သုံးသပ်ရမည် ဖြစ်ပါသည်။)

ယခုလက်ပံတောင်းတောင်စီမံကိန်း နှင့်ပတ်သက်၍ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များက အကျေအလည် ဆွေးနွေးပြီး ယင်းဆွေးနွေးမှု ရလာဒ်အဖြစ် သဘာဝပတ်ဝန်ကျင်နှင့် ပြည်သူ လူထုကို ထိခိုက်မှုရှိ /မရှိစုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာစုံစမ်းစစ်ဆေးရန်အတွက်စီစဉ် ဆောင်ရွက်နေ သကဲ့သို့ ပတ်ဝန်းကျင်နှင့် ပြည်သူလူထုကို ထိခိုက်သည့်စီမံကိန်းမျိုးဖြစ်ပါက ယင်းစီမံကိန်းအားပြန်လည် စဉ်းစား သုံးသပ်ရန် အတွက် ဆောင်ရွက်နေချိန်ဖြစ် ပါသည်။ ထို့ကြောင့် ပြည်သူများ၊ လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်သူ ဒေသခံများ အနေဖြင့် အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ
နှင့်ပြည်သူလူထုများက ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ က လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်၍ အားလုံးလက်ခံနိုင်မည့် ကောင်းမွန်သော ဆောင်ရွက်ချက်များ ကောင်းမွန်သည့်ဖြေရှင်းမှု နည်းလမ်းများကိုသာစိတ်ရှည်သည်းခံ စွာဖြင့်ဆက်လက် စောင့်ကြည့်ကြ ရန်နှင့် နိုင်ငံတော်ပိုင်းကလည်း အားလုံးကျေနပ်လက်ခံနိုင်သည့် အခြေအနေမျိုးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးပါဟု ပြည်သူတစ်ဦး အနေဖြင့် မေတ္တာရပ်ခံ လိုပါသည်။

(နိုင်ငံတော် အကြီးအကဲဆိုသူများသည် ပြည်သူ့ဆန္ဒဟု နှုတ်ခမ်းဖျားမှ ဆိုသော်ငြား ပုပ်လို့ပေါ် ဟုတ်လို့ကျော်လာသည့် အမှုကိစ္စများအတွက် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတကာအလယ်တွင် မျက်နှာပန်းလှရေးသာ ဆောင်ရွက်နေသည်ဖြစ်၍ ၎င်းတို့သည် ပြည်သူနှင့် ပိုမိုကင်းပြတ်ကာ ပြည်သူအခက်အခဲကို ကြည့်မြင် သိရှိခြင်း မရှိတော့ပေ။ ဖင်မြဲရေးလောက်သာ မြင်၍ ပြည်သူအရေး တကယ်လုပ်ကိုင်လိုသူများကိုလည်း ကြုံးသွင်းထားနိုင်သည်။ ရာထူးအာဏာမှ စွန့်ခွာသင့်ပြီ ဖြစ်သူများသည်လည်း အပုပ်ပေါ်မည်စိုး၍ ဟန်မပျက် အာဏာဆက်ခံနေခြင်းသည် တိုင်းပြည်တိုးတက်မှုများအတွက် လွန်စွာ နှောင့်နှေးကြန့်စေသော အချက်များဖြစ်ပါသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မည် ဆိုလျှင် မြေမဲ့ယာမဲ့ အလုပ်လက်မဲ့ ဖြစ်နေသော ပြည်သူများ၏ အခြေအနေကို အလုံးစုံ အမှန်အတိုင်း လေ့လာသိရှိ ပြီးပါမှ ဆောင်ရွက်သင့်သည်ဖြစ်ရာ လက်ရှိအစိုးရ၏ နိုင်ငံတကာ အရင်းအနှီးများအပေါ် ဆောင်ရွက်နေမှုများသည် ခရိုနီ အကြိုက် လိုက်ပါဆောင်ရွက်နေခြင်းသာ ဖြစ်သည်ဟုလည်း သုံးသပ်နိုင်ပါသည်။)

ယခုဖြစ်ပေါ်နေသာ ပြဿနာကို ဆက်လက် ကြီးထွားမလာစေရေး အတွက် ပြည်သူတစ်ရပ်လုံးနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများမှ ပြည်သူများလေးစားကြည်ညိုသော ပုဂ္ဂိုလ်များကလက်ပံတောင်းတောင်အရေး ဖြေရှင်းဆောင်ရွက်ပေးနေရသော ပြည်ထောင်စုအစိုးရ နှင့် ယင်းစီမံကိန်းအား အလိုမရှိသူ သပိတ်စခန်းများ မှ ဆန္ဒပြသူများ / ဖြိုခွဲခံရသူများကြားတွင် ကြားဝင်ကာ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် နည်းလမ်းများရရှိစေရေး အတွက် မည်သို့ ဆောင်ရွက်ပါက ကောင်းမွန်သောရလာဒ်ရရှိနိုင်မည်ကို ၀ိုင်းဝန်းအကြံပြုစဉ်းစားကာ ယင်းပြဿနာ အဆုံးသတ်စေရေးအတွက် အားလုံးဝိုင်းဝန်း ထိန်းသိမ်းပေးသင့်ပါကြောင်း ပြည်သူထဲမှ ပြည်သူ တစ်ဦးအနေဖြင့် ထင်မြင်ယူဆမိပါသည်။


Bold တင်ထားသော စာသားများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...