သစ်ထူးလင် သတင်းစုစည်းမှု (၂၇-၁၁)
သစ်ထူးလွင်
|
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားဖို့ သတိပေးပြီ
- ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြနေသူ များအားလုံး ယနေ့ည အရေးယူ တော့မည်ဟုဆို
- ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်ကော်မတီ ဖွဲ့စည်း
- ပုသိမ်လေတပ်စခန်း အတွင်း ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွား
- မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံး
- ဆရာမ ရိုက်မှုကြောင့် မူလတန်း ကျောင်းသား တစ်ဦး ဆေးရုံတင်ထားရ
- လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒုတိယအကြိမ် ဆန္ဒပြ
- တရုတ်နိုင်ငံ ကျန်းစူးပြည်နယ် ရဲချုပ် နှင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တွေ့ဆုံ ဆွေးနွေး
- အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျိုး ပူးပေါင်းခွင့်ရပြီ
- သမ္မတ ဦးသိန်းစိန်ကို ICG က ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ ချီးမြှင့်
- ဒေါ်စုနှင့် ဦးသိန်းစိန် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ’ သတ်မှတ်ခံရ
- မြန်မာကို Burma ဟု နောက်နောင် မခေါ်တော့ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးဆို
- နိုဝင်ဘာလ (၂၇)ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ(၁)၊ အမှတ်(၁၀)
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက် အသုံးပြုခ ပြောင်းလဲ ကောက်ခံ သွားမည်
- ရန်ကုန်-မန္တလေးကားလမ်းမပေါ် ယာဉ်တိမ်းမှောက် တရုတ်အမျိုးသား သုံးဦးသေဆုံး
- ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်
- ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြခေါင်းဆောင်အချို့ကို ရဲက တရားစွဲ
- တေးသံရှင် Dဖြိုး စိတ်ကြွဆေးပြား တွေ့ရှိမှုဖြင့် အဖမ်းခံရ
- ကျိုက်ထီးရိုးဆံတော်ရှင်မှာ ချွေသည့်ဆု
- ကျောင်းကိစ္စသဘောထားထုတ်ပြန်ခဲ့
သူ အခါတိုင်းရင်းသား ဆာဗေ့ ပျောက်ဆုံးနေ - အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး
- မုံရွာဆန္ဒပြသံဃာများ ဆားလင်းကြီးသပိတ်စခန်းများနှင့် ပူးပေါင်း
- မိုးထိမိုးမိရွှေလုပ်သားများ အစိုးရနှင့် ညှိနှိုင်း
- ပြည်တွင်းထိပ်တန်း ကုမ္ပဏီကြီးများက စက်သုံးဆီများ တရားမဝင် ခိုးသွင်းခဲ့
- မိုဘိုင်းအင်တာနက် အသုံးပြုမှု ယာယီဈေးနှုန်း သတ်မှတ်
Posted: 27 Nov 2012 06:31 AM PST
နိုဝင်ဘာ ၂၇၊ ၂၀၁၂၊ YPI
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ ဖွင့်လှစ်ထားသည့် သပိတ်စခန်းများ ယနေ့ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် နှင့် ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ယနေ့ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေညာသွားသည်။ သပိတ်စခန်းများ ဖယ်ရှားပေးရန် သတိပေးရသည့် အကြောင်းရင်းမှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှုဘ၀၊ နိုင်ငံအကျိုးစီးပွားတို့ ရေတို ရေရှည် ထိခိုက်မှု အကျိုးရှိခြင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးမည်ဟု ဖေါ်ပြကာ ယင်းသို့ စစ်ဆေးနိုင်ရန် အလို့ငှာ စီမံကိန်းပုံမှန်လည်ပတ်နေမှသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် သပိတ်စခန်းများဖွင့်လှစ်ထားပါက စစ်ဆေးခြင်း မပြုနိုင်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ သပိတ်စခန်းများ ဖွင့်လှစ်ထားသဖြင့် ကြေးနီစီမံကိန်း ယခုလ ၁၈ ရက်နေ့ကတည်းက မလည်ပတ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေး ပြုလုပ်နိုင်ရန် သပိတ်စခန်းများ ဖယ်ရှားဖို့ လိုအပ်ခြင်းဖြစ်သည်ဟု လည်း မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာ ချက်တွင် ပြောဆိုသွားသည်။ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း နှင့် ပတ်သက်၍ ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၆ ဦးကို နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်သို့ ယနေ့ပို့ဆောင်လိုက်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် အမျိုးသမီးကွန်ရက်ဝင်တစ်ဦးက ပြောသည်။ Yangon Press International
| ||
Posted: 27 Nov 2012 06:31 AM PST
လက်ပတောင်း တောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြနေသူ များအားလုံး ယနေ့ည (နိုဝင်ဘာ ၂၇) ၁၂နာရီ နောက်ဆုံးထား ဖယ်ရှားပေး ရန်နှင့် မဖယ်ရှားပါက တည်ဆဲဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများနှင့် အညီ အဆင့်ဆင့် အရေးယူ တော့မည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနက သတိပေးချက် ထုတ်ပြန် လိုက်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက သတင်း ထုတ်လွှင့်သွားသည်။
Yangon Media Group
| ||
Posted: 27 Nov 2012 06:09 AM PST
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက် ပန်းတောင်း တောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ အတွက် အရှိန်အဟုန်မြင့်တဲ့ အနေနဲ့ ဒီကနေ့မှာ မုံရွာက သံဃာတော်တွေ အပါအဝင် ဒေသခံလူထု (၅၀၀)ကျော်ဟာ လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အထွေထွေ သပိတ် ကော်မတီကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်း လိုက်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 27 Nov 2012 05:23 AM PST
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ် လေတပ်စခန်း ဌာနချုပ်ဝန်း အတွင်း ၌ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဝါယာရှော့ခ် ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း မီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။ အဆိုပါ မီးလောင်မှုမှာ ၄င်းနေ့ နံနက်၀၂ နာရီ ၄ဝ မိနစ်အချိန် ၌ ပုသိမ် လေတပ် စခန်း ဌာနချုပ် ဝန်းအတွင်းရှိ အရာရှိ လူပျိုစား ရိပ်သာတွင်---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Nov 2012 05:07 AM PST
၂၅-၁၁-၂၀၁၂ ရက်နေ့ ၁၉:၃၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာနေ ဦးချစ်လှိုင် (၅၈)နှစ်၏ နေအိမ်ဝိုင်းရှိ ရေလောင်း အိမ်သာ မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ငါန်းဇွန်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Nov 2012 04:34 AM PST
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အ.မ.က (၃) မူလတန်းလွန်ကျောင်းတွင် အတန်းပိုင် ဆရာမက ဆရာမ နှုတ်ဆက်ပွဲ အတွက် ငွေကျပ် ၁၀၀ မပေး နိုင်သောကြောင့် သံပေတံဖြင့် ကျောင်းသား မောင်ဇာနည်လမင်းကို လက်အရိုး အက်သွားအောင် ရိုက်ခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးအောင်ဆန်းဝင်းက ပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 27 Nov 2012 04:18 AM PST
ရန်ကုန်၊နိုဝင်ဘာလ ၂၇။
ယနေ့ ညနေ ၅ နာရီ ၃၀မိနစ် ၀န်းကျင်ခန့်တွင် ရန်ကုန်မြို့၊ ပန်းဆိုးတမ်း လမ်းမကြီး အတွင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနှင့် ယမန်နေ့က ဆန္ဒပြရာတွင် ဦးဆောင်သူများ ဖမ်းဆီး ထိန်းသိမ်း ခံရခြင်းနှင့် ပက်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ရာတွင် “လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး” “ဒို့အရေး”၊ “ဖမ်းဆီးအကျဉ်းသား လွှတ်ပေးရေး” “ဒို့အရေး” ဟုကြွေးကြော် ဆန္ဒပြခဲ့ကြောင်းနှင့် ၅ နာရီ ၄၅ မိနစ်ခန့်တွင် လူစုခွဲ၍ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။ “ကျနော်တို့ ဒီနေ့လုပ်ဖြစ်တဲ့ အကြောင်းက ၂ ချက်ရှိတယ်ဗျ၊ ပထမအချက်က လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ဖို့ရယ်၊ဒုတိယ အချက်က မနေ့က ဆန္ဒပြတဲ့အခါ ခေါင်းဆောင်တွေကို ဖမ်းဆီးအချုပ် ချထားတာကိုပြန်လွှတ်ပေးဖို့လုပ် ၄င်းတို့သည် အဆိုပါ လက်ပံတောင်းတောင်အရေးနှင့် ဖမ်းဆီးအကျဉ်းသားလွှတ်ပေးရေးအတွ စူးရှ (မြန်မာ့ခေတ်) | ||
Posted: 27 Nov 2012 03:52 AM PST
၂၆.၁၁.၂၀၁၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကျန်စူး ပြည်နယ်ရဲချုပ် Mr. Sun Wende ဦးစီး အရာရှိ (၆)ဦး နှင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် ဦးစီး အရာရှိ (၁၄)ဦးတို့သည် ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း Myanmar news now မှ သတင်း ရရှိပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Nov 2012 03:27 AM PST
အသစ်ပြဌာန်း လိုက်တဲ့ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေအရ ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အကြံဥာဏ် ရယူပြီး ပူးပေါင်း ဆောင်ရွက် ကြရတော့မှာ ဖြစ် ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေ ထွက်ပေါ်လာတဲ့ အတွက်----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Nov 2012 03:03 AM PST
နိုင်ငံတကာ ပဋိပက္ခ အဖွဲ့ကြီး၏ ၂၀၁၃ ခုနှစ် အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award Dinner ကို မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ချီးမြှင့်မည် ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာ လိုက်သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Nov 2012 02:51 AM PST
အမေရိကန် နိုင်ငံထုတ် နိုင်ငံခြားရေး ပေါ်လစီ (Foreign Policy) မဂ္ဂဇင်းမှ ၂ဝ၁၂ ခုနှစ် အတွက် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ ၁ဝဝ’ 100 Global Thinkers စာရင်းတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့အား နံပါတ် ၁ အဖြစ် ပူးတွဲ ဖော်ပြလိုက်သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Nov 2012 02:55 AM PST
အမေရိကန် ကာကွယ်ရေး ဝန်ကြီးက မြန်မာနိုင်ငံအား အင်္ဂလိပ်လို Burma ဟု နှုတ်ကျိုးနေ၍ ခေါ်ရခြင်း
ဖြစ်ပြီး နောက်နောင် မခေါ်တော့မည့် အကြောင်း ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင် ပြောင်းလဲမှုများကို ကြိုဆို ထောက်ခံလိုက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံ သွားမည်ဟုလည်း ကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပါနတ်တာ က ဆိုသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 27 Nov 2012 02:20 AM PST
| ||
Posted: 27 Nov 2012 02:03 AM PST
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုခ များကို ပြောင်းလဲ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကောက်ခံရာမှာ ယခုလက်ရှိ အသုံးပြု ကောက်ခဲ့တဲ့ Time Based Charing စနစ်အစား Volume Based Charging စနစ်နဲ့ ပြောင်းလဲ သတ်မှတ် သွားမှာ ဖြစ်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Nov 2012 01:28 AM PST
ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ တရုတ် နိုင်ငံသားသုံးဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။ နိုဝင်ဘာ၂၆ရက်နေ့ ညနေ၄နာရီခန့် ကရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ဇောင်မင်းချန် မောင်းနှင် လာသော ယာဉ်အမှတ်၅ဂ၊--------ခဲရောင် ပါဂျဲရိုးကာသည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 27 Nov 2012 01:11 AM PST
ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ အတွင်းရှိ ဇွဲကပင်ဆောင် စာစစ်ဌာန၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇွဲကပင်ဆောင် စာစစ်ဌာန၏ အနောက်ဘက် ဧရာဝတီတိုင်း ဒေသကြီး စာစစ်စာရင်းများ ထားရှိသည့် အခန်းတွင် စတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲက စတင်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၂၀ အတွင်း မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း လှိုင်မြို့နယ် မီးသတ်စခန်းမှ အရာရှိတစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် စုံမ်စးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ "မီးခိုးတွေ အူပြီးထွက်လာတာတော်တော် ကြာနေပြီ။ နောက်မှ မီးလောင်နေမှန်း သိတာ" ဇွဲကပင်ဆောင်အနီးတွင် ဈေးရောင်းချနေသူ ဈေးသည်တစ်ဦးက ပြောသည်။ ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဇွဲကပင်ဆောင်သို့ ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် ပြောပြပေးနိုင်ခြင်း မရှိကြောင်း မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စုံစမ်းနေသေးကြောင်း ပြန်လည်ပြောကြားသည်။ ယင်းမီးလောင်မှုဖြစ်စဉ်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မီးသတ်ယာဉ်စုစုပေါင်း ၁၇ စီး မီးသတ်အင်အား ၁၂ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း လှိုင်မြို့နယ်မီးသတ်စခန်းမှ ထုတ်ပြန်သည်။ ဓာတ်ပုံ - ကျော်ဇင်သန်း 7Day News Journal | ||
Posted: 27 Nov 2012 01:02 AM PST
ရန်ကုန်မြို့ ဆူးလေ ဘုရားအနီးမှာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သူတွေထဲက ခေါင်းဆောင် ၅ ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲဆိုတယ်လို့ ဗကသများ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုလင်းထက်နိုင်က ပြောပါတယ်။
တရားစွဲဆိုခံရသူ ၅ ဦးကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံ ကိုသီဟ၀င်းတင်၊ နော်အုန်းလှ၊ ကိုသီဟလွင်၊ ကိုရဲလင်းနဲ့ ကိုဟန်ဝင်းအောင်တို့ ၅ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေကို ဆန္ဒပြခွင့်မတောင်းလို့ တရားစွဲဆိုနေမယ့်အစား အစိုးရအနေနဲ့ ဘာကြောင့် ဆန္ဒပြရသလဲဆိုတဲ့ အဓိက အနှစ်သာရကို အဖြေရှာပြီး ဖြေရှင်းသင့်တယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ကိစ္စဟာ တရားစွဲဆိုရုံနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘဲ နေရာအသီးသီးမှာ ကန့်ကွက်ဆန္ဒပြပွဲတွေကို ဆက်လက် ကြုံတွေ့ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးလှုပ် အေးနိုင် DVB | ||
Posted: 26 Nov 2012 11:22 PM PST
"မနက်ဖြန် အတွက် အနာဂတ် လေးများ"၊ "ကန္တာရနှင်းဆီ" စသော တစ်ကိုယ်တော် တေးစီးရီး များအပြင် အတွဲခွေ များကြောင့် လူငယ်ပရိသတ် များ၏ လက်ခံအားပေးမှု ရရှိနေသော တေးသံရှင် Dဖြိုးကို ပန်းနုရောင်စိတ် ကြွဆေးပြား ၇၂ ပြား လက်ဝယ် တွေ့ရှိ မှုဖြင့် ဖမ်းဆီးထားကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Nov 2012 11:10 PM PST
နိုဝင်ဘာ(၂၅)ရက်နေ့ နံနက် အစောပိုင်းက ကျိုက်ထီးရိုး ရင်ပြင်ပေါ်၌ မိုးသည်းသည်း တစ်ချက် ရွာခဲ့သည်။ ရင်ပြင်တော် တစ်ဝက်နီးပါး အိပ်စက် အနားယူနေ သူများမှာ နီးစပ်ရာ ဘုရား တန်ဆောင်းများ၊ အခမဲ့ နေထိုင်နိုင်သည့် ဇရပ်များ၊ အမိုးအကာရှိ အဆောက်အဦးများ အောက်၌ (တည်းခိုဆောင်များ၊ ဟိုတယ်၊ မိုတယ်များ၌) အခကြေး ငွေပေး၍ နေထိုင်နိုင်ခြင်း မရှိသည့် သာမန်ပြည်သူ အများစုမှာ မိုးလွတ်ရာသို့ ပြောင်းရွေ့ကာ အလင်း ရောက်သည်အထိ ငုတ်တုတ်ထိုင် စောင့်ခဲ့ရသည်။ ဘုရားရင်ပြင် တော်ပေါ်၌ ဆီမီး(၉၀၀၀)ဓမ္မာရုံနှင့် တောင်အောက်ရှိ ဓမ္မာရုံ၌ ပြည်သူများ အနေဖြင့် အခမဲ့နားနေ နိုင်ရန် ဓမ္မာရုံတစ်ခု စီစဉ်ထား ရှိသော်လည်း ဘုရားဖူးများမှာ ရင်ပြင်တော်၌သာ အိပ်၍ ဘုရားဖူးလေ့ ရှိသူများမှာ အများအပြား ရှိနေဆဲ ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ကျိုက်ထီးရိုး ဘုရားသို့ ရန်ကုန်မှ ဘုရားဖူးကားဖြင့် သွားမည်ဆိုပါက ရန်ကုန်မော်လမြိုင် ကားလမ်းအတိုင်းသွား၍ စစ်တောင်း မြစ်ကူးတာံးကြီးကိုဖြတ်သန်းကာ (၁၀၆)မိုင်အကွာ၌ ကျိုက်ထိုရောက်ရှိကာ ကျိုက်ထိုမှ ကျိုက်ထီးရိုး တောင်ခြေဖြစ်သည့် ကင်မွန်းစခန်းသို့ (၉)မိုင်ကွာဝေးသည်။ ကျိုက်ထီးရိုးသို့ရန်ကုန်မှ ဘုရားဖူးကားများဖြင့်သွားပါက အသွားအပြန် ခရီးစရိတ်အဖြစ် ကျပ်(၁)သောင်း ၀န်းကျင် ကုန်ကျပြီး တောင်ခြေမှ ရသေ့တောင်သို့ တောင်တက်ကားခမှာ ရှေ့ခန်းတစ်ဦးလျှင် ကျပ်(၂)ထောင် နှင့် နောက်တန်း(၁၅၀၀) ကျသင့်မည်ဖြစ်သည်။ ရသေ့တောင်မှ ဆံတော်ရှင် စေတီမြတ်ကြီးထံသို့ ခြေလျှင် ခရီးဖြင့် ဘုရားဖူးသူ များပြားလေ့ ရှိကြောင်း ကိုလည်း တွေ့ရသည်။ ကျိုက်ထီးရိုးရာသီ ရောက်ပြီဖြစ်၍ အထူးသဖြင့် စနေ၊တနင်္ဂနွေရက်များဆိုလျှင် ဘုရားဖူးယာဉ်လိုင်းတစ်ခုလျှင် တစ်နေ့ ပျမ်းမျှ (၄)စီးဝန်းကျင် ကျိုက်ထီးရိုးသို့ ပို့ဆောင်နေရချိန်၊ ရင်ပြင်တော်ပေါ်၌ ဘုရားဖူး ဓမ္မမိတ်ဆွေများ စည်းကားသည့် ရက်များပင်။ ကျိုက်ထီးရိုး ဆံတော်ရှင်ကတော့ တန်ခိုးကြီး ဆဲဖြစ်သော်လည်း ဘုရားဖူးရသည်မှာ ယခင်နှစ်များကထက် ပို၍ စိတ်မသက်သာစရာ ကောင်းလာသည်ကို တွေ့ရသည်။ စေတီတော်မြတ်ကြီးအား အမှီအခိုပြု လုပ်ကိုင် စားသောက် နေကြသူများ၏ လိုချင်လောဘ စိတ်ကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရသည့် ဘုရားဖူးများလည်း အများအပြား ရှိနေသည်။ ဘုရားစောင်းတန်း၌ ဆီထမင်းတစ်ပွဲ ကျပ်(၅၀၀)၊ ငါးကြော်တစ်ကောင် ကျပ်(၃၀၀)၊ ထမင်းတစ်ထုပ် ကျပ်(၂၀၀) မှ(၃၀၀)၊ရေနွေးတစ်ဗူး ကျပ်(၃၀၀)၊ မုန့်ဟင်းခါးတစ်ပွဲ (၇၀၀)၊ လက်ဖက်ရည် တစ်ခွက် ကျပ်(၃၀၀)၊ ထမင်း ဆီဆမ်း ကြက်ဥ(၁၀၀၀) စသည့် ဈေးနှုန်းများမှာ တောင်ပေါ်ဒေသ ဖြစ်သည့်အလျောက် ရေရှားပါး၍ လက်ခံနိုင် ဖွယ်ရှိသည့် နှုန်းထားများ ပင်။ ကျိုက်ထီးရိုးဘုရား စောင်းတန်းများ၌ ကုန်ပစ္စည်းများ အစားအသောက်ပစ္စည်းများ ဈေးနှုန်းမြင့်မားနေခြင်းကို ခွင့်လွှတ်ပေး၍ ရသော်လည်း ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည့် တည်းခိုဆောင်များ၊ဟိုတယ်များ၊ Gust House များ၏ ပိတ်ရက်များ၌ မတန်တဆ ဈေးတောင်းနေမှုများ၊ ဘုရားဖူးများအား မချေမငံဆက်ဆံမှု များကို မေ့ပစ်၍ ရမည်မထင်။ ကျိုက်ထီးရိုးစေတီတော်ဝင်းအတွင် ဘုရားပေါ်ရောက်လျှင်ရောက်ချင်း တည်းခိုနေထိုင်ရန်အတွက် ကျောတစ်ခင်းစာနေရာ ရှာဖွေရာ၌ နာမည်ကြီး တည်းခိုခန်းတစ်ခုက (၂)ယောက်ခန်း(ရိုးရိုးခန်း)တစ် ဈေးများတယ် မနေဘူးလို့ပြောတော့ ၄င်းက “မနေတာကို ကျေးဇူးတင်ပါတယ်”လို့ မချိုမချဉ်မျက်နှာပေးနှင့် ဆက်ပြောသည်။ ရင်ပြင်တော်ရှိ အခြားတည်းခို ဆောင်များ၊ မိုတယ်များသို့ ဆက်စုံစမ်းတော့လည်း ထူးမခြား နား (၂)ဆနှုန်းထားများပင် ။ ၄င်းဈေးနှုန်းနှင့် သာမာန်လူလတ်တန်းစားများအဖို့ ကျိုက်ထီးရိုးရင်ပြင်တော်ရှိ တည်းခိုဆောင်များ၊ မိုတယ်၊ ဟိုတယ်များ၌ နေထိုင်ရန် မဖြစ်နိုင်သည့် ဈေးနှုန်းများအား တောင်းဆိုနေကြခြင်း ဖြစ်သည်။ ကောင်းလိုက်သည့် ၀န်ဆောင်မှု ကြားရက်တစ်ဈေး၊ ပိတ်ရက်တစ်ဈေးဖြစ်နေသည့် တည်းခိုခန်းခများ၊ ပုံမှန် ရက်များ၌ အဆင့်မြင့် ဟိုတယ် (၂)ယောက်ခန်း သာမာန်တစ်ခန်းလျှင် ကျပ် (၂)သောင်းသာ ရှိသည်။ ကျိုက်ထီးရိုးရှိ တည်းခိုဆောင်ခများ ပိတ်ရက်များ၌ ဈေး(၂)ဆဖြစ်နေရသလဲ၊ ဂေါပကအဖွဲ့ကကရော ဒါတွေကို မကြီးကြပ်ဘူးလား စဉ်းစားမိသည်။ ကျိုက်ထီးရိုးဘုရားရင်ပြင်တော် ဘုရားဝင်းအတွင်းရှိ တည်းခိုဆောင်၊မိုတယ်၊ ဟိုတယ်ဝန်ထမ်းများက လုပ်ချင်သလိုလုပ်၍ ဘုရားဖူးများကို မတန်သည့် ဈေးနှုန်းတောင်းဆိုနေခြင်း၊ မချေမငံဆက်ဆံမှုများ ပြုလုပ်နေခြင်းတို့ကို ဘုရားဂေါပကအဖွဲ့ဝင် များအနေဖြင့် မသိ၍ပဲလား မျက်ကွယ်ပြုနေခြင်းလားတော့ အတိအကျမသိနိုင်ပေ။ “ဘုရားပေါ်က အခပေးတည်းခိုတဲ့နေရာတွေ အခုလို တစ်နေ့တစ်မျိုး ကြိုက်သလိုတောင်းနေတာ ဂေါပကအဖွဲ့ မသိလို့လား၊ သိရက်နဲ့ လွှတ်ထားတားလား၊ ရင်ပြင်မှာ ဈေးကွက်ယှဉ်ပြိုင်မှု မလုပ်နိုင်အောင် စီးပွားရေးသမား တွေက လက်ဝါးကြီးအုပ်ထားတာ လားတော့ မသိဘူး၊ ဂေါပကလည်း ပြောင်းရတော့မယ် ကြားတယ်၊ ”ဟု ရန်ကုန်မှ လာသည့် ဘုရားဖူးတစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင် ရောင်တော်ဖွင့်ပွဲတွင် ရွေသင်္ကန်းဆပ်ကပ်လှူဒါန်းနိုင် ဘုရားရင်ပြင်တော်၌ အာရုံဆွမ်းကပ်လှူသည့် ဆွမ်းပွဲတစ်ပွဲလျှင် ကျပ် (၁၅၀၀)မှ ကျပ်(၅၀၀၀) ကျော်အထိ ဈေးရှိ၍၊ ခေါင်းလောင်းတစ်လုံးလျှင် အရွယ်အစားပေါ်လိုက်၍ ကျပ် (၂၅၀၀)မှ ကျပ်(၁)သောင်းဝန်းကျင် အထိရှိပြီး ရုပ်ပွားတော်များဆပ်ကပ်လောင်းလှ လျှပ်စစ်မီးပူဇော်လိုသူများအနြေ ကျိုက်ထီးရိုးဘုရားသို့ ယခုနှစ်တွင် ပြည်တွင်းဘုရားဖူးလာရောက်မျာြး လာမည့်ဒီဇင်ဘာလ၌ (၃)နှစ်တစ်ကြိမ်ကျင်းပမြဲဖြစ် “ဒီဇင်ဘာမှာ ရောင်တော်ဖွင့်ပွဲရှိတယ်၊ အဲ့ဒီမတိုင်မီ ဂေါပက အဖွဲ့ အပြောင်းအလဲ လုပ်လိမ့်မယ်”ဟု ရင်ပြင် တော်အုပ်ချုပ်ရေးတာဝန်ရှိသူတစ် ကျိုက်ထီးရိုးစေတီတော် ရောင်တော်ဖွင့်မည့်ရက်အား သတင်းစာနှင့် ဂျာနယ်များတွင်ကြေညာမည်ဖြစ်ကြော အသစ်တက်လာမည့် ကျိုက်ထီးရိုးဘုရားဂေါပက လက်ထက်တွင် ယခုကဲ့သို့ တည်းခိုခန်းဈေး(၂)ဆနှင့် အထက်တောင်းဆိုမှုများ၊ တည်းခိုဆောင် ၀န်ထမ်းများ၏မချေမငံဆက်ဆံမှုများ ကွယ်ပျောက်သွားပါစေဟူ၍သာ အများနှင့်ဆိုင်သည့် ကျိုက်ထီးရိုးဆံတော် ရှင်ထံ ဆုချွေရင်း တောင်ပေါ်မှ ဆင်းခဲ့သည်။ မြစ်မခ by Myit Makha Mediagroup | ||
Posted: 26 Nov 2012 11:01 PM PST
တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးမှု ဒီဂရီကောလိပ် မူလကျောင်း အဟောင်းတွင် ပြန်လည် တက်ရောက် ပညာ သင်ကြားလို၍ သဘောထား ထုတ်ဖော်ခဲ့သော ကျောင်းသား ကိုယ်စားလှယ် တစ်ဦး ပျောက်ဆုံး နေကြောင်း ကျောင်းသား များထံက သိရှိရသည်။ "ကျွန်တော်တို့ရဲ့ ကျောင်းသား ကိုယ်စားလှယ် တစ်ဦး ပျောက်နေတယ်။ မော်ကွန်းထိန်းက လာခေါ်သွားတယ်၊ အဲဒီနောက် သူနဲ့ အဆက်အသွယ် ပျက်သွားတယ်၊ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 26 Nov 2012 10:39 PM PST
အီဂျစ်သမ္မတ မိုဟာမက်မော်စီ ရဲ့ အတိုက်အခံ တွေဟာ နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ မူဆလင် ညီအကိုတော်တွေရဲ့ ရုံးခန်းတစ်ခုကို ဝင်ရောက် စီးနင်း ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီးတော့ လေးဆယ်လောက် ဒဏ်ရာရခဲ့ပါတယ်။ မူဆလင် ညီအကိုတော်တွေ အဖွဲ့ခေါင်းဆောင်တွေရဲ့ အဆိုအရ သေဆုံးသူဟာ အသက် ၁၅နှစ်အရွယ် အစ္စလာမ် လူငယ်တစ်ဦး ဖြစ်ပြီးတော့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
[Message clipped] View entire message
0 comments:
Post a Comment